ဘုရားသခင်ပေးသော လွတ်လပ်ခြင်း
မြို့ပြဒီဇိုင်းဗိသုကာပညာရှင်များသည် မူကြိုကစားကွင်းခြံစည်း၌ ရိုးခတ်ခြင်း၏ အကျိုးဆက်များကို လေ့လာခဲ့သည်။ ခြံစည်းရိုးမရှိသော ကစားကွင်းတွင် ကလေးများသည် ကျောင်းအဆောက်အအုံနှင့်၊ ၎င်းတို့၏ဆရာအနီးတွင် စုရုံးလေ့ရှိကြပြီး လမ်းလွဲမသွားကြပေ။ သို့သော် ခြံစည်းရိုးခတ်ထားသော ကစားကွင်းတွင် သူတို့သည် ဧရိယာတစ်ခုလုံး၌ စိတ်ကြိုက်ကစားနိုင်ကြသည်။ နယ်နိမိတ်စည်းသည် ပိုမိုလွတ်လပ်သောခံစားမှုကို ဖန်တီးနိုင်သည်ဟု သုတေသီများက သုံးသပ်ခဲ့သည်။ စည်းကမ်းသည် ပျော်ရွှင်မှုကို ကန့်သတ်သည်ဟု ယူဆသော လူများစွာတို့အတွက် ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်ပုံရသည်။ သို့သော် ခြံစည်းရိုးများသည် လွတ်လပ်မှုကို ပေးစွမ်းနိုင်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်သူ၏စည်းမျဥ်းများမှ ပေးသော လွတ်လပ်မှုကို ထင်ရှားစေသည်။ ဣသရေလလူမျိုးသို့ ပညတ်တော်ဆယ်ပါးကို ပေးအပ်ရာတွင်၊ သူသတ်မှတ်ထားသောစည်းမျဥ်းအတွင်း အသက်ရှင်နေထိုင်ခြင်းဖြင့် “သာယာဝပြောသော” အသက်တာကိုရရှိမည်ဟု ကိုယ်တော် ကတိပြုခဲ့သည်။ “သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက်၊ ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသောလမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်” (တရား ၅:၃၃)။ ဤနေရာတွင်…
ခရစ်တော်၌ ကျွန်ုပ်တို့အား ခေါ်ယူစေစားခြင်း
ဂင်းနီ ဟစ်လော့သည် ၂၀၂၄ ခုနှစ်တွင် မဟာဘွဲ့ ဒီပလိုမာကို လက်ခံရယူစဉ် ပရိသတ်များက မတ်တပ်ရပ်ဩဘာပေးခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူမလုပ်ရမည့်အရာကို သူ့အသက် ၈၄ နှစ်ရှိမှ လုပ်ဆောင်ပြီးစီးခဲ့ခြင်းကြောင့် ဖြစ်သည်။ ၁၉၄၁ ခုနှစ်က သူမ၏သုတေသနစာတမ်းကို တင်ရန်သာ လိုတော့သည်။ သို့သော် ထိုအချိန်က သူမ၏ချစ်သူ ဂျော့ချ်သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းရန် ရုတ်တရက် ဆင့်ခေါ်ခံခဲ့ရ၍ သူတို့နှစ်ဦးသည် အလျင်အမြန် လက်ထပ်ပြီး၊ ဂင်းနီ၏ မပြီးဆုံးသေးသော ဘွဲ့ကို နောက်ချန်ထားခဲ့ကာ ဂျော့ချ် တာဝန်ကျသည့်တပ်စခန်းသို့ ထွက်ခွာသွားခဲ့သည်။ သို့သော် အချိန်ကြာမြင့်စွာ ရပ်ဆိုင်းခဲ့ပြီးနောက် သူမ အစပြုထားခဲ့သောအရာကို အဆုံးတွင် ပြီးဆုံးအောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။
ဧဇရသည် သမ္မာကျမ်းစာကို ဆည်းပူးသူတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်တွင် “အထူးသဖြင့်” နားလည်သူ၊ ပြည်နှင်ဒဏ်ခံရသည့် ဗာဗုလုန်မှ ယေရုရှလင်သို့ ပြန်ရန် နှစ်ပေါင်းများစွာ စောင့်နေသူဖြစ်သည်။…


ဆုတောင်းရန် အဆင်သင့်ဖြစ်ခြင်း
ခြင်္သေ့မတစ်ကောင်ကို ခွေးအ အုပ်စုက ဝိုင်းထားသည်။ ခွေးအ များက တိုက်ခိုက် သောအခါ ခြင်္သေ့က ပြန်တိုက်ခိုက်သည်။ သူမ၏ရန်သူများကို တားဆီးရန် အပြင်းအထန်ကြိုးပမ်းကာ ကိုက်ခြင်း၊ ကုတ်ခြစ်ခြင်း၊ မာန်ဖီခြင်း၊ ဟိန်းခြင်းပြုလုပ်ရင်း နောက်ဆုံးတွင် သူမ လဲကျသွားခဲ့သည်။ ခွေးအ များက သူမကို ဝိုင်းလိုက်စဉ် အခြားခြင်္သေ့မတစ်ကောင်ရောက်လာပြီး ၎င်းကို ကယ်ခဲ့သည်။ စက္ကန့်ပိုင်းအတွင်း နောက်ထပ်ခြင်္သေ့သုံးကောင် စစ်ကူရောက်လာသည်။ ခွေးအ အကောင်ရေ များသော်လည်း၊ ခြင်္သေ့များသည် ခွေးအ များ အုပ်စုကွဲသွားသည်အထိ တိုက်ခိုက်ခဲ့ကြသည်။ ခြင်္သေ့များသည် နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရန် မျှော်လင့်ထားသလိုမျိုး ဘေးပတ်လည်ကို စောင့်ကြည့်ကာ အတူတကွ ရပ်နေကြသည်။
သခင်ယေရှုကို ယုံကြည်သူများသည်လည်း အခြားသူများထံမှ မဖြစ်မနေ အကူအညီ လိုအပ်ပြီး၊ ကျွန်ုပ်တို့ပေးနိုင်သော အစွမ်းထက်ဆုံးအကူအညီမှာ ဆုတောင်းခြင်းပင်ဖြစ်သည်။ ရှင်ပေါလုက “ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာ ပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့်…
ဘုရားသခင်ပြုခဲ့သောအရာကို သိမြင်ခြင်း
Morse(မော့စ်)သည် ပရိုတက်စတင့် အမှုတော်ဆောင်တစ်ဦး၏သားဖြစ်ပြီး၊ မအောင်မြင်သော ရှုခင်းပုံရေးဆွဲသည့် ပန်းချီဆရာတစ်ဦးဖြစ်သည်။ ၁၈၂၀ ခုနှစ် များတွင် သူသည် အမေရိက ကိုလိုနီနယ်များတွင် “နယ်လှည့် ပန်းချီဆရာ”အဖြစ် ချို့တဲ့စွာ နေထိုင်ခဲ့သည်။ သို့သော် ဘုရားသခင်က သူ့ဘဝဦးတည်ရာကို လမ်းပြခဲ့သည်။ မော့စ်သည် သိပ္ပံပညာပိုင်းကိုလည်း စိတ်ဝင်စားပေရာ၊သူသည် လျှပ်စစ်သံလိုက်များအကြောင်း လေ့လာခဲ့ပြီး၊ ကမ္ဘာကြီးကို ပြောင်းလဲစေမည့် အကြံဉာဏ်များ ကွန့်မြူးခဲ့သည်။ ၁၈၃၂ တွင် Samuel F. B. Morse သည် လျှပ်စစ်ကြေးနန်းစိတ်ကူး၌ စိတ်နှစ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ပထမဆုံးသောကြေးနန်းကို တီထွင်ခဲ့သည်။
ကျမ်းစာမှတ်တမ်းတွင် အထင်ရှားဆုံးသော “အသက်မွေးမှုအလုပ် ပြောင်းသူ”မှာ ခရစ်တော်ကို ယုံကြည်သူများအား “ခြိမ်းခြောက်၍ အသေသတ်ခြင်းငှာ ပြင်းစွာအသက်ရှု”သူ ရှောလုဖြစ်နိုင်သည်(တ ၉:၁)။ သခင်ယေရှုသည် အလင်းထဲမှ ထင်ရှားလျက်(:၃)၊ “သင်သည် ငါ့အား ညှဥ်းဆဲပြီ”ဟု ရှောလုအား မိန့်လေသည်။…

ဝမ်းမြောက်ခြင်းအတွက် ဆန္ဒပြုလျက်
“Regrets of the Dying”(နောက်ဆုံးအချိန်မှနောင်တများ) ဘလော့ဂ်ပို့စ်တွင် သူနာပြုဆရာမဘရောင်းနီဝဲ(Bronnie Ware)က နောက်ဆုံးအဆင့် ရောက်နေသောလူနာများကို ပြုစုခဲ့စဥ် သူမကြားသိခဲ့ရသည့် နောင်တစကားများကို ဖော်ပြခဲ့သည်။ “ငါအလုပ်ကို အရမ်းကြိုးစားပြီး မလုပ်ခဲ့ရင် ကောင်းမယ်”၊ “သူငယ်ချင်းတွေနဲ့အဆက်အသွယ်ရှိခဲ့ရင် ကောင်းမယ်”စသည်ဖြင့်ဖြစ်ပြီး၊ “ကိုယ့်ကိုယ်ကို ပိုပျော်အောင် ထားခဲ့မိရင် ကောင်းမယ်”ဟူသည့်အချက်က စိတ်ဝင်စားစရာပင်။
“ဝမ်းမြောက်မှုနှင့်ဘဝရှင်သန်နိုင်ရေးအတွက် ရှောင်လွှဲမရသော မိမိ၏သေခြင်းကို ရင်ဆိုင်ခြင်းက အံ့ဖွယ်သော့ချက်ဖြစ်သည်”ဟု ဝဲက ရေးသားခဲ့သည်။ ၎င်းသည် မှန်သောအကြံဉာဏ်ဖြစ်သော်လည်း ထိုဝမ်းမြောက်မှုအရင်းအမြစ်သည် ဘယ်မှာရှိပြီး၊ အကြီးမြတ်ဆုံးသောအဓိပ္ပာယ်ကို မည်သည့်နေရာတွင် ရှာဖွေရမည်နည်း။
လူငယ်တစ်ဦးအနေနှင့် တပည့်တော်ယောဟန်သည် ဘဝ၏ရည်ရွယ်ချက်ကို လွဲမှားစွာ ရှုမြင်ခဲ့သည်။ သူတို့ညီအစ်ကိုက “ကိုယ်တော်ဘုန်းပွင့်တော်မူသော အခါ အကျွန်ုပ်တို့သည် လက်ျာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်ထိုင်ရသောအခွင့်ကို ပေးတော်မူပါ”ဟု သခင်ယေရှုအား လျှောက်ခဲ့သည် (မာ ၁၀:၃၇)။ သူတို့၏တောင်းဆိုမှုသည် တပည့်တော်များကြားတွင် သဘောထားကွဲလွဲမှုကိုသာ ဖြစ်စေခဲ့သည် (:၄၁)။…
