လ - ဇန်နဝါရီ 2026

မျှော်လင့်မထားသော ကြားဖြတ်ဝင်လာသည့်အရာများ

အစောကြီးကတည်းက တစ်နေ့တာလုပ်စရာများကို စာရာ စာရင်းချရေးခဲ့သည်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့်ရုန်းကန်နေရသော မိသားစုတစ်စု၏ တောင်းဆိုမှုက ကြားဖြတ်ဝင်လာသည်။ အသင်းတော်မှပေးသော ဂတ်စ်ဝယ်ရန် ကတ်ကို သူတို့အရေးတကြီး လိုအပ်နေသည်။ အလုပ်ရှုပ်နေသော်လည်း ဘုရားသခင်က သူမအား ဤအရာကို လုပ်စေချင်ကြောင်း စာရာ သိသည်။ ထို့ကြောင့် ရက်သတ္တပတ်အတန်ကြာ နေထိုင်ရန် အသင်းတော်မှစီစဉ်ပေးထားသော ထိုမိသားစုတည်းသည့် ဟိုတယ်သို့ သွားပေးရန် သူမ သဘောတူလိုက်သည်။ သူမသည် ကတ်ကိုရခဲ့ပြီး လိပ်စာကို ကြည့်လိုက်ရာ၊ သူခန့်မှန်းထားသည်ထက် ပိုဝေးသဖြင့် “ဆီပိုကုန်တော့မှာပဲ”ဟု ဘုရားရှင်အား သူ စောဒက တက်မိသည်။

သို့သော် “ငါမင်းကို မထောက်ပံ့ပေးဘူးလား”ဟူသည့် စကားများကို သူမ၏ စိတ်၌ခံစားမိပြီး၊ “ကိုယ်တော်ထောက်ပံ့ပါတယ်။ ကျွန်မရဲ့စိတ်ထားကို ခွင့်လွှတ်ပေး ပါ”ဟု စာရာဆုတောင်းခဲ့သည်။ ဟိုတယ်သို့ သူမရောက်သွားပြီး ထိုဇနီးမောင်နှံ နှင့် တွေ့ဆုံကာ ကတ်ကိုပေးရင်း သူတို့၏ရင်သွေးလေးကို ပွေ့ချီပေးခဲ့သည်။ အိမ်အပြန်လမ်းတွင်…

ခရစ်တော်အားဖြင့် ရရှိသောအခွင့်ထူး

(NBA)အမျိုးသား ဘတ်စကက်ဘောအသင်း ဒါးလက်စ်မာဗာရစ်(Dallas Mavericks)၏အသင်းပိုင်ရှင်က ချီကာဂိုအားကစားစကားဝိုင်း ရေဒီယိုအစီအစဥ် တင်ဆက်သူအား သူ့နာမည်ကို “ဒါးလက်စ်မာဗာရစ်” သို့ တရားဝင် ပြောင်းရန် ဒေါ်လာတစ်သိန်းပေး၍ ကမ်းလှမ်းခဲ့သည်။ ထို့အပြင် ထိုသူအနှစ်သက်ဆုံး ပရဟိတအဖွဲ့သို့ ဒေါ်လာတစ်သိန်းလှူဒါန်းပေးမည်ဟုလည်း ပြောကြားခဲ့သည်။ မိမိကိုယ်ကို အလေးအနက်သုံးသပ်ပြီးနောက် ထိုသူက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။ “ငွေရရင် ဘာမဆိုလုပ်မယ်လို့ ကျွန်တော်ပြောတယ်ဆိုရင် အဲဒါက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ကျွန်တော့်နာမည်က ကျွန်တော့်ရဲ့ အခွင့်အရေးနဲ့ဖြစ်တည်မှုပါ။ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာနဲ့ ကျွန်တော့်အပေါ် အများက ယုံကြည်လက်ခံထားမှုကို ထိန်းသိမ်းချင်ပါတယ်”ဟူ၍ ရှင်းပြခဲ့သည်။

အစီအစဥ်တင်ဆက်သူ၏အမည်သည် သူ၏အခွင့်အရေးဖြစ်သကဲ့သို့၊ ရှေးဦး သခင်ယေရှုကို ယုံကြည်သူများသည် သူတို့၏ဝိညာဉ်ရေးရာ အခွင့်ထူးအဖြစ် “ခရစ်ယာန်”ဟူသည့် အမည်ကို ခံယူခဲ့ကြသည်။ ဗာနဗနှင့် ရှောလုတို့ သည် အန္တိအုတ်မြို့၌ တစ်နှစ်တာ အမှုဆောင်ခဲ့ကြပြီး သတင်းကောင်း ဟောပြောခြင်းဖြင့် အသင်းတော်တိုးပွားလာခဲ့သည်။ အန္တိအုတ်မြို့၌ ရှေးဦး…

လူအမျိုးမျိုးတို့တွင်

လန်ဒန်မြို့တော်သည် နိုင်ငံတကာမှလူမျိုးပေါင်းစုံနှင့် အတူယှဥ်တွဲနေထိုင်သော မြို့ကြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှလူများ စုပေါင်းဆုံလာခြင်းသည် အံ့သြဖွယ် အစားအစာနှင့် စိန်ခေါ်မှုများစွာကို ယူဆောင်လာနိုင်သည်။ ဥပမာ- ဥရောပနိုင်ငံတစ်ခုမှ ကျွန်ုပ်၏မိတ်ဆွေများက ၎င်းတို့၏နိုင်ငံသည် မကြာမီကမှ ဥရောပ သမဂ္ဂအဖွဲ့ဝင်ဖြစ်ခဲ့ခြင်းကြောင့် လန်ဒန်တွင် သိပ်လေးစားမှု မခံရခြင်းဖြစ်နိုင်ကြောင်း ပြောလာ၍ ကျွန်ုပ်စိတ်မကောင်းဖြစ်မိသည်။ သူတို့သည် လျစ်လျူရှုခံရသည်၊ ပြဿနာများအတွက် အပြစ်တင်ခံရသည်၊ သူတို့မနှစ်မြို့သောအလုပ်များ လုပ်ကိုင်ရင်း ဘဝရှင်သန်နေရသည်။

ဘုရားသခင်သည် ဘက်လိုက်ခြင်းမရှိသောကြောင့် ကျွန်ုပ်တို့လည်း ဘက်မလိုက်သင့်ပါ။ လူတို့ကြားရှိ အတားအဆီးများကို ကိုယ်တော် ဖြိုခွင်းဖယ်ရှားပေးပါသည်။ ခေါင်မိုးပေါ်၌ ပေတရုဆုတောင်းနေစဉ် သူမြင်သော ရူပါရုံတွင် ဝိညာဉ်တော် လှုပ်ရှားလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့သော တစ်ပါးအမျိုးသား ကော်နေလိအား အမှုဆောင်ရန် ပေတရု စေစားခံရသည်။ တစ်ပါးအမျိုးသားများနှင့် ပေါင်းဖော်ခြင်းမပြုရန် ယုဒလူမျိုးတို့၏ပညတ်နှင့် စပ်လျဥ်း၍ သုံးသပ်ရန် ပေတရုကို ဘုရားရှင်မစခဲ့သည်။ တမန်တော်သည် နားထောင်ပြီး ယေရှု၏သတင်းကောင်းကို…

ယုံကြည်ခြင်းနှင့်မှားယွင်းသော စွပ်စွဲချက်

လေပြင်းတိုက်ခတ်မှုကြောင့် မီးသည် ရက်အတန်ကြာ ဆက်လောင်ကျွမ်းခဲ့သည်။ သမိုင်းပညာရှင် Tacitus (တက်ဆီတပ်စ်)က မြို့သူမြို့သားများ အသက်လုပြီး အော်ဟစ်ပြေးလွှားနေသည့် ဖရိုဖရဲ မြင်ကွင်းကို ဖော်ပြခဲ့သည်။ နောက်ဆုံးတွင် ရောမမြို့ကြီးမှာ သုံးပုံနှစ်ပုံနီးပါး ပြာကျပျက်စီးသွားခဲ့သည်။ ရောမဧကရာဇ် နီရိုးက သခင်ယေရှုကို ယုံကြည်သူများကြောင့် မီးစတင်လောင်သည်ဟု မှားယွင်းစွာ စွပ်စွဲခဲ့သည်။ သူသည် ခရစ်ယာန်များကို မုန်းတီးပြီး ထိုကပ်ဘေးအတွက် အပြစ်ပုံချရန် သူတို့အား ရွေးချယ်ခဲ့ပြီး၊ သူကိုယ်တိုင် အမိန့်ပေးခဲ့သည်ဟု ကောလာဟလသတင်းများထွက်ပေါ်သည်။

နေဟမိသည် ပြင်းထန်မှားယွင်းသောစွပ်စွဲချက်ကို ရင်ဆိုင်ခဲ့ရသည်။ သူသည် ပါးရှားဘုရင်ကို ခစားအစေခံသူ ဖြစ်သော်လည်း ယေရုရှလင်မြို့ရိုးတံတိုင်းကို ပြုပြင်ရန် အခြားဣသရေလလူမျိုးများနှင့်အတူ ယေရုရှလင်မြို့သို့ ပြန်ခွင့်ရခဲ့သည် (နေ ၂:၁-၁၀)။ သို့ရာတွင် တံတိုင်းကို ပြုပြင်သောအခါတွင်၊ ရန်သူများက ယုဒလူများသည် “ပုန်ကန်”မည့်အကြံနှင့် နေဟမိကို “သူတို့၏ဘုရင်”အဖြစ် တင်မြှောက်ကြပြီဟု စွပ်စွဲခဲ့သည် (၆:၆)။ ထိုသို့…

သခင်ယေရှုအတွက် ရပ်တည်ရဲသော ခွန်အားသတ္တိ

အေဒီ ၁၅၅ တွင်၊ ကနဦးအသင်းတော်များ၏ဖခင်ကြီး ပိုလီကာ့ပ်(Polycarp) သည် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် မီးရှို့သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက် ခံခဲ့သည်။ “ကျွန်ုပ်သည် ၈၆ နှစ် ပတ်လုံး သူ၏အစေခံဖြစ်ခဲ့ပြီး၊ သူသည် ကျွန်ုပ် အပေါ် မည်သည့်အမှားမျှ မလုပ်ခဲ့ပါ။ ယခုမှာ ကျွန်ုပ်ကိုကယ်တင်သော ကျွန်ုပ်၏ ရှင်ဘုရင်အား မည်သို့ ကဲ့ရဲ့ရှုတ်ချနိုင်မည်နည်း။” ကျွန်ုပ်တို့၏ဘုရင်ယေရှုခရစ်ကို ယုံကြည်ခြင်းကြောင့် အခက်အခဲ ကြီးကြီးမားမား ကြုံရသောအခါ ပိုလီကာ့ပ်၏ တုံ့ပြန်ချက်သည် ကျွန်ုပ်တို့အတွက် ခွန်အားဖြစ်စေနိုင်သည်။

ခရစ်တော်အသေခံခြင်း မတိုင်မီတွင် ပေတရုက “ကိုယ်တော်အဖို့ အကျွန်ုပ် အသက်ကို စွန့်ပါမည်” (ယော ၁၃:၃၇)ဟု သူ၏သစ္စာခံမှုကို ရဲရင့်စွာ ကတိပြုခဲ့သည်။ ပေတရု သူ့ကိုယ်သူသိသည်ထက် သူ့အား ပိုသိကျွမ်းသော သခင်က “ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်” ဟု…