ဘုရားသခင်၏လမ်းအတိုင်း လိုက်လျှောက်ပါ
ခန်န်(Ken) သည် သူ၏အဆောက်အအုံတွင် ရွှေ့ပြောင်းအလုပ်သမားများကို ရှောင်ခဲ့သည်။ သူတို့၏အကျင့်နှင့် ဘဝနေထိုင်ပုံက သူနှင့်အလွန်ခြားနားသဖြင့် သူ့စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သို့သော် တစ်နေ့တွင် ခန်န် ဆုတောင်းနေစဉ် “သူတို့က မင်းနဲ့အိမ်နီးချင်းဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။ ဒါပေမယ့် သူတို့ကို တစ်ခါမျှ သတင်းကောင်း မင်းမဝေမျှခဲ့ဖူးဘူး။ သူတို့အပေါ်ထားတဲ့ မင်းရဲ့သဘောထားကို သေချာစဉ်းစားပါ”ဟူသော အတွေးတစ်ခုက ဝင်လာသည်။
ဘုရားသခင်သည် ဣသရေလလူတို့အား “ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့”(ဟဂ္ဂဲ ၁:၇)ဟု အလားတူ သတိပေးချက်နှင့် ထိပ်တိုက်တွေ့စေခဲ့ကြောင်း သမ္မာ ကျမ်းစာက ပြောထားသည်။ ဗာဗုလုန်တွင် ကျွန်ပြုဖမ်းခေါ်ခံရပြီးနောက် ကိုယ်တော်၏ လူများ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် တာဝန်ဖြင့် ယေရုရှလင်သို့ ပြန်လာခဲ့သည်။ ဘုရားသခင်သည် ပေရသိရှင်ဘုရင် ကုရုမင်းကို နှိုးဆော်တော်မူသောအားဖြင့် (ဧဇ ၁:၁) အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းနှင့် အလှူများကို မစရန် (:၂-၄) ဖြစ်သည်။ သို့သော်…


ရုပ်ဖျက်ထားသည့် ဆုတောင်းချက်
အောက်ရှ်ဗစ်ထ်စ်(Auschwitz)နာဇီအကျဥ်းစခန်း၏ ကြောက်မက်ဖွယ်ရာများနောက်တွင် အဲလီဗီဇဲလ်(Elie Wiesel)၏ ယုံကြည်ခြင်း ပျောက်ဆုံးခဲ့သည်။ သူနှင့် အခြားသူများ ကြုံတွေ့ခဲ့ရသောဆိုးယုတ်မှုကို ပြန်တွေးရင်း “ကြင်နာတဲ့ဘုရား၊ ကိုယ်တော်ဘယ်မှာလဲ။ ကလေးဘဝက လူတွေဆီကနေ အများကြီး မမျှော်လင့်ခဲ့ပေမယ့် ကိုယ်တော်ဆီက အရာရာကို မျှော်လင့်ခဲ့တယ်”ဟု မေးနေခဲ့သည်။
သို့သော်၊ သူ၏ယုံကြည်ခြင်း မပျောက်ဆုံးကြောင်း နောက်ပိုင်းတွင် ဗီဇဲလ် သိရှိခဲ့သည်။ သူက “ကျွန်တော် ဘုရားသခင်ကိုယုံကြည်လို့ သူ့ကိုစိတ်ဆိုးတာလေ။ အခုထိ စိတ်ဆိုးတုန်း"ဟု သတင်းထောက်တစ်ဦးကို သူပြောခဲ့သည်။ တစ်စုံတစ်ဦး တည်ရှိကြောင်း သင်မယုံပါက ထိုသူကို စိတ်ဆိုးစရာ အကြောင်းမရှိပါ။
ဘုရားသခင်အပေါ်ဒေါသဖြစ်ခြင်းကို ဖော်ပြလျှင် ကျွန်ုပ်တို့စိတ်မသက်မသာခံစားရနိုင်သော်လည်း ကျမ်းစာထဲမှ ဇာတ်ကောင်များက ဖော်ပြခဲ့ကြသည်။ “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူ...ပြီ”(၂၀:၇) ဟု ပရောဖက်ယေရမိ ဟစ်အော်ခဲ့သည်။ ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်ကို ... အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း”(ဆာ ၁၃:၁)ဟုရေးခဲ့သည်။ ယောဘက…
ဘုရားဘက်မှကြည့်မြင်ခြင်း
ထရီးနာသည် လက်မှတ်ပြတ်သွားသောရှိုးပွဲအတွက် အခမဲ့လက်မှတ်ကို လက်ခံရရှိပြီး၊ ထိုလက်မှတ်ကို သူမ၏ကျမ်းစာအုပ်၌ ညှပ်ထားခဲ့သည်။ ထို့နောက်တွင် စားစရာများထားသောဘီရို၌ သူမသည် ထိတ်ပျာစွာ တစ်စုံတစ်ခု ရှာနေသည်ကို သူမ၏သားက တွေ့လိုက်သည်။ သူမက “ကျမ်းစာအုပ်ပျောက်နေလို့”ဟု ရှင်းပြရာ၊ သားက “ဘာလို့ စားစရာဘီရိုထဲ ရှာနေတာလဲ”ဟု ပြန်မေးလိုက်သည်။ သူမက “တစ်အိမ်လုံးကို ရှာနေတာ၊ ပွဲက နောက်နာရီဝက်ဆို စတော့မှာ၊ တစ်ချက်လေးတောင် အလွတ်မခံချင်ဘူး”ဟု ပြောသည်။ သားက ရယ်လိုက်ပြီး “အသက်ရှူပါအုံး အမေရယ်။ ကျွန်တော့်အထင် အမေက တစ်ခုခုပျောက်သွားမှာကို စိုးရိမ်ထိတ်လန့်တဲ့ FOMO(ဖိုမို)ဝေဒနာ ခံစားနေရတယ်ထင်တယ်”ဟု ပြောသဖြင့် သူမ ရယ်လေသည်။ သားလည်း ကူညီရှာစဥ် ထရီးနာ၏ခင်ပွန်းက သူကျမ်းစာအုပ်ကို ကိုင်ပြီး ဝင်လာကာ “မင်းကားထဲမှာ ကျန်ခဲ့တယ်လေ”ဟုပြောလိုက်သည်။
မျှော်လင့်မထားသောကောင်းချီးများ၊ နားရက်ရှည်များ၊ တစ်သက်မှာတစ်ခါရသော အခွင့်အရေးများကို ခံစားပျော်မွေ့ခြင်းက အမှားမဟုတ်သော်လည်း ခံစား…

စိတ်လျှော့ပြီး ငြိမ်ဝပ်စွာနေခြင်း
အက်ဒလေးဒ်ဖိုးလာဒ် (Adelaide Pollard) အကြောင်းကို ကျွန်ုပ်တို့အများကြီး မသိရပါ။ သို့သော် ထိုသို့ မသိရခြင်းက အကြောင်းရှိသည်။ သူမသည် သူ့အတွက် မည်သည့် အသိအမှတ်ပြုမှုကိုမျှ မလိုချင်သော ဘုရားသခင်၏နှိမ့်ချသော အစေခံတစ်ဦး ဖြစ်သည်။ သူမအသက် ၄၀ အရွယ်တွင် အာဖရိကတိုက်သို့ သာသနာပြုရန် ကြီးလေးသော စေခိုင်းမူခြင်းကို ခံစားခဲ့ရသော်လည်း ထိုအခွင့်အရေး ပိတ်သွားသောကြောင့် သူမအလွန်စိတ်ပျက်ခဲ့သည်။ သို့သော်လည်း “အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏” (ယေ ၁၈:၆) ဟူသောကျမ်းချက်ကို သူမအမှတ်ရသည်။ နောက်ပိုင်းတွင် “ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေ”ဟူသော ဓမ္မသီချင်းစာသားများကို သူမရေးခဲ့သည်။
ယေရမိအနာဂတ္တိကျမ်း၌ရှိသော ဤသရုပ်ပုံရိပ်က ကျွန်ုပ်တို့အသက်တာကို များစွာ စကားပြောသည်။ “အိုးမြေဖြင့်လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏” (ယေ ၁၈:၄)။ ၎င်းမှာ ဘုရားသခင်သည်…


ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ
၂၀၁၉ ခုနှစ် ဧပြီလတွင် မြို့ဂုဏ်ဆောင် အလယ်ခေတ် ဝတ်ပြုကျောင်းတော်ကြီး နော့ထရာဒမ်ဒါပါရီ (Notre-Dame de Paris)တွင် မီးလောင်မှုဖြစ်ပွားပြီး၊ ခေါင်ချွန်းနှင့် ဝက်သစ်ချသစ်သားယက်မဖြင့် ပိုးထားသည့် ခဲခေါင်မိုးတို့ ပျက်စီးသွားသည်။ ချက်ချင်းဆိုသလိုပင် ဘုရားကျောင်းကို ပြန်လည်ပြုပြင်ရန် စီစဉ်လုပ်ဆောင်ခဲ့သည်။ ကမ္ဘာတစ်ဝန်းမှလှူဒါန်းမှုများ တဖွဲဖွဲဝင်လာပြီး၊ လက်သမားဆရာများက တူညီသောအဆောက်အအုံ နည်းပညာများနှင့် မူလတည်ဆောက်ပုံတွင် အသုံးပြုသည့် သစ်သားနှင့် ကျောက်အမျိုးအစားများကို အသုံးပြု၍ ပြန်လည်ပြုပြင်ခဲ့သည်။
ဘီစီ ၅၈၆ တွင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ဝိုင်းထားပြီး ဘုရားသခင်၏ဗိမာန်တော်ကို မီးရှို့ရန် သူ၏တပ်များကို ညွှန်ကြားခဲ့၍ ဗိမာန်တော်ပျက်စီးသွားသည်(၄ရာ ၂၅:၉)။ ဗာဗုလုန်တွင် ဆယ်စုနှစ်များစွာ ဖမ်းဆီးကျွန်ပြုခံရပြီးနောက် ယေရုရှလင်မြို့သို့ ပြန်လာသောအခါ လူအပေါင်းတို့သည် “ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ၊ မိမိဆန္ဒရှိသည့်အတိုင်း လှူဒါန်း”(ဧဇ ၂:၆၈)ခဲ့ကြသည်။
ရှေးဦးစွာ ယဇ်ပလ္လင်ကိုပြန်တည်ပြီးနောက်၊ သူတို့သည် “ပန်းရန်သမားနှင့် လက်သမားတို့အား ငွေကိုပေး”ပြီး၊…