နိုင်ငံနှစ်နိုင်ငံ၏ နိုင်ငံသားဖြစ်ခြင်း
ဧပြီလခေါင်းစဥ် | ဧဝံဂေလိတရား
ယုံကြည်သူများသည် နိုင်ငံနှစ်နိုင်ငံ၏နိုင်ငံသားများအဖြစ် နေထိုင်ရှင်သန်နေကြပါသည်။ ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားဖြစ်သော်လည်း လတ်တလောတွင် ဤလောကတွင်လည်း လောကနိုင်ငံသားများဖြစ်နေပါသည်။ လက်ရှိ ကျွန်ုပ်တို့၏အခြေအနေကို အချို့က “တစ်ကျွန်းတစ်နိုင်ငံသား”ဟုခေါ်ဆို သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏အဓိကနိုင်ငံသားမှာ ဤလောက၏နိုင်ငံသားမဟုတ်သောကြောင့်ပါ။
သို့သော်လည်း ကောင်းကင်နိုင်ငံသားဖြစ်ခြင်းကြောင့်…

သခင်ခရစ်တော်ကဲ့သို့ အစေခံပါ
ဆေးရုံ၌ လူနာတစ်ဦးထံ ကျွန်မသွားရောက်စဉ် အတွေ့အကြုံနုနယ်သေးသော အထွေထွေရောဂါကုဆရာဝန်အဖွဲ့မှ လူငယ်ဆရာဝန်တစ်ဦး၏အပြုအမူကြောင့် ကျွန်မအံ့အားသင့်ခဲ့ရသည်။ ပို၍အတွေ့အကြုံများသော ဆရာဝန်ကြီးက လူနာ၏ ကျန်းမာရေးအခြေအနေကို ရှင်းလင်းပြနေပြီး၊ အခြားဆရာဝန်များက နားထောင်နေကြစဥ်၊ ရုတ်တရက် လူနာသည် မသက်မသာနှင့် အိမ်သာသွားလိုကြောင်း ပြောသည်။ သို့သော်လည်း သူကိုယ်၌က မထိုင်နိုင်။ သူ့အား အိမ်သာသို့ တွဲခေါ်သွားမည့်သူနာပြုအကူ လာသည်အထိလည်း သူမစောင့်နိုင်ပါ။
ထိုသို့ ကသုတ်ကရက်ဖြစ်နေစဉ် လူငယ်ဆရာဝန်လေးက အိပ်ရာသုံးအိမ်သာခွက်ကိုယူပြီး လူနာအား ကူညီပေးလိုက်သည်။ သူနာပြုအကူရောက်လာသည့်အခါ လူနာကို ကူညီပေးပြီးဖြစ်သည်ကို တွေ့လိုက်ရ၍ အံ့သြတုန်လှုပ်မိသွားသည်။ ခေါင်းဆောင်ဆရာဝန်က လူငယ်ဆရာဝန်လေး၏လုပ်ရပ်ကို အသိအမှတ်ပြုကာ ဂုဏ်ယူမိသွားသည်။
သခင်ခရစ်တော်သည် သူ၏ဘုရားဇာတိကို ဆုပ်ကိုင်ထားပြီး၊ လူသားတို့အား မငြင်းပယ်ဘဲ၊ မကူညီဘဲ မနေခဲ့ပါ။ ထိုသခင်သည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်ပါ”(ဖိ ၂:၆)။ လူသားအနေနှင့် ခရစ်တော်သည် ကျွန်ုပ်တို့ လွန်ကျူးသော အပြစ်များအတွက်…

ဖြတ်ကျော်ရမည့်မြစ်များ
ခရစ်မက်ကဲန်လက်စ်(Chris McCandless)သည် လူမသိသူမသိဇာတ်မြှုပ်ကာ အလက်စကားတောနက်(Alaskan wilderness)တွင် နေထိုင်ခဲ့ပြီးမှ၊ မြို့သို့ပြန်လာရန် ပြင်ဆင်ခဲ့သည်။ ဧပြီလတွင် ရေခဲများ အရည်ပျော်ပြီး မြစ်အတွင်းရေစီးကြမ်းသဖြင့် တက်ကလာနီကာ(Teklanika)မြစ်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပါ။ သို့သော် သူက ဧပြီလမတိုင်မီတွင် မြစ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ လပေါင်းများစွာကြာပြီးနောက် အစာရေစာပြတ်လပ်ပြီး မက်ကဲန်လက်စ်သည် အိမ်ပြန်မရောက်နိုင်တော့ပေ။ ဝမ်းနည်းဖွယ် သူ၏သေဆုံးခြင်းကို စာအုပ်များနှင့်ရုပ်ရှင်များဖြင့် အမှတ်တရ မှတ်တမ်းတင်ခဲ့သည်။
ရှေးအခါက ဣသရေလလူမျိုးတို့သည် ကတိထားရာပြည်သို့ဝင်ရောက်ရန် မြစ်တစ်စင်းကို ဖြတ်ကျော်ရမည့်အရေးပေါ်ခဲ့သည်။ သို့ရာတွင် ယော်ဒန်မြစ်ရေ လျှံနေသည့်အခြေအနေတွင်ရှိပြီး (ယောရှု ၃:၁၅)၊ ၎င်းသည် သူတို့၏ယုံကြည်ခြင်းကို ကြီးထွားစေမည့် စိန်ခေါ်ချက်ဖြစ်သည်။ “ငါသည် မောရှေနှင့်အတူ ရှိသကဲ့သို့ သင်နှင့်အတူ ရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည်အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့်စပြုမည်”ဟု ယောရှုအား ထာဝရဘုရား မိန့်ကြားခဲ့သည် (:၇)။
“မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသောထာဝရဘုရား၏ပဋိညာဉ်သေတ္တာသည်…

တစ်လှမ်းချင်း မှန်မှန်သွားပါ
လီလီယံကိုလုံ(Lillian Colon)သည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသူဖြစ်ပြီး၊ ကမ္ဘာကြီး၏အာရုံစူးစိုက်ခံရသည့် အဖွဲ့လိုက် အကပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းမှ ကချေသည် အယောက် ၄၀၀ ကို အနိုင်ယူခဲ့သူဖြစ်သည်။ သူမသည် ညီညာစွာကတတ်ရန် စည်းကမ်းအလွန်ကြပ်မတ်သည့် လေ့ကျင့်မှုအောက်တွင် အသက် ၄၀ ကျော်သည် အထိ ထိုအကအဖွဲ့တွင် ပါဝင်ခဲ့သည်။ ယခုအခါ သူမသည် အသက် ၇၀ ရှိပြီဖြစ်ကာ၊ အကဆရာမအဖြစ် သင်တန်းသားများအား “အတူတကွလုပ်ဆောင်ခြင်း”ဟူသည့် တိကျသေချာသောကကွက်များကို ဆက်လက် လက်ဆင့်ကမ်း သင်ကြားပေးလျက်ရှိသည်။ “ကျွန်မတို့ရဲ့အသက်တာဟာ စင်ပေါ်မှာဖြစ်စေ၊ စင်အောက်မှာဖြစ်စေ နက်နဲစွာယှက်နွယ်လျက်ရှိတယ်။ ... “တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ပြီး ပံ့ပိုးကူညီကြတဲ့အခါ ကျွန်မတို့ပိုပြီးတိုးတက်လာပါတယ်”ဟုပြောပြသည်။
အရေးပါသော ထိုနိယာမကို ရှင်ပေါလုသိသည်။ သခင်ခရစ်တော်၌ သဟဇာတဖြစ်ခြင်းသည် ဘုရားသခင်ကို ချီးမြှောက်ချီးမွမ်းရသည့်အကြောင်းရင်း အစစ်အမှန်ဖြစ်သည်။ ရှင်ပေါလုက ရောမမြို့ရှိ ယုံကြည်သူ ယုဒလူမျိုးများနှင့် တစ်ပါးအမျိုးသားများအား စည်းလုံးညီညွတ်မှုရှိရန် နှိုးဆော်သွန်သင်ခဲ့ပြီး၊ “သင်တို့သည်…

မစကူညီဖို့ ဘုရားသခင်နှင့်ပူးပေါင်းစို့
၂၀၂၁ ခုနှစ်တွင် တာလီဘန်များသည် အာဖဂန်နစ္စတန်အစိုးရအား လျင်မြန်စွာ အနိုင်ယူစိုးမိုးခဲ့ချိန်၌ လူထောင်ပေါင်းများစွာတို့မှာ ထွက်ပြေးလွတ်မြောက်ရန်
လမ်းမရှိဘဲ ချောင်ပိတ်မိနေကြပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သာမန်ပြည်သူများက ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရာ၊ လူငယ်တစ်ဦးက အင်စတက်ဂရမ်ပေါ်တွင် သူတို့ ထွက်ပြေးလွတ်မြောက်ရန် လေယာဉ်ပျံငှားရမ်းခ ငွေ ဒေါ်လာ ၇ သန်း ရရှိရေး ရံပုံငွေရှာဖွေရေးအစီအစဉ်ကို စတင်ခဲ့သည်။ သူက သတင်းဌာနတစ်ခုသို့ “နိုင်ငံရေးအရ မတူညီကွဲပြားနေသော ဤအခြေအနေဆိုးကြီးတွင် ရုန်းကန်နေကြရသည့် လူတန်းစားအသီးသီးအတွက် အတူပါဝင်ပြီး ဤသူတို့ကို ဝိုင်းဝန်းကယ်တင်ရအောင်” ပြောခဲ့သည်။ ရှုပ်ထွေးပွေလီသည့်အမှုအရေးတွင် သူတို့ဝင်ရောက်ကူညီရန် ရွေးချယ်ခဲ့ကြသည်။
အာဖကန်နစ္စတန်နိုင်ငံ တစ်နိုင်ငံတည်းသာ မဟုတ်ပါ။ မိုးမျှော်တိုက်နှင့်မြို့ပြများမှအစ တောရွာဇနပုဒ်အထိ ကမ္ဘာအနှံ့တွင် လူများစွာတို့သည် အထီးကျန်ဖြစ်လျက် ကြေကွဲဝမ်းနည်းစိတ်၏ဖိစီးမှုကို အလူးအလဲ ခံစားနေကြရသည်။ ထိုသို့ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်မဲ့သောနေရာများတွင် ဘုရားသခင်၏အာရုံစူးစိုက်မှု သက်ရောက်သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ…
