လ - ဇူလိုင် 2026

တိုက်ပွဲသည် ဘုရားသခင်၏တာဖြစ်၏

Carol(ကယ်ရယ်)သည် အသင်းတော်မှသက်ကြီးရွယ်အိုများကို ကူညီပေးခြင်းနှင့် မိတ်သဟာယအစီအစဥ်ကို နှစ်သက်သော်လည်း၊ အပေါ်စီးမှ ဆက်ဆံသည့်ခေါင်းဆောင်၏ ရမယ်ရှာမှုကို ခံခဲ့ရသည်။ ထိုကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး၊ ဆွေးနွေးအကြံပေးမှုကို ရှာဖွေခဲ့သည်။ သူမအား ထိုအစီအစဥ်မှ နုတ်ထွက်ရန် အကြံပေးသော်လည်း၊ သက်ကြီးရွယ်အိုများကို သူ မ“စွန့်ပစ်”လိုပါ။ ချောင်ပိတ်မိနေသည်ဟု ခံစားရ၍ ဘုရားသခင်ထံမှ လမ်းညွှန်မှုတောင်းခံခဲ့ပြီး၊ သူမ၏စိုးရွံ့မှုများကို ကိုယ်တော့်ထံအပ်နှံသောအခါ၊ သခင့်ထံမှ နှစ်သိမ့်မှုနှင့် စိတ်ချမှုကို ရရှိခဲ့သည်။ ဘုရားရှင်က ခေါင်းဆောင်နှင့် ဆွေးနွေးသင့်ကြောင်းဖော်ပြပြီး၊ ပြဿနာဖြေရှင်းရန် သူ့ကို ယုံကြည်သင့်ကြောင်း သူမအား နားလည်စေခဲ့သည်။

ယေရုရှလင်မြို့သို့ အင်အားကြီးမားသောရန်သူများ ချဉ်းကပ်လာကြောင်း ယောရှဖတ်မင်းကြီး ကြားသောအခါ၊ သူ၏ပထမဆုံးတုံ့ပြန်မှုမှာ ဆုတောင်းခြင်းဖြစ်သည်။ ဘုရားသခင်၏အစိုးပိုင်မှုအာဏာတော်ကို အသနားခံရင်း “အဘယ်သို့ ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်”ဟု ဆုတောင်းခဲ့သည်(၆ ရာ ၂၀:၁၂)။ ယုဒရှင်ဘုရင်နှင့် ပြည်သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို အားကိုးမည့်အစား၊…

သေလွန်သောနှလုံးသားများအတွက် အသက်သစ်

သစ်ပင်အချို့တွင် သစ်သားအနှစ်သည် အဓိကထောက်ပံ့မှုတိုင်ဖြစ်သည့် အတွက်၊ အပြင်ဘက်အလွှာများ မပျက်စီးသရွေ့ ၎င်းသည် သေဆုံးသော်လည်း ဆွေးမြေ့ခြင်း (သို့) ခိုင်ခံ့မှုအား လျော့နည်းသွားခြင်းမရှိပါ။ လစ်နင်ဟု ခေါ်သော ဓာတုကော်ဖြင့် အမျှင်များကို ချည်နှောင်ဖွဲ့စည်းထားသော သစ်သားအနှစ်သည် သံမဏိကဲ့သို့ ခိုင်ခံ့နိုင်သည်။ သစ်ပင်တစ်ပင်၏ ဖွဲ့စည်းပုံအတွင်းရှိ ဤအစိတ်အပိုင်းသည် သဘာဝဘေးဒဏ်များကို ကြံ့ကြံ့ခံနိုင်ပါသည်။

ပေါလုက “အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏” ဟု ဆိုကာ၊ ကောလောသဲမြို့သားများအား ရှင်ထမြောက်သောအသက်တာဖြင့် ရှင်သန်ရန် အားပေးခဲ့စဥ်၊ ကယ်တင်ခြင်းခံရသူများ မည်သို့ပြောင်းလဲသွားကြောင်းကို ဖော်ပြရန် သစ်သားအနှစ်၏ဥပမာကို အသုံးပြုခဲ့သည်(ကော ၃:၃)။ ပေါလုက ကျွန်ုပ်တို့ကို “သေပြီးသား”ဟု ရည်ညွှန်းခြင်းသည် စိတ်ပျက်စရာဖြစ်သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းရှုထောင့်မှကြည့်လျှင် ထိုဖော်ပြချက်ထဲမှ မျှော်လင့်ချက်ကို ကျွန်ုပ်တို့ နားလည်နိုင်ခဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သေနေသောနှလုံးသားကို ပြောင်းလဲပေးပြီး၊ ရှင်ပြန်ထမြောက်သော…

ကျွန်ုပ်တို့ ဆက်လက်ပေါင်းသင်းဆက်ဆံသူများ

သိပ္ပံနည်းကျလေ့လာမှုတစ်ခုအရ စရိုက်ဆိုးယုတ်မာသည့်ဇာတ်ကောင်များပါဝင်သော ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှုခြင်းသည် လူတို့ကို စရိုက်ဆိုးသူများဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု(သို့) နောက်ကွယ်မှ ကောလာဟလသတင်းလွှင့်ခြင်း စသည့်ရန်လိုသောပုံစံအမျိုးမျိုးသည် ကြည့်ရှုသူများ၏ဦးနှောက်ကို အလားတူပုံစံမျိုးပြုမူရန် သင်ပေးနေသည်။ ဤဆက်နွယ်မှုသည် မကြာခဏပင် မသိစိတ်မှ ဖြစ်လာတတ်ပြီး၊ အခြားသူ၏အားနည်းချက်ကို ပြောဆိုသည့် “အန္တရာယ် မရှိ”ပုံပေါ်သည့် ဟာသများပင်လျှင် အခြားသူများအပေါ် ကျွန်ုပ်တို့၏ ဆက်ဆံပုံကို မသိမသာ လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်ပေးပြီး ဆက်ဆံသူများက ကျွန်ုပ်တို့၏အပြုအမူကို ထိခိုက်စေနိုင်ပါသည်။

ရှောလမုန်သည် “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏” ဟူသော ထာဝရမြဲသည့် ဉာဏ်ပညာကိုပေးခဲ့သည်(သု ၁၃:၂၀)။ လူတစ်ဦးချင်းစီသည် ဤဉာဏ် ပညာကို ကိုယ်တိုင်တစ်ဦးတည်းမရနိုင်သောကြောင့်၊ မိုက်မဲသူများအစား ပညာရှိပြီး ဘုရားသခင်ကို ရိုသေလေးစားသည့်ဆရာများ၊ မိတ်ဆွေများနှင့် ပေါင်းသင်းသင့်ကြောင်း ညွှန်ပြထားသည်။ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် “မျက်နှာရတတ်”ပြီး၊ “ခက်သောလမ်း”ကို ရှောင်ရန်…

သစ္စာဖောက်ခံရပြီးနောက် ပြန်လည်ရှင်သန်လာခြင်း

Toni Morrison (တိုနီမောရစ်ဆန်)၏ ဝတ္ထုတစ်ပုဒ်တွင် ငယ်စဉ်ကတည်းက သူငယ်ချင်းများဖြစ်ကြသော Nel (နယ်လ်)နှင့် Sula (ဆူလာ) တို့၏ ဇာတ်လမ်းကို ဖော်ပြထားသည်။ သို့သော် ဆူလာ၏တစ်ကိုယ်ကောင်းစိတ်ကြီးထွားလာပြီး နယ်လ်၏ခင်ပွန်းကို ဖြားယောင်းခြင်းကြောင့် သူတို့၏ခင်မင်မှု ကတောက်ကဆဖြစ်သွားသည်။ နယ်လ်က “ဘာကြောင့် ကျွန်မအတွက် မစဉ်းစားတာလဲ”၊ “ကျွန်မက အရေးမပါဘူးလား”ဟု မေးသော်လည်း ဆူလာက အဖြေမပေး၊ ဂရုမစိုက်ခဲ့ပေ။ ဝမ်းနည်းစရာပင်။

၎င်းကို ကြုံဖူးသူတိုင်း သိကြသည့်အတိုင်း၊ သူငယ်ချင်းတစ်ဦး၏ သစ္စာဖောက်မှုကြောင့် ခံရသောဝေဒနာက ခံရခက်လှသည်။ ဒါဝိဒ်မင်းသည် နိုင်ငံရေးပူးပေါင်းကြံစည်မှုတစ်ခုကြောင့် “ညှဉ်းဆဲခြင်းနှင့် လှည့်စားခြင်း”ကို ကြုံတွေ့ရပြီး၊ “ဆိုးညစ်သောအမှုနှင့် နှောင့်ယှက်ခြင်းအမှု”ကို ခံစားခဲ့ရသည်(ဆာ ၅၅:၁၀-၁၁)။ အဆိုးဆုံးအပိုင်းမှာ ပုန်ကုန်မှု၏နောက်ကွယ်တွင် မည်သူရှိသည်ကို သိရခြင်းဖြစ်သည်။ သူက “ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ်လျှင် သည်းခံနိုင်၏။... ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဖက်သောသူ၊…

ဘုရားသခင်ကို ချီးမြှောက်သောစကားများ

ကျွန်မ၏မိတ်ဆွေ အဲလက်စ်သည် စာအုပ်များတည်းဖြတ်ပေးသည့်အယ်ဒီတာတစ်ဦးဖြစ်ပြီး၊စာရေးသူတစ်ဦး၏ဒေါသနှင့်ပို့လာမည့်အီးမေးလ်စာ ရောက်လာ မည်လားဟု စိုးရိမ်လျက် သူ၏အီးမေးလ်အဝင်ကို စစ်နေခဲ့သည်။ သူသည် အလုပ်အပ်လာသူတစ်ဦး၏လက်ရေးစာမူကိုတည်းဖြတ်ပေးပြီး၊ (ပုံနှိပ်ရန်ကိစ္စကို) ထင်ရှားသော စီးပွားရေးခေါင်းဆောင်တစ်ဦးနှင့် လပေါင်းများစွာ စီစဥ်ခဲ့သည်။ မမျှော်လင့်ဘဲ၊ ကုမ္ပဏီပြဿနာများကြောင့် ထုတ်ဝေသူက စာအုပ်ထုတ်မည့် ကိစ္စကို ရပ်နားရန် ဆုံးဖြတ်ခဲ့၍ ထိုသတင်းဆိုးကို စာရေးသူထံ အီးမေးလ်ပို့ပြီးနောက် အဲလက်စ် သည် မိမိကိုယ်ကို မပြိုလဲအောင် အားတင်းနေရသည်။

တစ်ပတ်ကြာမှ စာရေးသူက “ဘယ်လိုစကားလုံးတွေနဲ့တုံ့ပြန်ရမလဲဆိုတာ အရင်စဉ်းစားချင်လို့ ကျွန်တော် ချက်ချင်းစာမပြန်ခဲ့တာ”ဟု ပြန်စာ၌ ရေးခဲ့သည်။ သူစိတ်ပျက်မိကြောင်းပြောပြီး၊ ထုတ်ဝေသူမှ ပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း သူ၏အမြင်ကို တည်ငြိမ်စွာ ဖော်ပြခဲ့သည်။

စာရေးသူ၏ပညာရှိရှိ၊ ချင့်ချိန်တုံ့ပြန်ပုံက ကျွန်မစိတ်ကို နက်ရှိုင်းစွာ တို့ထိခဲ့သည်။ အထူးသဖြင့် ဒေါသထွက်နေချိန်တွင် ကျွန်မတို့ မည်သို့ပြောဆိုဆက်ဆံသင့်ကြောင်း သမ္မာကျမ်းစာ၏‌ဖော်ပြချက်ကို သူ၏သဘောထားက ထင်ဟပ်ပြသည်။ တမန်တော်ယာကုပ်က စကားများကြောင့် အလွယ်တကူ…