
ကျွန်ုပ်၌ရှိသောခရစ်တော်
ရှေးဂရိယဉ်ကျေးမှု ပြန်လည်ဖွံ့ဖြိုးသောခေတ်မှ အနုပညာရှင် Albrecht Dürer(အယ်လ်ဘရက်တ်ဒူရာ)သည် အသက်၂၀ တွင် သူ၏အရည်အချင်းကြောင့် နာမည်ကြီးလာခဲ့သည်။ သူ့ခေတ် အနုပညာဝေဖန်ရေးဆရာများက သူ့ကို“ကောက်ကြောင်းများဖြင့် ၎င်း၏ထူးချွန်ထက်မြက်မှုကို ဖော်ပြနိုင်သူ"ဟု ခေါ်ဆိုခဲ့သည်။ သူ၏ ကျော်ကြားမှု ပျံ့နှံ့လာသည်နှင့်အမျှ ဩဇာကြီးမားသူများက စည်းစိမ်ပုံအောပေးကာ သူ့ကို ငှားရမ်းရန် ကြိုးစားခဲ့ကြသည်။ Giovanni Bellini (ဂျိုဗန်နီ ဘယ်လီနီ)နှင့် Raphael(ရာဖေးလ်)ကဲ့သို့သော အခြားကျော်ကြားသော အနုပညာရှင်များလည်း သူ၏လက်ရာကို လေးစားခဲ့ကြသည်။
သူ့ပုံတူကို သူကိုယ်တိုင်ဖန်တီးထားသည့် သူ၏အကောင်းဆုံးလက်ရာဟု ကျွမ်းကျင်သူများ ယူဆသောပန်းချီကားတွင်၊ ဒူရာသည် သူ့ပုံကို သခင်ယေရှု၌ ရှိမည်ဟု သူယူဆထင်မြင်သည့် ထူးခြားလက္ခဏာများ ရောယှက်ကာ ဖန်တီးထားသည်။ သူသည် လှိုင်းတွန့်ဆံပင်ရှည်၊ မုတ်ဆိတ်နှင့် သူ့အပေါ်ထားရှိသည့် ဘုရားသခင်၏ရည်ရွယ်ချက်ကို ထင်ဟပ်စေသည့် မျက်လုံးများဖြင့် သူ့ပုံကို ရေးဆွဲခဲ့သည်။ ၎င်းကို ပန်းချီဆရာ၏ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူဝင့်ကြွားမှုဟု လူအများက ယူဆကြသော်လည်း၊ သူ့ကို သိသူများက…

ဘုရားသခင်၏ ကြွယ်ဝသောထောက်ပံ့မှု
၂၀၂၄ ခုနှစ်တွင် ဟယ်လင်မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုကြောင့် မြောက်ကာရိုလိုင်းနားရှိမြို့ငယ်လေးမှာ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီးနောက်၊ သင်းအုပ်ဆရာတစ်ဦးသည် စိတ်အားတက်ဖွယ်ရာတစ်ခုကို သတိပြုမိခဲ့သည်။ “ဘာလိုသလဲ”ဟူသော မေးခွန်းကို ဖြေဆိုရန် ကြိုးစားနေစဉ်၊ သူလိုအပ်သည့်အချိန်တွင် အလှူငွေများကွက်တိ ရောက်လာခဲ့သည်။ ဖုန်းအားသွင်းရန်လိုသလား။ ရုတ်တရက် လူတစ်ဦးသည် မီးစက်တစ်လုံးနှင့်ရောက်လာပြီး၊ ဘုရားကျောင်းတွင် ဖုန်းအားသွင်းရန်နေရာတစ်ခုကို ဖန်တီးပေးခဲ့သည်။ သောက်ရေလိုသလား။ ချက်ခြင်းပင် ရေသန့်ဘူးများ ကတ်လိုက် ရောက်လာခဲ့သည်။
တိုက်ဆိုင်မှုလား။ တိုက်ဆိုင်မှုမဟုတ်ကြောင်း “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်”ဟူသော ဘုရားသခင်၏ကတိတော်ကို သမ္မာကျမ်းစာက ညွှန်ပြနေသည် (ဖိ ၄:၁၉)။ ပေ ၃၀ မြင့်သော ရေထုကြီးကြောင့် ပြိုလဲလုနီးပါးဖြစ်နေသောမြို့အတွက် ထိုကတိတော်သည် အချည်းနှီးဖြစ်ပုံရပါသည်။ သို့သော် အထက်ပါစကားဖြင့် အားပေးခဲ့စဥ်က ရှင်ပေါလုသည် အကျဉ်းထောင်ထဲတွင်ရှိနေပြီး သူသည် ဆင်းရဲဒုက္ခများနှင့် မစိမ်းခဲ့ပေ။
ပေါလုသည် အလွန်လိုအပ်နေသော…

ဘုရားသခင်မှုတ်သွင်းသောအသက်
သုတေသီများက Anole(အနိုလီ)ရေပုတ်သင်သည် လေထပ်မံမရှူဘဲ ရေအောက်တွင် မိနစ်နှစ်ဆယ်ခန့် နေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သေးငယ်သောထိုရေပုတ်သင်၌ ရေမကပ်သောအရေပြားရှိပြီး၊ ရေနက်ထဲတွင်၎င်းတို့ထုတ်လွတ်သော လေပူဖောင်းက ၎င်း၏ နှာခေါင်းနားတွင် ကပ်လျက်၊ လိမ္မာပါးနပ်သော သတ္တဝါသည် ပူဖောင်းကို ထပ်ခါထပ်ခါ ပြန်လည်ရှူသွင်းသည်။ သိပ္ပံပညာရှင်များက ၎င်းသည် သိုလှောင်ထားသော လေအထောက်အပံ့ကို ပြန်လည်အသုံးပြုခြင်းဟု ယူဆကြသည်။
အနိုလီရေပုတ်သင်များသည် ဤသို့ထူးခြား စွမ်းရည် ရှိသော်လည်း၊ အခြားသတ္တဝါများနည်းတူ အသက်ရှင်ရန် အသက်ရှူ/လေရှူရပါသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး ၂ တွင် ဘုရားသခင်က “[အာဒံ]၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏”ဟု ဖတ်ရပါသည်(:၇)။ “ကောင်းကင်နှင့်မြေကြီး” ၌ရှိသော အရာအားလုံးကို ဘုရားရှင် ဖန်ဆင်းသကဲ့သို့ (:၄)၊ လူသားကိုလည်း “မြေမှုန့်” (:၇) ဖြင့် ဖန်ဆင်းခဲ့သည်။ သို့သော် သူဖန်ဆင်းသောအရာများ အပြည့်အဝရှင်သန်စေရေး ဘုရားသခင်က အသက်ကို မှုတ်သွင်းပေးခဲ့သည်။…

ဘုရားသခင်ပေးသော ရဲစွမ်းသတ္တိ
အမှုဆောင်အရာရှိချုပ်သည် အလွန်ခက်ထန်သောစကားလုံးများဖြင့် ဝန်ထမ်းများအား နာကျင်စေလေ့ရှိသော်လည်း၊ Gene(ဂျင်း) အပါအဝင် လူတိုင်းက သူ့ကို ကြောက်သောကြောင့် သူ့အား မည်သူမှ ရင်မဆိုင်ခဲ့ကြပေ။ သို့သော် တစ်နေ့တွင် ဝန်ထမ်းအသစ်တစ်ဦးကို ဆူပူကြိမ်းမောင်းသောကြောင့် ဝန်ထမ်းမလေး မျက်ရည်ကျခဲ့ရသည်။ အခန်းထဲရှိလူများ နှုတ်ဆိတ်နေသည်ကို ဂျင်း မြင်သောအခါ၊ သူသည် စတင်ပြောဆိုခဲ့သည်။
“လူတွေကို ဆက်ဆံတဲ့ သူ့ရဲ့ပုံစံ မှားနေတယ်လို့ ကျွန်တော်ပြောလိုက်တယ်။ တစ်စုံတစ်ယောက်က ပထမဆုံးအကြိမ် သူ့ကို ရင်ဆိုင်ပြောတာဖြစ်လို့ သူအံ့ဩသွားတယ်။ သူမပြောင်းလဲပေမယ့် ကျွန်တော် ပြောလိုက်ရတာကို ကျွန်တော်ဝမ်းသာတယ်”ဟု ဂျင်းက ပြန်ပြောင်းပြောပြသည်။
ကျမ်းစာတွင် လူအများက ကြောက်ရွံ့သောစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းခဲ့သူတစ်ဦးအကြောင်း ဖော်ပြထားသည်။ ဒါဝိဒ်၏စစ်သည်တစ်ဦးဖြစ်သော ရှမ္မသည် ခက်ခဲသောအခြေအနေများမှ အနာဂတ်မင်းလောင်းထံသို့ ရောက်လာခဲ့ပြီး(၂ ရာ ၂၃:၁၁-၁၂)၊ ဖိလိတ္တိလူတို့ကို ချေမှုန်းရန် သူ့အား ဘုရားသခင် အသုံးပြုခဲ့သည်။ “ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သော လယ်ကွက်၌ စုဝေး(သဖြင့်)၊…

ဘုရားသခင်စိုးစံရာ
၂၀၁၈ ခုနှစ်က လူတစ်ဦးသည် နယူးယောက်ဟိုတယ်ရှိ အခန်းတစ်ခန်းတွင် တစ်ညတာ တည်းခိုခဲ့သည်။ အံ့သြစရာမှာ သူသည် မရှင်းလင်းသော ငှားရမ်းခ ဥပဒေများကို အခွင့်ကောင်းယူကာ တစ်ပြားတစ်ချပ်မှ ထပ်မပေးဘဲ အခန်းကို ငါးနှစ်ကြာ အသုံးပြုခဲ့သည်။ သို့သော် အခန်း မဖယ်ပေးခြင်းကြောင့် အဆုံး၌ ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
စိတ်ပျက်ဖွယ် ကြာမြင့်စွာ နေထိုင်ခဲ့သည့် အိမ်ငှားကဲ့သို့ပင်၊ ကျွန်ုပ်တို့ သတိလစ်သွားပါက မာရ်နတ်သည် ကျွန်ုပ်တို့အသက်တာ၌ တဝဲလည်လည် ရှိနေမည်ဟု သတိပေးလျက်၊ “မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဟု ရှင်ယာကုပ်ရေးသားခဲ့သည် (ယာ ၄:၇)။ ကျွန်ုပ်တို့ ၏ရုန်းကန်ရမှုသည် စိတ်နှလုံး၌ နေရာယူနေသည့် မာန်မာန၊ ယုံကြည်ခြင်းနှင့် အလိုဆန္ဒကြား လွန်ဆွဲနေမှု၊ မသန့်ရှင်းသောအတွေး စသည့် မသန့်ရှင်းသော “ကိလေသာကာမစိတ်”နှင့် “ကာမဂုဏ်ခံစားခြင်း”များမှဖြစ်ပေါ်လာကြောင်း(:၁၊၃)၊ ရှင်ယာကုပ်က အလေးပေးဖော်ပြထားသည်။…