လ - ဩဂုတ် 2026

တန်ဖိုးကြီးသော သစ္စာစောင့်သိမှု

“Hidden Life-လျှို့ဝှက်သောဘဝ”ဟူသော ရုပ်ရှင်သည် ဒုတိယကမ္ဘာစစ်အတွင်းက Franz Jägerstätter(ဖရန်ဇ် ဂျေးဂာစတာ) အမည်ရှိ သြစတြီးယားလူမျိုးလယ်သမားတစ်ဦးအကြောင်း ရိုက်ကူးထားသောဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်သည်။ သူသည် နာဇီတို့၏ရက်စက်ကြမ်းကြုတ်မှုကို ရွံရှာလျက် ယေရှုကို သခင်အဖြစ် ယုံကြည်မှုကြောင့် ဟစ်တလာကို သစ္စာခံရန် ငြင်းဆန်ခဲ့၍ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ရုပ်ရှင်၏ နောက်ပိုင်းအခန်းများမှာ ရဲရင့်သည့်ရပ်တည်မှုကြောင့် ခံစားခဲ့ရသည့် နာကျင်မှုများအကြောင်းဖြစ်သည်။

ဟစ်တလာကိုဆန့်ကျင်မှုအပေါ် ဖရန့်၏ရွာသူ/သားများက သူ့ကိုမထီမဲ့မြင်ပြုကြသည်။ အဖမ်းခံရသူ အချင်းချင်းက သူ၏ယုံကြည်ခြင်းကို ပျက်ရယ်ပြုကြသည်။ ဘုန်းတော်ကြီးအချို့ကပင် သူ့ကို မိုက်မဲသူဟု မှတ်ယူသည်။ ရုပ်ရှင်ထဲတွင် လူတစ်ဦးက သူ့အသက်ချမ်းသာရရန် မရည်ရွယ်ဘဲ ဟစ်တလာကိုသာ နာခံရန် ဖြားယောင်းလျက် “ဘုရားက မင်းဘာပြောလဲဆိုတာထက် မင်းနှလုံးသားကိုပဲ ကြည့်တာပါ” ဟုဆိုခဲ့သည်။ သူ့စကားကို ပြန်ရုပ်သိမ်းရန် ဖိအားပေးမှုကို ခံစားရလျက်၊ “ကျွန်ုပ်၏ကျောက်၊ ကျွန်ုပ်၏ ခိုလှုံရာရဲတိုက်ဖြစ်သောဘုရား၊ ကိုယ်တော့်နောက်လိုက်လျှောက်ရန် ခွန်အားပေးပါဟု ဖရန့် ဆုတောင်းခဲ့သည်။…

မျိုးဆက်သစ်များအပေါ် သက်ရောက်မှု

ဘတ်စကက်ဘောလေ့ကျင့်စဥ်အတွင်း၊ မှန်ကန်စွာ ဘောလုံးမည်သို့ပေးရမည်ကို အဖွဲ့သားများအား သရုပ်ပြရန် Enrique(အဲန်းရစ်)၏ဖခင်က သူနှင့် သူ့သူငယ်ချင်းအား ပြောခဲ့သည်။ ရက်သတ္တပတ်များစွာ လေ့ကျင့်ခဲ့သော်လည်း အဲန်းရစ်က မှားမှာ စိုးရိမ် နေခဲ့သည်။ သူက ဆုတောင်းပြီး ကောင်းကောင်းသရုပ်ပြနိုင်ခဲ့ပြီးနောက် “အဘဘုရား၊ ကျေးဇူးတင်ပါတယ်”ဟုပြောလိုက်သည်။ ဖခင်က “သား အရမ်းကြိုးစားတဲ့ အတွက် ဂုဏ်ယူမိတယ်။ ဒါပေမယ့် သားက ဘုရားကို ဆုတောင်းပြီး ကျေးဇူးတင်တာ ကို အဖေပိုပြီးတော့ ဂုဏ်ယူတယ်”ဟု ဆိုရာ၊ အဲန်းရစ်က ပခုံးတွန့်ပြရင်း “တကယ်တော့ အဖေလုပ်တာကို ကျွန်တော်လုပ်တာပဲလေ”ဟူ၍ပြန်ပြောလိုက်သည်။

သမိုင်းတစ်လျှောက် ကလေး လူငယ်လူကြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၏ အပြန်အလှန်ဆက်ဆံရေးကို ဘုရားသခင်ဖော်ဆောင်ခဲ့သည်။ ဣသရေလလူမျိုးများအား နည်းဥပဒေသနှင့်ပညတ်များ ပေးရာတွင် “သင်တို့ကျင့်စရာဖို့ ငါသွန်သင်သော စီရင်ထုံးဖွဲ့ချက်တို့ကို နားထောင်ကြလော့။ ငါမှာထားသောစကား၌ အသစ်မသွင်းရ၊ အလျှင်းမနုတ်မပယ်ရ။ ငါမှာထားသည်အတိုင်း၊ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို စောင့်ရှောက်ရကြမည်”(တရား ၄:၁-၂)။...“သို့ပြုလျှင်…

ဘုရားသခင်သည် သာ၍ကြီးမြတ်တော်မူ၏

မွန်ဂိုလူမျိုးတို့၏စစ်ဘုရင် ဧက္ကရာဇ်မင်း Genghis Khan (ဂျင်ဂျစ်ခန်[၁၁၆၂-၁၂၂၇]) သည် သူ၏အမည်နာမ မကျော်ကြားမီက ၄င်းတို့လူမျိုးစု၏ခေါင်းဆောင်ရာထူးကို ရရှိရန်အတွက် သူ၏ဖအေတူ မအေကွဲညီအစ်ကိုကို သတ်ဖြတ်ခဲ့သည်။ သူ၏တန်ခိုးအာဏာကို ခိုင်မာအောင် တည်ဆောက်ပြီးချိန်တွင် Alexander the Greats (အဲလက်ဇန္ဒြား သဂရိတ်) ထက်သာလွန်သည့် အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သည်။ ၄င်း၏အင်ပါယာမှာ အာရှပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းမှ ဥရောပ အရှေ့ပိုင်းအထိ ကျယ်ပြန့်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော စစ်ရေးဗျူဟာများကြောင့် သူနယ်မြေချဲ့ထွင်သည့်နေရာတိုင်း၌ သေကျေပျက်စီးမှုများစွာ ကျန်ရစ်ခဲ့သည်။ ၎င်းတပ်များ၏ချင်းနင်းဝင်ရောက်တိုက်ခိုက်မှုများမှာ မည်သူနှင့်မျှ မယှဥ်နိုင်အောင် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

ယနေ့တွင် စစ်တပ်ထက်ဆိုးသော ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာပိုင်းကို ချေမှုန်းပြီး ပျက်စီးအောင် လုပ်ဆောင်နေသောရန်သူကို ကြုံတွေ့ နေကြရသည်။ တမန်တော်ကြီး ရှင်ပေတရုက “သမ္မာသတိရှိလျက်မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့အဘယ်သူကို မျိုရမည်နည်း ဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏”ဟု သတိပေးထားသည် (၁ပေ ၅:၈)။…

ဘုရားရှင်၏ဇာတ်လမ်းတစ်စိတ်တစ်ပိုင်း

ဘူမိဗေဒပညာရှင် Jodi Magness (ဂျိုဒီမက်နက်စ်)နှင့် သူမ၏အဖွဲ့ဝင်များသည် ဂါလိလဲ ပင်လယ်အောက်ပိုင်းရှိ Huqoq(ဟူးခုတ်) ရှေးဟောင်းကျေးရွာရှိ ဂျူးလူမျိုးများ ဝတ်ပြုကိုးကွယ်ရာတရားဇရပ်ကို ရှာဖွေတူးဖော်နေစဥ် မောရှေခေတ် ပန်းချီ ပန်းပုလက်ရာများကို တူးဖော်တွေ့ရှိခဲ့သည်။ ၎င်းသည် ရှားပါးလက်ရာများဖြစ်သည့် အပြင်၊ သမ္မာကျမ်းစာသမိုင်းမှ ဣသရေလလူမျိုးများ၏ အမျိုးသမီးခေါင်းဆောင် ဒေဗောရ ၏ ခါနာန်လူမျိုးများအပေါ် အနိုင်ရရှိမှုကို ပေါ်လွင်ထင်ရှားစွာ ဖော်ကျူးထားသည်။ ဣသရေလလူမျိုးတို့၏ သူရဲကောင်းမယ်အကြောင်း ဤကဲ့သို့ ပေါ်လွင်စွာ သရုပ်ဖော်သည့် အခြားအရာမရှိပါ။

နှစ်ပေါင်း ၂၀ တိုင် ခါနာန်လူမျိုးတို့၏ နှိပ်စက်အုပ်ချုပ်မှုအောက်တွင် “ပရောဖက်မဒေဗောရသည် ဣသရေလလူမျိုးကို အုပ်စိုး၏”(သူကြီး ၄:၄)။ ဘုရားသခင်၏နှိုးဆော်မှုဖြင့် ဒေဗောရသည် ဣသရေလလူမျိုး တို့၏ စစ်သေနာပတိ ဗာရက်အား ခါနန်တပ်နှင့် သူတို့၏ဗိုလ်ချုပ်မင်း သိသရအား ရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်။ ဗာရက်သည် ဘုရားသခင်၏အမိန့်ကို နာခံလျက်“နာဿလိအမျိုး၊ဇာဗုလုန်အမျိုးထဲက လူတစ်သောင်းကို သွေးဆောင်၍ တာဗော်တောင်သို့…

ဘုရားသခင်၏မိသားစု

“မင်းသားအကြောင်းတွေးမိရင် ဘယ်အရာက မင်းကို ပြုံးမိစေသလဲ”ဟု ကျွန်ုပ် အကြံပေးလမ်းညွှန် ပေးနေသောလူငယ်လေး Clarence(ခလဲရင့်)ကို မေးလိုက်သည်။ ဂုဏ်ယူနေသောဖခင်က သူ၏ထက်မြက်သော ၄ နှစ်အရွယ် သားလေး ၏အောင်မြင်မှုများကို ပြောပြသည်။ အတိအကျဆိုရလျှင် သားလေးသည် အဖေ၏ပထမဆုံးနှင့် နောက်ဆုံးအမည်ကို ပိုင်ဆိုင်ထားသည်သာမက ရုပ်ရည်သည် အဖေနှင့်ချွတ်စွတ်တူလွန်း၍ သူ့မျက်နှာဖြင့် အဖေ၏စမတ်ဖုန်းကိုပင် ဖွင့်နိုင်ကြောင်းအချက်ကို ကျွန်ုပ်သဘောကျမိသည်။

ရှင်ယောဟန်ခရစ်ဝင် ၁၄ ၌ ယေရှုက သူသည် ခမည်းတော်နှင့် အတူတူပင်ဖြစ်သည်ဟု အတိအလင်း ဖော်ပြခဲ့သည်။ အမေးအမြန်းထူသော ဖိလိပ္ပုက”သခင်၊ ခမည်းတော်ကို ကျွန်ုပ်တို့အား ပြတော်မူပါ”ဟု တောင်းဆိုရာ(:၈)၊ ယေရှုက “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကိုမြင်၏”(:၉)ဟု တုံ့ပြန်ခဲ့သည်။ သားတော်အားဖြင့် ခမည်းတော်မည်သို့ ထင်ရှားသနည်း။ ဘုရားသခင်၏မေတ္တာ၊ ကရုဏာ၊ ကျေးဇူးတော်နှင့်…