အရေးကြီးဆုံးအရာ
မော်စကိုမြို့သို့ ကျမ်းစာသင်ကြားရေးခရီးစဉ်တွင်၊ ကျွန်တော်သည် မြေအောက်ရထားစီးပြီး နေ့လယ်စာစားရန် ထွက်ခဲ့သည်။ ထိုသို့ စီးနင်းစဉ်၊ ပျော်ရွှင်စရာ နံနက်ခင်းသင်ကြားရေးနှင့် သာယာသောနေ့လေးကြောင့် စိတ်နှလုံးရွှင်လန်းကာ လေချွန်မိလိုက်သည်။ ထိုအခါ ခရီးသည်များက ကျွန်တော့်အား စိတ်မနှံ့သူကဲ့သို့ စိုက်ကြည့်နေခဲ့ကြသည်။ ကျောင်းသို့ ပြန်ရောက်သောအခါ၊ “လူတွေက အရမ်းစိတ်ဆင်းရဲပြီးစိတ်ပျက်အားငယ်နေလို့လား မသိဘူး။ ကျွန်တော် လေချွန်တော့ ကျွန်တော့်ကို စိုက်ကြည့်ကြတယ်”ဟု ရုံးဝန်ထမ်းတစ်ဦးအား ပြောပြရာ၊ သူမက “သူတို့ဘဝတွေက အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ အဲဒါကြောင့် သူတို့ ဆရာ့ကို စိုက်ကြည့်တာ မဟုတ်ပါဘူး။ ဒီမြို့မှာ လူရှေ့သူရှေ့ လေချွန်တာက ရိုင်းစိုင်းလို့ သူတို့ စိုက်ကြည့်တာပါ”ဟု အသိပေးခဲ့သည်။
ကျွန်ုပ်တို့သည် ထင်မြင်ယူဆချက်များပေးရာ၌ လက်ရှိအခြေအနေနှင့် မသက်ဆိုင်သော ပြင်ပအချက်အလက်များအပေါ် အခြေခံတတ်သည်။ ၎င်းက ဣသရေလနိုင်ငံ၏ အနာဂတ်ဘုရင်အဖြစ် ဒါဝိဒ်အား ရွေးချယ်ခဲ့သည့်အဖြစ်အပျက်ကို သတိရစေသည်။ ပရောဖက်ရှမွေလသည် ယေရှဲ၏ အကြီးဆုံးသားကို…

ဘုရားသခင်၏သားသမီးများ
ကျွန်မအကြိုက်ဆုံး အမြင်အာရုံလှည့်စားမှုရုပ်ပြစာအုပ်သည် ရုပ်ပုံများဖြင့် အမြင်ကိုလှည့်စားနိုင်ခြင်းကြောင့် ကျွန်မအမြဲတစေအံ့ဩရသည်။ ဥပမာ- အရှည်ချင်းတူသော်လည်း အရွယ်အစားမတူပုံပေါ်သည့် မျဉ်းကြောင်းနှစ်ကြောင်း(သို့) လှေကား ၄ စင်းသည် အဆုံးမရှိပတ်ချာလည်ဆက်နေသကဲ့သို့ ထင်မှတ်ရသည့် ကျော်ကြားသော "အံ့ဖွယ်လှေကား"ပုံမျိုး စသည်ဖြင့် ဖြစ်သည်။ အရာဝတ္ထုများကို အမှန်အတိုင်း အမြဲ မမြင်ရခြင်းကို သတိပြုမိသောအခါ စိတ်၌ အနည်းငယ် ဇဝေဇဝါဖြစ်တတ်သည်။
သို့သော် အမြင်အာရုံတစ်ခုတည်းသာ ကျွန်မတို့ကို လှည့်စားသည် မဟုတ်ပါ။ လောကကြီး၏လှည့်စားမှုများက ကျွန်မတို့အား နေ့စဉ်ရိုက်ခတ်လျက်ရှိပြီးတစ်ခါတစ်ရံ ကျွန်မတို့သည် ဘုရားသားသမီးဖြစ်သည်ဟူသော မိမိ၏ဖြစ်တည်မှုအပေါ် ဇဝေဇဝါဖြစ်လျက် လှည့်စားမှုများကို ယုံကြည်သွားနိုင်သည်။ စာရေးဆရာဟန်နရီနောင်ဝမ် (Henri Nouwen)က "အောင်မြင်မှု၊ ကျော်ကြားမှုနှင့် အာဏာတို့အပေါ် အခြေခံသည့် ဖြစ်တည်မှုသည် မှားယွင်းသောဖြစ်တည်မှု၊ လှည့်စားမှုသာဖြစ်ကြောင်း ကျွန်တော်တို့အား ကြေငြာပြောပြရန် ရှင်ယေရှုကြွလာခဲ့သည်"ဟု ရေးသားခဲ့သည်။
ရှင်ယေရှုကို မိမိတို့၏ကယ်တင်ရှင်အဖြစ် လက်ခံပြီးနောက်၊ ဘုရားသခင်၏ "သားသမီးများ"ဖြစ်လာခြင်းသည် ဘုရားသခင်၏ကြွယ်ဝသောချစ်မေတ္တာအားဖြင့်…
ဘုရားရှင်၏ကယ်တင်ခြင်းအစီအစဉ်
ဖခင်တစ်ဦးသည် သူတို့စီးနင်းလာသောအပျော်စီးသင်္ဘော၏ လေးထပ်မြောက်မှ သူ၏ငါးနှစ်အရွယ် သမီးငယ်လေး ပြုတ်ကျသွားကြောင်း သိလိုက်သည်နှင့် သမီးငယ်အား ကယ်ဆယ်ရန် ပေလေးဆယ်အမြင့်မှ ပင်လယ်ထဲသို့ ချက်ချင်း ခုန်ချခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့က သူတို့ကို သင်္ဘောပေါ်သို့ ဘေးကင်းစွာ ပြန်လည် မပို့ဆောင်နိုင်မီအထိ ဆယ်မိနစ်ကျော်ကြာ သမီးဖြစ်သူအား မြဲမြဲဖက်ထားရင်း ရေထဲ၌ ကိုယ်ဖော့နေခဲ့သည်။ ဖခင်ဖြစ်သူသည် သမီးငယ်အန္တရာယ်ထဲရောက်နေကြောင်း သိသိချင်းပင် သူမကို ကယ်တင်ရန် ဘာမဆိုလုပ်ရန် စွန့်စားခဲ့သည်။
သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ကျွန်မတို့အား အပြစ်နွံထဲနစ်မြှုပ်ခြင်းမှကယ်တင်ရန် အရာခပ်သိမ်း ပေးဆပ်ခဲ့သည့် ကောင်းကင်ဘုံရှင်အဘ၏ မေတ္တာတော်အကြောင်းကို ဖတ်ရှုရသည်။ ဘုရားသခင်သည် သူ၏မွန်မြတ်သောကယ်တင်ခြင်းအစီအစဉ်ကို ဧဒင်ဥယျာဉ်တွင် ပထမဦးဆုံးထုတ်ဖော်ခဲ့သည်။ အာဒံနှင့်ဧဝ တို့သည် မြွေ၏သွေးဆောင်မှုကြောင့် အပြစ်ပြုမိကြပြီးနောက်၊ ဘုရားသခင်သည် မြွေအား “သင်နှင့် မိန်းမကို လည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည်လည်း သူ၏ဖနောင့်ကို…

ဘုရားသခင်၏နိုင်ငံတော်ကို ရှာဖွေခြင်း
ကျွန်မ၏မြေးအငယ်လေးသည် ကျွန်မတို့၏အိမ်အသစ်တွင် လာအိပ်ရာ၊ သူနှင့်မရင်းနှီးသော အိပ်ရာပေါ်တွင် အသားမကျခဲ့ပါ။ သို့နှင့် ဒိုင်နိုဆောဖျင်တဲလေးကို ထိုးပေးပြီး၊ သက်သောင့်သက်သာရှိသော သူ၏ဂွမ်းကပ်စောင်ပေါ်၌ လှဲကာ စာအုပ်ဖတ်နေကြစဉ် သူက စိတ်လှုပ်ရှားစွာဖြင့်တခိခိရယ်မောနေခဲ့သည်။ သို့သော် အိပ်စက်ရမည့်အချိန်ရောက်သောအခါ သူ၏မျက်လုံးလေးများက စိုးရိမ်စိတ်ဖြင့် ဝိုင်းစက်သွားပြီး “သားအဘွားကို လိုအပ်လာရင် ဘယ်လိုလာရှာရမလဲ” ဟုမေးခဲ့သည်။ အကြံတစ်ခုရသွားရင်း လက်ဆောင်ထုတ်သည့်ဖဲကြိုးအလိပ်ကို ယူကာ၊ ထိုဖဲကြိုးကို သူ၏အိပ်ရာမှကြမ်းပြင်တစ်လျှောက်၊ စင်္ကြံလမ်းအတိုင်း ကျွန်မ၏ အိပ်ခန်းထဲအထိ ဆွဲသွယ်ခဲ့ကြသည်။ “မစိုးရိမ်နဲ့” “ညဘက်မှာ အဘွားကို လိုအပ်လာရင် ဒီကြိုးလေးအတိုင်းလိုက်ခဲ့၊ အဘွားကို တွေ့လိမ့်မယ်”ဟု ပြောလိုက်ရာ၊ သူကျေနပ်ပြုံးရွှင်သွားသည်။
ရှင်မဿဲခရစ်ဝင် ၆ တွင် ကျွန်မတို့၏စားဝတ်နေရေးနှင့် ရုပ်ခန္ဓာအတွက် စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ရှင်ယေရှု တိုက်ရိုက်မိန့်မှာခဲ့သည် (:၂၅)။ “စိုးရိမ်ခြင်း” ဟု ဘာသာပြန်ထားသောဂရိဝေါဟာရ၏ ရင်းမြစ်အဓိပ္ပာယ်မှာ“ယုံကြည်ခြင်းလမ်းနှင့် မိမိကိုယ်ကို အားကိုးခြင်းလမ်းဟူသော ဦးတည်ရာနှစ်ခုကြား လွန်ဆွဲ နေခြင်း”ဟူ၍…

ဘုရားသခင်ကို မျှော်ကြည့်ပါ
အဲလစ်တစ်ယောက် စိုးရိမ်ထိတ်လန့်မှုကို ခံစားခဲ့ရသည်။ စာအုပ်ဒီဇိုင်းပုံစံကို နောက်ရက်တွင် အပြီးပေးရတော့မည်ဖြစ်သော်လည်း ပုံနှိပ်တိုက်မှ ဓာတ်ပုံများကို ပယ်ချခဲ့သည်။ ၎င်းကို ပြန်ပြင်ရန် ရက်များစွာကြာနိုင်သည်။
“မစိုးရိမ်နဲ့။ ဘုရားသခင်ဆီမှာ အကူအညီတောင်းကြစို့။ ပြီးရင် တစ်ညလုံး ငါတို့အလုပ်လုပ်ကြမယ်။ ဒီဆော့ဖ်ဝဲလ်က ဓာတ်ပုံတွေကို မြန်မြန်ပြင်နိုင်ဖို့ ကူညီပေးလိမ့်မယ်” ဟုသူမ၏ခင်ပွန်း ဆမ် က ပြောသည်။
သူတို့ဆုတောင်းသည့်အခါ အဲလစ်တစ်ယောက် ပို၍စိတ်သက်သာရာရလာခဲ့သည်။ ဘုရားသခင်ကိုသာ ဆက်လက်မျှော်ကြည့်ရန် သူမကိုယ်သူမ ပြောခဲ့သည်။ ဘုရားသခင်ပေးသည့်ငြိမ်သက်ခြင်းနှင့် ဆမ်၏ လက်တွေ့ကျသောအကြံပြုချက်တို့ဖြင့် သူမ၏အလုပ်ကိုစတင်ခဲ့ပြီး အချိန်မီအလုပ်ကို အဆုံးသတ်နိုင်ခဲ့သည်။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း အဲလစ်သည် မြို့ရိုးကို ပြန်လည်တည်ဆောက်သည့် ဣသရေလလူမျိုးများ၏ ကြီးမားလှသောတာဝန်ကို ပြန်လည်အမှတ်ရမိသည်(နေ ၄)။ ထိုအလုပ်သည် ခက်ခဲသည်သာမက ရန်သူများကလည်း သူတို့ကို လှောင်ပြောင်ကာ သူတို့၏အလုပ်ကို ဖျက်စီးရန် ပူးပေါင်းကြံစည်ခဲ့ကြသည်။ သို့သော် ဘုရားသခင်ကိုသာ စဉ်ဆက်မပြတ် မျှော်ကြည့်ရန် သူတို့ကို နေဟမိ…

ဘုရားသခင်နှင့်အတူရှိရမည့် ထာဝရကာလ
အင်္ဂလန်နိုင်ငံ၏တောင်ဘက်ကမ်းရိုးတန်းတွင် ကိတ်အမည်ရှိ နာမည်တူ အမျိုးသမီးနှစ်ဦးသည် ခေါင်းတလားကလပ်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေကြသည်။ လူတို့ မိမိတို့၏နောက်ဆုံးအချိန်အတွက် ခေါင်းတလားများကို ကိုယ်တိုင်ရွေးချယ်အလှဆင်နိုင်ရန် ဤလုပ်ငန်းကို သူတို့ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။ ကိတ် ၁၃ နှစ် အရွယ်တွင် သူမ၏ဖခင်ကွယ်လွန်ခဲ့ရာ၊ သူမက “အဲဒီတုန်းက အတော်ဆိုးတယ်။ ဘယ်သူမှ သေခြင်းအကြောင်း မပြောချင်ကြဘူး” ဟုဆိုသည်။ သူတို့၏ကလပ်သည်ကျွန်ုပ်တို့အားလုံး တစ်နေ့တွင် ကြုံတွေ့ရမည့်အရာတစ်ခုကို သာမန် ရင်ဆိုင်နိုင်ရန် ပြုလုပ်ပေးသည့်နည်းလမ်းတစ်ခုဖြစ်သည်။
သေခြင်းတရားသည် လူတိုင်းကြုံတွေ့ရမည့်အမှုဖြစ်သဖြင့် “သာမန်ကိစ္စ” တစ်ခုဖြစ်နိုင်ပါသည်။ မောင်ဖြစ်သူ ဆုံးပါးသွားပြီးနောက် သခင်ယေရှုနှင့် သူ၏ ချစ်မိတ်ဆွေမာသတို့ ပြောဆိုခဲ့သောစကားများအတိုင်း ရှင်ယေရှုကို ချစ်မြတ်နိုးပြီး ကိုးကွယ်ဆည်းကပ်သူများသည် ကြောက်ရွံ့ခြင်းမရှိဘဲ သေခြင်းတရားအတွက် ပြင်ဆင်နိုင်ပါသည်။ လာဇရုသည် “ထမြောက်လိမ့်မည်”ဟု ရှင်ယေရှု ကတိပေးခဲ့သည်(ယော ၁၁:၂၃)။ ကိုယ်တော်က “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း…