စာရေးသူ

အားလုံးမြင်နိုင်ရန်
Adam R. Holz

အေဒမ် အာရ် ဟို့

ဆရာ အေဒမ် အာရ် ဟို့ (Adam R. Holz) သည် Focus on the Family's မီဒီယာ၏ ပြန်လည်သုံးသပ်ခြင်း ဝက်ဘ်ဆိုဒ် ဖြစ်သော Plugged In ဝက်ဘ်ဆိုဒ်၏ ဒါရိုက်တာလူကြီး ဖြစ်သည်။ Discipleship Journal တွင်လည်း တွဲဖက်စာတည်းအဖြစ် ဆောင်ရွက်သေးသည်။ သူသည် NavPress မှ ရိုက်နှိပ်ထုတ်ဝေသည့် သမ္မာကျမ်းစာလေ့လာခြင်းစာစဉ် Beating Busyness ကိုလည်း ရေးသားပြုစုသူဖြစ်သည်။ သူ့ဇနီးမှာ ဂျဲနီဖာ (Jennifer)ဖြစ်သည်။ သူတို့၌ ရေကူးခြင်း၊ ကျွမ်းဘားအားကစားခြင်း၊ ရုပ်ရှင်ဇတ်လမ်းကြည့်ခြင်း နှင့် စန္ဒရားတီးခတ်ခြင်း ကိုနှစ်သက်ပြီး ထမင်းစားပြီးလျှင် ဘာအချိုတည်းရမည်နည်းဟု အဖေဖြစ်သူကို မေးတတ်သည့် ကလေး (၃) ဦး ရှိသည်။ ဆရာသည် သူ၏အားလပ်ချိန်များတွင် လျှပ်စစ်ဂီတာတီးခြင်းဖြင့် အချိန်ကုန်နေတတ်သည်။

စာမူ/ အကြောင်းအရာ များ အေဒမ် အာရ် ဟို့

အားတင်းထားပါ

ကျွန်တော့်ယောက္ခမသည် မကြာမီကမှ အသက် (၇၈)နှစ် ပြည့်သွားခဲ့ပြီး သူ့ကို ဂုဏ်ပြုရန် မိသားစုများစုရုံးသည့်ပွဲတွင် တစ်စုံတစ်ယောက်က သူ့ကို “အသက်တာထဲမှာ အဖေ သင်ယူရရှိခဲ့တဲ့ အရေးကြီးဆုံးအရာက ဘာများလဲ” ဟုမေးရာ “အားတင်းထားပါ” ဟူ၍ ဖြေခဲ့သည်။

‘‘အားတင်းထားပါ။’’ ရိုးရှင်းသလောက် အလွယ်တကူ မေ့ပျောက်သွားနိုင်သော စကားလေးဖြစ်ပါသည်။ သို့သော် ကျွန်တော့်ယောက္ခမသည် မျက်စိစုံမှိတ်ကာ အကောင်းမြင် ပေးခြင်း၊ အပြုသဘောတွေးခြင်း မဟုတ်ပါ။ သူ့ဘ၀တွင် နှစ်ပေါင်း ၇၀ ကျော်တိုင် ခက်ခဲကြမ်းတမ်းမှုများကို ခံရပ် ရင်ဆိုင်ခဲ့သည်။ မလျော့သော ဇွဲလုံ့လနှင့် သူရှေ့ဆက် နေခြင်းသည် အခြေအနေ ကောင်းလာမှာပဲဆိုသည့် မပီပြင် ဝေဝါးသောမျှော်လင့်ချက်၌ အခြေခံခြင်း မဟုတ်ဘဲ သူ့အသက်တာ၌ ခရစ်တော် အလုပ်လုပ်နေသည် ဟူသည့် စိတ်ချမှု၌ အခြေခံသည်။

သမ္မာကျမ်းစာ၌ အားတင်းထားခြင်းကို သည်းခံခြင်းဟု သုံးနှုန်းထားပြီး လူ့အစွမ်းအစဖြင့်တော့ မဖြစ်နိုင်ပါ။…

မည်သူနိုင်မည်ကို သိနှင့်နေသောအခါ

ကျွန်တော်၏အထက်အရာရှိသည် ကောလိပ် ဘက်စကတ်ဘော အသင်းတစ်သင်း၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။ ယခုနှစ်တွင် ထိုအသင်းသည် အမျိုးသားချန်ပီယံဆု ရရှိခဲ့သဖြင့် လုပ်ဖော်ဆောင်ဖက်တစ်ဦးက ဝမ်းမြောက်ကြောင်း သူ့ထံသို့ စာရိုက်ပို့ခဲ့ သည်။ ပြဿနာမှာ ကျွန်တော့်သူဌေးက နောက်ဆုံးပွဲစဉ်ကို မကြည့်ရသေးသဖြင့် “ပွဲမကြည့်ရသေးဘဲ အဖြေသိနေခြင်းက စိတ်ပျက်စရာပဲ” ဟု ပြောပါသည်။ ထိုကစားပွဲကို ကြည့်ခဲ့လျှင်လည်း ပွဲပြီးခါနီး အချိန်ထိ အမှတ်တက်လာလည်း သူစိတ်လှုပ်ရှားမည် မဟုတ်။ မည်သူနိုင်မည်ကို သူသိပြီးသား ဟု သူဝန်ခံခဲ့သည်။

မနက်ဖြန် ဘာဖြစ်မည်ကို ကျွန်တော်တို့ဘယ်တော့မှ မသိနိုင်။ နေ့ရက်အချို့က ငြီးငွေ့ဖွယ်ကောင်းပြီး သာမန်နေ့များကဲ့သို့သာ ခံစားရမည်။ အခြားရက်များတွင်မူ ၀မ်းမြောက်ခြင်းများနှင့် ပြည့်နေမည်။ တစ်ဖန် ဘဝအသက်တာသည် နာကျင်မှုများ၊ ပင်ပန်း ကြပ်တည်းမှုများနှင့် လေးလံနိုင်ပါသည်။

ခန့်မှန်း၍မရသော ဘဝ၏လောကဓံ အတက်အကျများ ရှိစေကာမူ ဘုရားရှင်၏ငြိမ်သက်ခြင်း၌ ကျွန်တော်တို့လုံခြုံစွာရပ်တည်နိုင်ပါသည်။ ကျွန်တော်၏ အထက်အရာရှိ ကဲ့သို့ပင်…

ခွေးဘီလူးနှင့် ရေဖျန်းစက်

နွေမနက်ခင်းများတွင် ကျွန်ုပ်တို့၏အိမ်နောက်ဘက်ပန်းခြံ၌ ကြည်နူးဖွယ်မြင်ကွင်းများ တွေ့ရသည်။ ထိုမြင်ကွင်း၌ ရေဖျန်းစက်နှင့် ခွေးဘီလူးတစ်ကောင်ပါဝင်သည်။ မနက် ၆း၃၀ ခန့်တွင် ရေဖျန်းစက်မှ ရေများပန်းထွက်လာသည်။ မကြာမီတွင် ကျွန်ုပ်တို့ မိသားစုက ဖီဖီ ဟုအမည်ပေးထားသော ခွေးဘီလူးလည်း ရောက်လာသည်။

ဖီဖီ၏ပိုင်ရှင်က သူ့ကို လည်ပတ်ထိန်းကြိုးမှ လွှတ်ပေးလိုက်သည့်အခါ ဖီဖီသည် သူနှင့်အနီးဆုံး ရှိသည့် ရေပန်းဆီသို့ တစ်ရှိန်ထိုးပြေးသွားပြီး သူ့မျက်နှာကို ပက်ဖြန်းနေသည့် ရေပန်းများကို တိုက်ခိုက်တော့သည်။ ရေဖျန်းစက်ကို စား၍ရမည်ဆိုလျှင် ဖီဖီ ကိုက်စားလိုက် မည်ဟု ကျွန်ုပ်ထင်သည်။ ၄င်းသည် ဖျတ်လတ် တက်ကြွခြင်း၏ပုံရိပ်၊ ရေများဖြင့် ရွှဲရွှဲစိုလိုသည့် ဖီဖီ၏ ထာဝရဆန္ဒပင်ဖြစ်ပုံရသည်။

ကျမ်းစာထဲတွင် ခွေးဘီလူးတစ်ကောင်မှမပါပါ။ သို့သော် ဧဖက် ၃ ရှိ ရှင်ပေါလု၏ဆုတောင်းက ဖီဖီကို အမှတ်ရစေ၏။ ထိုကျမ်း၌ ဧဖက်မြို့ယုံကြည်သူများသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝပြီး “သန့်ရှင်းသူအပေါင်းတို့၏နည်းတူ အနံအလျား…

ထပ်၍ ထွက်မပြေးပါနှင့်

၁၉၈၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် အမေရိကန်လေတပ်မှ ဗိုလ်ကြီးတစ်ဦးသည် နယူးမက္ကစီကိုပြည်နယ်၊ အယ်ဘာကွာမြို့ မှ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားသည်။ ၃၅ နှစ်ကြာပြီးနောက်တွင် အာဏာပိုင်များက သူ့အား ကယ်လီဖိုးနီးယားပြည်နယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ The New York Times သတင်းစာမှ သူ၏အလုပ်ကို စိတ်ဓာတ်ကျသဖြင့် ရှောင်ပြေးခဲ့သည် ဟု ရေးသားဖော်ပြခဲ့သည်။

၃၅ နှစ်ကြာ ထွက်ပြေးခဲ့သည်။ လူ့သက်တမ်း တစ်ဝက်နီးပါး တာဝန်ကို ရှောင်လွဲခဲ့ခြင်းဖြစ်သည်။ စိုးရိမ် သောကနှင့်ယုံမှားသံသယများက သူ၏နေ့စဉ်အဖော် ဖြစ်လိမ့်မည်ဟု ကျွန်ုပ် မြင်ယောင်မိသည်။

ကျွန်ုပ်လည်း ဝန်ခံစရာရှိပါသည်။ တစ်ခါမျှ ထွက်မပြေးခဲ့ဖူးသော်လည်း ‘‘ရှောင်ပြေး’’ခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်ကောင်းကောင်းသိသည်။ တစ်ခါတစ်ရံတွင် ရင်ဆိုင် ဖြေရှင်းရန် (သို့) ဝန်ခံရန် ဘုရားသခင်အလိုရှိသည့်ကိစ္စ များကို ကျွန်ုပ်သိသော်လည်း မလုပ်ချင်ခဲ့ပါ။ ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျွန်ုပ်ရှောင်ပြေးခဲ့သည်။…

ကျွန်ုပ်တို့ကို သိတော်မူသော ကယ်တင်ရှင်

ကားနောက်ခန်းမှ သားက “ဖေဖေ ဘယ်နှနာရီရှိပြီလဲ” ဟုမေးရာ “ငါးနာရီခွဲပြီ”ဟု ပြန်ဖြေလိုက်သည်။ သူဘာပြန်ပြောမည်ကို ကျွန်တော် အသေအချာသိပြီးသား၊ “မဟုတ်ဘူး၊ ၅ နာရီ ၂၈ မိနစ်ပါ ဖေဖေ” ဟုပြန်ဖြေရင်း သူ့မျက်နှာလေး ၀င်းလက်သွားသည်။ အဖေအငိုက်မိသွားပြီဟု တောက်ပသည့်သူ့အပြုံးက ပြောနေသည်။ ကျွန်တော်လည်း ၀မ်းသာပါသည်။ သားသမီးများအကြောင်းကို သိခြင်း ကြောင့် ခံစားရသည့် ပျော်ရွှင်ခြင်းမျိုးပါ။ ၎င်းကို မည်သို့ရယူ ရမည်ကို မိဘဖြစ်သူသာ နည်းလမ်းသိသည်။

ဂရုစိုက်တတ်သည့်မိဘများနည်းတူ ကိုယ့်ကလေး အကြောင်းကို ကိုယ်သိသည်။ သူတို့ကို အိပ်ရာမှနှိုးသည့်အခါ မည်သို့တုံ့ပြန်မည်၊ နေ့လည်စာကို သူတို့ဘာစားချင်သည်၊ သူတို့၏ မရေတွက်နိုင်သည့် စိတ်ဝင်စားမှုများ၊ လိုအင် ဆန္ဒများနှင့် အကြိုက်များကို ကျွန်တော်သိပါသည်။

ထိုသို့အားလုံးသိနေသော်လည်း၊ ကျွန်ုပ်တို့ကို အတွင်းအပြင် အူကလီစာပါမကျန် အလုံးစုံကိုသိသော ဘုရားသခင်ကဲ့သို့ မည်သည့် အခါမှ သူတို့ကို ကျွန်တော်…

ကြေးမုံထဲမှ ပစ္စည်းများ

၁၉၉၃ Jrassic Park ဇာတ်ကားကြီး၏အထင်ကရ ဇာတ်ဝင်ခန်း၌ “ငါတို့ မြန်မြန်သွားကို သွားရမယ်” ဟု Dr. Ian Malcolm အဖြစ် သရုပ်ဆောင်သော Jeff Goldblum က ပြောခဲ့သည်။ သူနှင့် အခြားဇာတ်ဆောင်နှစ်ဦးတို့မှာ ဒေါသထွက်နေသော ဒိုင်နို်ဆော ထံမှ ဂျစ်ကားဖြင့် ပြေးသောအခန်းဖြစ်သည်။ ယာဉ်မောင်းက နောက်ကြည့်မှန်တွင် ထိုဒိုင်နိုဆောကြီး၏ မေးရိုးကြီးကို မြင်ရပြီး ၎င်းအောက်တွင် “မှန်ထဲ၌ မြင်ရသောအရာက ထင်သည်ထက် ပိုပြီးနီးသလို ဖြစ်နေသည်” ဟူသော စာတန်းလေး ပါရှိသည်။

ထိုဇာတ်ဝင်ခန်းက အသည်းအသန်ဖြစ်နေသည့် အခြေအနေကို ဟာသအရွှန်းဖောက်ထားခြင်း ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံ၌ အတိတ်က ခြောက်လှန့်နေသော အရာများက စဉ်ဆက်မပြတ် မနားတမ်းလိုက်နေသကဲ့သို့ ကျွန်ုပ်တို့ခံစားရသည်။ အသက်တာမှန်တွင် တရစ်ဝဲဝဲရှိဆဲ အမှားများကို မြင်နေရပြီး နောင်တ၊ အရှက်ရစရာများဖြင့် ကျွန်ုပ်တို့ကိုခြောက်လှန့်နေပါသည်။

တမန်တော်ကြီးရှင်ပေါလုက…

ကွေးကောက်သောမျှော်စင်

ကွေးကောက်ပုံပျက်နေသော ဘုရားကျောင်းမျှော်စင်ကို တွေ့မြင်ရသူတိုင်းက အံ့သြကြ သည်။ မိတ်ဆွေအချို့၏ပြောပြချက်အရ ပြင်းထန်သော လေမုန်တိုင်းဒဏ်ကြောင့် တစ်ချိန်က ဝင့်ကြွားခဲ့သော ဘုရားကျောင်းမျှော်စင်မှာ ကွေးကောက် ပုံပျက်သွားပြီး အန္တရာယ်သတိပေးနေတော့သည်။

အသင်းတော်မှ ထိုမျှော်စင်ထိပ်ကို အမြန်ပြုပြင် ခဲ့သည်။ သို့သော် ရယ်စရာပုံပေါက်နေသည့် ပုံသဏ္ဌာန်က ကျွန်ုပ်ကို အတွေးနက်စေသည်။ အသင်းတော်ဆိုသည့် နေရာကို အရာရာ ပြီးပြည့်စုံသည့်နေရာအဖြစ် ကျွန်ုပ်တို့ ရှုမြင်တတ်ကြသည်။ မိမိ၏ပုံပျက်ကွေးကောက်မှုများကို ဖွင့်ပြနိုင်သောအရာအဖြစ် ကျွန်ုပ်တို့ မမှတ်ယူတတ်ပါ။ ဟုတ်သည် မဟုတ်ပါလား။

သို့သော် ပျက်စီးသောလောကကမ္ဘာ၌ ကျွန်ုပ်တို့ အားလုံးသည် ပုံပျက်နေသူများဖြစ်သည်။ ပင်ကိုယ် မိမိအားနည်းချက်ကိုယ်စီ ရှိကြသည်။ မိမိ၏အားနည်းချက်ကို ဖုံးကွယ်ထားရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် ဆန့်ကျင်ဖက်စိတ်ထားကို ခံယူရန် ကျမ်းစာမှ အားပေးသည်။ ဥပမာ - ၂ ကော ၁၂ တွင် ရှင်ပေါလုက သူ၏မဖော်ပြလိုသော “ကိုယ်၌…

စိတ်နှလုံးသစ် လိုအပ်နေလား

ကျွန်တော့်ဖခင်သည် ရင်ဘတ်အောင့်အောင့်နေ၍ ဆရာဝန်က သူ့နှလုံးကို စစ်ဆေး ကြည့်ရန်ပြောခဲ့သည်။ အဖြေက သွေးလွှတ်ကြောသုံးကြော ပိတ်နေသည်။

ဖေဖော်ဝါရီ ၁၄ ရက်၌ သွေးလွှတ်ကြောများကို တစ်ပြိုင်နက်ခွဲစိတ်ကုသရန် ချိန်းဆိုသည်။ သောကရောက်နေသော်လည်း ဖေဖေက ယင်းကို မျှော်လင့်ချက်နှင့် ပြည့်သောအမှတ်သညာအဖြစ်မြင်သည်။ “ချစ်သူများနေ့မှာ နှလုံးသားအသစ်ကို ငါရမှာ”ဟု ပြောသည်။ အမှန်လည်း သူရရှိခဲ့သည်။ ခွဲစိတ်မှုအောင်မြင်ပြီး သူ၏ “နှလုံးအသစ်”၌ အသက်သွေးတို့ ကောင်းမွန်စွာပြန်လည်စီးဆင်းနိုင်ပြီဖြစ်သည်။

ကျွန်ုပ်တို့အား အသက်တာသစ်ကို ဘုရားသခင်ကမ်းလှမ်းနေသည့်အကြောင်း အဖေ့၏ခွဲစိတ်မှုက ပြန်၍အမှတ်ရစေခဲ့သည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ဆက်သွယ် နိုင်စွမ်းဖြစ်သော ၀ိညာဉ်ရေးသွေးလွှတ်ကြောများတွင် အပြစ်များက ပိတ်ဆို့နေ၍ ၄င်းတို့ကိုရှင်းလင်းပစ်ရန် ၀ိညာဉ်ရေးခွဲစိတ်ကုသမှု လိုအပ်နေပါသည်။

၎င်းသည် ယေဇ ၃၆း၂၆ ၌ လူမျိုးတော်တို့အား ဘုရားသခင် ကတိ ပေးထားသည့် အရာဖြစ်သည်။ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့…

နှောင့်နှေးမှုများကို မျှော်လင့်ထား

လာနောက်နေတာလား။ နဂိုကတည်းက နောက်ကျရသည့်အထဲ။ သို့သော် အရှေ့မှ လမ်းညွှန်သင်္ကေတက “နှောင့်နှေးမှုများကို မျှော်လင့်ထား” ဟု အလိုက်သင့်ပြုမူရန် ညွှန်ကြားနေသည်။ ကားပိတ်သည့်အတွက် ကြန့်ကြာရခြင်းပါ။ ကျွန်ုပ်ရယ်မိသည်။ မိမိ၏စံ အချိန်ဇယားအတိုင်း တစ်ခုပြီးတစ်ခု ဖြစ်ပျက်သွား မည်ဟု ကျွန်ုပ်မျှော်လင့်ထားပြီး လမ်းပြင်သည့်ကိစ္စကိုဖြင့် မမျှော်မှန်းထားပါ။

ဝိညာဉ်ရေး၌လည်း ကျွန်ုပ်တို့၏အသက်တာကို နှောင့်နှေးမှုဖြစ်စေသည့် (သို့) လမ်းကြောင်းပြောင်းစေသည့် အခက်အခဲကာလများအတွက် ကျွန်ုပ်တို့အနည်းစုသာ ပြင်ဆင် ထားတတ်သည်။ ထိုအချက်ကို စဉ်းစားလိုက်လျှင် ကျွန်ုပ်၏အခြေအနေကို အကြိမ်ကြိမ် အကြီးအကျယ် (သို့) မသိမသာပြောင်းလဲခဲ့သည့်အရာများကို အမှတ်ရမိသည်။

“နှောင့်နှေးမှုကိုမျှော်မှန်းထား” ဟူသည့် သင်္ကေတကို ရှောလမုန်မင်း တစ်ခါမျှ မတွေ့ခဲ့ဖူးပါ။ သို့သော် သု ၁၆ တွင် ကျွန်ုပ်တို့၏အကြံအစည်နှင့် ဘုရားသခင်၏ထောက်မ ဦးဆောင်လမ်းညွှန်မှုကို သူနှိုင်းယှဉ်ပြထားသည်။ အငယ် ၁ တွင် “လူသားများသည် အထူးထူးအပြားပြား ကြံစည် တတ်သည်။…

မည်သည့်အရပ်သို့ သင်ဦးတည်သွားနေသနည်း

အသက်တာ၏လားရာများကို မည်သည့်အရာများက သတ်မှတ်ပေးသနည်း။ ထိုမေးခွန်း အတွက် ထူးဆန်းသောအဖြေကို မော်တော်ဆိုင်ကယ်မောင်း လေ့ကျင့်ရေးကျောင်းတွင် ကြားခဲ့ဖူးသည်။ ကျွန်တော်နှင့်သူငယ်ချင်းအချို့တို့ တစ်ခါက မော်တော်ဆိုင်ကယ် အစီးသင်ခဲ့ဖူးသည်။ သင်တန်းတွင် ပန်းတိုင်ကို ဦးတည်အာရုံစိုက်ခြင်းနှင့် ပတ်သက် သော သင်ခန်းစာတစ်ခု ပါဝင်သည်။

နည်းပြက “နောက်ပိုင်းမှာ ခင်ဗျားတို့က မမျှော်လင့်တဲ့အတားအဆီးတွေနဲ့ ရင်ဆိုင်ရမယ်။ အဲဒီအတားအဆီးကို ကြည့်ပြီး အဲဒီအပေါ်အာရုံစိုက်ရင် အဲဒါကို တည့်တည့်ဝင်တိုး လိမ့်မယ်။ ဒါပေမဲ့ အဲဒီအတားအဆီးကို ကျော်ပြီး ကိုယ် သွားမယ့်လမ်းကိုကြည့်ရင် အဲဒီအတားအဆီးကို အသာလေး ကျော်သွားနိုင်လိမ့်မယ်”ဟု ပြောသည်။ ထို့နောက် သူက “ခင်ဗျား ကြည့်တဲ့လမ်းက ခင်ဗျားသွားမဲ့ လမ်းပဲ”ဟု ဖြည့်စွက်ပြောကြားလိုက်သည်။

ရိုးရှင်းပြီး လေးနက်သော ထိုဥပဒေသလေးသည် ကျွန်တော်တို့၏၀ိညာဉ်ရေးရာ အသက်တာအတွက်လည်း အထောက်အကူပြု အသုံးဝင်ပါသည်။ ပြသနာများ၊ ရုန်းကန် ရမှုများအပေါ်တွင် ကျွန်ုပ်တို့အာရုံရောက်နေသောအခါ ကျွန်ုပ်တို့၏အသက်တာသည် အလိုလို…