စာရေးသူ

အားလုံးမြင်နိုင်ရန်
Cindy Hess Kasper

စင်ဒီဟက်စ်ကက်စ်ပါ

စင်ဒီဟက်စ်ကက်စ်ပါ (Cindy Hess Kasper) သည် Our Daily Bread Ministries ၌ နှစ်ပေါင်း ၄၀ ထက်မက အစေခံခဲ့သည်။ ၎င်းတို့အနက် အနှစ် (၃၀) က Our Daily Journey ၏ စီနီယာ အကြောင်းအရာစာတည်း အဖြစ် လုပ်ဆောင်ခဲ့သည်။ ထိုနှစ်များအတွင်းတွင် သူမသည် လူငယ်များအတွက် ဝတ်ပြုကိုးကွယ်ခြင်း စာမူများကို (၁၀) နှစ်ကျော်ကြာသည်အထိ ရေးသားခဲ့သည်။ ထို့နောက် Our Daily Bread စာမူများကို ၂၀၀၆ ခုနှစ်မှ စတင်၍ ရေးသားပေးခဲ့သည်။ သူမ၏ ဖခင်၊ အနှစ်သက်ဆုံး ညွှန်ပြသူဆရာ နှင့် ခွန်အားပေးသူ ဖြစ်သည့် နှစ်ရှည်ဆက်ကပ်နေသည့် စီနီယာ ဆရာကြီး ခလဲ ဟက်စ် (Clair Hess) ကြောင့် သူမသည် စာပေရေးသားခြင်းအတွက် စိတ်ထက်သန်လာခဲ့သည်။ ဆရာမသည် ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော်လည်း ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာမူများကို ဆက်လက်ရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်းဖြစ်သူ ဆရာ တွမ် တို့၌ ကလေး (၃)ဦးနှင့် ချစ်စရာကောင်းပြီး သာယာကြည်နူးစေသည့် အရူးလေးများဖြစ်သည့် (ဆရာမ၏စကားအရ) မြေးများစွာ ရှိသည်။

စာမူ/ အကြောင်းအရာ များ စင်ဒီဟက်စ်ကက်စ်ပါ

ခြေဦးတည့်ရာလျှောက်နေခြင်း

ဟာသစာရေးဆရာ Michael Yaconelli သည် နွားမွေးမြူရေးခြံ အနီးဝန်းကျင်၌ နေထိုင်ခဲ့သည့်အတွက် နွားများသည် တစ်နေရာရာသို့ ငေးကြည့်လျက်သားနှင့် ခြေဦးတည့်ရာလျှောက်သွားတတ်ကြောင်း သူသတိပြုမိသည်။ ၎င်းသည် ပိုစိမ်း လန်းသည့်စားကျက်ကိုရှာရင်း ရှေ့သို့ဆက်သွားနေသည်။ ခြံအဆုံးနား သစ်ပင် အောက်တွင် ပိုကောင်းပြီးလတ်ဆတ်သောမြက်များကို တွေ့ကောင်းတွေ့မည်။ သို့သော် ကျိုးပဲ့ပြုတ်ထွက်နေသော ခြံစည်းရိုးအကျော်ခြံပြင်တွင် အရသာ ကောင်းမွန်သော သစ်ရွက်ပုံရှိနေသည်။ ထိုအခါ ၎င်းသည် ခြံကိုကျော်ပြီး လမ်းမပေါ်ရောက်သွားကာ တဖြည်းဖြည်းနှင့် ခြံနှင့်ဝေးသည်ထက်ဝေးကာ လမ်းပျောက်သွားပါတော့သည်။

နွားများသာမဟုတ်၊ သိုးများလည်း လျှောက်သွားပြီး လမ်းပျောက်တတ်သည်။ ထိုသို့လမ်းချော်လမ်းလွှဲသွားနိုင်ခြေအရှိဆုံး လူသားများက အဆိုးဆုံးဖြစ်သည်။

ထို့ကြောင့် ကျမ်းစာထဲ၌ ဘုရားသခင်က ကျွန်ုပ်တို့ကို သိုးများနှင့် ခိုင်းနှိုင်း ထားခြင်းဖြစ်မည်။ မိုက်မဲသော အပေးအယူများနှင့် ရူးမိုက်သော ဆုံးဖြတ်ချက်များ အားဖြင့် ‌ကျွန်ုပ်တို့သည် ခြေဦးတည့်ရာမဲ့ကာ တဖြည်းဖြည်း လမ်းပျောက်သွားရန် လွယ်လှသည်။ နောက်ဆုံးသမ္မာတရားမှ မည်မျှဝေးသွားသည်ကို…

လက်လွတ်လိုက်ခြင်း

အိမ်စောင့်သူနာပြုက "အစ်မအဖေက အချိန်မရွေး ဆုံးသွားနိုင်တယ်"ဟုပြော သည်။ “Actively dying” ဟူသောစကားသည် သေဆုံးခြင်းဖြစ်စဉ်၏ နောက်ဆုံး ဖြစ်စဉ် ဖြစ်ပြီး ပြန်လမ်းမရှိသော တစ်လမ်းမောင်းလမ်းတွင် တစ်ယောက်တည်း ထူးဆန်းစွာ ခရီးနှင်နေရသလို ခံစားရစေပါသည်။ အဖေ့၏နောက်ဆုံးနေ့တွင် အဖေကြားမကြား မသေချာသော်လည်း ကျွန်မနှင့်ညီမလေးတို့သည် အဖေ့ကုတင် အနီးတွင် ထိုင်ကြသည်။ ခန့်ညားသောသူ့နဖူးပြောင်ပြောင်ကြီးကို နမ်းသည်။ ဘုရားရှင်၏ကတိတော်များကို သူကြားအောင် တိုးတိုးလေးရွတ်ပေးသည်။ “Great is Thy Faithfulness” သီချင်းကိုဆိုပြီး ဆာလံ ၂၃ ကို ရွတ်ကြသည်။ သူ့ကို ကျွန်မတို့ချစ်ကြောင်းနှင့် ဖခင်အဖြစ်ရပ်တည်ပေးခဲ့သောကြောင့် ကျေးဇူးတင် ကြောင်း ပြောကြသည်။ သူ၏နှလုံးသားသည် သခင်ယေရှုနှင့်အတူရှိနေလိုပြီဟု သိသောကြောင့် "အဖေသွားလို့ရပြီနော်"ဟုပြောလိုက်သည်။ လူတစ်ယောက်ကို လက်လွတ်လိုက်ချိန်တွင်ထိုစကားကိုပြောရခြင်းသည် ပထမအဆင့်အနာကျင်ဆုံး ဖြစ်သည်။ မိနစ်အနည်းငယ်အကြာတွင် အဖေသည် သူ၏ထာဝရအိမ်တော်သို့ ဝမ်းမြောက်စွာဖြင့် ကြိုဆိုပို့ဆောင်ခံရပါတော့သည်။

မိမိချစ်ရသောသူကို နောက်ဆုံးလက်လွတ်လိုက်ရခြင်းသည်…

မျက်နှာလိုက် ခွဲခြားခြင်း

ကျွန်မ၏ခဲအို ဂဲရစ် သည် မိုင် ၁၂၀၀ ဝေးသည့် ကော်လိုရာဒိုတောင်ပေါ်တွင် နေထိုင်သည်။ အနေဝေးသော်လည်း သူ၏ပျော်ပျော်နေတတ်ခြင်းနှင့် ကြင်နာသော စိတ်ထားလေးကြောင့် အားလုံးက ချစ်ရသောမိသားစုဝင်တစ်ဦး ဖြစ်သည်။ ကျွန်မမှတ်မိသလောက် ဂဲရစ်သည် သူ့မိခင်၏အသဲကျော်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး မောင်နှမများက မနာလို ဝန်တိုမှု မရှိဘဲ ကျီစယ်ကြသည်။ လွန်ခဲ့သည့်နှစ်များက “ကျွန်တော်ဟာ မေမေ့ အသဲကျော်” စာတန်းပါသည့် တီရှပ်ကိုပင် မောင်နှမများက သူ့ကိုလက်ဆောင်ပေးကြသည်။ မောင်နှမများ၏ပေါကြောင်ကြောင်လုပ်ရပ်ကြောင့် ကျွန်မတို့အားလုံးဝမ်းမြောက်သော်လည်း စင်စစ် မျက်နှာလိုက်ခြင်းက အပြောင်အပျက်ကိစ္စ မဟုတ်ပါ။

ကမ္ဘာဦးကျမ်း ၃၇ ၌ ယောသပ်သည် တစ်မူထူးသောသူ၏သားဖြစ်ကြောင်း အခြား သားများကိုပြရန် ယာကုပ်သည် အဆင်းအရောင်ထူးခြားသည့်အင်္ကျီကို ယောသပ်အားပေးသည့်အကြောင်း ကျွန်ုပ်တို့ဖတ်ရသည်(:၃)။ ပြောစရာပင် မလို၊ “ယောသပ်ဟာ ကျုပ်ရဲ့အသဲကျော်လေးပါ”ဟု အင်္ကျီက ဟစ်ကြွေးနေသည်။

မိသားစုအတွင်း မျက်နှာလိုက်ခြင်းက ကြီးမားစွာထိခိုက်ပျက်စီးစေနိုင်သည်။ ယာကုပ်၏မိခင် ရေဗက္ကသည် သားကြီးဧသောထက်…

သန့်ရှင်းသော ဝိညာဉ်တော်နှင့် သဟဇာတရှိခြင်း

ကီးချိန်သူမှ လှပကျော့ရှင်းသော စန္ဒယားကြီးကို အသံညှိနေသည်ကို ကျွန်မ နားထောင်ရင်း ထိုစန္ဒယားကြီးဖြင့်ပင် တီးခတ်ခဲ့သော “Warsaw Concerto” အံ့မခန်းတေးသွားနှင့် “How Great Thou Art” သီချင်း၏ တေးသံစဉ်ကို ပြန်လည် ကြားယောင်တွေးမိသည်။ သို့သော် ထိုတူရိယာမှာ ယခုအချိန်တွင် ကီးညှိဖို့ လိုကိုလိုနေပြီ ဖြစ်သည်။ အချို့နုတ်များက ကီးအနိမ့်အမြင့်မှန်သော်လည်း အချို့အသံများမှာ မြင့်သည့်ကီးကမြင့်၊ ကျသည့်ကီးက ကျနှင့်ဖြစ်နေသည်။ စန္ဒယားညှိသူ၏တာဝန်မှာ ကီးတစ်ခုချင်းစီကို တစ်သံတည်း ထွက်အောင် ညှိရန်မဟုတ်ဘဲ သူ့အသံနှင့်သူ မှန်ကန်စွာရှိပြီး တီးလိုက်လျှင် ညီညွတ် လှပလျက် သာယာငြိမ့်ညောင်းသောတေးသံ ထွက်ပေါ်စေရန် ဖြစ်သည်။

အသင်းတော်ဝန်းကျင်တွင်လည်း မညီမညာဖြစ်နေသောအသံများကို ကြားရတတ် ပါသည်။ သူမတူသည့်ရည်မှန်းချက်ရှိသူ၊ အရည်ချင်းရှိသူများ ဆုံမိကြသောအခါ ကီးမကိုက် မညီမညာအမှုများ ဖြစ်ပေါ်လာတတ်သည်။ ဂလာတိ ၅ တွင် ရှင်ပေါလုက ယုံကြည်သူများအား အချင်းချင်းကွဲပြားခြင်း၊…

ဝမ်းမြောက်စရာအတွေး

ဘီလ်ရှပီရို ပြုစုသည့် What We Keep တွေ့ဆုံမေးမြန်းခန်းပေါင်းချုပ်စာအုပ်တွင် ဖြေဆိုသူ တစ်ဉီးချင်းစီက ၎င်းတို့အတွက် အရေးကြီးသော၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေသော၊ မမေ့နိုင်သော အဖြစ်အပျက် အကြောင်းအရာတစ်ခုကို စွဲမြဲသတိရ နေကြောင်း ပြောပြကြသည်။

ထိုအကြောင်းကို ဖတ်ရင်း ကျွန်ုပ်အတွက် အဖိုးတန်ဆုံးသော ပိုင်ဆိုင်မှု၊ ကျွန်ုပ်ကို ဝမ်းမြောက်စေသော အရာများကို ဆင်ခြင်မိသည်။ ၎င်းတို့အနက် လွန်ခဲ့သော နှစ် ၄၀ ခန့်က ကျွန်ုပ်မိခင်၏လက်ရေးဖြင့် ရေးသားထားသည့် ဟင်းချက်နည်းကတ်လေး၊ အဘွား၏ပန်းရောင် လက်ဖက်ရည်ပန်းကန်လုံး စသည်တို့ ပါဝင်သည်။ အခြားသူများအတွက်မူ ၎င်းတို့အတွက် ခွန်အားဖြစ်စေခဲ့သည့် ချီးမွမ်းချီးကျူးစကား၊ မြေးငယ်လေး၏တခစ်ခစ်ရယ်မောသံ၊ သမ္မာကျမ်းစာမှ အထူးနားလည်သိခဲ့ရသည့် အချက်တစ်ချက် စသည်ဖြင့် ဖြစ်ကောင်းဖြစ်မည်။

ကျွန်ုပ်တို့နှလုံးသား၌ ဝှက်ထားသည့်အရာများဆိုလျှင် ကျွန်ုပ်တို့အတွက် စိတ်မပျော်ရွှင်စေသောအရာများသာ ဖြစ်မည်။ ပူပန်သောကများကို ဝှက်ထားလည်း အလွယ်တကူ ပြန်ပေါ်လာသည်။ ဒေါသစိတ်ကို အပေါ်ယံမြိုသိပ်ထားလည်း…

သင်၌ရှိသည့်အရာ ယူလာပါ

“ကျောက်တုံးစွပ်ပြုတ်ဟင်းရည်” ရှေးပုံပြင်မှာ ရွာတစ်ရွာသို့ရောက်လာသည့် ဆာလောင် နေသူတစ်ဉီးအကြောင်းဖြစ်ပြီး၊ သူ့ကို အစားအစာပေးမည့်သူ တစ်ဉီးတစ်ယောက်မျှ မရှိပါ။ သို့နှင့် သူက မီးမွှေးရေနွေးတည်ပြီး အိုးထဲ ကျောက်တုံးတစ်တုံး ထည့်ပြုတ်သည်။ ဟင်းရည်မွှေနေသည့်သူ့ကို ရွာသားများက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ထို့နောက် လူတစ်ဉီးက အာလူး ၂ လုံး လာထည့်ပေးသည်။ နောက်တစ်ဉီးက မုန်လာဉနီအနည်းငယ် ထည့်ပေးသည်။ တစ်ဖန် တစ်ယောက်က ကြက်သွန်၊ တစ်ယောက်က ဘာလီဂျုံဆန်လက်တစ်ဆုပ် ထည့်ပေးသည်။ လယ်သမားကြီး တစ်ဉီးကနို့အနည်းငယ်ပေးသည်။ နောက်ဆုံးတွင် ကျောက်တုံးဟင်းရည်မှာ အရသာရှိသည့် ဟင်းချိုတစ်ပွဲ ဖြစ်သွားသည်။

ထိုပုံပြင်လေးမှာ မျှ‌ဝေခြင်း၏တန်ဖိုးကို ဖော်ကျူးသည်။ ထို့ပြင် မည်မျှပင် အရေးမပါ အရာမဝင်ဖြစ်လည်း မိမိ၌ရှိသည့်အရာကို ယူဆောင်လာရန် သတိပေးသည်။ ယော ၆:၁-၁၄ တွင် ကြီးမားသော လူအုပ်ကြီးထဲမှ အစားအစာယူလာရန် အတွေးရှိခဲ့သည့် တစ်ဉီးတည်းသောသူဖြစ်ဟန်တူသည့် သူငယ်လေးတစ်ယောက်အကြောင်းကို…

တမင်ရည်ရွယ်ထားသောကြင်နာမှု

လေယာဉ်ပေါ်တွင် ကလေးနှစ်ယောက်နှင့် လုံးချာလိုက်နေသော အသက်ခပ်ငယ်ငယ်သာ ရှိသေးသည့် မိခင်ဂျက်စီကာခမျာ သုံးနှစ်သမီးငယ်၏ ကန်ကျောက်ငိုယိုနေမှုကြောင့် ကလေးစိတ်ပြေအောင် စိတ်ပင်ပန်းကြီးစွာနှင့် ကြိုးစားချော့မော့နေရသည်။ ထို့နောက်တွင် လေးလအရွယ် သားလေးကလည်း ဆာဆာနှင့် စငိုတော့သည်။

သမီးကို ထိုင်ခုံခါးပတ် ပတ်ပေးနေစဉ် သူ့ဘေးတွင် နေရာကျသောခရီးသည်က လသားကလေးကို ကူချီပေးသည်။ ထို့နောက် လသားလေးအား ဂျက်စီကာနို့ချိုတိုက်နေစဉ် နံဘေးရှိ ခရီးသည်ကပင် လမ်းလျှောက်တတ်စသမီးနှင့်အတူ ဆေးရောင်ခြယ်ခဲ့သည်။ သူလည်း ကလေးအဖေဖြစ်စက သူ့ဘဝအကြောင်းကို ပြန်ပြောင်းပြောပြခဲ့သည်။ နောက် လေယာဉ် တစ်စီးပြောင်းစီးရချိန်၌လည်း ထိုသူကပင် လိုအပ် ပါက အကူအညီပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

“ဒီအဖြစ်မှာ ဘုရားသခင်ရဲ့လက်တော်ကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်တယ်။ ကျွန်မတို့တတွေ ဘယ်သူမဆိုရဲ့ဘေးမှာ နေရာကျနိုင်တယ်။ ဒါပေမယ့် ကျွန်မတွေ့ဖူးသမျှထဲမှာမှ သဘောအကောင်းဆုံးသူရဲ့ဘေးမှာ ကျွန်မတို့ နေရာရခဲ့တယ်” ဟူ၍ ဂျက်စီကာ ပြန်ပြောင်းပြောပြခဲ့သည်။

တမင်ရည်ရွယ်ထားသော ကြင်နာမှု…

လွယ်ကူစွာ ညှိတွယ်သွားသည်

လွန်လေသောနှစ်များစွာက ပူပြင်းသော တောနက်ထဲတွင် တိုက်ခိုက်နေသည့် စစ်သားများသည် စိတ်ရှုပ်ထွေးဖွယ် ပြဿနာတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ နေရာအနှံ့ ပျံ့နှံ့ပေါက်ရောက်နေသည့် ဆူးငယ်များဖြင့်ပွထနေသည့် ချုံနွယ်တစ်မျိုးသည် စစ်သားများ၏ခန္ဓာနှင့်အသုံးအဆောင်များပေါ် ကပ်ညှိသွားသဖြင့်၊ ၎င်းတို့မှာ ထောင်ချောက်ထဲ မိသွားသကဲ့သို့ ဖြစ်သွားသည်။ ၎င်းတို့ လွတ်မြောက်အောင် ကြိုးစားလေ နွယ်ပင်၏နှာမောင်းများက ပတ်ရစ်မိလေ ဖြစ်သည်။ ထိုသို့နွယ်ပင်နှင့် ပတ်ရစ်မိပြီး ရှေ့ဆက်မသွားနိုင် ဖြစ်နေချိန်တွင် အခြားရဲဘော်များအား ‘‘ဟေ့ တစ်မိနစ်စောင့်၊ ငါဒီမှာမိနေပြီ’’ ဟု အော်ပြောကြရသဖြင့် ထိုအပင်ကို ‘‘တစ်မိနစ်စောင့်’’ ဟု နံမည်ပေးလိုက်ကြသည်။

ထိုနည်းအတိုင်းပင် သခင်ယေရှု၏နောက်တော်လိုက် များသည်လည်း အပြစ်ကျော့ကွင်း၌ မိနေပါက ရှေ့ဆက် သွားရန် ခက်ခဲတတ်သည်။ ဟေဗြဲ ၁၂း၁ တွင် ‘‘ခပ်သိမ်းသော ဝန်တို့ကို လည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကို လည်းကောင်း၊ ပယ်ရှားရန်’’ ဖော်ပြထားသည်။ ကျွန်ုပ်တို့ကို ဝန်ပိလေးလံစေသည့်ဒုစရိုက်များကို မည်သို့…

စားပြီးရင် စားပါ

ကာရီ နှင့် ပေါလ် တို့လက်ထပ်ခါစက သူတို့တစ်ယောက်မျှ မချက်တတ် မပြုတ်တတ် ကြပါ။ တစ်ညတွင် ကာရီ သည် စပါကတီ စမ်းချက်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး အများကြီးချက်မိသဖြင့် လင်မယားနှစ်ယောက်လုံး နောက်နေ့ညစာအထိ စားလိုက် ရသည်။ တတိယမြောက်နေ့တွင် ပေါလ် က သူချက်ပေးမည်ဟုပြောပြီး ပါစတာနှင့် ဟင်းအနှစ်ကိုပါ နှစ်ဆတိုးချက်လိုက်သည်။ ထိုအိုးကြီးသည် စနေတနင်္ဂင်္နွေထိပါ ခံမည်ဟု မျှော်လင့်ထားကြသည်။ လင်မယားနှစ်ယောက်လုံး ထိုနေ့ညစာစားချိန်တွင် ကာရီ က “ငါ စပါကတီ စားရတာ ငြီးငွေ့လာပြီ”ဟု ပြောပါသည်။

ဣသရေလလူတို့လည်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်တစ်မျိုးတည်းကို မည်သို့စားခဲ့ကြမည်ကို စဉ်းစား ကြည့်ပါ။ နံနက်တိုင်း ဘုရားရှင်ပြင်ဆင်ပေးသော “အကောင်းစားအစာ”ကို လိုက်လံကောက်သိမ်း ကြရသည် (မနက်ဖြန်နေ့သည် ဥပုသ်နေ့ မဟုတ်ပါက အပိုကောက်၍ မရပါ၊ ထွက် ၁၆း၂၃-၂၆)။ သူတို့သည် မုန့်ကို ပေါင်းချင်ပေါင်း၊…

အိမ်နီးချင်းနယ်ပယ်ကို ကျော်၍

၂၀၁၇ ခုနှစ် နွေရာသီက ကျရောက်ခဲ့သည့် ဟာရီကိန်းဟာဗီးမုန်တိုင်းကြောင့် အမေရိကန် ပြည်ထောင်စု ပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်၌ အသက်အိုးအိမ်စည်းစိမ်များ ကြီးမားများပြားစွာ ဆုံးရှုံးပျက်စီးခဲ့ရသည်။ ထို့နောက် အရေးပေါ် လိုအပ်မှုအတွက် အဝတ်အထည်၊ အစားအသောက်နှင့် သောက်သုံးရေများကို လူများစွာတို့ ထောက်ပံ့ ပေးကမ်းခဲ့ကြသည်။

မေရီလဲန်းပြည်နယ်မှ စန္ဒယားဆိုင်ပိုင်ရှင်တစ်ဦးမှာ ထိုထက်မက တစ်ခုခုကို လုပ်ဆောင်ရန် နှိုးဆော်ခံခဲ့ရသည်။ အရာရာဆုံးရှုံးခဲ့ရသူများအတွက် တေးဂီတသည် မည်သို့သော ထူးခြားသည့် နှစ်သိမ့်သက်သာမှု၊ အနာငြိမ်းစေမှုများ ဖြစ်စေပြီး ပုံမှန်နဂိုအခြေအနေ ဖြစ်စေနိုင်မည်နည်းဟု သူတွေးသည်။ သို့နှင့် သူနှင့် သူ၏ဝန်ထမ်းများက စန္ဒယားအဟောင်းများကို ပြန်လည်ပြုပြင်ပြီး အလိုအပ်ဆုံးနေရာသည် မည်သည့်နေရာဖြစ်မည်ကို စုံစမ်းကြ သည်။ ထိုနောက် နွေဦးရာသီအချိန်၌ ဒိန်းကရာမာနှင့် သူ့ဇနီးလောဣတို့သည် တက္ကဆက်ပြည်နယ် ဟူစတန်ဒေသသို့ စန္ဒယားများ တင်ဆောင်လာသည့်ယာဉ်ကို မောင်းနှင်လျက် ထွက်ခွာခဲ့သည်။ ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ထိုဒေသ၌ မိသားစုများ၊ အသင်းတော်များ၊ ကျောင်းများသို့…