ထင်သလို ဖြစ်မလာ...
ဒွန်သည် စကော့တလန်နိုင်ငံ လန်းနက်ရှိုင်း (Lanarkshire) တောင်ပိုင်း လယ်တော၌
နေထိုင်သည့် သိုးထိန်းခွေးတစ်ကောင်ဖြစ်သည်။ တစ်မနက်တွင် သခင်ဖြစ်သူတွမ်နှင့် တိရိစ္ဆာန်များ၏အခြေအနေကို စစ်ဆေးရန် လယ်တောသုံး ကုန်တင်ယာဉ်လေးစီးကာ ထွက်လာကြသည်။ လယ်တောသို့ရောက်သော် တွမ်က ကားဘရိတ် မနင်းထားဘဲ ကားထဲမှ ထွက်သွားမိသည်။ သို့နှင့် မောင်းသူနေရာရှိ ခွေးကြီးဒွန်မှာ တောင်ကုန်းပေါ်မှ လိမ့်ဆင်းသွားသော ကားနှင့်
ပါသွားပြီး ကားလမ်းနှစ်ခု ဆုံသည့် လမ်းဆုံတွင် ကားရပ်သွား သည်။ ယာဉ်ထိန်းရဲများအဖို့ ခွေးတစ်ကောင်က ကားမောင်း ထွက်လာသလားဟု ထင်ရသည်။ သို့သော် မိမိအထင် အတိုင်း ကိစ္စရပ်များက ထင်သလိုဖြစ်မနေပါ။
ဧလိရှဲနှင့် ကျွန်ဖြစ်သူတို့မှာ ၀န်းရံဖမ်းဆီးခံရပြီး ရှုရိရှင်ဘုရင်ထံ ခေါ်ဆောင်ခံရတော့မည်ဟု ထင်ရသည်။ ဘုရင့်တပ်မဟာက ဧလိရှဲနှင့် သူ၏ ကျွန်တို့နေထိုင်ရာမြို့ကို ၀န်းရံထားသည်။ ကျွန်ဖြစ်သူက သူတို့ သေကြေပျက်စီးရတော့မည်ဟု ယုံကြည်နေ သော်လည်း ဧလိရှဲက…
အကောင်းဆုံးလက်ဆောင်
ခရစ်စမတ်အပြီး ရက်သတ္တပတ်သည် အမေရိကန်နိုင်ငံ၏ နှစ်တစ်နှစ်တွင် အလုပ်အရှုပ်ဆုံး
အချိန်ဖြစ်သည်။ အကြောင်းမှာ လူတို့က သူတို့အလိုမရှိသည့် လက်ဆောင်များကို သူတို့ တကယ်လိုချင်သည့်ပစ္စည်းများနှင့် ပြန်လဲလှယ်ကြခြင်းကြောင့်ဖြစ်သည်။ အကောင်းဆုံး လက်ဆောင်ကို အမြဲပေးတတ်သည့် လူတစ်ဦးစ နှစ်ဦးစကို သင်သိကောင်းသိမည်။ ထိုသူတို့က အခြားသူများ ဘာကို မြတ်နိုးတန်ဖိုးထားသည်ကို သိသည်။ ဘယ်အချိန် ဘယ်ပွဲ၌ ပေးရမည်ကို သိသည်။ အကောင်းဆုံး လက်ဆောင်ပေးနိုင်ခြင်း၏ သော့ချက်မှာ ငွေကြေး
မဟုတ်ပါ။ တစ်ပါးသူကို နားထောင်ပေးခြင်း၊ သူတို့နှစ်ခြိုက် သဘောကျသည့်အရာ၊ သူတို့စိတ်ဝင်စားသည့်အရာကို ဂရုစိုက်ပေးခြင်းသာဖြစ်သည်။
ဤအချက်က မိသားစုနှင့် မိတ်ဆွေများအတွက် မှန်သည်။ သို့သော် ဘုရားသခင်အတွက်ဆိုလျှင် မည်သို့နည်း။ ဘုရားအတွက် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသောအရာ မည်သည့် အရာမျိုးကို ကျွန်ုပ်တို့ပေးနိုင်မည်နည်း။ ကိုယ်တော်၌ မရှိသည့် အရာတစ်ခုခုများ ရှိပါသလား။
ရောမ ၁၁း၃၃-၃၆ သည် ဘုရားသခင်၏…
ကျေးဇူးတင်လျက် အသက်ရှင်ခြင်း
ဝိညာဉ်ရေးရာအသက်တာ၌ ကြီးထွားရင့်ကျက်ပြီး ပို၍ ကျေးဇူးတော်ချီးမွမ်းတတ်သူ ဖြစ်လိုခြင်းကြောင့် `ကျေးဇူးတင်သော အသက်တာ´ ဟု အမည်ပေးထားသော အိုးလေး တစ်လုံးကို စူး စတင်ထားရှိခဲ့သည်။ ညတိုင်းတွင် ဘုရားသခင်အား ကျေးဇူးတင်စရာ အကြောင်းကို စာရွက်ပိုင်းလေးပေါ်၌ရေးပြီး အိုးလေးထဲ သူထည့်သည်။ အချို့နေ့ရက် များတွင် ချီးမွမ်းစရာအကြောင်းများစွာ ရှိသော်လည်း ခက်ခဲသောနေ့များဆိုလျှင် ချီးမွမ်းစရာ တစ်ခုရဖို့ အနိုင်နိုင်
ရုန်းကန်ရသည်။ နှစ်ကုန်သော် သူက အိုးကို မှောက်ချ လိုက်ပြီး ရေးသားထားချက်လေးများကို ပြန်လှန် ဖတ်ကြည့် မိသည်။ ဘုရားသခင် လုပ်ဆောင်ပေးသည့် အရာတိုင်း အတွက် နောက်တစ်ဖန် ဘုရားရှင်အား ချီးမွမ်းမိသည်။ ပန်းခြံထဲ လမ်းလျှောက်ထွက်ခွင့်ရခဲ့သည့် လှပသော ညနေ ဆည်းဆာချိန် (သို့) အေးမြသော ညနေချမ်းအချိန်၊ ခက်ခဲ သည့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဘုရားသခင် ကျေးဇူးပြုသည့်အချိန် (သို့)…
ယခုပင်နှစ်သက်ဖွယ်သော အချိန်
မူကြိုအရွယ် မြေးမလေး မဲဂ္ဂီနှင့် သူငယ်တန်းအရွယ် သူ့အစ်မ ကေတီတို့သည် ရွက်ဖျင်တဲ ဆောက်တမ်းကစားရန် ခြုံစောင်များကို အိမ်အနောက်ဘက်ခြံဝင်းသို့ ဆွဲယူ သွားကြသည်။ တစ်အောင့်အကြာတွင် အမေကို အော်ခေါ်လိုက်သည့် မဲဂ္ဂီ ၏အသံကို ကြားလိုက်ရသည်။
“မေမေရေ ဒီကို မြန်မြန်လာခဲ့၊ သမီးစိတ်နှလုံးထဲ သခင်ယေရှုကို ခေါ်ဖိတ်ချင်တယ်၊ အဲဒါကြောင့် မေမေ့ အကူအညီလိုတယ်” ဟု မဲဂ္ဂီက အော်ပြောသည်။ ကြည့်ရသည်မှာ ထိုအချိန်အခိုက်အတန့်လေး၌ သခင် ယေရှုကို လိုအပ်ကြောင်း သူရှင်းရှင်း သိလိုက်ပုံရပြီး ကိုယ်တော့်ထံ ယုံကြည် အပ်နှံရန် သူအသင့်ရှိနေသည်။
ယေရှုရှင်ကို ယုံကြည်အပ်နှံရန်အတွက် မဲဂ္ဂီ၏ အလောတကြီး အကူအညီ တောင်းလိုက်ခြင်းက ၂ ကော ၆
၌ ပြောထားသော ကယ်တင်ခြင်းအကြောင်း ပေါလု၏ စကားကို ပြန်အမှတ်ရစေသည်။ ထိုကျမ်းပိုဒ်၌ ကိုယ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်
ထမြောက်ခြင်းအကြောင်း…
ဘုရားသခင်နှင့် တစ်ဦးတည်း အချိန်ယူခြင်း
ကျွန်မ ကူညီနေသော အသင်းတော်၏ အခန်းတစ်ခန်း၌ အလုပ်ရှုပ်နေသည်။ ကလေး တစ်ဒါဇင်နီးပါးသည် စကားပြောရင်း ဆော့ကစားနေကြသည်။ လှုပ်လှုပ်ရှားရှားနှင့် အခန်းမှာ ပူအိုက်လာ၍ တံခါးမကို ကျွန်မတွန်းဖွင့်လိုက်သည်။ ဤအရာကို သူ၏လွတ်မြောက်ရန် အခွင့်လမ်းဟု မြင်ကာ မည်သူတစ်ဦးကမှ ကြည့်မနေဆိုသည့် အထင်နှင့် ယောက်ျားလေးတစ်ဦးက အပြင်သို့ တိတ်တဆိတ် ထွက်သွားသည်။ သူ့နောက်သို့ လိုက်ကြည့်ရာ သူ့ဖခင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားနေသည်ကို တွေ့ရသည်။ ကျွန်မ မအံ့ဩမိပါ။
ကလေးက သူ့ဖခင်နှင့်အတူ ရှိနေရန် ထွက်သွား သည်။ ဘ၀အသက်တာ၌ ရှုပ်ထွေးပြီး လွှမ်းမိုးဖိအားပေးမှု များခံရစဉ် ကျွန်မတို့ လုပ်ဆောင်သင့်သည့်အရာကို ဤကလေးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုသည် ဆုတောင်းခြင်းဖြင့် ကောင်းကင်ဘုံရှင် အဘဘုရားနှင့် အချိန်ယူရန် အခွင့်ကို ရှာဖွေခဲ့သည်။ ဤနည်းဖြင့် ကိုယ်တော်သည် လူ့အစွမ်း လူ့ခွန်အားနှင့်မမျှသည့် ဆောင်ရွက်စရာ အမှုအရေးအရာ တောင်းဆိုမှုများကို…
တံဆိပ်လက်စွပ်
ကျွန်မသည် နိုင်ငံခြားသား မိတ်ဆွေသစ်တစ်ဦးနှင့် စတင်မိတ်ဖွဲခဲ့စဉ်က သူ၏ အဆင့်မြင့် အင်္ဂလိပ်စကား ပြောသံနှင့် သူ့လက်သန်း၌ ၀တ်ဆင်ထားသော လက်စွပ်ကို သတိထားမိခဲ့သည်။ ယင်းသည် လက်ဝတ်ရတနာမျှသာ မဟုတ်ဘဲ သူ့မိသားစု၏ အမှတ်သင်္ကေတကို ထွင်းထုထားပြီး မိသားစု၏ သမိုင်းကြောင်းကို ဖော်ပြနေကြောင်း နောက်ပိုင်းမှ ကျွန်မသိခဲ့ရသည်။
သူ့လက်စွပ်သည် ဟဂ္ဂဲအနာဂတ္တိကျမ်းပါ တံဆိပ်
လက်စွပ်နှင့် ဆင်သည်။ ဤဓမ္မဟောင်းကျမ်း၌ ဗိမာန်တော်
ကို ပြန်လည်တည်ဆောက်ရန် ဘုရားသခင်၏ လူမျိုးတော် တို့ကို ပရောဖက် ဟဂ္ဂဲဆင့်ခေါ်သည်။ သူတို့သည် ပြည်နှင့်ဒဏ်ခံခဲ့ရပြီး ယခုတွင် မွေးရပ်ဌာနေသို့ ပြန်လာပြီး ပြန်လည်တည်ဆောက်ရေးများ စတင်လုပ်ဆောင်ကြ သော်လည်း ရန်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် သူတို့၏စီမံကိန်းကို ရပ်နားထားရသည်။ ဟဂ္ဂဲ၏သတင်းစကားတွင် ယုဒမြို့ဝန် ဇေရုဗဗေလအား ရွေးချယ်ပြီး တံဆိပ်လက်စွပ်အဖြစ် ခေါင်းဆောင်အရာ၌ ခန့်အပ် ကြောင်း ဘုရားသခင်၏ကတိတော် အကြောင်း ပါဝင်နေ၏။…
ချစ်မေတ္တာ၌ လုံခြုံစေပြီ
၂၀၁၅ ခုနှစ် ဇွန်လက ပဲရစ်မြို့ The Pont des Arts လူကူးတံတား၏ လက်ကိုင်တန်းများ ပေါ်မှ သော့ခလောက် ၄၅ တန်ကို ဖယ်ရှားခဲ့သည်။ စိတ်ကူးယဉ်ဆန်ဆန်နှင့် စုံတွဲများက သူတို့နာမည်အစ စာလုံးကို သော့ခလောက်ပေါ် ရေးခြစ်ပြီး တံတား၏ လက်ကိုင်တန်းတွင် ချိတ်ကာ ခတ်လိုက်ပြီး သော့ကို စိန်းမြစ်ထဲသို့ ပစ်ချလိုက်သည်။
ဤသို့ အကြိမ်ထောင်ပေါင်းများစွာ လုပ်ဆောင်မှု ကြောင့် တံတားမှာ `အချစ်´များ၏ အလေးချိန်ကို မခံနိုင် တော့ပါ။ နောက်ဆုံး၌ တံတား၏ ပြီးပြည့်စုံသည့်အရည်အသွေးထိခိုက်မှာ စိုးရိမ်ရ၍ `အချစ်သော့ခလောက်များ´ကို ဖယ်ရှားရတော့သည်။
သော့ခလောက်များက ထာဝရတည်မြဲသည့် ချစ်မေတ္တာကို ပုံဆောင်ရန်ဖြစ်သော်လည်း လူသားတို့၏ ချစ်ခြင်းက အမြဲမတည်။ အရင်းနှီးဆုံး မိတ်ဆွေများသည် အပြန်အလှန် အမှားကျူးလွန်မိပြီး ဘယ်တော့မှ မပြေလည် ဘဲ ရှိနေနိုင်သည်။ မိသားစုဝင်များလည်း အငြင်းပွားကာ…
ရိုးရှင်းသောစကားများ၏ အစွမ်းတန်ခိုး
ကျွန်တော့်ဖခင်တက်နေသည့်ဆေးရုံ၏အခန်းမှ ကျယ်လောင်သော ရယ်သံများက ဧည့်သည် ရောက်နေသည့် အမှတ်အသားပင်၊ ကုန်ကားမောင်းသူနှစ်ဦး၊ ကျေးလက်အဆိုတော်တစ်ဦး၊ လက်မှုအတတ်ပညာရှင်တစ်ဦး၊ အဖေ့ယာမြေအနီး ပတ်ဝန်းကျင်မှ အိမ်နီးချင်း အမျိုးသမီးနှစ်ဦးနှင့် ကျွန်တော်တို့ဖြစ်သည်။
“... အဲဒီကောင် ထရပ်ပြီး ကျုပ်ခေါင်းကို ပုလင်းနဲ့ ရိုက်လိုက်ရော” ဟုဆိုကာ လက်မှုအတတ်ပညာရှင် ဦးလေး ကြီး၏အရက်ဆိုင်မှ ရန်ပွဲအကြောင်း အဆုံးသတ်သွားသည်။
အခန်းထဲ၌ ၀ါးကနဲ ရယ်သံများထွက်လာသည်။ လည်ချောင်းကင်ဆာရောဂါ ခံစားနေရသည့် အဖေက ရယ် မောရင်း ခက်ခက်ခဲခဲအသက်ရှူရင်းမှ “ရန်ဒီက တရားဟော
ဆရာဖြစ်နေပြီ” ဟုဆိုကာ စကား အပြောအဆို ဆင်ခြင် ရန် အားလုံးကို အဖေက သတိပေးလိုက်သည်။ နှစ်စက္ကန့် မျှ တိတ်ဆိတ်သွားပြီးမှ အဖေ့စကားက သူတို့ကို အူလှိုက်
သဲလှိုက် ကျယ်လောင်စွာ ပိုပြီးရယ်မောအောင် လုပ်လိုက် သည့်အလား တစ်ခန်းလုံး ဆူညံသံ ထွက်ပေါ်လာ…
အချိန်မှန်
`On Time – အချိန်မှန်´ အမည်ဖြင့် စာအုပ်တစ်အုပ်ကို ကျွန်ုပ်ရေးသားမည်ဟု တစ်ခါတစ်ရံ ဟာသလုပ်ပြောတတ်သည်။ ကျွန်ုပ်နှင့် ရင်းနှီးသူများကြားလျှင် ပြုံးကြသည်။
အကြောင်းမှာ ကျွန်ုပ်သည် မကြာခဏ နောက်ကျတတ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ် နောက်ကျရခြင်းမှာ ၀ီရိယမရှိခြင်းကြောင့် မဟုတ်၊ နောက်ကျမှုကို အကောင်းဘက်မှ အပြုသဘော ရှုမြင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်အကြောင်းပြ သည်။ `ဤနောက်ကျသည့်အချိန်လေး´တွင် အချိန် အနည်းငယ်အတွင်း အလုပ်အတော်များများ ပြီးမြောက် အောင် လုပ်ဆောင်နိုင်သည်ဟူသော လွဲမှားသော ယုံကြည်ချက်ကို အပြုသဘောနှင့် ကျွန်ုပ်ဖက်တွယ်နေခြင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်မလုပ်နိုင်ပါ၊ အလုပ်မပြီးပါ။ သို့နှင့် အချိန်မီမရောက်နိုင်ဘဲ ပျက်ကွက်မှုအတွက် တစ်ဖန် တောင်းပန်ရသည့် အဖြစ်၌သာ အဆုံးသတ်သွားသည်။
ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်သည် အမြဲပင် အချိန်မှန်သည်။ သခင်နောက်ကျနေသည်ဟု ကျွန်ုပ်တို့ ထင်ကောင်းထင်မည် ဖြစ်သော်လည်း သခင်နောက်မကျပါ။ ဘုရားသခင်၏အချိန်နှင့် ပတ်သက်၍ လူအများ…
အားလုံးအတွက် ၀မ်းမြောက်စရာ
စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော ခရစ်ယာန်စာပေထုတ်ဝေဖြန့်ချိခြင်း နှီးနှောဖလှယ်ပွဲ၏ နောက်ဆုံးနေ့တွင် အဖွဲ့လိုက်ဓာတ်ပုံရိုက်ရန် နိုင်ငံပေါင်း ၅၀ မှ တတ်ရောက်သည့်လူ အယောက် ၂၈၀ တို့ ဟိုတယ်၏အပြင်သို့ ထွက်၍ စုရုံးလာကြသည်။ ဒုတိယထပ်၏ ထပ်ခိုးမှနေ၍ ဓာတ်ပုံဆရာက ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံများရိုက်ပြီး နောက်ဆုံး၌ `ပြီးသွားပြီ၊ ရပြီ´ ဟု ပြောလိုက်သည်။ လူအုပ်ကြီးထဲမှ `ကောင်းပြီ။ လောက၀မ်းမြောက်´ ဟူသော အသံတစ်သံ ထွက်သည်။ ချက်ခြင်းပင် `ယေရှု ကြွလာ´ ဟုတစ်စုံတစ်ဦးက တုံ့ပြန်သီဆိုလိုက်သည်။ အခြားသူများလည်း လိုက်၍ သီဆို ကြသည်။ မကြာမီမှာပင် တစ်ဖွဲ့လုံးက မိမိတို့ရပြီးသား ခရစ်စမတ်သီချင်းကို ညီညီညာညာနှင့် လှပစွာ သီကျူးကြ တော့သည်။ စည်းလုံးမှုနှင့် ၀မ်းမြောက်ခြင်းကို ဖော်ကျူးသော ယင်းအဖြစ်ကို ကျွန်ုပ်ဘယ်သောအခါမှ မမေ့တော့ပါ။
ရှင်လုကာခရစ်ဝင်ကျမ်းရှိ ခရစ်စမတ်အကြောင်း၌ `ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည်…