စက္ကန့်တိုင်း အကျိုးရှိအောင်
‘‘ပျမ်းမျှလူ့သက်တမ်း နှစ် ၇၀ ကို ၂၄ နာရီ ၁ ရက်တည်းမှာ ချုံ့လိုက်မယ်ဆိုရင် ကျုပ်ရဲ့ အသက်က ည ၈း၃၀ ရောက်နေပြီ။ ... အချိန်ကုန်တာ မြန်လွန်းလှတယ်’’ ဟု ကျွန်တော့် သူငယ်ချင်း ဘော့ ဘော့ဒ်မင်း က သူ့ အသက် ၅၉ နှစ် အရွယ်တွင် ပြောခဲ့သည်။
ကမ္ဘာမြေပေါ် အသက်ရှင်နေရသောအချိန်သည် အကန့်အသတ်ရှိကြောင်း ၀န်ခံရန် ခက်ခဲမှုကိုနာရီလေး၏ ‘‘တစ်တောက်... တစ်တောက်’’ အသံလေးက နှိုးဆော် နေသည်။ နာရီလေးက ခန့်မှန်းခြေ လူ့သက်တမ်းကို တွက်ချက်ပေးပြီး ကျန်ရှိသော အချိန်ကို ရေတွက် ဖော်ပြ ပေးနေပါသည်။ နာရီကြော်ငြာ တစ်ခုတွင် ‘‘သင့် ဘ၀အသက်ကို ရေတွက်ပေးနေသောကြောင့် သင်၏ စက္ကန့်တိုင်းကို အကျိုးရှိအောင် အသုံးပြုနိုင်ပြီ’ ဟု ကြေညာ ထားပါသည်။…
အံ့ဩဖွယ်ရာမိုး
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တောင်ကုန်းဒေသတွင် နေထိုင်သော ရွာသားများအတွက် ဘ၀သည် ကြမ်းတမ်းလှသည်။ သူတို့၏အဓိကအစာမှာ ပြောင်းနှင့်ဆန်ဖြစ်သည်။ သို့သော် ၂၀၁၂ မေလတွင် ဆိုးရွားသော မိုးခေါင်မှုဘေးနှင့် ကြုံရပြီး ကောက်ပဲသီးနှံများ ပျက်စီးခဲ့သည်။ မိုးခေါင်မှု ရပ်တန့်သွားအောင် အယူသည်း သည့်လုပ်ရပ်များစွာကို လူတို့ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ဘာမှ ဖြစ်မလာသောအခါ ရွာထဲရှိ ခရစ်ယာန် ၅ ဦးအား သူတို့၏ဘိုးဘွားဝိညာဉ်များကို စိတ်ကွက်အောင် လုပ်ခြင်း ကြောင့်ဟု ဝေဖန်ရှုတ်ချ အပြစ်တင်ကြသည်။
ထိုခရစ်ယာန် ၅ ဦးသည် စုရုံးလျက် အတူတကွ ဆုတောင်းခဲ့ကြပြီး မကြာမီမှာပင် မိုးညိုလာကာ မိုးချိန်းသံကို ကြားခဲ့ရသည်။ မိုးစတင်ရွာလာပြီး တစ်ညနေခင်းလုံးနှင့် တစ်ညလုံးတိုင်အောင် ရွာသွန်းခဲ့သည်။ သီးနှံပင်များအတွက် မပူရတော့ပေ။ ရွာသားအများစုက ဘုရားသခင်သည် မိုးကို ရွာသွန်းစေခဲ့ကြောင်း မယုံကြည်သော်လည်း အချို့က ယုံကြည်ပြီး ဘုရားသခင်နှင့် သခင်ယေရှု…
နိုးထခြင်းထက်သာ၍ ကောင်းသော
မျက်နှာပူရသည့်အဖြစ်၊ ရှက်ဖွယ်အဖြစ်(သို့) ရာဇ၀တ်မှုများကို ပြုမိခဲ့၍ ဘ၀ပျက်ပါပြီဟု ခံစားရသော်လည်း ၎င်းသည် အိပ်ရာမှလန့်နိုး၍ အိမ်မက်သာဖြစ်ကြောင်း ထိုအဖြစ်မျိုးကို သင်ခံစားကြုံဖူးပါသလား။ သို့သော် ၎င်းသည် အိမ်မက်ဆိုးတစ်ခု မဟုတ်ခဲ့လျှင်၊ သင့်အတွက် (သို့) သင်ချစ်ရသူအတွက် ထိုအခြေအနေသည် အမှန်တကယ် ဖြစ်နေလျှင် သင်မည်သို့ပြုမည်နည်း။
ထိုအခြေအနေကို ၁၉ ရာစုနှစ် စာရေးဆရာ George MacDonald ရေးသားခဲ့သည့် The Curate’s Awakening ဆိုသည့် ၀တ္ထုတွင် ရေးသားထားသည်။ ထိုဝတ္ထုတွင် အသင်းတော်တစ်ခု၌ ဆက်ကပ်နေသော အမှုတော်ဆောင် ဆရာတစ်ယောက်သည် သူကိုယ်၌က ယုံလား မယုံလား သူ မသေချာဘဲနှင့် ထိုဘုရားသခင်အကြောင်းကို သူ ဟောပြော နေကြောင်းကို သူ့ကိုယ်သူ သိရှိသဘောပေါက်ခဲ့သည်။ ထိုနောက်တွင် ကျူးလွန်ခဲ့သည့် လူသတ်မှု၏ ခြောက်လန့်မှုကို ခံစားနေရသော သေလုမျှောပါးဖြစ်နေသည့် လူငယ်လေး တစ်ယောက်အား သူသွားရောက်ကြည့်ရှုခဲ့ရသည်။…
ငါတို့မှာ သစ်သီးတွေရှိပြီ
သုံးနှစ်အရွယ် သမီးလေးအတွက် နေ့လယ်စာ ထမင်းဗူးထည့်ပေးရင်း မိခင်က သက်ပြင်းချ မိသည်။ မီးဖိုချောင်သေးသေးလေးရှိ စားပွဲပေါ်တွင် ဘာမှမရှိတော့သည့် သစ်သီးခြင်းအလွတ်ကို ကြည့်ပြီး ‘‘သစ်သီးခြင်းလေးသာ အပြည့်ရှိခဲ့မယ်ဆိုရင်၊ ငါချမ်းသာပြီလို့ ခံစားမိမှာပါ’’ဟု သက်ပြင်းချရင်း အသံထွက်ပြောလိုက်မိသည်။ ၎င်းကို သူ့သမီးလေးက ကြားလိုက်သည်။
ရက်သတ္တပတ် အတန်ကြာကျော်လွန်သွားပြီးနောက် ဘုရားသခင်သည် ထိုမိသားစုငယ်လေးကို ဆက်လက် ဖြည့်ဆည်း ထောက်ပံ့သည်။ ရုန်းကန်နေရသည့် မိခင်ခမျာ ပူပန်မြဲ ပူပင်နေသည်။ တစ်နေ့တွင် သမီးငယ်လေးက မီးဖိုချောင်ထဲ ခုန်ပေါက်ဝင်လာပြီး စားပွဲပေါ်မှ သစ်သီး အပြည့်နှင့်ခြင်းလေးကို ညွှန်ပြကာ ‘‘အမေရေ၊ သမီးတို့တော့ ချမ်းသာပြီ’’ ဟုပြောလိုက်သည်။ ထိုမိသားစုသည် ပန်းသီး အိတ်လိုက် ၀ယ်ခြင်းမှတစ်ပါး အခြားဘာမှ မပြောင်းလဲသွားပါ။
ဣသရေလလူမျိုးတို့၏ခေါင်းဆောင် ယောရှု သေဆုံးခါနီးတွင် သူတို့အတွက် ဘုရားပြုပေးခဲ့သည့်အရာများကို ပြန်လည်ရေတွက်လျက် ဘုရားသခင် ထံမှလာသော သတင်းစကားအား ပြန်လည်ဝေငှခဲ့သည်။…
ကျွန်ုပ်တို့သိနိုင်သည်
အရေးကြီးသော ချိန်းချက်မှု ပြုထားသောနေရာသို့ ရထားစီးလာရင်း ကျွန်တော် စီးလာသည့် ရထားက မှန်ရောမှန်ရဲ့လားဟူ၍ အတွေးဝင်လာသည်။ ထိုနေရာသို့ တစ်ခါမှ မရောက်ဖူးသည့်အပြင် မည်သူ့ကိုမှလည်း လမ်းကြောင်းကို မမေးခဲ့ရပါ။ နောက်ဆုံး မသေချာမှုနှင့် သံသယများစိုးမိုးလျက် နောက်ဘူတာတွင် ဆင်းမေး လိုက်ရာ၊ ကျွန်တော်စီးလာသည့်ရထား မှန်ကန်ကြောင်း အတည်ပြုပေးကြသည်။
ထိုအဖြစ်အပျက်လေးက ယုံမှားသံသယသည်
ကျွန်တော်တို့၏ငြိမ်သက်ခြင်းနှင့် စိတ်ချယုံကြည်မှုတို့ကို မည်မျှ လွှမ်းမိုးနိုင်ကြောင်း သတိပေးနေသည်။ ကယ်တင်ခြင်း
စိတ်ချမှုနှင့်ပတ်သက်ပြီး ကျွန်တော်ရုန်းကန်ခဲ့စဉ်ကလည်း ဘုရားသခင်သည် မစလျက် ထိုသံသယကို ဖယ်ရှားပေး
ခဲ့သည်။ တစ်ဖန် ကောင်းကင်နိုင်ငံသွားမည့် စိတ်ချမှုနှင့်
ကျွန်တော့်အသက်တာ ပြောင်းလဲခြင်းအကြောင်း ဝေငှပြီး သောအခါ လူတစ်ဦးက ‘‘သင်ကယ်တင်ခြင်းရရှိပြီး ကောင်းကင်နိုင်ငံသို့ သွားရမယ်ဆိုတာ ဘယ်လိုစိတ်ချမှုရှိတာလဲ’’ ဟုမေးပါသည်။ ကျွန်တော့်ကို ဘုရားဖော်ပြသည့် ကျမ်းပိုဒ်လေးကို ယုံကြည်မှုရှိရှိ ကျိုးနွံစွာဖြင့် ‘‘ဘုရားသခင်၏သားတော်ကို ယုံကြည်သော သင်တို့သည်…
ချိုင့်ဝှမ်းမှ ရူပါရုံ
ဘာသာရေး စည်းကမ်းတင်းကြပ်သော ပြူရီတန်တစ်ဦး၏ ‘‘ချိုင့်ဝှမ်းမှ ရူပါရုံ’’ အမည်ရှိ ဆုတောင်းက အပြစ်ပြုတတ်သော လူသားတစ်ဦးနှင့် သန့်ရှင်းသော ဘုရားသခင်ကြားရှိ အကွာအဝေးကို ပြောပြထားသည်။ ထိုသူက ဘုရားသခင်အား ‘‘ကိုယ်တော် ကျွန်ုပ်အား ချိုင့်ဝှမ်းသို့ ခေါ်ယူခဲ့ပြီး ... ၊ အပြစ်တောင်တန်းများ ၀န်းရံထားစဉ် ကိုယ်တော်၏ဘုန်း တန်ခိုးတော်အား ကျွန်ုပ်မြင်တွေ့ခဲ့သည်’’ ဟုပြောသည်။ သူ့အမှားများကို သတိပြုသိမှတ်လျက်ပင် သူ၌ မျှော်လင့်ချက် ရှိဆဲပါ။ သူက ဆက်လက်၍ ‘‘အနက်ဆုံး ရေတွင်းမှနေ၍ ကြယ်များကို မြင်တွေ့ရပြီး၊ ရေတွင်းနက်လေ ကိုယ်တော်၏ ကြယ်အရောင် ပို၍တောက်ပလေ’’ ဟုပြောထားသည်။ နောက်ဆုံးတွင် ‘‘ကိုယ်တော်၏အလင်းကို ကျွန်ုပ်၏ အမှောင်ဆုံး အချိန်၌ မြင်တွေ့စေပါ... ကျွန်ုပ်၏ ချိုင့်ဝှမ်းထဲမှ ကိုယ်တော်၏ဘုန်းတော်ကို မြင်တွေ့စေပါ’’ ဟူသည့် တောင်းဆိုချက်နှင့် ကဗျာကို အဆုံးသတ်ထားသည်။
သမုဒ္ဒရာ နက်နဲရာသို့ ရောက်ရှိသွားချိန်တွင်…
အမှောင်ကို ထိုးဖောက်ခြင်း
ကျွန်မတက္ကသိုလ်ကျောင်းသူဘ၀က ၎င်းတို့ကို ပထမဆုံး ဖြတ်ကနဲ တွေ့ဖူးသည်။ မြို့ပြ အလင်းရောင်နှင့်အလှမ်းကွာဝေးသောအရပ် ဆီးနှင်းများကျသည့်ညတွင် ဆူညံ နေသော သူငယ်ချင်းများနှင့်အတူ လှည်းစီးလာစဉ် ကောင်းကင်က တောက်ပလျက်
မိုးကုပ်စက်ဝိုင်းတွင် အရောင်များ လင်းလက်နေသည့်မြင်ကွင်းက ကျွန်မကို ညှို့ယူ ဖမ်းစားသည်။ ထိုညမှစ၍ မြောက်ပိုင်း အလင်းတန်း ဟု ကျော်ကြားသည့် aurora borealis ဖြစ်စဉ်ကို ကျွန်မစွဲမက် သွားသည်။ အများအားဖြင့် ၎င်းတို့ကို ကျွန်မနေထိုင်ရာ ဒေသ၏မြောက်ပိုင်းမှ တွေ့ရပြီး တစ်ခါတစ်ရံတွင် လတ္တီကျူ့ အနိမ့်ပိုင်းတွင် တွေ့ရသည်။ ၎င်းကို တစ်ကြိမ်မြင်ဖူး ပြီးကတည်းက ထပ်ပြီး မြင်တွေ့ချင်နေသည်။ အခြေအနေ ပေးသည့်အခါတိုင်း ကျွန်မနှင့်အတူ ထိုမြင်ကွင်းကို စွဲမက် သွားသည့် သူငယ်ချင်းများအား ‘‘ဒီည သွားကြည့်မလား’’ ဟု ပြောမိသည်။
သမ္မာကျမ်းစာ အနှံအပြားတွင် သခင်ဘုရား၏ ကြွလာတော်မူခြင်းကို ဖော်ပြရန်…
ပေးလိုက်ပါ
ပိုလျှံနေသူများ ပေးလှူသည့် ၎င်းတို့ မလိုတော့သည့် အ၀တ်အစားများနှင့် ပစ္စည်း အသုံးအဆောင်များ လက်ခံရရှိမှု အပေါ်မူတည်၍ ပရဟိတလုပ်ငန်းအဖွဲ့များက လူများကို အကူအညီပေးကြသည်။ အခြားသူများအတွက် အကျိုးရှိသဖြင့် အသုံးမလိုသော ပစ္စည်းများ ပေးလိုက်ခြင်းက ကောင်းပါသည်။ သို့သော် မိမိနေ့စဉ်အသုံးပြုသော တန်ဖိုးရှိ ပစ္စည်းများကို ပေးရန်ကိုမူ ကျွန်ုပ်တို့ တွန့်တိုကြသည်။
ရောမမြို့တွင် ရှင်ပေါလု အကျဉ်းကျခံရစဉ်က သူ့ကို အဆက်မပြတ်စောင်မအားပေးမှု၊ ယုံကြည်ရသော မိတ်ဆွေများက သူ့ကို အဖော်ပြုမှုကို လိုအပ်ခဲ့သည်။ သို့သော် သူ၏အရင်းနှီးဆုံး လုပ်ဖော်ဆောင်ဖက်နှစ်ဦးအား ဖိလိပ္ပိမြို့၌ရှိသော သခင်ယေရှု၏ နောက်တော်လိုက်များကို ကူညီရန် စေလွှတ်ခဲ့သည် (ဖိ ၂း၁၉-၃၀)။ ‘‘သင်တို့အကြောင်း အရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင် ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏’’(း၁၉-၂၀)။ ‘‘သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊…
ဆင်းရဲသားအမှုကို ဆင်ခြင်ခြင်း
၁၇၈၀ ခုနှစ်က ဖြစ်သည်။ လန်ဒန်အနီးတ၀ိုက်ရှိ ဆင်းရဲသော ၊ စာမတတ်သော ကလေးများအတွက် ရောဘတ် ရိုက်စ် ၀န်တာဖြစ်မိသည်။ ထိုကလေးများကို ကူညီရန် ဘာမှ မဆောင်ရွက်ကြသည်ကို သူသတိထားမိပြီး ခြားနားပြောင်းလဲမှုတစ်ခုကို သူစတင်ပြုလုပ်ခဲ့သည်။
တနင်္ဂနွေနေ့တွင် သင်ကြားပို့ချပေးမည့် ကျောင်းများ ကို ဖွဲ့စည်းရန် အမျိုးသမီးအချို့ကို သူငှားရမ်းခဲ့သည်။ သမ္မာကျမ်းစာကို ပြဋ္ဌာန်းစာအုပ်အဖြစ် သတ်မှတ်ပြီး လန်ဒန်မြို့မှ အဆင်းရဲဆုံးကလေးများအား ဆရာမများက စာဖတ်ရန်နှင့် သမ္မာကျမ်းစာမှပညာများကို သင်ကြားပေး သည်။ မကြာမီ ကလေးအယောက် ၁၀၀ ခန့် အတန်းတက်ပြီး လုံခြုံသန့်ရှင်းသော ပတ်ဝန်းကျင်တွင် နေ့လယ်စာကို ပျော်ရွှင်စွာ စားသုံးကြသည်။ ထိုကျောင်းသည် ဥပုသ်စာဖြေကျောင်း (Sunday Schools) ဟု အမည်တွင်ခဲ့ပြီး တစ်ဖြည်းဖြည်းနှင့် ကလေးသူငယ် ယောက်ျားလေး မိန်းကလေး ထောင်ပေါင်းများစွာ၏အသက်တာကို တို့ထိခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် အင်္ဂလန်ရှိ…
အသစ်သော သတ္တ၀ါ
ကျွန်ုပ်အလုပ်လုပ်သော အစောပိုင်းကာလက ဘုရား၏နာမတော်အား မရိုမသေ အသုံးပြုရခြင်းကို ကြိုက်နှစ်သက်ပုံရသော လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိခဲ့သည်။ ယုံကြည်သူ အသစ်များနှင့် သူ့အား သခင်ယေရှုအကြောင်းပြောရန် ကြိုးစားသူများကို သူက ထိကပါး ရိကပါး မခံချင်အောင် ပြောလေ့ရှိသည်။ ထိုအလုပ်မှထွက်ပြီး အခြားအဖွဲ့အစည်း တစ်ခုသို့ ကျွန်တော်ပြောင်းသွားသောနေ့က ထိုသူသည် ခရစ်တော်၏နောက်တော်လိုက် ဘယ်သောအခါမျှ ဖြစ်လာ လိမ့်မည် မဟုတ်ဟု တွေးမိခဲ့ခြင်းကို သတိရမိသည်
၂ နှစ်ကြာပြီးနောက်တွင် ယခင်အလုပ်ဌာနသို့ ကျွန်ုပ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုသူသည် ထိုဌာနတွင် ရှိနေဆဲဖြစ်ပြီး မယုံနိုင်စရာ ပြောင်းလဲသွား
ပုံများ ကျွန်ုပ် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါ။ ယုံကြည်ခြင်းကို အလွန် အတိုက်အခံလုပ်ခဲ့သူသည် ယခုအခါ ခရစ်တော်၌
‘‘လူသစ်’’ ဖြစ်လျှက် (၂ ကော ၅း၁၇)၊ နှုတ်ကပတ်တော် အတိုင်း လိုက်လျှောက်အသက်ရှင်သည့် သက်သေခံတစ်ဦး ဖြစ်နေပေပြီ။ ယခုနှစ်ပေါင်း ၃၀…