ငါ့ထံသို့လာပါ
သခင်ယေရှု ကမ္ဘာမြေတွင် ကျင်လည်ခဲ့စဉ်က လူအပေါင်းတို့အား သူ့ထံလာရန်
ဖိတ်ခေါ်ခဲ့ပြီး ယနေ့လည်း ဖိတ်ခေါ်နေဆဲဖြစ်သည် (ယော ၆း၃၅)။ ကိုယ်တော်နှင့်
ကောင်းကင်ဘုံရှင်အဘထံတော်တွင် ကျွန်ုပ်တို့လိုအပ်သော မည်သည့်အရာများ ရှိပါ
သနည်း။
ကယ်တင်ခြင်း - အပြစ်ခွင့်လွှတ်ခြင်းရရန်နှင့်
ကောင်းကင် နိုင်ငံတော် ၀င်ခွင့်ရရန် ကတိတော်အတွက်
သခင်ယေရှုသည် တစ်ခုတည်းသော လမ်းဖြစ်သည် (ယော
၃း၁၅)
ရည်ရွယ်ချက် - သခင်ယေရှုနောက်တော် လိုက်ရန်
အတွက် ကျွန်ုပ်တို့၏ နှလုံးသား၊ စိတ်၊ ၀ိညာဉ်နှင့် ခွန်အား
များကို ပေးအပ်ကြရမည်။ ‘‘အကြင်သူသည် ငါ၌ ဆည်းကပ်
ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။
ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်’’
(မာ ၈း၃၄)။
နှစ်သိမ့်သက်သာခြင်း - စုံစမ်းခြင်း (သို့) ၀မ်းနည်း ပူဆွေးမှုနှင့်…
ကုရု စာလိပ်
၁၈၇၉ ခုနှစ်တွင်ရှေးဟောင်း သုတေသန ပညာရှင်များသည် အီရတ် (ဗာဗုလုန်) နိုင်ငံ၌
ထူးထူးခြားခြား ၉ လက်မ အရှည်ရှိ ကုရုစာလိပ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထို
စာလိပ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ပေရသိပြည် (ပါးရှား)၏ရှင်ဘုရင် ကုရုမင်း
လုပ်ဆောင်ခဲ့သည့်အရာများကို မှတ်တမ်းတင်ထားသည်။ ထိုမင်းသည် လူတစ်စုအား
သူတို့၏နေရပ်သို့ ပြန်ခွင့်ပြုခဲ့ပြီး၊ ‘‘သန့်ရှင်းသောမြို့များ’’ ကို
ပြန်တည်ဆောက်ရန် ခွင့်ပြုခဲ့သည်ဟု ပါရှိ၏။
၎င်းသည် ဧဇရမှတ်စာ ၁ ၌ ပါရှိသော အဖြစ်အပျက်
အတိုင်းဖြစ်သည်။ အမိန့်တော်စာကို ထုတ်ပြန်ရန် “ထာဝရ
ဘုရားသည် ပေရသိရှင်ဘုရင် ကုရုအား နှိုးဆော်’’ ခဲ့ပြီး(း၁)၊
ထိုအမိန့်တော်၌ ဗာဗုလုန်ရှိ သုံ့ပန်းများကို ယေရုရှလင်သို့
ပြန်ပြီး နေအိမ်ပြန်ဆောက်ရန်၊ ဗိမာန်တော်ကို ပြန်တည်
ဆောက်ရန် ကုရုမင်း လွှတ်ပေးခဲ့သည်ဟု ပြောထားသည်။…
ရှေ့တန်းစစ်မြေပြင်မှ ပေးပို့သောစာ
အင်ဒရူး ကာရိုးသည် စစ်မက်ကာလအတွင်းက မိသားစုဝင်များ (သို့) သူငယ်ချင်းများမှ
ရေးသားပေးပို့သောစာများကို မလွှင့်ပစ်ရန် နှစ်ပေါင်း ၂၀ မျှ လူများကို တိုက်တွန်း
ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား ရှိ ချက်မဲန် တက္ကသိုလ်မှ
‘‘အမေရိကန်စစ်ပွဲများအတွင်း ပေးစာများ ထိန်းသိမ်းထား
သည့်ဌာန’’ ၏ ညွှန်ကြားရေးမှူးဖြစ်သည်။ သူက ထိုစာများ
သည် မိသားစုများကို စည်းလုံးစေသော၊ နားလည်မှုကို
ပေးစွမ်းသော၊ အစားထိုး၍မရနိုင်သည့် ချိတ်ဆက်မှုဟု ယူဆ
သည်။ ‘‘ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေဟာ ဒီစာတွေကို
ဖတ်ကြတယ်။ ပြီးတော့ မေးခွန်းထုတ်ကြတယ်။ ‘ဘာတွေ
ခံစားခဲ့ရတယ်၊ ဘာတွေ ပေးဆပ်ခဲ့တယ်’ ဆိုတာကို အခု
နားလည်ပါပြီလို့ ပြောကြတယ်’’ ဟု ကာရိုးက ပြောသည်။
ရောမမြို့တွင် တမန်တော်ရှင်ပေါလု အကျဉ်းကျခံ
နေရပြီး မကြာမီ သူ့ဘ၀ အဆုံးသတ်တော့မည်ကို…
တောက်လောင်နေသော စကားဝိုင်း
ကျွန်ုပ်၏ဇာတိ ဂါနာနိုင်ငံမြောက်ပိုင်း၌် ခြောက်သွေ့သောရာသီဖြစ်သည့် ဒီဇင်ဘာ
နှင့် မတ်လအကြားတွင် ချုံမီးများ လောင်ကျွမ်းသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။
မီးလင်းဖိုမှ မီးပွားများ လေနှင့်လွှင့်ပါသွားခြင်း၊ လမ်းဘေးတွင် မဆင်မခြင် လွှင့်ပစ်သော
ဆေးလိပ်တိုကြောင့် လယ်ဧကပေါင်းများစွာ မီးလောင်ကျွမ်း
သည်ကို ကိုယ်တွေ့မြင်ဖူးသည်။ ခြောက်သွေ့သော မြက်ခင်း
ပြင်ကြီး အကြီးအကျယ် ပျက်စီးလောင်ကျွမ်းသွားအောင်
မီးပွားလေးတစ်ခု သာလိုသည်။
ရှင်ယာကုပ်က လျှာကို ထို့နည်းတူ ဖော်ပြထားသည်။
‘‘လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏လောကဓာတ်လည်း
ဖြစ်၏။ ထိုသို့နှင့်အညီ လျှာသည် ငါတို့၏အင်္ဂါတို့တွင်
တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်
ကိုလည်း မီးရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို
ခံလျက်ရှိ၏’’ (ယာ ၃း၆)။ မမှန်သော သက်သေကို ဟိုတစ်မျိုး
ဒီတစ်မျိုးပြောခြင်းဖြင့် ပေါင်းသင်းဆက်ဆံရေးများ ပျက်စီးစေသည်။ ‘‘သန်လျက်နှင့်
ထိုးသကဲ့သို့ စကားပြောတတ်သော လူတစ်ချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား…
သင့်လက်ကို မြှောက်ပြပါ။
မင်နီဆိုးတာ ပြည်နယ် နော့သ် ဖီး မြို့မှ စိန့် အောလက်ဖ် အသင်းတော် သံစုံ(Choir) သည်
သာယာနာပျော်ဖွယ် ကောင်းစွာ သီဆိုမှုကြောင့် ကျော်ကြားသည်။ ထိုသို့ ထူးကဲ သာလွန်
ရသည့် အကြောင်းရင်းတစ်ခုမှာ သီဆိုမည့်သူများကို ရွေးချယ်သည့် နည်းစနစ်ကြောင့်
ဖြစ်သည်။ ပါဝင်သူများသည် သီချင်းကောင်းစွာသီဆိုနိုင်ခြင်းသာမက သံစုံအဖွဲ့
အတွက် မည်မျှအားထားရသည် ဆိုသည့်အချက်ကို
အခြေခံ၍ အရွေးခံရသည်။ အခြားအကြောင်းရင်းတစ်ခုမှာ
အဖွဲ့ဝင်အားလုံးသည် သံစုံသီဆိုမှုကို ပထမဦးစားပေးအဖြစ်
ထားရှိရန် သဘောတူကြပြီး အစမ်းလေ့ကျင့်ခြင်းနှင့်
တင်ဆက်မှုအစီအစဉ်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်
ရန် ဆက်ကပ်အပ်နှံထားကြသည်။
ထိုသံစုံအဖွဲ့၏ အစမ်းလေ့ကျင့်မှု၌ ကျွန်မကို
အဆွဲဆောင်ဆုံး အရာတစ်ခုရှိသည်။ အဖွဲ့ဝင်များသည်
အမှားလုပ်မိတိုင်း လက်မြှောက်ပြကြသည်။ အမှားကို ဖုံးကွယ်
ခြင်းထက် ထိုအမှားကို အာရုံစိုက်ကြသည်။ ထိုကြောင့်
အဖွဲ့ခေါင်းဆောင်အနေဖြင့် သီဆိုသူတစ်ဦးချင်းစီအား
အခက်ဆုံးအပိုင်းကို…
ရွေးနုတ်ပိုင်သောအရှင် ခရစ်တော်
နာမည်ကျော် “ရွေးနုတ်ရှင် ခရစ်တော်” ရုပ်တုသည် ရီရို ဒီဂျဲနရို မြို့ကို အပေါ်စီးမှ
မိုးထားသည်။ ခရစ်တော်၏ ဆန့်တန်းထားသည့်လက်တော်က လက်ဝါးကပ်တိုင်ပုံစံကို
ဖော်ကျူးသည်။ ဘရားဇီးနိုင်ငံသား ဗိသုကာ ပညာရှင် Heitor da Silva Costa က ထိုပုံကို
ဒီဇိုင်းရေးဆွဲဖန်တီးထားခြင်းဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ
ထိုရုပ်တုသည် အမှောင်ထုမှ မနက်မိုးသောက်သည်နှင့်
ဒေသခံများ ပထမဦးဆုံး မြင်ရသည့် ပုံရိပ်ဖြစ်ရန်၊ နေ၀င်ချိန်
တွင်လည်း ရုပ်တုဦးခေါင်းမှ ဖြာကျလာသည့် ဆည်းဆာ
အလှကို ခံစားရရန် ဖြစ်သည်။
ကောင်းစားနေချိန်ဖြစ်စေ၊ ခက်ခဲနေချိန်ဖြစ်စေ၊
ကျွန်ုပ်တို့၏ရွေးနုတ်ရှင်ထံ နေ့ရက်အစဉ်တိုင်း မျက်မှောက်
ပြုခြင်းက အကျိုးကြီးသည်။ ဆင်းရဲဒုက္ခများနှင့်တွေ့ကြုံရစဉ် ယောဘက ဤသို့ပြော
ခဲ့သည်။ “ငါ့ကို ရွေးနုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ
ပေါ်လာတော်မူမည်...”(ယောဘ ၁၉း၂၅)။ ယောဘ၏အော်ဟစ်သံက ကျွန်ုပ်တို့ကို
သခင်ယေရှုဆီသို့…
တွန့်ဆုတ်ရုန်းကန်နေသူကို ကယ်ဆယ်ခြင်း
လွန်ခဲ့သော နှစ်များစွာက ရေကူးသင်တန်းတစ်ခုတွင် ရုန်းနေသည့် ရေနှစ်နေသူအား
မည်သို့ကယ်ရမည်ကို သင်ပေးခဲ့သည်။ “ရေနှစ်သူကို သူ့ရဲ့နောက်ဖက်ကနေ ချဉ်းကပ်ပါ။
ပြီးတော့ လက်တစ်ဖက်နဲ့ သူ့ရဲ့ရင်ဘတ်ကိုသိုင်းဖက်ပြီး ကျန်လက်တစ်ဖက်နဲ့ ဘေးကင်း
လုံခြုံရာကို ကူးခတ်သွားပါ။ အကယ်၍ သူ့ကို အရှေ့ဖက်က
ချဉ်းကပ်သွားခဲ့ရင် အဲ့ဒီလူက သင့်ကို အမိအရ ဖမ်းဆွဲ ထားပြီး
နှစ်ယောက်စလုံး ရေနှစ်သွားနိုင်တယ်။” ဟု နည်းပြက
ပြောပါသည်။ ထိတ်လန့်မှုနှင့် ခြောက်ခြားမှုကြောင့် ပညာ
သတိနှင့် စဉ်းစားဆုံးဖြတ်နိုင်သည့်စွမ်းရည် ပျောက်ဆုံးသွား
စေသည်။
ကမ္ဘာဦးကျမ်း ၁၉း၁၂-၁၃ တွင် ဘုရားသခင်သည်
သောဒုံနှင့် ဂေါမောရမြို့ကို မစီရင်မီ လောတနှင့် သူ့မိသားစု
ကို ကယ်တင်ရန် ကောင်းကင်တမန်နှစ်ပါးကို စေလွှတ်ခဲ့ရာ၊
ကောင်းကင်တမန်နှစ်ပါးမှာ လောတမိသားစု၏တု့န်ပြန်မှုကို
ခံခဲ့ရသည်။ လောတ၏သမက်များက သတိပေးမှုကို
ပြက်ရယ်ပြုခဲ့သည်။ လောတအနေနှင့်လည်း မြို့ထဲမှ
အမြန်ဆုံးထွက်ခွာရန်…
ညဥ့်ယံမှ အသံတော်
ဆာလံ ၁၃၄ သည် အပိုဒ်ငယ် သုံးပိုဒ်သာရှိသော်လည်း အဓိပ္ပာယ်ပြည့်စုံလှသည့်အတွက်
အသေးအမွှားအရာက အဓိပ္ပာယ်များစွာရှိကြောင်း သက်သေပြနေသည်။ ကျမ်းပိုဒ်
ပထမနှစ်ပိုဒ်က ဘုရား၏ဗိမာန်တော်၌ နေ့ရောညပါ ဆက်ကပ်အသုံးတော်ခံကြသော
ယဇ်ပရောဟိတ်များကို တိုက်တွန်းနှိုးဆော်ထားသည်။
အခန်းတစ်ခုလုံး မှောင်မဲပြီး ဘာမှမရှိဟုထင်ရလည်း
“သန့်ရှင်းရာဌာနတော်သို့ လက်ကိုချီ၍၊ ထာဝရဘုရားကို
ကောင်းချီးပေးကြလော့။” (း၂) ဟူ၍ အမှုတော်ဆောင်များကို
အားပေးထားသည်။ တတိယအပိုဒ်မှ “ကောင်းကင်နှင့်
မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည်
သင့်ကို ကောင်းကြီးပေးတော်မူပါစေသော” (း၃) ဟူသည့်
အသံသည် အထီးကျန်အမှောင်ညတွင် ပရိသတ်ကြားမှ
ပေါ်ထွက်လာသော အသံဖြစ်သည်။
ယခုမျက်မှောက်ခေတ်၌ မထင်မရှားနေရာမှ အသင်းတော်ငယ်လေးများတွင်
အမှုတော်ဆောင်နေကြသည့် သင်းအုပ်များနှင့် ၄င်းတို့မိသားစုအကြောင်းကို ကျွန်တော်
စဉ်းစားမိသည်။ မကြာခဏဆိုသလို ၎င်းတို့သည် အကောင်းဆုံး လုပ်ဆောင်ရင်း၊
အသိအမှတ်ပြုမခံရလည်း၊ အကျိုးမရလည်း အစေခံနေကြရင်း၊ စိတ်ပျက်နွမ်းလျလျက်
အားလျော့လိုက်ရန် သွေးဆောင်ခံရသည်။ ၎င်းတို့၏…
ဇာတ်လမ်းအပြည့်အစုံ
မကြာသေးမီက ကျွန်ုပ်၏မြေး ဒါးလပ်စ်က ‘‘သခင်ယေရှု ဘာကြောင့် ကားတိုင်မှာ
အသေခံခဲ့တာလဲ’’ ဟု မေးခဲ့၍ အပြစ်တရားအကြောင်းနှင့် သခင်ယေရှု၏ ရွေးနှုတ်
ကယ်တင်ခြင်းအကြောင်းကို သူအား အတန်ကြာရှင်းပြခဲ့သည်။ ထို့နောက် သူသည်
ကစားရန် အပြင်သို့ပြေးထွက်သွားသည်။ မိနစ် အနည်းငယ်
အကြာတွင် မြေးကလေးသည် သူ၏ရွယ်တူ အစ်မ၀မ်းကွဲ
ဖြစ်သူ ကေတီအား သခင်ယေရှု၏ အသေခံခြင်းအကြောင်း
ကို ပြန်လည် ပြောပြနေသည်ကို ကြားခဲ့ရသည်။ ကေတီက
‘‘သခင်ယေရှု မသေဘူး’’ ဟုပြန်ပြောရာ၊ ဒါးလပ်စ်က
‘‘ဟုတ်တယ်။ သခင်ယေရှု လက်ဝါးကပ်တိုင်မှာ တကယ်
သေသွားပြီလို့ အဘိုးပြောတယ်’’ ဟု ငြင်းခုံနေပြန်သည်။
အကြောင်းအရာအပြည့်အစုံကို ကျွန်ုပ် မရှင်းပြလိုက်
မိခြင်းဟု နားလည်လိုက်သည်။ ထို့ကြောင့် ဒါးလပ်စ် အား
သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်း၊ ကျွန်ုပ်တို့အတွက် သူအသေခံ
ခဲ့သော်လည်း…
ဝှက်ထားသည့် လျှို့ဝှက်ဆန်းကြယ်ရာများ
စကြစဠာကြီးထဲ ရွေ့လျားနေသည့်အရာဝတ္ထုများစွာကို ကျွန်ုပ်တို့ တစ်ခါမှ မြင်ဖူးကြမည်
မဟုတ်ပါ။ အချို့က သေးငယ်လွန်းခြင်း၊ အချို့က လျင်မြန်စွာ ရွေ့ရှားခြင်း၊ အချို့က
နှေးကွေးစွာ ရွေ့ရှားခြင်းကြောင့် မမြင်နိုင်ပါ။ ဗွီဒီယိုရုပ်ရှင် ရိုက်ကူးသူ Louis Schwartzberg
က ခေတ်မီနည်းပညာများကို သုံးပြီး ဘောက်ဖတ်၏ပါးစပ်၊ အသီးစား ယင်ကောင်၏
မျက်စိ၊ မှိုပွင့်များ ကြီးထွားလာပုံ စသည်တို့ကို အံ့သြဖွယ်ရာ ရိုက်ကူးပြသခဲ့သည်။
ရုပ်လောက ကမ္ဘာကြီးထဲ ထူးခြားဆန်းကြယ်သည့်
အရာများကို မြင်နိုင်စွမ်းမရှိခြင်းက၊ ဝိညာဉ်ရေး၌ မည်သည်တို့
ဖြစ်ပျက်နေသည်ကို သိမြင်နားလည်ရန်မှာလည်း မလွယ်ကူ
ကြောင်း သတိပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အနီး
ဝန်းကျင်၌ ကျွန်ုပ်တို့တွေးထင်ထားသည်ထက် ပို၍အံ့ဖွယ်
ကောင်းသော အမှုအရာများကို လုပ်ဆောင်နေသည်။
ကျွန်ုပ်တို့၏ ဝိညာဉ်အမြင် အားနည်းခြင်းကြောင့်သာ ထိုအရာ
များကို မမြင်နိုင်ပါ။ ပရောဖက်ဧလိရှဲသည် ဘုရားသခင်၏…