လွှမ်းမိုးသောအမျိုးသမီး
ဥရောပတွင် ပရိုတက်စတင့်ဂိုဏ်းများ ခွဲထွက်သောနှစ်အစောပိုင်း၌ ယခင်က ခရစ်ယာန် သီလရှင်ဖြစ်ဖူးသူ ကက်သရီးနာ ဗွန်ဘိုရာသည် မာတင် လူသာနှင့် လက်ထပ်ခဲ့သည် (၁၅၂၅)။ သူတို့ နှစ်ဦး၏ဘ၀လေးက သာယာချမ်းမွေ့ဖွယ်ရာဖြစ်သည်ဟု လူတိုင်းကပြောသည်။ လူသာက “ဤကမ္ဘာလောက၌ အိမ်ထောင်သည်ဘ၀၏ သံယောဇဉ်ထက် ချိုမြိန်ကောင်းမွန်သည့်အရာ၊ ကွဲကွာရခြင်းထက် ခါးသီးခံစားရသောအရာ မရှိပါ”ဟု ဆိုခဲ့သည်။
သူမ၏၀တ္တရားများ လုပ်ဆောင်ရန် ကက်သရီးနာသည် နံနက် ၄ နာရီ အိပ်ရာမှထသဖြင့် လူသာက သူမအား “၀င်တန်ဘတ်မှ မိုးသောက်ကြယ်”ဟူ၍ တင်စားခဲ့သည်။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးခြံလေးကို သူဂရုတစိုက် ပြုစုစောင့်ရှောက်သည်။ မိသားစု၏စီးပွားရေးကို စီမံရသကဲ့သို့ လူသာ၏အိမ်နှင့် ဥစ္စာပစ္စည်းတို့ကိုလည်း အုပ်ထိန်းရသည်။ ၄င်းတို့ဇနီးမောင်နှံတွင် သားသမီး ၆ ယောက် ထွန်းကားပြီး ကက်သရီးနာက ၄င်းတို့၏အိမ်ထောင်ကို အကျင့်စရိုက်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းအဖြစ် ရှုမြင်ခဲ့သည်။ မိသားစုအတွက် တက်ကြွသော အားစိုက်မှု၊…
လှေအပြင်မှာ
ဂျပန်နိုင်ငံ၏သမိုင်းတွင် ပန်းချီဆရာ ကာဆုရှီကာ ရိုကူစာသည် အလွန်ထင်ရှားကျော်ကြား သူတစ်ဦးဖြစ်သည်။ ၁၈၂၆ နှင့် ၁၈၃၃ ခုနှစ်အတွင်း သူ့အသက် ၆၅-၇၀ ကြားတွင် သူ၏အပြောင် မြောက်ဆုံး လက်ရာဖြစ်သော Thirty-Six Views of Mt. Fuji အမည်ရှိ ရောင်စုံသစ်သားတုံးများ ဆက်၍စီထားသော ပန်းချီကားတွဲကို ဖန်တီးခဲ့သည်။ ထိုပန်းချီများအနက် သူ၏အကောင်းဆုံး လက်ရာ The Great Wave Off Kanagawa ပန်းချီကားလည်း ပါဝင်သည်။ သူ့ဘ၀၌ ငွေကြေး ကြပ်တည်းချိန်နှင့် စိတ်သောကရောက်ချိန်တွင် ထိုပန်းချီကားကို ရေးဆွဲဖန်တီးခဲ့ခြင်းဖြစ်ပြီး လက်သည်းသဏ္ဌာန်မြင့်မားသည့် လှိုင်းလုံးကြီးက လှေလှော်သူအပြည့်ပါဝင်သည့် လှေငယ်သုံးစီး ကို နစ်မြုပ်ပစ်တော့မည့်ဟန် ပန်းချီကားဖြစ်၏။
၁၀၇ ခု မြောက်သောဆာလံတွင်လည်း ပင်လယ်တွင်း၌ ကြီးမားသော အန္တရာယ်ကြုံခဲ့ရသူ များအကြောင်း ဖော်ပြထားသည်။ ရေလှိုင်းများပေါ် မျောလျက် “မိုဃ်းကောင်းကင်တိုင်အောင်…
အလေးထား ဂရုပြုသောစိတ်ထား
ကိန်းဂဏန်းများသည် လှည့်စားတတ်သော ပရိယာယ်တစ်ခုဖြစ်သည်။ ကိန်းဂဏန်းများ သည် ကျွန်ုပ်တို့ကို သတင်းအချက်အလက်ပေးနေသည့် တစ်ချိန်တည်းမှာပင် ထိုဂဏန်းများ ဖော်ပြလိုက်သည့် လူတို့၏ဆိုးရွားမှုအခြေအနေများကို သတိမထားမိဘဲ ရှိတတ်သည်။ မကြာ သေးမီက နှစ်စဉ်နှစ်တိုင်း လူသား ၁၅ သန်းတို့သည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကြောင့် သေဆုံးရ သည်ဟူသော ကိန်းအရေအတွက်ကြောင့် ကျွန်ုပ် စိတ်ထိခိုက်မိပြီး ကျောချမ်းသွားသည်။ ထို့ပြင် ကြွယ်ဝဖူလုံသော ကျွန်ုပ်တို့က ထိုအဖြစ်ကို နားမလည်နိုင်ပါ။ ၂၀၀၈ ခုနှစ်က ကလေးသူငယ် ၉ သန်းနီးပါ အသက် ၅ နှစ်မရောက်မီ သေဆုံးကြပြီး သုံးပုံတစ်ပုံမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရသည်။ ထိုကိန်းအရေအတွက်က မနည်းမနောပါ။ သို့သော် အရေအတွက်ထက် ထိုသူ အယောက်တိုင်းကို ဘုရားသခင် ချစ်ကြောင်းအချက်က ပို၍အခရာကျသည်။
လူတို့၏ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဖြည့်စွမ်းပေးခြင်းအားဖြင့် အဖဘုရားသခင်၏မေတ္တာ တော်ကို ပြသနိုင်ပါသည်။ ရှောလမုန်မင်းကြီးက “ဆင်းရဲသားကို…
တောင်းပန်ခြင်း
ဘုရားကျောင်းမှ သူငယ်ချင်းအား တွေ့ဆုံရန် ချိန်းဆိုထားသည့် စားသောက်ဆိုင်သို့ မာ့ခ် တစ်နာရီနောက်ကျပြီးမှ ရောက်သွားသည်။ သူငယ်ချင်းမှာမူ ပြန်သွားနှင့်လေပြီ။ သူ၏ပျက်ကွက်မှု အတွက် စိတ်မကောင်းဖြစ်ပြီး ထိုစားသောက်ဆိုင်၌ ညစာစားခွင့်လက်မှတ်တစ်ခု သူငယ်ချင်း အတွက်ဝယ်ပြီး၊ တောင်းပန်စာကဒ်ကို ၀ယ်ယူရန် ဆိုင်တစ်ခုအတွင်းသို့ ၀င်သွားသည်။ ရာပေါင်း များစွာသောကဒ်များအနက် “ကျွန်ုပ်အပြုအမူအတွက် တောင်းပန်ပါတယ်”ဟူသော စာတန်းပါရှိ သည့် ကဒ်အနည်းငယ်မျှကို စတိုးဆိုင်၏ချောင်ကျသောနေရာ၌ တွေ့ရ၍ သူအံ့သြမိသည်။ ကဒ် တစ်ခု ၀ယ်ယူလိုက်ပြီး သူငယ်ချင်းအား ပေးလိုက်သည်။ သူငယ်ချင်းက ကောင်းမွန်စွာပင် လက်ခံ ခဲ့သည်။
တောင်းပန်ကဒ်သည် ခေတ်မစားသော်လည်း ကျွန်ုပ်တို့ အချင်းချင်း ဆက်ဆံရေး၌ “တောင်းပန်ခြင်း”သည် မကြာခဏဆိုသလို လိုအပ်ပါသည်။ တောင်းပန်ခြင်းသည် ကျမ်းစာ သွန်သင်ချက်နှင့်ညီသော အပြုအမူတစ်ခုပါ။ မိမိပြစ်မှားမိသောသူများနှင့် ပြန်လည်ပြီး ပြေလည် သင့်မြတ်မှုရယူရန် သခင်ယေရှုက သူ၏နောက်လိုက်များကို သွန်သင်ထားသည် (မ…
အဖြစ်ရှိသောအသက်တာကို တည်ဆောက်ခြင်း
ကျွန်တော့်မြေးများသည် ရောင်စုံလေးထောင့်တုံး၊ တြိဂံပုံ သုံးမြောင့်တုံးလေးများဖြင့် သူတို့ စိတ်ကူးရှိသည့်အတိုင်း ခံတပ်၊ လေယာဉ်ပျံ၊ အိမ် (သို့) အညွှန်းစာရွက်ပုံစံ ပြထားသည့်အတိုင်း ဆောက်ချင်ရာဆောက်လုပ် ကစားရခြင်းကိုနှစ်သက်သည်။
အတုံးလေးများကို ကြမ်းပြင်ပေါ်သို့ သွန်ချလိုက်ပြီး အတုံးများကိုဆက်ကြသည်။ လမ်းညွှန် စာရွက်မလိုဟု သူတို့ထင်ကြသည်။ နောက်ဆုံးသူတို့စိတ်ကြိုက် လုပ်ချင်ရာလုပ်ပြီး ထွက်လာသည့် ရလဒ်က ပုံမလာဖြစ်သွားသည်။ ထို့ကြောင့် ပြန်ဖျက်လိုက်ပြီး အသစ်တစ်ဖန် ပြန်တည်ဆောက် လေသည်။ ဤတစ်ကြိမ်၌မူ ပုံစံငယ်အညွှန်းကို ကြည့်ကြလေသည်။
တစ်စစီဖြစ်နေသော သင့်အသက်တာကို ဘုရားသခင်၏အလိုတော်နှင့်အညီ တစ်ဖန် ပြန်လည်တည်ဆောက်လိုပါသလား။ ယေရှုခရစ်ကို အခြေပြုကာ ဘုရားသခင် ချမှတ်ရေးဆွဲထား သော အသက်တာလမ်းအတိုင်း စတင်လျှောက်လှမ်းပါ။ ၁ ကော ၃း၁၀-၁၁ ၌ ရှင်ပေါလုက ယေရှု ခရစ်တည်းဟူသော တိုက်မြစ်၌ “အဘယ်သို့ ထပ်ဆင့်၍တည်ဆောက်သည်ကို လူတိုင်းသတိပြု” ရန် သတိပေးထားသည်။ ဘုရားသခင်…
အကျွန်ုပ်ရှိပါ၏
ဂရေးသည် တရားသူကြီးရှေ့မှောက် သူ့အမှုကို လျှောက်ထားရမည့်အလှည့်ကို တရားရုံး ထဲ၌ စောင့်ဆိုင်းရင်း သူ့ရှေ့မှ နေစရာ ဘုံပျောက်နေသူ လူများ၏၀မ်းနည်းဖွယ်ရာဇာတ်လမ်းကို တစ်ပုဒ်ပြီးတစ်ပုဒ်ကြားသိရသည်။ လူအတော်များများက လုပ်ဆောင်စရာများကို တစ်ဆင့်ပြီး တစ်ဆင့် သူတို့နှင့်အကျွမ်းဝင်နေသည့်ပမာ လုပ်သွားသည်။ သို့သော် လက်စ်လီဆိုသည့် အမျိုး သမီးမှာမူ ယောင်ဝါးဝါးဖြစ်နေသည်။ သူဘာလုပ်ရမည်၊ ဘယ်သွားရမည်ကို ရေရေရာရာမသိ ကြောင်း ဂရေးသိနေသည်။
သူမအား အကူအညီပေးရန် သူ့စိတ်ထဲမှ ဖြစ်ပေါ်လာသော လှုံ့ဆော်ချက်ကို ပျောက်ပျက် သွားအောင် ဂရေး ဖယ်ထုတ်ဖိနှိပ်သော်လည်းမရ၊ သွား၍ မပတ်သက်ရန် အကြောင်းအမျိုးမျိုး တွေးတောနေမိသည်။ (၁) သူစိမ်းသူရံနှင့် သူစကားပြောရန် အားမသန်ပါ။ (၂) သူ့ကို အထင် အမြင် လွဲမှားမည်ကို စိုးရိမ်သည်။ သို့သော် ဤနှိုးဆော်ချက်သည် ဘုရားသခင်ထံမှဖြစ်ကြောင်း အတွေးဝင်ရောက်လာသောအခါ မငြင်းဆန်ရဲ၊ မနာခံသူ မဖြစ်လိုပေ။
လက်စ်လီ တရားရုံးတော်မှ…
ဘုရားသခင်၏အချိန်
ဂျမေးကားနိုင်ငံ တောင်ဘက်ကမ်းခြေတွင် တည်ရှိသော ဘုရားကျောင်းကို သင်းအုပ်ဆရာ Audley Black သည် ၂၀၀၅ ခုနှစ်ကတည်းက ပြင်ဆင်တည်ဆောက်ခဲ့သည်။ ထိုစဉ်က ကျွန်ုပ် ပထမအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ဘုရားကျောင်းကို ချဲ့ထွင်တည်ဆောက်ခြင်းဖြစ်ပါသည်။ ၂၀၁၁ နွေဦးအချိန်က နောက်တစ်ကြိမ် ရောက်ရှိခဲ့ပြီး ကျောင်းနံရံတစ်ချို့တစ်ဝက် တည်ဆောက်ပြီး ကြောင်း တွေ့ရသည်။ ထိုနွေကာလအတွင်း အမိုးမိုးသည်။ နောက်တစ်ကြိမ် ကျွန်ုပ်ထပ်လာဖြစ် မည်ဟု ခန့်မှန်းထားသည့် ၂၀၁၃ ခုနှစ်၌ ဘုရားကျောင်း ပြီးကောင်းပြီးမည်ဟု ကျွန်ုပ်ပြောသော အခါ ဆရာ Black က ဖြစ်နိုင်ကြောင်း ပြောခဲ့သည်။
များသောအားဖြင့် ကျွန်ုပ်တို့သည် ထိုသို့စိတ်မရှည်ကြပေ။ အသင်းတော်ကို လျင်မြန်စွာ ကြီးထွားလာစေချင်သည်။ လူငယ်လူရွယ်များအား ချက်ချင်း ရင့်ကျက်လာစေလိုသည်။ ပြဿနာ များကို ယနေ့ပင် ဖြေရှင်းပြီးပြတ်စေချင်သည်။
ကိစ္စအချို့တို့တွင် ဘုရားသခင်၏အချိန်ကို စောင့်ဆိုင်းရန် လိုအပ်ကြောင်း ကျွန်ုပ်တို့…
ခမည်းတော်ဘုရားသခင်၏ ကမ်းလှမ်းချက်
ဓမ္မဟောင်းကျမ်းပါ ယေဇကျေလကျမ်း၌ နာခံခြင်းမရှိသော လူမျိုးတော်အား ဘုရားသခင် က စီရင်ခြင်းအကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်က သူတို့အား “ငါ့ကိုပုန်ကန်တတ်သော အမျိုး” (၂း၃) နှင့် “ရဲသောမျက်နှာနှင့် ခိုင်မာသောနှလုံးရှိသောအမျိုးသား” (း၎) ဟု ခေါ်ဆိုသည်။ သူတို့ လွန်ကျူးသောအပြစ်များကို ခရေစေ့တွင်းကျ ဖော်ပြလျက် သူတို့အပေါ် ကျရောက်မည့် ပြင်းထန်သည့်စီရင်ခြင်းသည် အတော်ပင် ဆိုးရွားလှသည်။ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခံရ သော လူမျိုးတော်အတွက် ဘုရားသခင် ကြေကွဲလျက် ၀မ်းနည်းခြင်းအမှောင်ကျနေချိန်တွင် ရှင်သန်ခြင်းလမ်းသို့ ပြန်လည်လျှောက်လှမ်းရန် ကမ်းလှမ်းသော ဘုရားသခင်၏ မေတ္တာတော် အလင်းကို မြင်တွေ့ရသည်။
“သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ် သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။ အသေခံရသောသူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်း…
သင်တို့မတောင်းလျှောက်မီ
RBC ခရစ်ယာန်သာသနာလုပ်ငန်းမှ လုပ်ဖော်ဆောင်ဖက်တစ်ဦးက ဘာသာရေးစာစောင် များကို ဘာသာပြန်ဆိုသူအဖြစ် အစေခံခွင့်ရခြင်းကြောင့် ၀မ်းမြောက်ခံစားရကြောင်း ကျွန်တော့် အား ဝေမျှပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်ပေးမည့် စာအုပ်စာပေများ ဘာသာပြန်ရသဖြင့် သူက ပထမဦးဆုံး သွန်သင်ခြင်းခံရသည့်အတွက် သူမအတွက် အထူး ကောင်းချီးခံရသည်ဟု ဆိုသည်။ ဘာသာပြန်ရင်းမှ “ကျွန်မကြုံတွေ့နေရတဲ့ လိုအပ်မှုတစ်ခုခု အတွက် ကျွန်မကိုစကားပြောနေတဲ့ အကြောင်းအရာက အမြဲပါတယ်”ဟု ပြောပြသည်။ ဘုရား သခင်ထံမှ အားပေးနှစ်သိမ့်မှုလိုအပ်ချိန်၌ နှစ်သိမ့်ခြင်းနှင့်စပ်ဆိုင်သော ကျမ်းချက်ကို အတိအကျ ရရှိသည်။
သူမ၏ပြောပြချက်ပေါ်မူတည်၍ သစ္စာတော်ရှင် ဘုရားသခင်က နည်းမျိုးစုံဖြင့် ကျွန်ုပ်တို့ကို ဂရုပြုကြောင်း ကျွန်ုပ်ဆင်ခြင်မိသည်။ အသက်တာ၏ အခြေအနေအရပ်ရပ်တို့၌ စိန်ခေါ်ချက် ပေါင်းစုံကို ကျွန်ုပ်တို့ ရင်ဆိုင်ရသည်။ သို့သော် မိမိဖာသာ ရင်ဆိုင်ရန်မဟုတ်။ “သင်တို့အလိုရှိသမျှ တို့ကို သင်တို့မတောင်းမီ သင်တို့အဖ သိတော်မူ၏” (မ…
ရိုက် ညီနောင်၏ အစွမ်း
၁၉၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ လူငယ်တစ်ဦးသည် အကန့်များပါသည့် ကြီးမားသောသေတ္တာကြီးနှင့်တူသော ထူးဆန်းသည့် ယာဉ်ကြီးဖြင့် ပျံသန်းမှုတစ်ရပ်ပြုခဲ့သည်။ အမြင့်သို့ရောက်သွားသောအခါ ယာဉ်မောင်းသူက ကျွမ်းကျင်စွာဖြင့် လီဗာကို ထိန်းချုပ်ပြီး နယူး ယော့ဆိပ်ကမ်းပေါ်ဝယ် ပျံသန်းနိုင်ခဲ့သည်။ လူအများ တအံ့တသြ မော့ကြည့်ကြသည်။ ဆိပ်ကမ်းရှိ မော်တော်များမှ ဥသြဆွဲကာ သြဘာပေးကြသည်။ လေဘာတီရုပ်ထုအနီးရှိ လူပရိသတ်ကြီးမှ လည်း ဝေဟင်မှပျံသန်းလျက်ရှိသော ဝေးလ်ဘာ ရိုက် ကို မြင်သောအခါ ၀မ်းမြောက်စွာဖြင့် အော်ဟစ်အားပေးကြလေသည်။
ဝေးလ်ဘာ၏အစ်ကိုဖြစ်သူ အော်ဗီးလ်သည် ပထမဦးဆုံးလေယာဉ်ပျံကို ထိုထက် ၆ နှစ် စောပြီး မောင်းနှင်ခဲ့သည်။ သူက ဝေဟင်၌ ပျံသန်းလိုသည့်စိတ်ဖြစ်ပေါ်ပုံကို အောက်ပါအတိုင်း ထင်ဟပ်ပြောပြသည်။ “ဝေဟင်မှာ ပျံသန်းချင်တဲ့စိတ်က ဘိုးဘေးများထံမှ ရရှိခဲ့တာပါ။ သူတို့က အဆုံးအစမဲ့ ကောင်းကင်ကျယ်ကြီးထဲ အရှိန်အဟုန်နဲ့ လွတ်လပ်စွာပျံသန်းနေတဲ့ ငှက်တွေကို ကြည့်ပြီး…