အမျိုးအစား  |  Uncategorized

တရားဝင်အသိပေးစရာ

ဆွဇ် အကောက်ခွန်ဌာနက သာမန်လုပ်ရိုးလုပ်စဉ် အထုပ်အပိုးများကို စစ်ဆေးနေ၏။ သို့သော် သေတ္တာတစ်ခုအတွင်း ပါရှိသော ပစ္စည်းများမှာ သာမန်ပစ္စည်းများမဟုတ်။ ထိုသေတ္တာအတွင်း၌ ပီကာဆို ၏ မူရင်းပန်းချီကား ၁၄ ချပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ပုံဆွဲစာအုပ်အတွင်း ထည့်သယ်လာသော အနုပညာ လက်ရာများမှာ ခန့်မှန်းတန်ဖိုး ဒေါ်လာ ၁.၅ သန်းရှိပြီး သယ်ဆောင်သူခရီးသည်ကမူ အကောက်ခွန် အာဏာပိုင်တို့အား “တရားဝင်အသိပေးစရာ ပစ္စည်းတစ်စုံတစ်ရာမရှိပါ”ဟု ဆိုခဲ့သည်။

ပီကာဆို၏ပုံဆွဲစာအုပ်ကို အနွေးထည်များကြားညှပ် ထုပ်ပိုးပြီး လေဆိပ်မှ ခြေလှမ်းသွက်သွက်နှင့် ထွက်သွားနိုင်မည်၊ ဘယ်သူမှမသိဟု မျှော်လင့်ထားခြင်းကို မည်သို့မှပင် စဉ်းစား၍မရနိုင်ဖြစ်ရပါ၏။ သေချာသည်မှာ ထိုလူသည် ၄င်းကို မှောင်ခိုခိုးထုတ်နေခြင်းဖြစ်လေသည်။

ခရစ်ယာန်များအနေဖြင့် ပီကာဆို၏လက်ရာထက် ပို၍တန်ဖိုးကြီးမားပြီး တရားဝင်ကြေညာအသိ ပေးရမည့် အရာရှိပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ ခရစ်တော်၌ ထားရှိသော ယုံကြည် ခြင်းရတနာကို မိမိပတ်ဝန်းကျင်ရှိ အခြားသူများနှင့် ဝေမျှရမည့်အစား မိမိတို့၏နှလုံးသားများ၌…

ငါအရေးကြီးဆုံး

တစ်ခါက လူတစ်ဦးက “ခင်ဗျားရဲ့အရေးကြီးဆုံးပြဿနာက ဘာလဲ”ဟု မေးလာရာ ကျွန်တော်က “မှန်ထဲမှာ ကျုပ်ရဲ့အကြီးဆုံးပြဿနာကို နေ့တိုင်းတွေ့နေရပါတယ်”ဟု ပြန်ဖြေခဲ့သည်။ စိတ်ထဲ၌ မသိ မသာ ပေါ်ထွက်လာသော “ငါသာလျှင် အရေးကြီးဆုံး”ဟူသော စိတ်အလိုဆန္ဒများကို ဆိုလိုပါသည်။

သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့ အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာကာမစိတ်ကြောင့်ဖြစ်သည် မဟုတ်လော”ဟု ယာ ၄း၁ တွင် ရေးသား ထား၏။ “ကိလေသာကာမစိတ်”ဟူသည် အတ္တအကျိုးဖက်သော စိတ်ဆန္ဒများကို ရည်ညွှန်းသည်။ ထို့ကြောင့်လည်း “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ် သွေးဆောင်ခြင်းသို့ရောက်တတ်၏” (ယာ ၁း၁၄)။ ထိုသို့သော “ငါ ပထမ၊ မိမိသာအရေးကြီးဆုံး”ဟူသည့် စိတ်အလိုများသည် ဘုရားသခင်နှင့် မိတ်သဟာယကို ပျက်ပြားစေပြီး (၄း၎)၊ စိတ်ဝမ်းကွဲပြားမှုများ၊ စစ်မက်နှင့် ခိုက်ရန်ဖြစ်ခြင်းများကို ဖြစ်ပေါ်စေကြောင်း (း၁-) ရှင်ယာကုပ် သတိပေး၏။

ထို့ကြောင့်…

ကိုယ်တိုင်ရေးအတ္ထုပတ္တိ

ကောလိပ်၌ စာရေးနည်းသင်တန်းပို့ချစဉ်က ကိုယ်ရေးအတ္ထုပတ္တိအတိုရေးနည်း သဘောတရား နှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်နည်းလမ်းတစ်ခုကို စိတ်ကူးရခဲ့သည်။ ၄င်းမှာ အင်္ဂလိပ်စာလုံးခြောက်လုံး ဖြင့် ရေးသားရန်ဖြစ်သည်။ ပူလစ်ဇာစာပေဆုရှင် Ernest Hermingway က “တစ်ခါမှ မသုံးရသေးသော ကလေးဖိနပ်များ ရောင်းရန်” (For sales: baby shoes, never used) ဟု ကရုဏာသက်ဖွယ် ထိမိလှ သာ အတ္ထုပတ္တိတစ်ခုကို ရေးသားခဲ့ပါသည်။ ထိုစကားလုံးနောက်ကွယ်ရှိ ၀မ်းနည်းဖွယ်ဇာတ်လမ်းကို မှန်းဆတွေးကြည့်နိုင်ပါသည်။

ဤသဘောတရားကို တွေးကြည့်ရင်း သမ္မာကျမ်းစာ၌ လူများ၏အတ္ထုပတ္တိကို တိုတိုတုတ်တုတ်နှင့် ဖော်ပြမှုမျိုး ရှိနိုင်မည်လားဟု သိချင်လာခဲ့၏။ ကျမ်းစာထဲရှိ လူစွမ်းကောင်းအများအပြားတို့၏အကြောင်း ကို ထိုရေးနည်းပုံစံဖြင့် ဖော်ပြထားသည်ကို ကျွန်တော် တအံ့တသြတွေ့ရှိခဲ့ရပါသည်။ ဥပမာအားဖြင့် - ဒါဝိဒ်ကို ဘုရားသခင်က “ငါ့အလိုကို ပြည့်စုံစေမည့်သူ”ဟု ဆိုသည်။ ရှင်ပေါလုက သူ့ကိုယ်သူ “ယေရှု ခရစ်၏တမန်တော်ဖြစ်သော ငါပေါလု”ဟု…

ကြာရှည်စွာ စောင့်ဆိုင်းရသော ပြန်လည်ပေါင်းစည်းမှု

ကျွန်တော်ကလေးဘ၀က ကျွန်တော်အလွန်ချစ်သော ကျွန်တော့်ခွေးကြီးတစ်ကောင်ရှိပြီး တစ်နေ့ တွင် ပျောက်သွားသည်။ အခိုးခံရသလား၊ ထွက်ပြေးသွားသလား မသိရသော်လည်း ကျွန်တော် ဆောက် တည်ရာမရဖြစ်လျက် နေရာတိုင်း၌ လိုက်ရှာနေမိသည်။ ကျွန်တော်အမှတ်မိဆုံးအရာမှာ သစ်ပင်မြင့်ကြီး ပေါ်တက်ပြီး ပတ်ဝန်းကျင်ကို အထက်စီးမှ ကြည့်ကာ ခွေးကို ပြန်တွေ့လိုတွေ့ငြား မျှော်လင့်မိပါသည်။ ကျွန်တော့်ခွေးကို ပြန်လိုချင်ပါသည်။ သီတင်းပတ်ပေါင်းများစွာ ရှာဖွေရင်း ပြန်လည်တွေ့ဆုံရန် မျှော်လင့် ပါသည်။ သို့သော်လည်း ပြန်လည်ဆုံတွေ့ခွင့် မရခဲ့ပါ။

သေဆုံးသွားသော ချစ်ခင်သူများနှင့် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဟု စဉ်းစားမိသောအခါ ဆုံးရှုံးမှုကြီးဟု ခံစားရပါသည်။ သို့သော် ကိုယ်တော်ကိုချစ်ပြီး သိကျွမ်းသူအတွက် သေခြင်းတရားသည် ယာယီသာဖြစ်သည်။ တစ်နေ့သောအခါမှာ ထာဝရပြန်လည်ပေါင်းစည်းကြရပါမည်။

ပေါလုက သက်သာလောနိတ်မြို့သားများကို စိတ်ချမှုရှိစေရန် အားပေးသည်။ “ခရစ်တော်၌ သေလွန်သူတို့သည် အဦးပြန်ရှင်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကိုခံရသောအားဖြင့်…

အောင်မြင်ခြင်း၏ပျော့ကွက်

“ငွေကြေး၊ ဂုဏ်ပြုခံရခြင်း (သို့) လူထုစိတ်ဝင်စားမှု ခံရပြီး ကျော်ကြားခြင်း စသည်တို့ကို စိတ်မ၀င်စားတော့ပါက သင်သည် အောင်မြင်မှု အထွတ်အထိပ်သို့ရောက်ရှိခြင်းဖြစ်သည်။” ၄င်းသည် ဓာတုဗေဒပညာရှင် စာရေးဆရာ Dr. O. A. Battista တွေ့ရှိရေးသားခဲ့သည့် မှတ်သားစရာစာတိုကလေး ပေါင်း ၁၉၀၀၀ ကျော်အနက် တစ်ခုဖြစ်သည်။ မိမိတို့ပြုလုပ်ခဲ့သောအရာအတွက် ချီးမွမ်းခံရ၊ ဆုချခံရပါက ဆန့်ကျင်ဖက်အရာများဖြစ်တတ်ပါသည်။ နှိမ့်ချသောနှလုံးသားကလည်း ထောင်လွှားလာတော့သည်။

ရှောလုသည် ဘုရင်အဖြစ် ဘိသိက်ပေးခြင်း မခံရမီ မထင်မရှား မိသားစုကလေးမှ မွေးဖွားလာ၍ ဣသရေလလူမျိုးစု၏ အငယ်ဆုံး ဗင်္ယာမိန်မျိုးနွယ်စုဝင်ကလေးအဖြစ် သူ့ကိုယ်သူ နားလည်ခဲ့ပါသည် (၁ ရာ ၉း၂၁)။ နှစ်အနည်းငယ်ကြာသောအခါ အမြင့်ဆုံးအာဏာကိုရပြီး သူ့ဘ၀မှတ်တိုင်စိုက်ထူနိုင်ခဲ့သည် (၁၅း၁၁-၁၂)။ သို့သော် ဘုရားသခင်အား ရှောလု မနာခံသောအခါ ရှမွေလက “သင်သည် ကိုယ်အထင် အတိုင်း ငယ်သောသူဖြစ်လျက်ပင် ဣသရေလအမျိုးတို့၏အထွတ်သို့ရောက်၍ ဣသရေလရှင်ဘုရင်…

ပင်ပန်းသောသူအတွက်စကား

ဣသရေလလူတို့မှာ ရုန်းကန်နေကြရပါသည်။ ဗာဗုလုန်နိုင်ငံက သူတို့အား ဖမ်းဆီး၍ မွေးရပ်မြေ နှင့် ဝေးကွာသောနေရာသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားသည်။ ဤပင်ပန်းနွမ်းနယ်နေသူများကို ပရောဖက်ဟေရှာယ မည်သို့မစနိုင်မည်နည်း။

သူတို့မျှော်လင့်စရာ ကြိုတင်ပရောဖက်ပြုချက်ကို ဟေရှာယ မိန့်ကြားခဲ့သည်။ ၄င်းသည် ဘုရား သခင်ထံမှလာသော သတင်းစကားဖြစ်ပြီး၊ ကတိထားတော်မူသောမေရှိယနှင့် ဆက်နွယ်နေပါသည်။ ဟေရှာယ ၅၀း၎ တွင် ကယ်တင်ရှင်က တစ်နေ့တွင် သူကိုယ်တိုင်နှစ်သိမ့်အားပေးမည့်အကြောင်းကို ဖော်ပြပါသည်။ “ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း အရှင် ထာဝရ ဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။”

ဤစကားလုံးများမှာ တိုင်းတစ်ပါးသို့ ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရသူများနှင့် အနာဂတ်တွင် သခင်ယေရှု၏ကရုဏာတော်ဖြင့် ထိတွေ့ခြင်းခံရမည့်မျိုးဆက်များအတွက် နှစ်သိမ့်အားပေးသောစကား ဖြစ်သည်။ ဧ၀ံဂေလိကျမ်းများတွင် “ပင်ပန်းသောသူအား ခရစ်တော်က မစခြင်းအကြောင်း”ကို တွေ့ရပြီး ပရောဖက်ပြုချက်များကို ပြည့်စုံစေကြောင်း တွေ့ရပါသည်။ မိမိနောက်သို့လိုက်သောလူအုပ်ကြီးအား ခရစ်တော်က “၀န်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်”ဟု မိန့်တော်မူပါသည် (မ…

မိုက်မဲသောသူ

သခင်ယေရှုမှာ နူးညံ့သိမ်မွေ့သူဖြစ်သဖြင့် လူအချို့ကို မိုက်မဲသောသူဟုခေါ်သည်ကို တွေ့ရ သောအခါ ကျွန်ုပ်လက်မခံနိုင်အောင် ဖြစ်ရပါသည် (မ ၁၉း၁၃-၁၅)။ ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင် ထားသည့်အတိုင်း ကိုယ်တော်ရှင်က ဤရင့်သီးသောဝေါဟာရကို အသုံးပြု၍ အထူးသဖြင့် ဖာရိရှဲများကို ရည်ညွှန်းပြောဆိုသည် (မ ၂၃း၁၇-၁၉၊ လု ၁၁း၃၉-၄၀)

လောဘကြီးခြင်းအကြောင်း သတိပေးရာတွင် လူမိုက်ဟူသောစကားလုံးကို သခင်ယေရှုအသုံးပြု သည် (လု ၁၂း၁၃-၂၁)။ သူဌေးကြီးသည် သူ၏ကောက်ပဲသ

ကျေးဇူးတင်တတ်သောနှလုံးသား

ကျွန်တော်ငယ်စဉ်က အမေရိကန်နယ်မြေသစ်၌ အခြေချသူ ဒေဗီ ခရွတ်ကက်သည် ကျွန်တော့် သူရဲကောင်းပါ။ သူ့အကြောင်းရေးသားထားသည့် His Life and Adventures” ဆိုသည့်စာအုပ်၌ ဒေဗီ သည် လှပသော သဘာဝရှုခင်းများကို မြင်တွေ့ပြီး ဖန်ဆင်းရှင်ဘုရားသခင်ကို ချီးမွမ်းမိသည်ဟု ဖော်ပြ ထားသည်။ စာရေးသူက အောက်ပါအတိုင်း သရုပ်ဖော်ထားသည်။ “သစ်ပင်တောတန်းလေး၏ အလွန်၌ အလွန်တောက်ပသည့် ပန်းများနှင့် လှပနေသည့် မြေသြဇာကောင်းသည့် မြက်ခင်းလွင်ပြင် ရှုခင်းကို ဗိုလ်ကြီးဒေဗီသည် မြင်းဇက်ကိုဆွဲပြီး ရပ်တန့်ကာ အံ့သြမှင်သက်စွာနှင့် ကြည့်နေမိသည်။ သူသည် ဤသို့ တော်ရုံတန်ရုံ ခံစားတတ်သူမဟုတ်ပါ။ ဤကဲ့သို့သောသူက ‘အိုဘုရားသခင် ဒီလောက်လှပတဲ့ ကမ္ဘာကြီး ကို လူသားတွေအတွက် ကိုယ်တော်ဖန်ဆင်းပေးခဲ့တယ်။ ဒီအရာအတွက် တုံ့ပြန်ရကောင်းမှန်းမသိတာ တော်တော်သနားဖို့ကောင်းတာပဲ။ ကျေးဇူးတင်တဲ့အနေနဲ့တောင် မတုံ့ပြန်ကြဘူး’ဟု ရေရွတ်မိသည်။” ဖန်ဆင်းရှင်၏လက်ရာများအတွက် ကျေးဇူးတင်သည့်စိတ်နှင့် တုံ့ပြန်ရန်လိုကြောင်း ဒေဗီ သဘောပေါက်…

အကောင်းဆုံးကို ရှာဖွေခြင်း

Bible Gateway အမည်ရှိ အွန်လိုင်းကျမ်းစာအရင်းအမြစ်စင်တာသို့ လစဉ်ဝင်ရောက်ကြည့်ရှုသူ နှစ်သန်းခန့်ရှိပြီး ထိုလူများ၏အလေ့အလာကို ဆန်းစစ်ကြည့်ရာ ၂၀၁၀ ခုနှစ်တွင် ၄င်းတို့သည် ယော ၃း၁၆ ကျမ်းပိုဒ်ကို အများဆုံးရှာဖွေကြကြောင်း တွေ့ရှိရသည်။

ထိုကျမ်းပိုဒ်က ထိပ်ဆုံး၌ရှိနေခြင်းသည် အံ့သြဖွယ်ရာဟု ကျွန်တော်မထင်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့အား ချစ်ခင်မြတ်နိုးလှသဖြင့် သူ၏သားတော်ကိုစေလွှတ်ပြီး ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ကာ ထာဝရအသက်ကိုပေးတော်မူသည်။ လူတို့အရှာဖွေဆုံး ကျမ်းပိုဒ်စာရင်းတွင် သခင်ယေရှုက တပည့်တော် များအား ဧ၀ံဂေလိတရားပျံ့နှံ့ဟောကြားရန် “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ”ဟု မဟာအမှုတော်မြတ်စေစားချက်ကျမ်းပိုဒ် မ ၂၈း၁၉၊ သူ့လူများအတွက် ဘုရားသခင်၏ ကောင်းသော အကြံအစည်နှင့် ရည်ရွယ်ချက်များကို ဖော်ပြထားသော ယေရမိ ၂၉း၁၁ နှင့် ရောမ ၈း၂၈ ကျမ်းချက်များ က နံပါတ် ၁၀ ချိတ်သည်။

ကျမ်းစာ၌ ကျွန်ုပ်တို့ရှာဖွေပြီး ဝေငှနိုင်သည့် သမ္မာတရားများ အပြည့်ရှိသည်။ ဆာလံ ၁၁၉…

ဖမ်းကိုင်ထားသူ

ဘ၀အသက်တာဟူသည် စွန့်စားရသည့် အန္တာရာယ်များသောလုပ်ငန်းပမာ။ တစ်ခါတစ်ရံ ကြီးမားသောအောင်မြင်မှုကို ခံစားရရှိပါသည်။ သို့သော်လည်း ရုတ်တရက်အလွန်စိတ်ဓာတ်ကျ ဆင်းမှုကို ခံစားရပြီး အရှုံး ကျဆုံးမှု၏ ခြောက်လှန့်ခြင်းကို ခံစားရပါသည်။ ရှေ့အနာဂတ်တွင် မျော်ကြည့်စရာ မျှော်လင့်ချက် ရှိပါမည်လားဟု နှလုံးသား၌ခံစားရ၏။

မကြာသေးမီက ဈာပန၀တ်တစ်ခုတွင် ဆရာက ဆပ်ကပ်၌ ကောင်းကင်ဘားကစားသူ တစ်ဦးအကြောင်းကို ပြောပြသည်။ ဆပ်ကပ်ပွဲတွင် ကောင်းကင်ဘားကစားသူကို အဓိကလူအဖြစ် အများက မြင်ကြသော်လည်း ၎င်းမှာ မဟုတ်ကြောင်း၊ တကယ့်အခရာကျသူမှာ တစ်ဖက် ဘားတန်းမှသူ့ကိုဖမ်းမည့်သူသာဖြစ်သည်ဟု သူဝန်ခံပြောကြားသည်။ အခြားတစ်ဖက်မှ ကောင်းကင်ဘားအဖွဲ့သားတစ်ဦးက ဘားတန်းကိုခိုပြီး သူ့ကိုဖမ်းကာမြေပြင်ပေါ်သို့ ကောင်းစွာ ကျသွားရန် ကူညီပေးသည်။ အဓိကသော့ချက်မှာ ယုံကြည်စိတ်ချမှုပင်ဖြစ်ပါသည်။ ကြိုးတန်း တစ်ဖက်မှ လက်ဆန့်တန်းလျက် လွှဲပျံလာသူက သူ့လက်ကိုဖမ်းကိုင်မည့်သူသည် သူ့ကိုဖမ်းရန် အသင့်ရှိသူ၊ သူ့ကို သူဆုပ်ဖမ်းနိုင်သောခွန်အားရှိသည်ဟု ယုံကြည်ရပါမည်။ သေဆုံးခြင်းဆိုသည် မှာ ဘုရားသခင်ကို ဖမ်းကိုင်သူအဖြစ်…