အမျိုးအစား  |  Uncategorized

အသီးအပွင့်တို့ခံစားရခြင်း

မိမိမျှော်လင့်သည့်အတိုင်း ၀ိညာဉ်ရေးရာကြီးထွားမှုမရှိသောသူများကို ဝေဖန်ခြင်းက လွယ်ကူပါသည်။ အမှားပြင်ရန် လိုအပ်ချက်များကို အလွယ်တကူပင် ထောက်ပြနိုင်သော်လည်း မှန်ကန်သောအရာကိုလည်း ကျွန်ုပ်တို့သိမှတ်ရန် လိုအပ်ပါသည်။ သူ၏စာစောင်များတွင် ရှင်ပေါလု က အသင်းတော်များ၏ အမှားကိုပြင်ပေးသကဲ့သို့ ကောင်းသည့်အချက်များကိုလည်း ထောက်ပြ၍ ချီးမွမ်းပါသည်။

ဥပမာအားဖြင့် ကောလောသဲမြို့သားများထံ ရေသားလိုက်သောစာတွင် ရှင်ပေါလုက ဧ၀ံဂေလိတရားသည် အမြစ်တည်၍ ယုံကြည်သူများ၏ အသက်တာတွင် အသီးအပွင့်များတွေ့ရ                    ကြောင်း ဖော်ပြထားပါသည် (၁း၆)။ သူတို့၏ ၀ိညာဉ်ရေးရာ တိုးတက်ရေးအတွက် ဘုရားသခင်ကို ချီးမွမ်းပြီး သူတို့နှင့်အတူ ၀မ်းမြောက်သည်။ သခင်ယေရှုကို သူတို့သိရှိပြီး ယခုတွင် မိစ္ဆာဆရာများ နှင့် ရင်ဆိုင်ရုန်းကန်လျက် နေရသည် (၂း၆-၈)။ ၄င်းတို့သည် သန့်ရှင်းသူအပေါင်းတို့ကို လှိုက်လှဲ နက်ရှိုင်းစွာ ချစ်ခင်သောမေတ္တာစိတ်ရှိပြီး လက်တွေ့အနစ်နာခံပြီး ပူပန်စိတ်ကို ဖော်ကျူးခြင်း အတွက် ရှင်ပေါလုက ဘုရားသခင်ကို ကျေးဇူးတင်သည် (၁း၎)။ ဤလောကသည်…

အကြီးမြတ်ဆုံး

အားကစားပွဲများတွင် အကြီးမြတ်ဆုံးအရာမှာ အဘယ်အရာနည်း။ ချန်ပီယံဆုလား၊ စံချိန်သစ်လား၊ ဂုဏ်အသရေလား။ ပါလက်(စ)ထရာမြို့ ပင်န်ဆာလ်ဗေးနီးယား တက္ကသိုလ်၏ ဘတ်စကတ်ဘောကွင်းထဲတွင် အားကစား၌ အကြီးမြတ်ဆုံးအရာနှင့် စပ်လျဉ်း၍ တစ်မူ ထူးခြားသော ခံယူချက်တစ်မျိုးကို ရေးသားထားသည်။ “အားကစားပွဲတွင် အနိုင်ရရှိခြင်းမှာ ကြီးမြတ်ပါသည်။ ကစားပွဲ ဆင်နွှဲကစားခြင်းမှာ ပို၍ကြီးမြတ်ပါသည်။ သို့သော်လည်း ကစားပွဲ ကို ချစ်ခြင်းမှာ အကြီးမြတ်ဆုံးဖြစ်သည်။” စင်စစ် အားကစားဟူသည် ကလေးဘ၀က ပျော်ရွှင်စွာ ကစားခုန်ကစား ပျော်မြူးခဲ့ခြင်းကို အမှတ်ရ ကြည်နူးစေပါသည်။

ဘာသာရေးခေါင်းဆောင်တစ်ဦးက တစ်ခါ၌ ကြီးမြတ်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍ “မည်သည့်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်း” (မ ၂၂း၃၆) ဟု သခင်ယေရှုကို မေးမြန်း ခဲ့ဖူးသည်။ သခင်ယေရှုက ဘုရားသခင်ကိုချစ်ရန်၊ အခြားသူုကိုချစ်ရန် သူ့ကိုစိန်ခေါ်လိုက် သည်။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့... ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူုကို ကိုယ်နှင့်အမျှချစ်လော့…

အသင်းတော်ထဲမှ အလှတရား

ကျွန်မတို့လင်မယားမှာ အိမ်အသစ်တစ်လုံး ဆောက်မည်ဟု ဆုံးဖြတ်လိုက်သောအခါ လျှပ်စစ်ကိရိယာ တန်ဆာပလာများနှင် လုပ်ကိုင်လိုသည့် မိတ်ဆွေများနှင့် မိသားစုကို အကူအညီ မတောင်းဘဲ ကောင်းမွန်၍ လှပသော အိမ်ကလေးကို ဖန်တီးရန် ကျွမ်းကျင်သော အိမ်ဆောက်သူ တစ်ဦးကို ငှားလိုက်ကြပါသည်။

အသင်းတော်အဆောက်အဦတွင် အလှဆင်ခြင်းကို အစဉ်သဖြင့် လူတို့ဦးစားမပေးတတ် ပါ။ အချို့သောသူများက စိတ်ကူးယဉ်မှုဟုယူဆပြီး အလှအပ တန်ဆာဆင်ခြင်းမှာ ဖြုန်းတီးခြင်းဟု ယူဆကြသည်။ ရှေးကာလက ဣသရေလတို့ ၀တ်ပြုကိုးကွယ်ရာနေရာ ဗိမာန်တော်တည်ဆောက် ရာ၌ ဘုရားသခင်၏သဘောထားမှာ ထိုသို့မဟုတ်ပါ။ ဘယ်သူမဆို တစ်ယောက်ယောက်ကိုခေါ်ပြီး သာမန်တဲတစ်လုံး မထိုးခိုင်းပါ။ ကျွမ်းကျင်သော ဗေဇလေလနှင့် အဟောလျဘတို့ကို ခန့်အပ်ထား ခဲ့ပါသည် (ထွ ၃၆း၁)။ တဲတော်ကို သိုးမွှေးအဆင်တန်ဆာ၊ ဆန်းသစ်လှပသော ဒီဇိုင်းများနှင့် အလှဆင်စေပါသည် (၃၇း၁၇-၂၀)။

ဝတ်ပြုကိုးကွယ်ရာ၌ လှပတင့်တယ်မှုက ဘုရားသခင်၏ထိုက်တန်ကြီးမြတ်မှုကို သတိရစေ သဖြင့် အရေးကြီးပါသည်။…

မည်သို့ပင်ဖြစ်စေ အလင်းလင်းပါ

ရှင်းရှင်းပြောရလျှင် အရောင်းဆိုင်သို့ နောက်တစ်ခေါက် သွားရသည်ကို ကျွန်ုပ် မနှစ်သက် ပါ။ လွန်ခဲ့သောလေးပတ်က ၀ယ်ခဲ့သော ရေခဲသေတ္တာ မကောင်းသဖြင့် ကျွန်တော်တို့ဇနီးမောင်နှံ ပြန်အမ်းငွေရရန် ကြိုးစားခဲ့သည်။ နောက်တစ်ကြိမ် မန်နေဂျာနှင့် စကားပြောရပြီး ထိုကဲ့သို့ပြောရ ခြင်းက ကျွန်ုပ်တို့ ချောက်ကမ်းပါးသို့ ဦးတည်သွားနေသကဲ့သို့ ခံစားရသည်။ စကားပြောရင်း ပိုက်ဆံပြန်ရပါ့မလားဟုတွေးမိသော်လည်း သိမ်သိမ်မွေ့မွေ့ပြောနိုင်အောင် ကျွန်ုပ် ကြိုးစားခဲ့၏။

စကားပြောရင်းမှ မန်နေဂျာက “အများအားဖြင့် ၀ယ်သူတွေက ကျုပ်ကို အော်သွားတတ် တယ်။ ခင်ဗျားကတော့ တော်တော်စိတ်ရှည်တာပဲ”ဟု ပြောသည်။ ထို့နောက် သူက “ပြန်အမ်းငွေ ရဖို့ အခြားနည်းလမ်းကို စမ်းကြည့်တာပေါ့”ဟု ပြောသည်။ ကျွန်ုပ်ကို သူက မေးခွန်းအချို့မေးပြီး ငွေမှတ်စက်ထဲသို့ နံပါတ်အချို့ကို ရိုက်ထည့်သည်။ ဒေါသတကြီးနှင့် ၀ယ်သူအချို့အကြောင်းကို ခဏစကားပြောဖြစ်ကြသည်။ ထို့နောက် ငွေမှတ်စက်မှ ပြန်အမ်းငွေကို ဖော်ပြသောပြေစာတစ်ခု ထွက်လာသည်။ ကျွန်ုပ်တို့၏ပြဿနာက…

ဒဲလ်တန်ဂိုဏ်းညီအစ်ကိုများ

အမေရိကန်ပြည်ထောင်စုတွင် ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းက ဒဲလ်တန်ညီအစ်ကိုများသည် မကောင်းသတင်းဖြင့် ကျော်ကြားသော ၀ရမ်းပြေးများဖြစ်ကြသည်။ အစက သူတို့သည် ဥပဒေ ဘောင်အတွင်းမှ အရာရှိများဖြစ်ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ရာဇ၀တ်မှုတို့ ဖြည်းဖြည်းချင်းကျူးလွန်လာကြပြီး ဘဏ်နှင့် ရထားဓားပြတိုက်သူများအဖြစ် ကျော်ကြားလာသည်။ နောက်ဆုံး ဘဏ်နှစ်ခုကို တစ်ပြိုင်တည်း ဓားပြတိုက်ရန်ကြိုးပမ်းသည်။ ဓားပြတိုက်မည့်သတင်းကို ကြားသော မြို့နေလူထုက လက်နက်များကိုင်ဆောင်ကာ ဒဲလ်တန်ဂိုဏ်းညီအစ်ကိုများကို ပစ်ခတ် တော့၏။ ပစ်ခတ်မှု ပြီးဆုံးသွားသောအခါ Emmett Dalton တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ် ခဲ့သည်။ သူတို့၏ရာဇ၀တ်ကြွေးများကို ဆပ်ရမည့်အချိန်ရောက်လေပြီ။

စံပြအကျဉ်းထောင်တွင် ၁၅ နှစ်ကြာ အကျဉ်းချခံရပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် Emmett လွတ်မြောက်လာသည်။ အကျဉ်းထောင်ထဲတွင်ရှိနေစဉ် သူလျှောက်လှမ်းခဲ့သော လမ်းမှားခဲ့မှုများကို မြင်လာသည်။ ထို့ကြောင့် ထောင်မှထွက်လာသောအခါ လူငယ်လူရွယ်များ ရာဇ၀တ်မှု မကျူးလွန်အောင် ဟန့်တားရန် သူ့ဘ၀အတွေ့အကြုံများကို ဇာတ်ညွှန်းရေးကာ ၀ရမ်း ပြေးတစ်ဦး၏…

ဤအခန်း ဤနေရာ၌

ကျွန်ုပ်တို့၏အသင်းတော်တွင် ရွန်နှင့် ကဲရယ် ဟာရစ်တို့ သီဆိုသည့် “In This Very Room” ဟူသည့် သီချင်းကို ကျွန်ုပ်တို့ မကြာခဏ ဆိုလေ့ရှိကြသည်။ ထိုသီချင်းက “ဤအခန်း ထဲတွင် ကျွန်ုပ်ကဲ့သို့သောသူအတွက် လုံလောက်သောမေတ္တာရှိပေ”ဟု အစပြုထားသည်။ အခြား ခရစ်ယာန်များနှင့် စုဝေး၀တ်ပြုခြင်းက အလွန်ခွန်အားရစေသော်လည်း ခရစ်တော်ရှိနေခြင်းက ပို၍ အရေးကြီးကြောင်း ၄င်းသီချင်းက သတိပေးနေသည်။ ကိုယ်တော်က ဘုရားကျောင်းတွင်သာမက ကျွန်ုပ်တို့အသက်တာကဏ္ဍတိုင်းတွင် ရှိနေပါသည်။

ဤစာကို သင်ဘယ်မှာဖတ်နေသလဲ။ မီးဖိုချောင်၌လား၊ ကော်ဖီဆိုင်မှာလား၊ အကျဉ်းစခန်း မှာလား၊ စစ်စခန်းမှာလားဟု ကျွန်ုပ် တွေးတောမိသည်။ သင်သည် ဆေးရုံ (သို့) တရားရုံးသို့လည်း ရောက်ကောင်း ရောက်နေနိုင်သည်။ ထိုနေရာသည် သင့်အသက်တာ၏ အောင်မြင် အဆင်ပြေမှု များကို ပြန်လည်မြင်ယောင်စေသောအခန်း (သို့) သင်၏လွဲချော်ရှုံးနိမ့်မှုများကို ပြန်လည်သတိရ စေသော နေရာတစ်ခုဖြစ်နိုင်သည်။ ထို့ပြင်…

ဘုရားသခင်၏သဘောတော်အပေါ် အမြင်စောင်းခြင်း

ဈေးအသင့်အတင့်ဖြင့် မိမိ၏ရယ်စရာပုံစံကို ရေးဆွဲလိုသူများအတွက် ပုံတူရုပ်ပြောင်ဆွဲ သည့် ပန်းချီဆရာများ လူစည်ကားသည့်နေရာများ၌ရှိသည်။ မိမိ၏ရုပ်ပြောင်ပုံတူကို ရယ်စရာ ကောင်းအောင် ချဲ့ကားဆွဲထားသော်လည်း မိမိမှန်းသိလွယ်သောကြောင့် ထိုပုံတူများကို ကျွန်ုပ်တို့ သဘောကျတတ်သည်။

သို့သော် ဘုရားသခင်၏သဘောတော်နှင့်စပ်လျဉ်း၍ ချဲ့ကားခြင်းက ရယ်စရာမဟုတ်ပြီ။ ဘုရားသခင်၏ဂုဏ်တော်များထဲမှ တစ်ခုကို ချဲ့ကားခြင်းက ဘုရားသခင်အပေါ် လူအများ၏အမြင် စောင်းသွားအောင် ပုံပျက်သွားစေနိုင်၏။ ဘုရားသခင့် ဂုဏ်တော်ကိုအမြင်စောင်းလျှင် ကိုယ်တော် ကို အလေးအနက်မထားတော့ပါ။ ဘုရားသခင်ကို အမျက်ထွက်တတ်၍ အမှန်တရားကို တောင်းဆိုသော တရားသူကြီးအဖြစ် မြင်သူများက သူတို့ကို ကရုဏာပြသူနောက် အလွယ်တကူ ပါသွားသည်။ ဘုရားသခင်ကို သနားကြင်နာတတ်သော အဖိုးအဖြစ် တစ်လျှောက်လုံးမြင်လာသူ များက မတရားခံရလျှင်၊ တရားမျှတမှု လိုလားလျှင် ထိုအမြင်ကို စွန့်ပယ်ကြတော့သည်။ ဘုရား သခင်ကို အသက်ရှင်၍ ချစ်တတ်သောပုဂ္ဂိုလ်ထက် အတွေးအခေါ်ယူဆချက်အဖြစ်သာ ရှုမြင်သူ များသည် တစ်ဖြည်းဖြည်းနှင့် အခြားအတွေးအခေါ်များကို…

ကောင်းပါတယ်

 


 

 

တစ်စုံတစ်ယောက်က “နေကောင်းလား”ဟု မေးလျှင် “ကောင်းပါတယ်”ဟု အများအားဖြင့် ပြန်ဖြေတတ်သည်။ ထိုကဲ့သို့ပြောလိုက်ခြင်းက ကျွန်ုပ်တို့ အမှန်တကယ် “နေကောင်းသည်” (သို့) “အဆင်ပြေတယ်”ဟု ဆိုလိုပြီး မိမိ၏စရိုက်သဘောထားမှန်ကို ပြောနေခြင်းမဟုတ်ဘဲ ယေဘုယျ အခြေအနေကို ပြောခြင်းဖြစ်သည်။ ထိုသဘောဖြင့် ကျွန်ုပ် အကြိမ်မရေမတွက်နိုင်အောင် တုံ့ပြန်ခဲ့ ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ဖြေကြားရသည်ကို စိတ်အနှောင့်အယှက်ဖြစ်လာ၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ကောင်းသည်ဟူသောစကားကို ကျွန်ုပ်တို့ သုံးနေခြင်းမဟုတ်ပါလား။

ယေရှုက သူ့ကို “ကောင်းမြတ်သောဆရာ”ဟုခေါ်သည့် သူဌေးလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ သည် (မ ၁၉း၁၆)။ သခင်ယေရှုသည် ကောင်းမြတ် (ပြည့်ဝစုံလင်)သူတစ်ဦး ဖြစ်ရုံမက ဆရာ တစ်ပါးလည်းဖြစ်သောကြောင့် သူဌေးလေး၏စကားက မှန်ပါသည်။ ကိုယ်တော်သာလျှင် ထိုခေါ်ဆို မှုနှင့် ထိုက်တန်၏။

သို့သော်လည်း သူပြောသည့် ကောင်းမြတ်သည်ဟူသော…

သင့်ကိုယုံနိုင်ပါမည်လား

လိမ်လည်မှုကို စစ်ဆေးဖော်ထုတ်ရာ၌ ကျွမ်းကျင်သူများ၏အဆိုအရ “ကျွန်ုပ်တို့၏ သဘာဝမှာ လူများကို ယုံကြည်လိုသောဆန္ဒရှိကြသည်။” သို့သော်လည်း လူတိုင်းက အမြဲ မယုံ ကြည်ထိုက်ပါ။ လူတစ်ဦး လိမ်လည်နေပါက ပေါ်လွင်နေသောလက္ခဏာများမှာ ဂနာမငြိမ်ဖြစ်နေ ခြင်း၊ မျက်လုံးချင်း ဆက်သွယ်မှုမရှိခြင်း၊ သတိထားမိလောက်အောင် စကားကိုနားနားပြီးပြောခြင်း များဖြစ်သည်။ ထိုကဲ့သို့သော သဲလွန်စများရှိငြားလည်း လိမ်လည်သူများနှင့် ရိုးသားသူများကို ခွဲခြားရန်မှာ အတော်လေးခက်ခဲနေသေးကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ဂိဗောင်မြို့သားတို့ကို ယုံကြည်သင့် မသင့် ယောရှု ပိုင်းခြားသိရန်လိုသည်။ ပြည်သား အပေါင်းကို ဖယ်ရှင်းရန် ဘုရားသခင် မှာထားကြောင်း ဂိဗောင်မြို့သားတို့ သိသောအခါ သူတို့သည် အလွန်ဝေးသောပြည်မှ လာခဲ့ဟန် ယောင်ဆောင်ကြသည် (ယောရှု ၉း၂၄)။ အ၀တ် ဟောင်းနှင့်စုတ်ပြတ်သောခြေနင်းတို့ကို ၀တ်ဆင်လျက် ရောက်ရှိလာကြပြီး “ဤအ၀တ်နှင့် ဤ ခြေနင်းတို့သည်လည်း အလွန်ခရီးဝေးသောကြောင့် ဟောင်းနွမ်းပါပြီ” (း၁၃) ဟု ပြောဆိုကြသည်။…

မိမိပုံစံနှင့်မကိုက်

စတားဝါး ရုပ်ရှင်ဇတ်ဝင်ခန်းတစ်ခုတွင် နဂါးငွေ့တန်းကြီး၏ အစွန်းထောင့်တစ်နေရာ၌ ပုံသဏ္ဌာန် ဆန်းပြားသည့်သတ္တ၀ါများသည် စားသောက်လျက်၊ ဂီတဖျော်ဖြေမှုများ ခံစားလျက် ပျော်ရွှင်နေကြသည်။ လုခ်စကိုင်း ဝေါ့ကာနှင့်သူ့စက်ရုပ်၂ ရုပ်တို့ ထိုနေရာသို့ရောက်သွားသော် ဂြိုလ်သားများက ၎င်းတို့နှင့်မတူသည့် လူသားနှင့်စက်ရုပ်များကို ၀န်ဆောင်မှုမပေးနိုင်ဟု ခါးခါးသီးသီး ငြင်းသဖြင့် ဝေါ့ကာတို့ တအံ့တဩနှင့်လှည့်ပြန်ခဲ့၏။

ထိုထူးထူးဆန်းဇတ်ဝင်ခန်းလေးက အသင်းတော်မှ မိတ်ဆွေအချို့ကို သတိရစေပြီး၊ ကျွန်ုပ်တို့ ကမ္ဘာ ဂြိုလ်ပေါ်၌ ရင်ဆိုင်နေရသော အချင်းချင်းပေါင်းသင်းဆက်ဆံရေးကိုလည်း ဖော်ကျူးထားသည်။ ကျွန်ုပ်တို့သည် မိမိနှင့် စရိုက်တူသူများနှင့်သာ ဆက်ဆံရေးပြေလည်သည်။ အဆင်ပြေသည်။ အကယ်၍ သခင်ယေရှု သည်လည်း သူနှင့်ဂုဏ်ရည်တူသူများနှင့်သာ ပြေလည်မည်ဆိုပါက ကျွန်ုပ်တို့ ဘယ်အခြေအနေဆိုက် မည်နည်း။ အံ့ဩဖွယ်ဘုရားသခင်၏ ဂုဏ်တော်၊ အရာခပ်သိမ်းပြည့်စုံခြင်းများ ကိုယ်တော်ထံ၌ရှိပြီး ကျွန်ုပ်တို့နှင့် များစွာခြားနားသည်။ သို့သော်လည်း ကျွန်ုပ်တို့နှင့်အတူရှိပြီး ကျွန်ုပ် တို့အတွက် အသေခံရန် သခင်ကြွလာပါ သည်။

သခင်ယေရှု၏နောက်လိုက်များ၌ “ငါတို့နဲ့ ပုံစံမတူဘူး” ဟူသော…