လ - ဧပြီ 2012

ကိုယ့်နည်းအတိုင်း သွားမှာလား

မလိုက်ဖက်ဆုံး ပြိုင်ဖက်များကို စဉ်းစားကြည့်ပါ။ အဲလ်ဘတ် အိုင်းစတိုင်းနှင့် ပထမတန်း ကျောင်းသားလေးကို ရွေ့လျားမှုသီအိုရီအကြောင်း စကားနိုင်လုစေခြင်း၊ သိပ္ပံပညာရှင် ဂျော့ ၀ါရှင်တန် ကာဗာနှင့် အလယ်တန်းကျောင်းသားအား ဇီဝဓာတုဗေဒ အင်ဂျင်နီယာပညာရပ်အား ဆွေးနွေးခိုင်းခြင်းမျိုး ဆိုပါစို့။

တစ်ဦးက သူမတူအောင် ထူးချွန်သော ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး အခြားတစ်ယောက်မှာ ဆွေးနွေး ရမည့်အကြောင်းကို အနည်းငယ်မျှသာသိရှိသူ - ထိုကဲ့သို့သောပြိုင်ဖက်များကို တွဲထားခြင်းက မိုက်မဲမှုပင်။ ထိုသဘောအတိုင်းပင် လူသားများအတွက် ဘုရားသခင်၏အကြံအစည်နှင့် ပတ်သက်၍ အငြင်းပွား ပြောဆိုသူ မည်သူမဆိုနှင့် ဘုရားသခင်ဆိုလျှင် မှားယွင်းသောအတွဲ ပြိုင်ဖက်ပင်။ သို့ငြားလည်း လူသား များက တုနှိုင်းဖွယ်မရှိသော ဘုရားသခင်၏ဥာဏ်တော်ကို ကြိုးစားအနက်ဖွင့်ခြင်း၊ သူတို့၏နည်းလမ်းက ဘုရားသခင်၏နည်းလမ်းထက်ပင် ပို၍ကောင်းကြောင်း ပြောဆိုနေခြင်းများကို မကြာခဏဆိုသလိုပင် ကြားနေရသည်။

အကျဉ်းကျနေသူတစ်ဦးက “ဘုရားသခင်ဟာ စစ်မှန်ပြီး အရာအားလုံး၏ဖန်ဆင်းရှင်ဖြစ်တယ် ဆိုတဲ့ အဓိကအချက်ကို ဘ၀မှာ နောက်ဆုံးတော့…

ရှည်လျားကွေ့ကောက်သောခရီးလမ်း

တစ်ခါတစ်ရံတွင် ဘ၀လမ်းသည် မခံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းလှပြီး ဆက်သွား ရန် ခွန်အားနှင့်ဆန္ဒ မရှိသလောက်ပင်။ သို့သော် ဤလမ်းသို့ မလျှောက်မီကပင် ထိုလမ်းသည် ရှည်လျားသည်ကို ဘုရားသခင် ကြိုတင်သိနှင့်ပြီးဖြစ်ကြောင်း ကျွန်ုပ်သတိရမိသည်။ ကြုံတွေ့ရ သော အခက်အခဲများ၊ သူတစ်ပါးကိုပင် ရှင်းပြ၍မရနိုင်သော နာကျင်မှုများကို ဘုရားသခင်သည် အမြဲတမ်း နားလည်သိရှိသည်။ ကိုယ်တော်သည် အရာရာကို သိရှိပြီး ကျွန်ုပ်တို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်။ ယနေ့သင်သည် နာကျင်စွာ စိတ်ထိခိုက် ခံစားကောင်း ခံစားနေရမည်။ ခက်ခဲသော အမှု တော်လုပ်ငန်းကြောင့်၊ အိမ်ထောင်ရေးသောကကြောင့်၊ ခက်ခဲစွာ ရုန်းကန်နေရသောကလေးကို သနားခြင်းကြောင့်၊ သက်ကြီးရွယ်အို မိဘများအား ဂရုစိုက်ရခြင်းကြောင့်၊ အခြားအခြားသော ဘ၀၌ ကြုံတွေ့လာရသော အခက်အခဲများ စသည်ဖြင့် ဖြစ်ကောင်းဖြစ်မည်။ “တကယ်တော့ ဘုရားသခင်က ငါ့ကို ဒီလမ်းမလျှောက်ခိုင်းသင့်ဘူး၊ ပိုပြီးလွယ်ကူချောမွေ့တဲ့ နောက်တစ်လမ်း ဧကန်မုချရှိမှာပါ”ဟု သင်ပြောနိုင်ပါသည်။…

မိမိကိုယ်ကို ပျက်စီးစေသော အမုန်းတရား

လူမည်း ဂျော့ ၀ါရှင်တန် ကာဗာ (၁၈၆၄-၁၉၄၃) သည် ဆိုးရွားသောလူမျိုးရေးဘက်လိုက် မှုကို အောင်မြင်ကျော်လွှားနိုင်ခဲ့၍ ကျော်ကြားသော အမေရိကန်ပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရ သည်။ ခါးသီးဖွယ် အနှိမ်ခံခဲ့ရမှုများကို အရှုံးပေးရန် သွေးဆောင်ခံရခြင်းကို ပစ်ပစ်ခါခါ ငြင်းပယ်၍ “အမုန်းတရားသည် မုန်းတီးနေသူအား တဖြည်းဖြည်း ဖျက်ဆီးသွားလိမ့်မည်”ဟု ဥာဏ်အမြော် အမြင်ဖြင့် ရေးသားခဲ့သည်။

ဧသတာဝတ္ထု၌ မုန်းတီးခြင်းသည် မိမိကိုယ်ကို ပျက်စီးစေနိုင်ကြောင်း တွေ့ရသည်။ ဂျူးလူမျိုး မော်ဒကဲသည် ရာထူးဂုဏ်ရှိန်ကြီးမြင့်သော ဟာမန်ကို ပါရှားရုံးတော်၌ ဦးညွတ်ဂါရ၀ ပြုရန် ငြင်းဆန်ခဲ့သည်။ ထိုအပြုအမူကြောင့် ဟာမန် အလွန်ဒေါသထွက်ကာ မော်ဒကဲနှင့် သူ့လူမျိုး များသည် နိုင်ငံအတွက် အန္တရာယ်ရှိသည့်နှယ် ဘုရင်အား သတင်းအမှားများပေးခဲ့သည် (၃း၈-၉)။ သူ့အကြံအောင်ခဲ့ပြီး ဟာမန်သည် ဘုရင်ထံမှ ဂျူးလူမျိုးများကိုသတ်ရန် အခွင့်တောင်းခဲ့သည်။ ဘုရင်ကလည်း ထိုအမိန့်ပြန်တမ်းကို ကြေငြာခဲ့သည်။ သို့သော် ၄င်းကို…

ဆက်ကပ်အပ်နှံရန်ဖိတ်ခေါ်

ကာယနှင့်ကျန်းမာရေးစင်တာများ၌ ဇန်န၀ါရီလတွင် လူများစွာ လာရောက်စာရင်းပေးသွင်း ပြီး အကြိမ်အနည်းငယ်သာ လာရောက်လေ့ကျင့်ကြသည်။ ထို့ကြောင့် ၀င်ကြေးပေးပြီး တစ်ခါမှ လာမကစားလျှင်လည်း ငွေရပြီးဖြစ်၍ ကိစ္စမရှိပါ။ သို့သော် ကာယလေ့ကျင့်ရေးဆရာ ဂျက်စီ ဂျုံးစ် က ထိုသို့လက်မခံ။ စာရင်းလာပေးပြီး လာရောက်ကစားခြင်း၊ လေ့ကျင့်ခြင်းမရှိလျှင် သူက အဖွဲ့ဝင် အဖြစ်မှ ပယ်လိုက်ပြီး “ငွေကို ချွေတာစုထားပါ။ တကယ် ကစားချင်တယ်ဆိုမှ ပြန်လာခဲ့ပါ။ နောက် ၃ လစာ သင်တန်းကြေးလိုချင်လို့မဟုတ်ဘူး။ ... ကိုယ့်ပန်းတိုင်ကို အရောက်သွားမယ့် လူကိုပဲ လေ့ကျင့်မွေးထုတ်ချင်ပါတယ်”ဟု ပြောလိုက်သည်။

လု ၉း၅၇-၆၂ တွင် ယေရှုနောက်သို့လိုက်လိုသည့် လူသုံးဦးကို တွေ့ရပြီး ယေရှုထံမှ ပြင်းထန်သော တုံ့ပြန်မှုကို ၄င်းတို့ရရှိခဲ့သည်။ “လူသားမူကား ခေါင်းချရာမျှမရှိ” (း၅၈)၊ “လူသေတို့ သည် မိမိလူသေတို့ကို သဂြုင်္ိဟ်ပါလေစေ” (း၆၀)၊ “ထွန်ကိုင်းကိုကိုင်လျက်…

စစ်မှန်သောဘာသာတရား

မကြာသေးမီက အပြာရောင် ဂျင်းဘောင်းဘီနှင့် တွဲဖက်ထားသည့် အဆင်တန်ဆာများ ပါသည့် လူငယ်များအတွက် အ၀တ်အစားကြော်ငြာတစ်ခုကို တွေ့ခဲ့ရသည်။ ထိုအရာများထက် ကျွန်ုပ်အာရုံကို ဖမ်းစားသောအရာမှာ “True Religion” စစ်မှန်သောဘာသာတရားဟူသည့် တံဆိပ်ဖြစ်သည်။ ဒီနာမည်ကို ဘာကြောင့်ရွေးချယ်တာလဲ။ ပိုမိုလေးနက်တဲ့ အဓိပ္ပာယ်ကို ကျွန်တော် မမိ၊ မသိတာလား။ အကောင်းစားဂျင်းနှင့် စစ်မှန်သော ဘာသာတရားက ဘယ်လို ပတ်သက်ဆက်စပ်လဲ။ ဘာအဓိပ္ပာယ်ကို ဆိုလိုပါသလဲ။ ကိုယ့်အတွေး ကိုယ့်အမေးများက အဖြေ မရှိခဲ့ပါ။

ရှင်ယာကုပ်သြ၀ါဒစာမှ စစ်မှန်သော ဘာသာတရား (သို့) မှန်သောယုံကြည်ခြင်းကို ရှင်းလင်းစွာ ပြောပြသည့်အတွက် ကျေးဇူးတင်မိပါသည်။

“ခရစ်တော်ဘုရားရှေ့၌ စင်ကြယ်သန့်ရှင်းသောသီလဟူမူကား မုဆိုးမနှင့် မိဘမရှိသော သူငယ်တို့သည် ဆင်းရဲခံရသောအခါ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ် အကြေးနှင့် ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း” (ယာ ၁း၂၇)။ စစ်မှန်သော ဘာသာ တရား၊…

အရာရာတိုင်း လှပနေသည်

အောက်ခံ ခရမ်းရောင်နှင့် လိမ္မော်ရောင် တွဲဖက်ကာ အနက်ရောင် ဇာအတွန့်သဏ္ဌာန် လှပ သော ဒီဇိုင်းက ကျွန်မ၏အာရုံကို ဖမ်းစားသဖြင့် ရှုပ်ထွေးနုရွနေသည့် ထိုဒီဇိုင်းကို အင်မတန်တော် သည့် အနုပညာရှင်ကြီးက ဖန်တီးခြင်းဖြစ်မည်ဟု ကျွန်မထင်မိလိုက်သည်။ သို့သော် ဓာတ်ပုံကို အနီးကပ်ကြည့်သော် လှပသော ထိုဒီဇိုင်းကို ဖန်တီးသည့် ပညာရှင်ကို ဓာတ်ပုံ ထောင့်တစ်နေရာ၌ တွေ့လိုက်ရပါသည်။ အနုပညာဖန်တီးရှင်က ပိုးကောင်လေးတစ်ကောင်ဖြစ်ပြီး လှပသောဒီဇိုင်းမှာ ၄င်းစားထားသည့် သစ်ရွက်များပင်ဖြစ်သည်။ လှပသည်ဟုဆိုရာ၌ ပိုးစားထားသောသစ်ရွက်များကို မဆိုလိုပါ။ ထိုသစ်ရွက်ရှိ ပိုးပေါက်ကြားမှ ဖြတ်ထွက်လာသည့် အလင်းတန်းများက လှပသော ဒီဇိုင်းကို ဖြစ်စေသည်။

ဓာတ်ပုံကိုကြည့်ရင်း အပြစ်ပိုးကောင် ကိုက်စားသည့်အသက်တာများအကြောင်း စဉ်းစားမိ သည်။ ရလဒ်က အလွန်ဆိုးဝါးပါသည်။ ပျက်စီးစေပါသည်။ မိမိ၏မှားယွင်းသောရွေးချယ်မှု၊ အခြား သူများ၏ မှားယွင်းသောရွေးချယ်မှုများ၏ အကျိုးဆက်ကို ကျွန်မတို့ခံစားရသည်။ ကျွန်မတို့သည် အပြစ်ဒုစရိုက်၏သားကောင်များပင်။

သို့သော်…

လမ်းကြောင်းထွင်

အမေရိကန်၏ပထမဆုံး အဝေးပြေးလမ်းမကို ဖောက်လုပ်သူများမှာ မီချီဂန်ဒေသခံ တိုင်းရင်းသားများဖြစ်သည်။ လူဖြူများ မ၀င်ရောက်လာမီ နှစ်ပေါင်းရာကျော်ကတည်းက ကန္တာရ တောများကိုရှင်းလင်းပြီး ဖောက်လုပ်ခဲ့သည့် လမ်းကြောင်းအတိုင်း လက်ရှိအဝေးပြေးလမ်းမကြီးကို ဖော်လုပ်ထားခြင်းပါ။ မူလက ထိုလမ်းမှာ လူတစ်ယောက်သွားရုံ တစ်ပေခွဲသာသာကျယ်ဝန်းပြီး လုံခြုံရေးအတွက် ထိုတစ်လမ်းကိုသာ သုံးခဲ့ကြသည်။ နောက်ပိုင်း မြင်းနှင့် ၀န်သယ်သော လှည်းများဖြင့် သွားလာကြပြီး ကျယ်ပြန့်ဖုန်ထသောလမ်းဖြစ်လာသည်။ အဆုံးတွင် အဝေးပြေး လမ်းမကြီးဖြစ်လာသည်။

ထိုနည်းတူစွာပင် ရှောလမုန်မင်းကြီးသည် သူ့ဖခင် သွားခဲ့သည့်လမ်းအတိုင်း လိုက်လျှောက်ကာ သူ၏သားမြေးများကိုပါ လိုက်လျှောက်စေခဲ့သည်။ သူ့ဖခမည်းတော် သွန်သင် သမျှကို သူနာခံလိုက်လျှောက်သကဲ့သို့ သူ့စကားများကို နားထောင်ရန် သူ့သားသမီးများကို တိုက်တွန်းခဲ့သည် (သု ၄း၎-၅)။ သူ့သားများအား ကောင်းသောဝိညာဉ်ပိုင်းဆိုင်ရာ လက်တွေ့ အသက်ရှင်မှုကို ပြသခဲ့ခြင်းမှာ သားများ၏အဘိုး (သူ့ဖခင်)ဖြစ်သူထံမှ ရရှိသော သင်ခန်းစာများကို လက်ဆင့်ကမ်းခြင်းဖြစ်သည်။ ဒါဝိဒ်မင်းသည် ဘုရားသခင်၏စိတ်နှလုံးတော်နှင့် ညီညွတ်သောသူ…

ဘုရားသခင်နှင့် တစ်နေ့လုံး

ဘရာသာလောရင့်စ် (၁၆၁၄-၁၆၉၁)သည် ခရစ်ယာန်ဝတ်ကျောင်း မီးဖိုထဲတွင် အိုးခွက်နှင့် ဒယ်ပြားများကို တိုက်ချွတ်ဆေးကြောနေရင်း ဘုရားသခင်နှင့် ပို၍ကျွမ်းဝင်ရင်းနှီးလာသည်ဟု ခံစားရသည်။ စင်စစ် သူ၌ ဘုရားသခင်ထံ ၀တ်ပြုဆုတောင်းချိန်သီးသန့်ရှိပါသည်။ သို့သော် အလုပ် လုပ်ကိုင်နေချိန်အတွင်း ဆုတောင်းခြင်းက အသက်တာကို ပြောင်းလဲစေကြောင်း တွေ့ရှိခဲ့ သည်။ ၀တ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သည့် Practicing the Presence of God စာအုပ်တွင် သူက “ဆုတောင်းချိန်ဟာ အခြားအချိန်တွေနဲ့ ကွဲပြားခြားနားရမယ်လို့ တွေးတတ်ခြင်းဟာ မှားယွင်းတဲ့ အတွေး၊ လှည့်စားမှုကြီးပါပဲ။ အလုပ်လုပ်နေတဲ့အချိန်မှာ အလုပ်လုပ်နေတဲ့အလျောက်၊ ဆုတောင်း ချိန်မှာ ဆုတောင်းနေတဲ့အလျောက် ဘုရားသခင်ကို စွဲမြဲဖက်တွယ်နေရမယ်။ ဒါကို တင်းကြပ်စွာ ဆောင်ရွက်ရမယ်”ဟု မိန့်ဆိုခဲ့သည်။ အချုပ်အားဖြင့်ဆိုသော် “မခြားမလပ်ဆုတောင်း ပတ္ထနာပြု ကြလော့” (၁ သက် ၅း၁၇) ဟု သူက ထောက်ခံတိုက်တွန်းခြင်းပင်။

တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့က…

မတွေ့ရသေးသော

ကျွန်မနှင့် ခင်ပွန်းသည်တို့ ဗာဂျီးနီးယားအရှေ့ပိုင်းကမ်းခြေသို့ ကားမောင်းသွားရင်း ကျွန်မ က မြေပုံကိုကြည့်ပြီး ပင်လယ်ကမ်းခြေသို့သွားသည့်လမ်းကို ရှာဖွေခဲ့သည်။ နောက်ဆုံး၌ လမ်း တစ်ခုကို တွေ့ရှိပြီး ကျွန်မတို့နေဘက်သို့ မျက်နှာမူ မောင်းနှင်ခဲ့သည်။

မိနစ်အနည်းငယ်ကြာသောအခါ ပင်လယ်ကမ်းခြေ မရောက်ရှိမီ သဘာဝတောရိုင်းဘေးမဲ့ တောထဲသို့ ရောက်သွားသောကြောင့် ပျော်ရွှင်စွာရယ်မောမိသည်။ ဘေးပတ်ပတ်လည်တွင် သဲတောင်ပူစာများ၊ စိမ့်တော၊ ပင်လယ်မြက်ပင်များ၊ စင်ရော်ငှက်များ၊ ဗျိုင်းများနှင့် အပြာရောင် ငဟစ်ငှက်များနှင့် ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားကာ အံ့သြဖွယ်ပင်။ ကျွန်းတစ်ခုမှတစ်ခုသို့ မြင်းရိုင်းများ ရေကူးသွားသည့် ရှုခင်းရှိသော နာမည်ကြီး Chincoteague နှင့် Assateague ကျွန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အခြားသူများအနေနှင့် ထိုကျွန်း၏ထူးခြားမှုနှင့် အလှတရားကို သတိထားမိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကျွန်မတို့မှာမူ ယခုမှပင် ကြုံဖူးတွေ့ဖူးတော့သည်။

ထိုနည်းတူပင် လူတို့ မတွေ့ဖူးသည့် အလှရှုခင်းပမာ ကျမ်းစာမှ ထာဝရနှင့်ဆိုင်သော စကားတော်များမှ အဖိုးတန်ရတနာများကို…

Einfühlsam-2

Generalmajor Mark Graham war zwei Jahre Kommandant von Fort Carson in Colorado und bei Mitarbeitern und Untergebenen gleichermaßen beliebt. Ein Kollege sagt: „Ich kenne keinen anderen Offizier, der so einfühlsam ist und dem das Wohl der Soldaten und ihrer Familien so am Herzen liegt.“ Mark und seine Frau Carol haben selbst einen Sohn im Kampf verloren. Ein anderer beging Selbstmord. Das war für sie der Auslöser, anderen Soldaten und ihren Familien zu helfen, mit arbeitsbedingtem Stress, Depressionen und Verlust umgehen zu lernen.