လေ့လာမှတ်သားဖွယ်စာစဥ်

မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့

မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့

မိသားစု - ဘဝလက်တွဲဖော်ကို ရွေးချယ်ခြင်း

မိမိအတွက် သင့်တော်သည့်လူမှန်ကို တွေ့လိုက်ရချိန်၌ စိတ်လှုပ်ရှား ကာ ကြက်သီးမွှေးညင်းထလျက် တုန်လှုပ်သွားမည်လား။ လူမှန်ကိုတွေ့ရန် မည်မျှခက်ခက်ခဲခဲ ရှာဖွေရမည်နည်း။ မိမိအတွက် ဘုရားအလိုတော်ရှိသော သူသည် မည်သို့သောသူဖြစ်မည်နည်း။ လူမှန်၊ သင့်တော်သည်ဟု မိမိက ထင်မှတ်သော်လည်း မိဘနှင့်မိတ်ဆွေများက ထိုသူကို သဘောမကျလျှင် မည်သို့ပြုရအံ့နည်း။ ခရစ်တော်ကို ယုံကြည်သူချင်းမဟုတ်လျှင် မည်သည့် အတိုင်း အတာထိ ခြားနားမှုဖြစ်နိုင်ပါသနည်း။ လူတစ်စုံတစ်ယောက်ကို အိမ်ထောင်ဖက် အဖြစ် စိတ်ချလက်ချမမှတ်ယူနိုင်သေးသော်လည်း ထိုသူကိုတိုး၍တိုး၍ စိတ်ဝင်စား နိုင်ပါသလား။ အိမ်ထောင်ပြုလိုသောဆန္ဒရှိပါသော်လည်း မိမိကိုအရေးတယူ ဂရုပြုသူမရှိ ဖြစ်နေပါသလား။

 

မာရိ နှင့် မာသ

မာရိ နှင့် မာသ
- အသက်တာ၏ဦးစားပေးမှုများကို ဟန်ချက်ညီစေခြင်း
Mary and Martha - Balancing Life’s Priorities
စာရေးသူ - Alice Mathews
ဘာသာပြန်သူ - ဒေါ်ဇွန်ဝမ်း

မာရိနှင့် မာသ

နယ်ပယ်နှစ်ခုတွင် အောင်မြင်စွာနေထိုင်ရန်

မာရိနှင့် မာသ

ဆုံးရှုံးရသောအချိန်များတွင် မျှော်လင့်ခြင်းပြည့်ရန်

ယေရှုကြွလာခြင်းကို စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း

🎄သခင်ယေရှုကြွလာခြင်းကို စောင့်စား ပြင်ဆင်ခြင်း🕊
🎄သခင်ယေရှုသည် ကျွန်ုပ်တို့အား အနာဂတ်အတွက် မျှော်လင့်ချက်ပေးရန် ကြွလာခဲ့သည်။
ထို့အပြင် ကျွန်ုပ်တို့၏လိုအပ်ချက်တိုင်းကို ယခုပင် ဖြည့်ဆည်းပေးရန်အတွက် ကြွလာတော်မူသည်။

🎄“သခင်ယေရှုကြွလာခြင်းကို စောင့်စားပြင်ဆင်ခြင်း

-ခရစ်စမတ်ကာလ၏ မျှော်လင့်ခြင်း🌻၊ ငြိမ်သက်ခြင်း🕊၊ ဝမ်းမြောက်ခြင်း 😇နှင့် ချစ်ခြင်းမေတ္တာ💝” စာအုပ်ငယ်တွင်၊
စာရေးဆရာကြီး J.R. Hudberg (ဂျေ အာ ဟက်ဘာ့)သည်
ခရစ္စမတ်ပွဲကျင်းပရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍
ဆန်းသစ်သောထိုးထွင်း သိမြင်မှုကို ဖော်ပြထားပါသည်။
🎄သခင်ယေရှုကြောင့်သာလျှင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခများကြားတွင် မျှော်လင့်ချက်ရှိနိုင်ခြင်း၊
စုံစမ်းစစ်ဆေးမှုများအလယ်တွင် ငြိမ်သက်ခြင်း၊ ရွှင်လန်းမှုမရှိသောအချိန်များတွင် ရွှင်လန်းမှုနှင့်
ကျွန်ုပ်တို့ ချစ်ခြင်းမေတ္တာ မခံစားရသော အချိန်များတွင်လည်း ချစ်ခြင်းမေတ္တာကို ရရှိနိုင်ပါသည်။

လောက၏ကယ်တင်ရှင်သည် ကျွန်ုပ်တို့အား ကယ်တင်ခြင်းလက်ဆောင်ပေးသည့်အပြင်၊ ယခုပင်
ကျွန်ုပ်တို့လိုအပ်သမျှအားလုံးကိုလည်း ပေးစွမ်းပါသည်။
🎄🎄🌲🌲
ဤခရစ်စမတ်အခါသမယတွင် ဗက်လင်မြို့ရှိ မြင်းဇောင်းတစ်ခုတွင် မွေးဖွားခဲ့သော
ထာဝရမျှော်လင့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို စူးစမ်းရှာဖွေနိုင်သလို
ကျွန်ုပ်တို့…

မျှော်လင့်ခြင်း - ကြောက်ရွံ့မှုအစား ယုံကြည်မှုကို ရွေးချယ်ခြင်း

ကျွန်ုပ်တို့၏ တည်မြဲသောယုံကြည်စိတ်ချရာ

မသေချာမရေရာမှုများ၊ စိုးရိမ်ကြောက်လန့်မှုများနှင့် ပြည့်နေသော ဤလောကကမ္ဘာ၌ ယုံကြည်ခြင်းဟူသောအရာကို သံသယများက တစ်ခါတစ်ရံ လွှမ်းမိုးနေနိုင်ပါသည်။ လူများစွာတို့မှာ အနာဂတ်အတွက် ဝေဝါးသောအမြင်ဖြင့် ဘဝရှင်သန်နေကြရသည်။ ဤစာစောင်ငယ်လေးတွင် ဆရာကြီး Bill Crowder (ဘေလ်ခရောက်ဒါ) က ခရစ်တော်၌သာ တွေ့ရှိနိုင်သောမျှော်လင့်ခြင်းကို အလင်းပေးဖွင့်ပြထားပါသည်။ စိန်ခေါ်မှု အခက်အခဲများကြားမှပင် သင်၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် ကိုးစားမှုကို မည်သို့ခိုင်ခံ့စေနိုင်မည်ကို ရှာဖွေကြည့်လိုက်ပါ။

စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း

သင်ကိုယ်တိုင်စွဲလမ်းမှုတစ်စုံတစ်ရာနှင့် ရုန်းကန်နေရပါသလား။ သို့မဟုတ် စွဲလမ်းမှုတစ်စုံတစ်ရာနှင့် ရုန်းကန်နေရသူတစ်ဦးဦးကို သင်သိပါသလား။ စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း ဟူသည့်စာအုပ်ငယ်လေးတွင် စွဲလမ်းမှုက မည်သို့မည်ပုံဖြစ်ပေါ်လာသည်၊ ကျွနု်ပ်တို့၏ဘဝများကို မည်သို့ထိခိုက်စေနိုင်သည်၊ ဘုရားသခင်၏မစမှုဖြင့် ထိုစွဲလမ်းမှုနှောင်ကြိုးကို မည်သို့ဖြတ်တောက်နိုင်မည်ကို ဆရာဝန်နှင့်သမ္မာကျမ်းစာသင်ကြားသူ ဆရာရောဘတ်ဆော်လမွန်က စူးစမ်းလေ့လာတင်ပြထားပါသည်။

မျက်မှောက်တော်၌

သင်၏ဆုတောင်းခြင်းအသက်တာ မည်သို့ရှိသနည်း။

တစ်ခါတစ်ရံ၌ ပျားပန်းခတ်အလုပ်များမှုကြောင့် သင်နှင့် ဘုရားသခင် အချိန်ယူရန် အချိန်မရှိဖြစ်တတ်သည်။ ဆရာကြီး ဒဲနစ်ဖစ်ရှာ အကြံပြုသည့် လက်တွေ့ကျသည့် လမ်းညွှန်မှုများအတိုင်း ဘုရားသခင်နှင့် သင်၏ အချိန်ယူခြင်းကို စောင့်ထိန်းလုပ်ဆောင် နိုင်အောင် မှန်မှန်ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းအချိန်ကို ထားရှိရယူရန် နည်းလမ်းရှာကြံပါ။ ထိုအခါ သင်နှင့်အချိန်ယူရန် စောင့်ဆိုင်းနေသည့် ကျေးဇူးကရုဏာတော်ရှင် ထာဝရဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ခွင့်ရပြီး ထိုအချိန်လေးမှ အသစ်သော အမြင်များကို သင်ရရှိ လိမ့်မည်။

ဆရာကြီး ဒဲနစ်ဖစ်ရှာသည် Our Daily Bread Ministries မှ သုတေသီ စာတည်းဖြတ်သူတစ်ဦးဖြစ်ပြီး ဒဲန်ဗာကျမ်းစာကျောင်းနှင့် ဖူလာကျမ်းစာကျောင်းမှ ဘွဲ့ရခဲ့သူဖြစ်သည်။ သူသည် မူးဒီဓမ္မတက္ကသိုလ်တွင် သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဦးလည်း ဖြစ်သည်။ သူနှင့်ဇနီးသည် ဆရာမ ဂျဲနက်တို့သည် မီချီဂန်ပြည်နယ် ဒီဝစ်ထ်အရပ်၌ နေထိုင်ကြသည်။

မေတ္တာနှင့်ယှဉ်သော သမ္မာတရား

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကျွန်တော်ကြီးပြင်းလာခဲ့ သည့်အိမ် (၃) အိမ်အတွင်း ဗုဒ္ဓဘာသာမိသားစု၊ ဟိန္ဒူမိသားစု၊ စွန်နီမူစလင်မိသားစု၊ ရှိအိုက်မူစလင်မိသားစုနှင့် ခေတ်သစ် ယုံကြည်မှုရှိသော ပုဂ္ဂိုလ်တို့ နေထိုင်ကြပါသည်။ ၎င်းတို့ အားလုံးသည် ကျွန်တော်တို့၏မိတ်ဆွေများ ဖြစ်ကြပါသည်။

ကလေးဘဝတွင် ကျွန်တော်တို့အိမ်နားတွင်ရှိသော ဘုန်းကြီး ကျောင်းသို့သွားပြီး ဘုန်းကြီးများနှင့် စကားပြောလေ့ရှိခဲ့ပါသည်။ ဆယ်ကျော်သက်နှင့် အသက်(၂၀) အစောပိုင်းအရွယ်များတွင် စနေနေ့တိုင်းလိုလို အခြားလူ (၆) ဦး နှင့် တွေ့ခဲ့ရာ မူစလင် (၅)ဦးနှင့် ဘုရားမရှိသူ(၁)ဦးတို့ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် ဘာသာရေးနှင့် ဒဿနိကများအပါအဝင် အကြောင်းအရာ မျိုးစုံတို့ကို နာရီပေါင်းများစွာ ကြာအောင် ပြောခဲ့ကြပါသည်။

လာမည့်စာမျက်နှာများတွင် အခြားဘာသာ ကိုးကွယ် ယုံကြည်သူများနှင့် ကျွန်တော်မည်သို့ဆက်သွယ် ဆက်ဆံသည်ကို ကိုးကွယ်ယုံကြည်မှုများ ရှုထောင့်မှနေ၍ ကျွန်တော်လေ့လာသိရှိခဲ့ရသည်များကို မျှဝေတင်ပြသွားမည် ဖြစ်ပါသည်။ မိတ်ဆွေအနေဖြင့် အခြားဘာသာတရားကို ယုံကြည်ကိုးကွယ်သူများနှင့် ပြောဆို…

ဘာသာတရားလော၊ ခရစ်တော်လော

ဘာသာတရားလော၊  ခရစ်တော်လော၊ မည်သို့သောခြားနားမှုရှိသဖြင့် ...

ခြားနားချက် ပြုလုပ်လောက်ပါရဲ့လား။ သို့မဟုတ်ပါက ယင်းအချက်သည် စကားလုံးမျှသာလော။ ၈၅% သော အမေရိကန်ပြည်သူပြည်သားတို့သည် ဘာသာအယူဝါဒ၌ သက်ဝင်ယုံကြည်ကြောင်း လေ့လာချက်စစ်တမ်းက အားရကျေနပ်ဖွယ်ကောင်းပါသလား။ သခင်ယေရှု လောက၌အသက်ရှင်စဉ်က ဘာသာတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည့် ဘာသာရေးဝါဒီများ၏မုန်းတီးခြင်းကို ခံခဲ့ရသည်ဟူသော အမှန်တရားအောက်၌ ဘာသာရေးအား ပြန်လည်ဆန်းစစ်ရန် မသင့်သလော။

ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ဘာသာတရားတို့အကြား အခြေခံကျသော ကွဲပြားခြားနားမှုရှိသည်ဟု ယုံကြည်သိမြင်ချက်ဖြင့် ဤစာအုပ်ငယ်ကလေးအား Mart DeHaan က ရေးသားလိုက်ခြင်းဖြစ်၏။ ခရစ်တော်ဘုရား ဤမြေပေါ်၌ အသက်ရှင်ခဲ့စဉ်က ဖာရိရှဲတို့၏အကြောင်းကို လေ့လာခြင်းဖြင့် ခရစ်တော်ကိုယုံကြည်ခြင်းနှင့် ဘာသာတရားအကြား ကွာခြားချက်ကိုသာမက မိမိအကြောင်းကို အတွင်းကျကျသိမြင်လာကြမည်ဖြစ်တော့သည်။

ယုဒရှကာရုတ် - အမှောင်၏သား

ယုဒရှကာရုတ် မည်သို့များ ဖြစ်သွားပါသနည်း။ ခရစ်တော်နှင့်အနီးဆုံးတွင် (၃)နှစ်တာ အတူနေထိုင်သွားလာခဲ့သူဖြစ်ပါလျက် သူ၏အကောင်းဆုံးမိတ်ဆွေ ခရစ်တော်ကို အဘယ်ကြောင့် သစ္စာဖောက်ရက်နိုင်ရသနည်း။

ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာသင်ယူမှုတွင် ယုဒရှကာရုတ်အကြောင်းသည် အရေးပါသည်။ ကျွနု်ပ်တို့၏အကျိုးအလို့ငှာ သူ၏ မျှော်လင့်ချက်များ၊ အိပ်မက်များ၊ မှားယွင်းသော လုပ်ဆောင်မှုအားလုံးတို့ကို မှတ်တမ်းတင်ထားသည်။ သူ့ကိုဝန်းရံခဲ့သော အမှောင်သည် ကျွန်ုပ်တို့အားလုံးအတွက် အသိတရားအလင်းဖြစ်ခဲ့သည်။ သူ၏ဝမ်းနည်းကြေကွဲခြင်းနှင့်နောင်တများက ကျွန်ုပ်တို့ကို ဘုရားသခင်၏မေတ္တာနှင့် နီးကပ်စေခဲ့သည်။

ယုဒရှကာရုတ်၏ အသက်တာအကြောင်းသည် ကျွန်ုပ်တို့၌ရှိသော လူ့ဇာတိအားနည်းမှုကိုလည်းကောင်း၊ အလင်းထဲ၌ပင် ပုန်းကွယ်တည်ရှိနေသော အမှောင်၏အန္တရာယ်ကိုလည်းကောင်း နားလည်ရန်အတွက် အထောက်အကူပေးနိုင်ကြောင်း Our Daily Bread Ministries သုတေသန အယ်ဒီတာဆရာကြီး ဒဲနစ် ဖစ်ရှာ က ယုဒရှကာရုတ် - အမှောင်၏သား တွင် ဖော်ပြထားပါသည်။

ကောင်းမွန်တင့်တယ်စွာ ဘဝအဆုံးသတ်ခြင်း

လွန်လေသောနှစ်အနည်းငယ်ခန့်က ပြင်ပမှ ခြိမ်းခြောက်မှုအခက်ပြဿနာများထက် စာရိတ္တရေးရာနှင့် ဝိညာဉ်ရေးရာတို့ကို စွန့်ပယ်မှုများ များပြားလာခြင်းကြောင့် အသင်းတော်အတွက်အခြေအနေများသည် ခက်ခဲလာပါသည်။ ထိုအခြေနေများကြောင့် အာရုံနှောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသူများ၊ စိတ်ပျက်နေသူများ၊ အခြေအနေမှန်ကို အမှန်အတိုင်းသိမြင်လာသူများ စသည်တို့ကိုစောင်မကူညီရန် ယခုအချိန်ထက်ကောင်းသည့်အချိန် မရှိပြီ။ ဘဝ၌ ကောင်းမွန်စွာအဆုံးသတ်ရန် အရေးကြီးကြောင်း - ထိုပန်းတုံးတိုင်ထားရန် လူတို့ကို သတိပေးရန်၊ ယခုအချိန်ထက်ကောင်းသောအချိန် မရှိပြီ။ ကိုယ်တွေ့ဥပမာများဖြင့် သူ့ပညာဗဟုသုတများကို RBC မှ အကြီးတန်းသုတေသီ အယ်ဒီတာ Herb Vander Lugt က ကောင်းမွန်တင့်တယ်စွာ ဘဝအဆုံးသတ်ခြင်း စာအုပ်တွင် စုစည်းတင်ဆက်ပေးထားပါသည်။