ဆိုးသောယုံကြည်ခြင်း၊ ကောင်းသောယုံကြည်ခြင်း
‘‘ယုံကြည်ခြင်း ရှိရမည်’’ ဟုလူတို့ပြောလေ့ရှိသည်။ သို့သော် ဘာကိုဆိုလိုသနည်း။ မည်သည့် ယုံကြည်ခြင်းမျိုးမဆိုသည် ကောင်းသည့် ယုံကြည်ခြင်းဖြစ်မည်လား။
‘‘မိမိကိုယ်ကို မိမိရှိနေ ဖြစ်နေသည့်အတိုင်း ယုံပါ’’ ဟု လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့်က အကောင်းမြင် အတွေးအခေါ်ရှင်တစ်ဦးက ရေးခဲ့သည်။ ‘‘သင့်အထဲ၌ ရှိသောအရာက မည်သည့်အတားအဆီးထက်မဆို ပိုကြီးမား သည်ကို သိပါ’’ ဆိုသည့် စာသားက ကောင်းပါသည်။ လက်တွေ့တွင်မူ ၎င်းစာသားများက အရာမထင်။ ကျွန်ုပ်တို့ထက် ကြီးမားသော ယုံကြည်ခြင်းမျိုးကို တစ်ထောင့် တစ်နေရာတွင် ကျွန်ုပ်တို့ လိုအပ်နေသည်။
ဘုရားသခင်သည် အာဗြံကို မြောက်မြားစွာသော အမျိုးအနွယ်ပေးမည်ဟု ကတိပေးသောအခါ သူသည် အသက်အရွယ်ကြီးရင့်နေရုံမျှမက ကလေးလည်း မရှိသဖြင့် ၎င်းသည် သူ့အတွက် ကြီးမားသောအတားအဆီး ဖြစ်သည် (က ၁၅း၎-၅)။ အာဗြံနှင့် စာရဲသည် ဘုရားသခင်၏ ကတိတော်ကို မစောင့်နိုင်သောအခါ ထိုအခက်အခဲကို…
ကျောက်ခဲတစ်ပစ်အကွာ
ဘာသာရေးခေါင်းဆောင်များက လော်လီဖောက်ပြားသော အမျိုးသမီးကို သခင်ယေရှု ထံသို့ ခေါ်ဆောင်ခဲ့စဉ်က သူတို့သည် သူမကို ကျောက်ခဲတစ်ပစ်အကွာရှိ ကျေးဇူးတော် ထံပါးသို့ ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူတို့ မသိခဲ့ကြပါ။ ၎င်းတို့မျှော်လင့်သည်က သခင်ယေရှုကို အသရေဖျက် သိက္ခာချရန်ဖြစ်သည်။ အကယ်၍ သူမကို လွှတ်ပေးလိုက်က သခင့်အား မောရှေ၏ပညတ်တော်ကို ချိုးဖောက်သူအဖြစ် သူတို့ စွပ်စွဲမည်။ သူ့ကို အသေသတ်ရမည်ဟု အပြစ်တင် စီရင်ပါက သူ့နောက်လိုက်သည့်လူထုကြီးက သနား ညှာတာမှုနှင့် ကျေးဇူးတော်အကြောင်း သခင်ပြောခဲ့သည့် စကားများကို စွန့်ပစ်သွားမည် ဖြစ်သည်။
သို့သော် သခင်ယေရှုသည် သူ့ကိုစွပ်စွဲမည့်သူများထံ မျှားဦးပြန်လှည့်လိုက်သည်။ သူတို့ကို တိုက်ရိုက် အဖြေပေး ခြင်းထက် မြေကြီးပေါ်မှာ စာရေးပြခဲ့သည်ဟု ကျမ်းစာ၌ ဖော်ပြထားသည်။ ထိုခေါင်းဆောင်များ သူ့ကို ဆက်လက်မေးခွန်း ထုတ်နေစဉ်၊ သခင်က ‘‘သင်တို့တွင် အပြစ်နှင့်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ’’ဟု မိန့်တော်မူ…
ယနေ့ သင့်အတွက် ဆုတောင်းပေးနေသည်
စိတ်ရှုပ်စရာအခြေအနေ (သို့) အခက်အခဲပြဿနာများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရသောအခါ ခရစ်တော်၌ ညီအစ်ကို မောင်နှမများအား ဆုတောင်းပေးရန် အကူအညီ တောင်းတတ် ကြသည်။ ကျွန်ုပ်တို့အတွက် ၎င်းတို့ဆုတောင်းပေးလျက် ဘုရားရှင်ထံပို့ဆောင်နေကြောင်း သိရခြင်းသည် ခွန်အားပေးမှုကြီးတစ်ခုဖြစ်သည်။ အလွန်ရင်းနှီးသည့် ခရစ်ယာန် သူငယ်ချင်းများ မရှိလျှင်၊ သို့မဟုတ် ဧ၀ံဂေလိတရားကို ဆန့်ကျင်တားဆီးသည့်နေရာဒေသတွင် သင်ရောက်နေလျှင် သင့်အတွက် မည်သူ ဆုတောင်းပေးမည်နည်း။
သမ္မာကျမ်းမှ အကြီးမြတ်ဆုံးနှင့် အောင်မြင်ခြင်းနှင့် စပ်ဆိုင်သောကျမ်းပိုဒ်ဖြစ်သည့် ရောမအခန်းကြီး ၈ တွင် ‘‘ငါတို့သည် ဆုတောင်းသင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟု မသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်း အမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ၀ိညာဉ်တော်သည် စောင့်မတော်မူ၏။ … ၀ိညာဉ်တော်သည် သန့်ရှင်းသူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီ စောင့်မတော်မူ၏’’ (ရော ၈း၂၆-၂၇) ဟူ၍ ကြွေးကြော်ထားသည်။ ၀ိညာဉ်တော်သည် သင့်အဖို့…
စစ်မှန်သော ကြွယ်ဝခြင်း
ကျွန်မသူငယ်ချင်းအဖေ၏ အောက်မေ့ဘွယ် ၀တ်ပြုစည်းဝေးအခမ်းအနားတွင် လူတစ်ယောက်က ‘‘သမီး အဖေနဲ့ မသိခင်အချိန်ထိ တစ်ပါးသူကို ကူညီရခြင်းက ၀မ်းမြောက်စရာကောင်းကြောင်း မသိခဲ့ရပါဘူး’’ ဟူ၍ သူ့ကို ပြောခဲ့သည်။ သူမ၏ ဖခင်သည် လူအများကို ကူညီပေးခြင်း၊ ပြုံးရွှင်စွာမေတ္တာပြခြင်း၊ သူစိမ်းများနှင့် မိတ်ဆွေ ဖြစ်လာလျှင် ၎င်းတို့နှင့်ပုံမှန်တွေ့ဆုံခြင်း စသည်ဖြင့် ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ခြင်း လုပ်ငန်းတွင် ဆက်ကပ်ကာ အစေခံခဲ့သည်။ သူဆုံးသွားသောအခါ ချစ်မေတ္တာအမွေအနှစ်ကို ချန်ရစ်ခဲ့သည်။ ဆန့်ကျင်ဘက် အားဖြင့် သူငယ်ချင်း၏အဒေါ်၊ သူ့ဖခင်၏အစ်မကြီးကမူ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာများကိုသာ အမွေအနှစ်ဟုမြင်ပြီး သူ၏ စည်းစိမ်နှင့် ရှားပါးစာအုပ်များကို မည်သူထိန်းသိမ်းပေး မည်နည်းဟု ပူပင်သောကများနှင့် သူမ၏နောက်ဆုံး နေ့ရက် ကာလများကို ဖြတ်သန်းခဲ့သည်။
သခင်ယေရှု၏သွန်သင်ချက်နှင့် ရှင်သန်ပြခဲ့သော ပုံသက်သေများအားဖြင့် သူ့နောက်တော်လိုက်တို့အား စည်းစိမ်းချမ်းသာသိုမှီးခြင်းကို ရှောင်ကြဉ်ပြီး ဆင်းရဲသားများကို ဝေငှ၍ မပုပ်၊ မပျက်စီးနိုင်သောအရာကို တန်ဖိုးထားတတ်ရန်…
သင့်စိတ်ဝိညာဉ်ကို ငြိမ်သက်အေးဆေးစေခြင်း
ဖျော်ဖြေပွဲတစ်ခု တက်ရောက်စဉ်က ကျွန်ုပ်၏ စိတ်အာရုံကို လွဲစေသည့် ပြဿနာတစ်ခု အတွေးထဲ ၀င်ရောက်လာသည်။ ထိုအဖျက်အမှောင့်သည် သာယာလှပသော သံစုံသီချင်းကြောင့် ကြာကြာမခံခဲ့ပါ။ ကျေးဇူးတော်ပင်။ အမျိုးသားအဆိုရှင်အဖွဲ့မှ ‘‘ငြိမ်ဝပ်လျက်နေလော့၊ ငါ့ဝိညာဉ်’’ ဟူသည့်သီချင်းကို သီဆိုနေသည်။ သီချင်းစာသားကို နားထောင်ရင်း ကျွန်ုပ်မျက်ရည်စို့လာပြီး ဘုရားရှင်သာလျှင် ပေးနိုင်သော ငြိမ်သက်ခြင်းအကြောင်း ဆင်ခြင်နေမိသည်။
‘‘ငြိမ်ဝပ်လျက်နေလော့ အို ငါ့ဝိညာဉ်၊ ဘုရားရှင် ငါ့ဘက်၌ရှိလျက်၊ ပူဆွေးသောကနှင့် နာကျင်မှုကားတိုင်ကို သည်းခံ၍ ထမ်းပေ၊ ဘုရားရှင်၏အစီအမံနှင့်၊ ပြင်ဆင် မစမှုအပေါ် ပုံအပ်ထားပါ။ ပြောင်းလဲမှုတိုင်းတွင် သူ၏ သစ္စာတော်သည် မပြောင်းလဲ အစစ်ခံပေ။’’
နိမိတ်လက္ခဏာ အများစုပြခဲ့သော်လည်း နောင်တ မရသည့် မြို့ရွာတို့ကို လူသိရှင်ကြား သခင်ယေရှု ဝေဖန်ရှုတ်ချခဲ့စဉ်က (မဿဲ ၁၁း၂၀-၂၄) သူ့ထံပြန်လာမည့်သူများအတွက် နှစ်သိမ့်ဖေးမမည့် စကားများ ရှိနှင့်နေခဲ့ပါသည်။ ယေရှုက ‘‘၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊…
အရေးပါသော စကားလုံးများ
နေ့စဉ်ခွန်အားလုပ်ငန်းတွင် အယ်ဒီတာအဖြစ် စတင်အမှုတော်ဆောင်စဉ်က ကျွန်တော့် တာဝန်မှာ လစဉ်ထုတ်စာအုပ်၏မျက်နှာဖုံးပေါ်မှကျမ်းပိုဒ်ကို ရွေးချယ်ရသည်။ မကြာမီ မှာပင် ထိုအလုပ်သည် မည်သို့သောထူးခြားမှုကို ဖြစ်စေသနည်းဟု အတွေးဝင်မိသည်။
ထိုသို့ စဉ်းစားမိပြီး မကြာပါ။ စာဖတ်သူတစ်ဦးထံမှ စာတစ်စောင်ရခဲ့ရှိသည်။ စာထဲတွင် သူမသည် သားဖြစ်သူအတွက် ဆုတောင်းခဲ့ သည်မှာ အနှစ်နှစ်ဆယ်ကျော်ကြာပြီး ဖြစ်သော်ငြားလည်း သူ့သားသည် ယေရှုခရစ်တော်နှင့်ပတ်သက်၍ ဘာမှ စိတ်မ၀င်စားကြောင်း၊ သို့နှင့် တစ်ရက်တွင် သားက သူမထံ အလည်လာစဉ် စားပွဲပေါ်၌ တင်ထားသည့် စာအုပ်လေး၏ မျက်နှာဖုံးပေါ်မှ ကျမ်းပိုဒ်ကို သူဖတ်မိသွားသည်။ ၀ိညာဉ်တော်သည် ထိုကျမ်းပိုဒ် အသုံးပြု၍ ချက်ခြင်းပင် သခင်ယေရှုကို လိုအပ်ကြောင်း သူဝန်ခံ၍ သူ့အသက်တာကို သခင်ယေရှုထံ ပေးအပ် ခဲ့သည်ဟု ရေးသားထားသည်။
ထိုကျမ်းညွှန်းရော အမျိုးသမီး၏အမည်ကိုပါ ကျွန်တော် မမှတ်မိတော့ပါ။ သို့သော် ထိုနေ့က ဘုရားရှင် ဖော်ပြခဲ့သည့်…
လက်ဆင့်ကမ်းပါ
လက်ဆင့်ကမ်း အပြေးပြိုင်ပွဲကို ကျွန်တော် နှစ်သက်စွာ အားပေးကြည့်ရှုသည်။ အားကစားသမားများ၏ ခန္ဓာခွန်အား၊ အမြန်နှုန်း၊ ကျွမ်းကျင်မှုနှင့် ခံနိုင်ရည်စွမ်းအား များကို ကျွန်တော်အံ့သြမိသည်။ ပြိုင်ပွဲ၏အရေးကြီးဆုံးအချိန်မှာ အားကစားသမား တစ်ယောက်က အခြားတစ်ယောက်ထံ တုတ်တိုကို လက်ဆင့်ကမ်းပေးချိန်ဖြစ်ပြီး ၎င်းသည် ကျွန်တော့်စိတ်အာရုံကို အထူးဆွဲဆောင်ပြီး အံ့ဩမိန်းမောမှုများနှင့် ပြည့်စေသည်။ နည်းနည်းလေး နောက်ကျရုံ၊ ခြေလေးတစ်ချက် ချော်သွားရုံနှင့် ပြိုင်ပွဲရှုံးသွား နိုင်သည်။
ထို့အတူပင် ယုံကြည်သူခရစ်ယာန်များလည်း ယုံကြည်ခြင်း၊ ဘုရားသခင်၏စကားတော်နှင့် ကိုယ်တော်ကို အကျွမ်းဝင်ရင်းနှီးခြင်းဟူသည့် တုတ်တိုကိုကိုင်ရင်း လက်ဆင့်ကမ်း ပြေးပွဲဝင်နေသူများဖြစ်သည်။ ထို့ပြင် နောင်လာ နောက်သားမျိုးဆက်များထံ ထိုတုတ်တိုကို ကျွန်ုပ်တို့ ဆက်လက်လက်ဆင့်ကမ်းရန် လိုအပ်ကြောင်း သမ္မာကျမ်းစာမှလည်း ပြောထားသည်။ ဆာလံ ၇၈ တွင် ‘‘ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏နက်နဲသောအရာ များကို ဖော်ပြပေအံ့။ ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရသော ထိုအရာများကို…
နွမ်းနယ်သူတို့အတွက်စကား
ဖခင်ဆုံးပြီး ရက်အနည်းငယ်အကြာတွင် အသက် ၃၀ အရွယ် စီအက်စ်လူးဝစ် သည် လွန်ခဲ့သော အနှစ် ၂၀ က သူ့မိခင် မမာမကျန်းဖြစ်ပြီး သေဆုံးသွားချိန်ထိ ကရုဏာပြ ပြီး စောင့်ရှောက်ပေးခဲ့သည့် အမျိုးသမီးထံမှ စာတစ်စောင်ရရှိခဲ့သည်။ သူ၏ကြေကွဲ ဆုံးရှုံးမှုအတွက် သူစာနာဝမ်းနည်းကြောင်း မေတ္တာပြရင်း သူ့ကို မှတ်မိသေးပါရဲ့လား ဟုရေးသားထားသည်။ လူးဝစ် က ‘‘ချစ်ရတဲ့သူနာပြု ဆရာမ ဒေးဗစ်စင်’ရေ၊ ‘မှတ်မိလားလို့ မေးတယ်ပေါ့၊ ကျွန်တော် သိပ်မှတ်မိသင့်တာပေါ့ဗျာ’ ဟူ၍ စာပြန်ခဲ့သည်။
ဆရာမ သူတို့အိမ်၌ ရှိခဲ့သောအချိန်သည် အခက်ခဲ ဆုံးသောအချိန်ကို ဖြတ်သန်းခဲ့ရချိန်ဖြစ်ပြီး သူအတွက် သာမက သူ့ညီနှင့် အဖေအတွက်ပါ အလွန်အဓိပ္ပာယ် ရှိကြောင်း လူးဝစ် ပြန်ပြောင်း သတိရမိသည်။ ယခုကဲ့သို့ နှစ်သိမ့်မှုပြသောစာအတွက် ကျေးဇူးတင်ရင်း ‘‘ဟိုးအရင်က နေ့ရက်အချိန်တွေကို ပြန်ပြောင်းသတိရစေတဲ့အတွက် အင်မတန်မှပဲ နှစ်သိမ့်သက်သာမှုကို…
ချီးမွမ်းကိုးကွယ်ခြင်း တံခါးဝများ
ကမ္ဘာပေါ်ရှိ ကြီးကျယ်ခမ်းနားသည့်မြို့များတွင် ဘာလင် မြို့တော်ရှိ ဘရဲန်ဒင်ဘတ် မြို့တံခါး၊ ယေရုရှလင်မြို့ ရှိ ဂျက်ဖာ မြို့တံခါး၊ လန်ဒန်မြို့ ဒေါင်းနင်းလမ်းရှိ မြို့တံခါး စသည်ဖြင့် ကျော်ကြားလှသော မြို့တံခါးများကို တွေ့မြင်ရသည်။ ခံတပ်အဖြစ်(သို့) အောက်မေ့ဖွယ်ရာအဖြစ် မည်သည့်ရည်ရွယ်ချက်နှင့် ဆောက်လုပ်ထားသည်ဖြစ်စေ၊ ထိုမြို့တံခါးများသည် မြို့ပြင်၌ရှိခြင်းနှင့် မြို့တွင်း၌ ရှိခြင်း၏ ခြားနားမှုကို ပုံဆောင်နေပါသည်။ အချို့တံခါးများသည် ပွင့်နေသည်။ အချို့တံခါးများမှာ လူတိုင်း ၀င်ခွင့်မရှိ၊ လူအချို့သာ ၀င်ရောက်နိုင်သည်။
ဘုရားမျက်မှောက်တော်သို့ ၀င်ရောက်နိုင်သည့် တံခါးများမှာမူ အမြဲပင် ဖွင့်ထားသည်။ အကျွမ်းဝင်ပြီးသား ၁၀၀ ခု မြောက်သောဆာလံသီချင်းတွင် ဣသရေလလူများ အတွက် ဘုရားမျက်မှောက်တော်သို့ ဗိမ္မာန်တော်တံခါးဝ များဖြင့် ၀င်ရောက်နိုင်ကြောင်း စပ်ဆိုဖိတ်ခေါ်ကာ ကြွေးကြော်လျက်၊ ရွှင်လန်းစွာ သီချင်းဆိုလျက် အထံတော် သို့ ၀င်ကြရန် မိန့်ကြားသည် (း၁-၂)။ ရှေးခေတ်က ပဒေသရာဇ်များကို…
အလွန်ပြင်းထန်သော စစ်ကြောစုံစမ်းခြင်းများ
‘မီး’သည် အပင်များ၏အဆိုးရွားဆုံးရန်သူဖြစ်သည်။ သို့သော် အထောက်အကူလည်း ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များက မီးနည်းနည်းနှင့် မကြာခဏ လောင်ကျွမ်းသည့် ‘မီးအေး’များသည် တောအုပ်ကြီး၏ ကြမ်းခင်းရှိ သစ်ရွက်ခြောက်များ၊ အကိုင်းခြောက် များကို ရှင်းလင်းပေးပြီး အပင်များကို မပျက်စီးစေနိုင်ပါ။ ထို့ပြင် အစေ့များ ကောင်းမွန်စွာ ရှင်သန်စေသော ပြာမှုန့်များကို ချန်ရစ်ပေးပါသည်။ အံ့ဩဖွယ်ရာပင်၊ အရှိန်နည်းသော တောမီးများသည် သစ်ပင်များ ကျန်းမာစွာ ကြီးထွားရေးအတွက် လိုအပ်သည်။
ထို့အတူပင် ကျမ်းစာထဲတွင် မီးနှင့် သရုပ်ဖော်သော စစ်ကြောခြင်းသည်လည်း ကျွန်ုပ်တို့ ၀ိညာဉ်ရေးရာ ကြံ့ခိုင်ရေး၊ ကြီးထွားရေးအတွက် လိုအပ်သည် (၁ ပေ ၁း၇၊ ၄း၁၂)။ ရှင်ယာကုပ်က ‘‘ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ် သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြားသော စုံစမ်း နှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ၀မ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။…