လ - မတ် 2017

ရှင်သန်ရန် သေဆုံးခြင်း

... ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ (လု ၉:၂၃)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်လုကာခရစ်ဝင် ၉:၁၈-၂၆

၁၈ တရံရောအခါ၊ ယေရှုသည် တပည့်တော်တို့နှင့်တကွ ဆိတ်ကွယ်ရာအရပ်၌…

ပြီးပြည့်စုံစွာ ချစ်ခြင်း

သမီးဖြစ်သူနှင့် ဖြစ်ပျက်ခဲ့သောပြဿနာကို ပြောပြနေစဉ်ပင် သူမ၏အသံမှာ တုန်ရင်
နေသည်။ ဆယ်ကျော်သက်သမီး၏အပေါင်းအသင်းများက ဘာမှန်းမသိ၊ စိုးရိမ်စိတ်နှင့် ပူပန်နေသည့်မိခင်မှာ သမီး၏ဖုန်းကို ပြန်သိမ်းကာ သမီးနောက်  တစ်ကောက်ကောက် လိုက်ခဲ့သည်။ သားအမိနှစ်ဦး၏ဆက်ဆံရေးမှာ ဆိုးဝါးနေရာမှ အဆိုးဆုံးအခြေအနေသို့ ရောက်တော့မည့်ပုံပေါ်နေသည်။
သမီးဖြစ်သူနှင့် ကျွန်မစကားပြောကြည့်ရာ၊ သမီးကမိခင်ကို လွန်စွာချစ်သော်လည်း မိခင်၏တင်းကြပ်သည့် ချစ်ခြင်းအောက်တွင် မွန်းကြပ်နေပြီး လွတ်လပ်မှုကို တောင့်တနေကြောင်း သိခဲ့ရသည်။
မပြည့်စုံသည့်လူသားများဖြစ်သည့် ကျွန်မတို့သည် လူမှုဆက်ဆံရေးများ၌ ရုန်းကန်နေကြရသည်။ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ၊ အပျိုလူပျိုဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ  ချစ်မေတ္တာကို မှန်ကန်စွာ ထုတ်ဖော်နိုင်ရန်၊ မှန်ကန်သည့် အချိန်တွင် မှန်ကန်စွာ ပြောနိုင်လုပ်နိုင်ရန် အားထုတ်ကြရ သည်။ ဘ၀တစ်လျှောက်တွင် ချစ်ခြင်းဖြင့် ရှင်သန်ကြရသည်။
၁ ကော ၁၃ တွင် ရှင်ပေါလုက ပြီးပြည့်စုံသော ချစ်မေတ္တာသည် မည်သည်နှင့်တူသည်ကို ဖော်ပြထားသည်။သူ၏ဖော်ပြချက်စံနှုန်းက အလွန်ကောင်းသော်လည်း ထိုမေတ္တာကို…

ကြောက်ရွံ့မှုနှင့် ကြီးမားသော ဝမ်းမြောက်မှု

ထိုမိန်းမတို့သည် အလွန်ကြောက်ရွံ့သဖြင့် လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့် လည်းကောင်း၊ သင်္ချိုင်းတော်မှ အလျင်အမြန်သွား၍ တပည့်တော်တို့အား ထိုသိတင်းစကားကို ကြားပြောခြင်းငှာ ပြေးကြ၏။ (မ ၂၈:၈)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်မဿဲခရစ်ဝင် ၂၈:၁-၁၀

ဥပုသ်နေ့လွန်…

သင်သည် ငါ့ကို ချစ်သလား

... ဤသူတို့သည် ငါ့ကိုချစ်သည်ထက် သင်သည် သာ၍ ချစ်သလော။ ... (ယော ၂၁:၁၅)


ယနေ့ဖတ်ရန် သမ္မာကျမ်းစာ ။ ။ ရှင်ယောဟန်ခရစ်ဝင် ၂၁:၁၅-၂၅

၁၅ နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊…

ဧည့်ခံကြိုဆိုခြင်း ဆုကျေးဇူး

နိုင်ငံ ၅ နိုင်ငံမှ မိသားစုများအတွက် ကျွန်မတို့ ညစာစားပွဲ ဧည့်ခံကျွေးမွေးရသည်မှာ အံ့သြဖွယ်ရာ အမှတ်တရဖြစ်ခဲ့သည်။ ဆွေးနွေးပွဲတွင်လည်း သူကတစ်မျိုး ကိုယ်က တစ်မျိုးနှင့် နှစ်ဖွဲ့ကွဲသွားခြင်း မရှိဘဲ၊ လန်ဒန်မြို့တွင် ရှင်သန်နေထိုင်ရသောဘ၀ အကြောင်းကို အခြားနိုင်ငံမှလူတို့၏အမြင်ဖြင့် အသီးသီးဆွေးနွေးကြသည်။ တစ်နေ့တာ ကုန်ဆုံးချိန်တွင် မတူညီသော ယဉ်ကျေးမှု များကို လေ့လာခွင့်၊ အတွေ့အကြုံများကို နွေးထွေးစွာ
ဆွေးနွေးခွင့်များ ရခဲ့သည်။ ခိုင်မာသော မိတ်ဆွေဖွဲ့ခွင့် ရခြင်းအတွက် အကုန်အကျခံ စီစဉ်ရကျိုးနပ်ခဲ့သည်ဟု ကျွန်မတို့ဇနီးမောင်နှံမှ သုံးသပ်မိသည်။
ဟေဗြဲသြ၀ါဒစာကို ရေးသားသူက လူ့ဘောင် အဖွဲ့အစည်း လူမှုဘ၀နှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်လျက် ဤစာကို ဖတ်ရှုသူများ အား မိမိမသိကျွမ်းသော တစ်စိမ်းတစ်ရံကို ဆက်လက် လက်ခံကြိုဆိုရန် တိုက်တွန်း အားပေးလျက် ကျမ်းစာကို အဆုံးသတ်ထားသည်။ “ထိုသို့ ဧည့်သည်ဝတ်ကို ပြုသည်တွင် အချို့သောသူတို့သည် ကောင်းကင်တမန်တို့ကို အမှတ်တမဲ့…

သူခိုးလူဆိုးနှစ်ယောက်

သူခိုးလူဆိုးနှစ်ယောက်

ကားစင်တင်သတ်ခြင်းသည် နှိပ်စက်ညှင်းပန်းခြင်းဖြစ်သည်။ ကြိုးတိုက်ကျလူအား တိုင်ပေါ်ချိတ်ဆွဲရန် သားရေသိုင်းကြိုး (သို့) ဆူးချွန်များကို အသုံးပြုသည်။ အကူအညီမဲ့ တိရစ္ဆာန်သည် သံဆူးကြိုးခြံစည်းရိုးတွင် ငြိမ်နေသကဲ့သို့၊ ရက်အတော်ကြာ ဒုက္ခကြီး ဝေဒနာပြင်းစွာ နာကျင်နေမည်ဖြစ်သည်။ ကားစင်သတ်ခံရသူသည် အသက်ရှုရမွန်းကျပ်ကာ အားအင်ကုန်ခမ်းပြီး၊ အသက်ထွက်သွားလေ့ရှိသည်။

ကားတိုင်သုံးခုပေါ်မှ…