လ - ဇူလိုင် 2020

အရောင်အသွေးစုံစွာ

ရာစုနှစ်အတော်ကြာကြာမျှ လန်ဒန်မြို့သည် ကမ္ဘာပေါ်ရှိလူမျိုးစုပေါင်းများစွာ စုပေါင်းနေထိုင်သည် မြို့တစ်မြို့ဖြစ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဂျာနယ်လစ် Glyn Robersts က "အသားအရောင်စုံလင်စွာ၊ ဘာသာစကားအမျိုးမျိုးနှင့် အတားအဆီး အပိတ်အပင်မရှိ သွားလာလှုပ်ရှားနေသည့်လူထုကြီးသည် လန်ဒန်မြို့၏အကောင်းဆုံးအရာဖြစ်သည်" ဟု အင်္ဂလန်ပြည်၏မြို့တော်အကြောင်းကို ရေးသားခဲ့သည်။ အနံ့မျိုးစုံ၊ အသံမျိုးစုံနှင့် ကမ္ဘာတစ်ဝန်းရှိလူမျိုးပေါင်းစုံ၏ ရောသမမွေမြင်ကွင်းက ယနေ့တိုင် သက်သေအဖြစ် ရှိနေဆဲပါ။ မတူညီကွဲပြားမှု ၏အလှတရားသည် ကမ္ဘာ့အံ့သြဖွယ် အကောင်းဆုံးမြို့များထဲမှတစ်မြို့ ဖြစ်သည့် လန်ဒန်မြို့၏အံ့မခန်းသော အစိတ်အပိုင်းပင်ဖြစ်သည်။

လူသားများမှီတင်းနေထိုင်ရာမြို့များနည်းတူ လန်ဒန်မြို့သည်လည်း အခက် အခဲ နှင့်မကင်းပါ။ အပြောင်းအလဲများက စိန်ခေါ်မှုကိုဖြစ်စေသည်။ ယဉ်ကျေးမှု ပဋိပက္ခများ ဖြစ်ပွားသည်။ ထို့ကြောင့် လူသားတို့လက်နှင့် တည်ဆောက်ထားသော မည့်သည့်မြို့ကိုမဆို ကျွန်ုပ်တို့၏ထာဝရအိမ်တော်နှင့် နှိုင်းယှဉ်၍မရပါ။

ဘုရားရှင်၏မျက်မှောက်တော်သို့ တမန်တော်ယောဟန်ပို့ဆောင်ခံရသောအခါ ကောင်းကင်နိုင်ငံ၌ ရွေးနှုတ်ခြင်းခံရသူတို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် မတူညီကွဲပြားမှု ၏အစိတ်အပိုင်းတခုဖြစ်ပါသည်။ ရွေးနှုတ်ခြင်းခံရသူများကလည်း “စာစောင်ကိုယူ၍ တံဆိပ်တို့ကိုဖွင့်ထိုက်တော်မူ၏။ အကြောင်းကား…

အခွင့်အရေးမယူပါ

လျော့ရက်ရရှိရေးအတွက် ထောင်သားများက လမ်းဘေးရှိအမှိုက်များကောက်နေစဉ် ကြီးကြပ်သူ ဂျိမ်း လဲကျသွားသည်။ ဂျိမ်းကိုကူညီရန် ထောင်သားများ ပြေးသွားပြီး သူ့ကို အရေးပေါ်ရှေးဦးကုသမှုဖြင့် ပြုစုပေးကြသည်။ ထောင်သားတစ်ဦးက ဂျိမ်း၏ ဖုန်းဖြင့် အကူအညီတောင်းခဲ့သည်။ ထောင်သား များသည် သူတို့၏ကြီးကြပ်သူ လေဖြတ်သွားသည့်အဖြစ်ကို လျစ်လျူရှုလျက် အခြေအနေကို ဆိုးသွားစေခြင်း (သို့) သူတို့ထွက်ပြေးရန်အတွက် ထိုအခြေအနေကို အသုံးချလိုက်ခြင်းထက် ကြီးကြပ်သူကို ချက်ခြင်းဆေးကုသမှုပေးခဲ့ခြင်းအတွက် နောက်ပိုင်းတွင် ရဲဋ္ဌာနမှ၎င်းတို့ကို ကျေးဇူးတင်ခဲ့သည်။

ထောင်သားများ၏ကြင်နာသည့်အပြုအမူနှင့် ပေါလုနှင့်သိလတို့အကျဥ်းကျ စဉ်က အတွေ့အကြုံတို့ မတူပါ။ သူတို့၏အဝတ်အစားများကိုချွတ်၊ ရိုက်နှက်ကာ ထောင်၌ဖမ်းချုပ်ထားစဥ် ပြင်းထန်စွာမြေငလျင်လှုပ်၍ သူတို့၏သံကြိုးများ ပြုတ် ထွက်ကုန်ပြီး ထောင်တံခါးများလည်း ပွင့်သွားသည် (တ ၁၆:၂၃-၂၆)။ ထောင်မှူး နိုးလာသော် ထောင်သားများထွက်ပြေးပြီဟုထင်ပြီး (ထောင်သားများ လွတ်သွား သည့်အတွက် ခံရမည့်ပြစ်ဒဏ်အတိုင်း) မိမိကိုယ်ကိုအဆုံးစီရင်ရန်ပြင်လိုက်သည်။ “ငါတို့အပေါင်းသည် ရှိကြ၏”ဟု ပေါလုအော်ပြောသောအခါ ထောင်သား…

အသစ်တာသစ်၏ မိုက်မဲသောနည်းလမ်း

သင်မကြုံဖူးသေးသရွေ့ အချို့ကိစ္စများသည် သင့်အတွက် အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ ကျွန်မသားဦးကိုယ်ဝန်ဆောင်စဉ်က ကလေးအကြောင်း စာအုပ်ပေါင်းများစွာ ဖတ်ခဲ့သည်။ အမျိုးသမီးများ၏ သူတို့ကြုံခဲ့သော ကိုယ်ဝန်ဆောင်သားဖွားခြင်း အကြောင်း တိတ်ခွေများကို ဒါဇင်နှင့်ချီ၍ နားထောင်ခဲ့သည်။ သို့သော် ထိုအတွေ့ အကြုံ က မည်သို့မည်ပုံရှိမည်ကို ကျွန်မပုံမဖော်နိုင်သေးပါ။ ကျွန်မ၏ကိုယ်ခန္ဓာက လုပ်ဆောင်မည့် သားဖွားခြင်းအမှုက မဖြစ်နိုင်ဟု ထင်ရပါသည်။

ထပ်တူညီစွာပင် ၁ ကော ၌ ရှင်ပေါလုရေးသားခဲ့သည့် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မွေးဖွားခြင်း၊ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင်ပေးသနား သည့်ကယ်တင်ခြင်း စသည်တို့မှာ မတွေ့ကြုံဖူးသေးသူများအတွက် နားမလည်နိုင်ဟု ထင်ရသည်။ အားနည်းချက်၊ ဆုံးရှုံးခြင်းနှင့် အရှက်ကွဲခြင်းတို့၏ အမှတ်အသား ဖြစ်သည့်သေခြင်း - တစ်နည်းဆိုရလျှင် ကားတိုင်အားဖြင့် ကယ်တင်ခြင်း ယူဆောင်လာသည်ဟုဆိုလျှင် “ရူးသွပ်မိုက်မဲမှု”ဟု ထင်ရသည်။ သို့သော် ဤမိုက်မဲခြင်းက ရှင်ပေါလုဟောပြောသည့် ကယ်တင်ခြင်းဖြစ်၏။

ထိုကယ်တင်ခြင်းကို မည်သူကမှ…

ကျရှုံးမှုထဲမှ မိတ်ဆွေ

၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇၊ ရတနာသိုက်မုဆိုး သုံးဦးတို့သည် ရိုက်ကူးရေးအဖွဲ့နှင့် အတူ ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ ဟောလီးဝုဒ်ဘိုး အားကစားကွင်း အပြင် ဘက် ကတ္တရာလမ်းကို စတင်တူးကြသည်။ လွန်ခဲ့သော ၇၅ နှစ်ခန့်က ထိုနေရာ၌ ရွှေ၊ စိန်၊ ပုလဲများမြှုပ်နှံထားသည်ဟုကောလဟာလထွက်ခဲ့သည့် ခါဝမ်းဂါ တောင်ကြား ရတနာသိုက်ကို သူတို့ရှာဖွေနေခြင်းဖြစ်သည်။

သို့သော် သူတို့ ဘာကိုမှရှာမတွေ့ပါ။ ၂၄ ရက်မျှ တူးဖော်ပြီး ကျောက်ဖျာကို ဆောင့်တူးမိတော့မှ သူတို့ရပ်လိုက်ကြသည်။ ဖြစ်မြောက်သွားသည့်အရာမှာ အကျယ် ၉ ပေ၊ အနက် ၄၂ ပေရှိသည့် တွင်းကြီးသာဖြစ်သည်။ စိတ်ပျက်လက်ပျက် နှင့် သူတို့ ထွက်သွားပါတော့သည်။

လူဆိုသည်မှာ အမှားပြုမိသည်သာ။ ကျွန်ုပ်တို့အားလုံး အမှားလုပ်မိကြသည်။ ဧဝံဂေလိခရီးစဉ်၌ မာကုသည် ပေါလုနှင့်ဗာနဗတို့နှင့် “ခွာ၍ အမှုထမ်းရာသို့ မလိုက် မသွား”ဟု ကျမ်းစာက ဆိုသည်။…

ဆုတောင်းကြက်ဥများ

ကျွန်မ၏မီးဖိုခန်း ပြတင်းအပြင်ဘက် ဆင်ဝင်တံစက်မြိတ်အောက်တွင် ရော်ဘင် ငှက်မလေးက အသိုက်လာဆောက်သည်။ မြက်ပင်များကို လုံခြုံသည့်နေရာအထိ ထိုးသွင်းလိုက်ပြီးနောက် ဥများဝပ်နေသည်ကို ကြည့်ပြီး ကျွန်မသဘောကျမိ သည်။ မနက်တိုင်း ၎င်း၏တိုးတက်မှုကို ကျွန်မစစ်ကြည့်သည်။ သို့သော် ထူးခြားမှုမရှိပါ။ ရော်ဘင်ငှက်ဥများမှာ ဥမှပေါက်ရန် နှစ်ပတ်ကြာပါသည်။

ထိုသို့သောစိတ်မရှည်မှုက ကျွန်မအတွက် အသစ်အဆန်းမဟုတ်ပါ။ စောင့်ဆိုင်းရသည့်အလုပ်၊ အထူးသဖြင့် ဆုတောင်းခြင်း၌ ကျွန်မ အမြဲကြိုးစား သည်းခံရသည်။ ကျွန်မ၏ခင်ပွန်းနှင့်ကျွန်မတို့ ပထမဆုံးကလေးကို မွေးစား နိုင်ရန် ၅ နှစ်မျှ စောင့်ဆိုင်းခဲ့ရသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များက စာရေးဆရာမ ကက်သရင်းမာရှယ်က “ဆုတောင်းခြင်းသည် ဥများနှင့်တူသည်။ ကျွန်ုပ်တို့ ဝပ်ပြီးပြီးချင်း အကောင်ပေါက် မလာပါ” ဟု ရေးသားခဲ့သည်။

ပရောဖက်ဟဗက္ကုတ်သည် ဆုတောင်းရင်းစောင့်ဆိုင်းရသည့်အဖြစ်နှင့် နပန်းလုံးခဲ့ရသည်။ ယုဒနိုင်ငံတောင်ပိုင်း၌ ဗာဗုလုန်တို့၏လူမဆန်စွာညှဉ်းပန်း နှိပ်စက်မှုအပေါ် ဘုရားသခင်၏တိတ်ဆိတ်နေမှုကို မချင့်မရဲဖြစ်ခဲ့ပြီး “ငါသည် ငါ့ လင့်စင်ပေါ်မှာရပ်လျက် ရဲတိုက်၌အမြဲနေလျက်၊…