လ - ဇန်နဝါရီ 2022

အသက်ရှင်စဉ် ပေးကမ်းပါ

အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် သူရှာဖွေစုဆောင်းခဲ့သည့် စည်းစိမ်များအား ပေးကမ်းခြင်းဖြင့် သူ့ဘဝ၏နောက်ဆုံး ဆယ်စုနှစ်အချိန်အနည်းငယ်ကို အသုံးပြုခဲ့သည်။ ဘီလီယံများစွာကြွယ်ဝသည့် ထိုသူသည် မြောက်ပိုင်း အိုင်ယာလန်နိုင်ငံအတွက် ငြိမ်းချမ်းရေးဆောင်ယူပေးခြင်းနှင့် ဗီယက်နမ်နိုင်ငံ၏ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို မြှင့်တင်ပေးခြင်းစသည်ဖြင့် အကြောင်း အရာအမျိုးမျိုးအတွက် ငွေလှူဒါန်းခဲ့သည်။ သူမကွယ်လွန်မီအချိန်၌ နယူးယော့မြို့ Roosevelt (ရုစဗဲ့)ကျွန်းကို နည်းပညာဌာနအဖြစ် ပြောင်းလဲရန် ဒေါ်လာမီလီယံ ၃၅၀ အသုံးပြုခဲ့သည်။ “အသက်ရှင်စဉ် ပေးကမ်းခြင်းက လုံးဝမှန်ကန်တယ်လို့ ကျွန်တော်ယုံတယ်။ ပေးလှူခြင်းအတွက် နှောင့်နှေးစရာအကြောင်း မရှိဘူး။... ဒါ့အပြင် အသက်ရှင်တုန်း ပေးကမ်းတာက သေပြီးမှပေးကမ်းတာထက် ပိုပြီးပျော်စရာကောင်းတယ်”ဟု သူက ဆိုသည်။ “အသက်ရှင်စဉ် ပေးကမ်းပါ” စိတ်သဘောသည် ထားရှိသင့်သည့် အံ့သြဖွယ်စိတ်သဘောပင် မဟုတ်ပါလား။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းတွင် မွေးရာပါမျက်စိမမြင်သူတစ်ဦးကို သခင်ယေရှု၏ တပည့်တော်များက “မည်သူ့အပြစ်ကြောင့်” မျက်စိမမြင်ဖြစ်ရသည်ကို ဆုံးဖြတ်လိုကြသည် (၉:၂)။ ရှင်ယေရှုက “ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို…

သင်ယူမှုကို နှစ်သက်ခြင်း

သတင်းထောက်တစ်ဦးဖြစ်လာပုံကို မေးမြန်းသောအခါ လူတစ်ယောက်က သူ၏ သင်ယူလိုမှုအပေါ်သူ့မိခင်၏ပေးဆပ်မှုအကြောင်းကို ဝေမျှခဲ့သည်။ သူ့မိခင်သည် နေ့စဉ်မြေအောက်ရထားဖြင့် သွားလာစဉ် ထိုင်ခုံများပေါ်တွင် လူတို့ချန်ခဲ့သောသတင်းစာများကို ကောက်ပြီး သူ့ကိုပေးသည်။ အထူးသဖြင့် အားကစားသတင်းများကို သူနှစ်သက်ဖတ်ရှုသော်လည်း သတင်းစာများက သူ့ကို ကမ္ဘာရေးရာဗဟုသုတများနှင့် မိတ်ဆက်ပေးခဲ့ပြီး နောက်ဆုံးတွင် ကျယ်ပြန့်သောစိတ်ဝင်စား စူးစမ်းဖွယ်ရာများအတွက် သူ၏စိတ်ကို ဖွင့်ပေးခဲ့သည်။

ကလေးများသည် သူတို့သဘာဝအတိုင်း စူးစမ်းလိုစိတ်နှင့်သင်ယူခြင်းကို နှစ်သက်သောကြောင့် ငယ်ရွယ်စဥ် ၎င်းတို့ကို သမ္မာကျမ်းစာနှင့် မိတ်ဆက်ပေးခြင်းက တန်ဖိုးရှိလှသည်။ ဘုရားသခင်၏တစ်မူထူးသော ကတိတော်များနှင့် စိတ်လှုပ်ရှားဖွယ် သမ္မာကျမ်းသူရဲကောင်းများအကြောင်း ပုံဝတ္ထုများကို သူတို့စိတ်ဝင်စားလာကြမည်။ သူတို့၏ အသိဉာဏ် ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူတို့သည် အပြစ်၏အကျိုးဆက်များ၊ နောင်တရရန်လိုအပ်မှုနှင့် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် တွေ့နိုင်သောဝမ်းမြောက်မှုတို့ကို နားလည လာနိုင်သည်။ ဥပမာ - သုတ္တံကျမ်းအခန်းကြီး ၁ က ပညာ၏အကျိုးကျေးဇူးများကို မိတ်ဆက်ပေးပြီး (သု ၁:…

နိုးကြားပါ

ဂျာမန်ဘဏ်ဝန်ထမ်းတစ်ဦးသည် ငွေအပ်နှံသူတစ်ဦး၏ဘဏ်စာရင်းမှ ယူရို ၆၂.၄၀ ကို လွှဲပြောင်းပေးစဥ် သူ၏စားပွဲခုံ၌ မရည်ရွယ်ဘဲ တစ်မှေးအိပ်ပျော်သွားချိန်၌ သူ့လက်မှ နံပါတ် “၂” ခလုတ်ကို နှိပ်မိပြီး အခြားသူ၏အကောင့်ထဲသို့ ယူရို ၂၂၂ သန်း (ဒေါ်လာသန်း ၃၀၀) လွှဲပြောင်းပေးခဲ့သည်။ မှားယွင်းမှုတွင် ငွေလွှဲပြောင်းမှုကိုသက်သေခံသူ ထိုဝန်ထမ်း၏ လုပ်ဖော်ကိုင်ဖက်အားလည်း အလုပ်မှထုတ်ပယ်အရေးယူခဲ့သည်။ အမှားကိုသိရှိပြီး ပြင်ဆင်နိုင်ခဲ့သော်လည်း အိပ်ငိုက်နေသောဝန်ထမ်းသည် ဘဏ်အတွက် အိမ်မက်ဆိုးပမာ ဖြစ်စေခဲ့သည်။

သခင်ယေရှုက တပည့်တော်များအား သတိမရှိပဲနေလျှင် သူတို့လည်းကြီးမားစွာပေးဆပ်ရသည့် အမှားကို ပြုမိလိမ့်မည်ဟု သတိပေးခဲ့သည်။ သခင်က ဆုတောင်းလျက် အချိန်ယူရန် သူတို့ကို ဂေသရှေမန်အရပ်သို့ ခေါ်သွားခဲ့သည်။ ထိုအရပ်တွင် ဆုတောင်းနေစဥ် သူ၏လောကအသက်တာ၌ သူမတွေ့ကြုံဖူးသည့် ဝမ်းနည်းမှုကို သခင်ယေရှု တွေ့ကြုံခံစားခဲ့ရသည်။ ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကို ဆုတောင်းရန်နှင့် မအိပ်ဘဲ ‘နိုးကြားစွာစောင့်နေရန်’ (မ ၂၆:၃၈) သခင်မိန့်ကြားခဲ့သော်လည်း…

ချစ်ခြင်း၏အကြီးမြတ်ဆုံးလက်ဆောင်

ကျွန်တော့်သား Geoff (ဂျော့ဖ်)သည် စတိုးဆိုင်မှထွက်လာသောအခါ စွန့်ပစ်ထားသော လမ်းလျှောက်တုတ်ကို တွေ့ပြီး၊ “ဆိုင်အနောက်မှာ အကူအညီလိုနေတဲ့သူ ရှိနေတာ မဟုတ်ပါစေနဲ့”ဟု သူမျှော်လင့်တွေးမိသည်။ သူလှည့်ပတ်ကြည့်လိုက်သောအခါ အဆောက်အအုံ၏နောက်ဘက် လမ်းဘေးတွင် သတိလစ်နေသည့် အိမ်ခြေမဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဂျော့ဖ် က သူ့ကိုလှုပ်နှိုးလိုက်ပြီး “အဆင်ပြေရဲ့လား”ဟု မေးလိုက်သည်။ “ငါသေအောင် အရက်သောက်နေတာ၊ မုန်တိုင်းကြောင့် ငါ့တဲပျက်စီးသွားပြီး အရာအားလုံးဆုံးရှုံးခဲ့တယ်။ ငါအသက်မရှင်ချင်ဘူး”ဟု သူက ပြန်ဖြေသည်။

ဂျော့ဖ်သည် ခရစ်ယာန် ပြန်လည်ထူထောင်ရေးအဖွဲ့သို့ ဖုန်းဆက်လိုက်ပြီး အကူအညီကို စောင့်နေစဥ် အိမ်သို့ပြန်ပြီး ထိုလူအတွက် သူ့ကိုယ်ပိုင်စခန်းချဖျင်တဲအထုပ်လေးယူလာပေးခဲ့သည်။ “ခင်ဗျားနာမည် ဘယ်လိုခေါ်လဲ”ဟု မေးရာ “Geoffrey” (ဂျော့ဖရီ)ဟု အိမ်ခြေမဲ့အမျိုးသားက ပြန်ဖြေသည်။ ဂျော့ဖ်သည် သူ့နာမည် (သို့) သူ့နာမည်စာလုံးပေါင်းကို ပြန်မပြောရသေးပါ။ နောက်ပိုင်းမှ “အဖေ၊ အဲဒါ ကျွန်တော်လည်း ဖြစ်နိုင်တယ်” ဟုကျွန်တော့်အား ပြောခဲ့သည်။…

သင့်မုန်တိုင်းကို ရဲဝံ့စွာရင်ဆိုင်ပါ

၁၉၆၈ ခုနှစ်၊ ဧပြီလ ၃ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ၊ တင်နစီပြည်နယ်၊ မန်ဖစ်စ်မြို့တွင် ပြင်းထန်သော မိုးကြိုးမုန်တိုင်းတိုက်ခတ်လျက်ရှိသည်။ ပင်ပန်းလျက် နာမကျန်းဖြစ်နေသော Rev. Dr. Martin Luther King Jr. (သင်းအုပ် ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ) သည် ဘုရားကျောင်းခန်းမတွင် သပိတ်မှောက် သန့်ရှင်းရေးလုပ်သားများကို အားပေးမိန့်ခွန်းပြောရန် အစီအစဥ်မရှိခဲ့ပါ။ သို့ရာတွင် လူအုပ်ကြီးက သူ၏မိန့်ခွန်းကို ကြားနာရန် ရာသီဥတုကို ရဲရဲရင့်ရင့် အန်တုကာ စောင့်ဆိုင်းနေသည်ဟု အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် သူအံ့သြသွားခဲ့သည်။ ထို့ကြောင့် ခန်းမသို့ သူသွား၍ မိနစ် ၄၀ စကားပြောခဲ့ပြီး ၎င်းသည် “ငါ တောင်ထိပ်သို့ ရောက်ခဲ့ဖူးပြီ” ဟူသည့် ကျော်ကြားသော မိန့်ခွန်းဖြစ်လာသည်။

နောက်တစ်နေ့တွင် ကင်းသည် လူသတ်သမား၏ ကျည်ဆံဖြင့် အသတ်ခံခဲ့ရသော်လည်း သူ၏မိန့်ခွန်းသည် ဖိနှိပ်ခံပြည်သူများကို “ကတိထားရာပြည်” ဟူသော မျှော်လင့်ချက်ဖြင့်…