လ - ဖေ‌ဖော်ဝါရီ 2022

ခေါင်းဆောင်နည်းတူ ကျင့်ပါ

စကားလုံး မပါ။ ဂီတနှင့်လှုပ်ရှားမှုသာရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြုလုပ်သည့် ၂၄ နာရီကြာ ဇွန်းဘားမာရသွန်ပြိုင်ပွဲတွင် ကမ္ဘာတစ်ဝှမ်းလုံးမှ ထောင်နှင့်ချီသောလူများသည် အတူတကွလေ့ကျင့်ခန်းလုပ်ကြပြီး ဖန်သားပြင်မှ တစ်ဆင့် အိန္ဒိယ၊ တရုတ်၊ မက္ကဆီကို၊ အမေရိက၊ တောင်အာဖရိက၊ ဥရောပဒေသအချို့နှင့်အခြားဒေသများမှနည်းပြများနည်းတူ လိုက်လုပ်ခဲ့ကြသည်။ ဤကွဲပြားခြားနား သောပုဂ္ဂိုလ်များသည် ဘာသာစကား အဟန့်အတား မရှိဘဲ အတူလှုပ်ရှားခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ထိုနည်းပြများ အရူးအမူးဖြစ်နေသည့် ဇွန်းဘားကို ၁၉၉၀ ပြည့်နှစ်များ အလယ်ပိုင်းတွင် ကိုလံဘီယာနိုင်ငံမှ အေရိုးဗစ်နည်းပြတစ်ဦးက စတင်တီထွင်ခဲ့ပြီး အချင်းချင်း ဆက်သွယ်ရာတွင် နှုတ်ဖြင့်မပြောဘဲ အချက်ပေးမှုများကို အသုံးပြုသောကြောင့် ဖြစ်သည်။ နည်းပြများက လှုပ်ရှား၍ဦးဆောင်သည်ကို သင်တန်းသားများက စကားလုံးတစ်လုံးမျှ မရွတ်ဘဲ၊ မအော်ဘဲ လိုက်လုပ်ကြသည်။

စကားလုံးများသည် တစ်ခါတစ်ရံတွင် အတားအဆီးများ ဖြစ်စေနိုင်သည်။ ကောရိန္သုအသင်းသားများထံသို့ ပေးပို့သည့် ပထမစာစောင်တွင် ပေါလုရေးထားသည့်အတိုင်း စကားများကြောင့် သူတို့ဇဝေဇဝါဖြစ်ပြီး…

ကြယ်များကို စိန်ခေါ်ခြင်း

အီတလီကဗျာဆရာ F. T. Marinetti (အက်ဖ် တီ မာရီနက်တီ)သည် အတိတ်ကိုပစ်ပယ်သော၊ အလှအပဆိုင်ရာ အစဥ်အလာအမြင်များကို သရော်သော၊ စက် ယန္တရားများကို အမွှမ်းတင်သော အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်သည့် အနာဂတ်ဝါဒကို ၂၀ ရာစုနှစ်အစောပိုင်းတွင် စတင်ခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် မာရီနက်တီက သူ၏ ‘Manifesto of Futurism’ (အနာဂတ်ဝါဒကြေညာစာတမ်း)ကို ရေးခဲ့ပြီး ၄င်းတွင် သူသည် “အမျိုးသမီးများအား အထင်သေးခြင်း”ကို ဖော်ပြကာ “လက်သီးဖြင့် ထိုးနှက်ခြင်း”ကို ချီးကျူးပြောဆိုပြီး“ကျွန်ုပ်တို့က စစ်ကို အမွှမ်းတင်ချင်တယ်”ဟု အခိုင်အမာပြောဆိုခဲ့သည်။ “ကမ္ဘာကြီး၏အထွတ်အထိပ်၌ ရပ်နေလျက် ကျွန်ုပ်တို့ သည် ကြယ်တာရာများဆီသို့ ကျွန်ုပ်တို့၏မောက်မာသောစိန်ခေါ်မှုကို နောက်တစ်ဖန် ပစ်လွှတ်လိုက်သည်” ဟူသောစာကြောင်းဖြင့် ထိုစာတမ်းကို အဆုံးသတ်ခဲ့သည်။

မာရီနက်တီ၏ကြေညာစာတမ်း ထုတ်ဝေပြီး ၅ နှစ်အကြာတွင် ခေတ်သစ် စစ်ပွဲသည် အပြင်းအထန်စတင်ပါတော့သည်။ ပထမကမ္ဘာစစ်သည် ဂုဏ်အသရေ မရှိခဲ့ပါ။…

သင်ချစ်ရသူများကိုချစ်ပါ

အာမုတ်သည် မိမိမှန်သည်ဟု တစ်ထစ်ချယုံသည့် အပေါင်းအသင်းခုံမင်သူဖြစ်ပြီး ဒန်နီသည် မိမိကိုယ်ကိုမယုံကြည်မှုများနှင့် ဖိစီးမှုခံစားနေရသော တစ်ကိုယ်တည်း သမားဖြစ်သည်။ ဘာကြောင့်မှန်းမသိ၊ ဤတစ်မူထူးခြားသောအကျင့်စရိုက်ရှိသူ နှစ်ဦးသည် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ သူတို့သည် အတူတကွ ရယ်မောလျက်၊ သင်ယူလျက်ဖြင့် ဆယ်စုနှစ်တစ်ခုကို ကုန်လွန်စေခဲ့သည်။ သူတို့ လုပ်ခဲ့သောအလုပ်သည် တစ်နေ့တွင်နိုဘယ်ဆုရပါလိမ့်မည်။ သို့သော် အာမုတ်၏ တစ်ကိုယ်ကောင်းဆန်သော စရိုက်များကို သည်းမခံနိုင်တော့သော ဒန်နီက သူ့အား သူတို့သည် မိတ်ဆွေများမဟုတ်တော့ကြောင်း ပြောလိုက်သည်။

သုံးရက်ကြာပြီးနောက် အာမုတ်သည် ဖုန်းဆက်ကာ သတင်းဆိုးကို ပေးသိခဲ့သည်။ ဆရာဝန်များက သူ၌ ကင်ဆာရှိကြောင်းကို တွေ့ခဲ့ပြီး ၆ လသာအသက်ရှင်တော့မည်ဟုဆိုခဲ့သည်။ ဒန်နီသည် ကြေကွဲဝမ်းနည်းခဲ့ရသည်။ “ငါတို့ကဘာတွေလို့ မင်းဘယ်လိုပဲ ထင်ထင်၊ ငါတို့က သူငယ်ချင်းတွေပဲ”ဟု အာမုတ် ပြောခဲ့သည်။

ပေါလုသည် ခိုင်မာပြတ်သားသော အမြော်အမြင်ရှိသူဖြစ်ပြီး၊ ဗာနဗက စိတ်နူးညံ့၍ တိုက်တွန်းခွန်အားပေးတတ်သူဖြစ်သည်။ သန့်ရှင်းသောဝိညာဥ်တော်သည်…

“မလုပ်နိုင်”ဟု လုံးဝမပြောပါနှင့်

ဂျန်သည် ခြေထောက်မပါပဲ မွေးဖွားလာခဲ့ပြီး ဆေးရုံ၌ စွန့်ပစ်ခံခဲ့ရသည်။ သို့ဖြစ်လျက်ပင် သူမက မွေးစားခံမည့်သူ စာရင်းသွင်းခံခဲ့ရခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်သည်ဟုဆိုသည်။ “ကျွန်မဒီလိုရပ်တည်နေနိုင်တာ ကျွန်မကို အားပေးခဲ့ကြတဲ့ သူ‌တွေကြောင့်”ဟု သူမက ဆိုသည်။ “ဤကဲ့သို့မွေးဖွားလာခြင်းသည် အကြောင်းမဲ့ အကျိုးမဲ့ မဟုတ်ကြောင်း” သူမသဘောပေါက်လာစေရန် သူမ ၏မွေးစားမိသားစုက ကူညီပေးခဲ့သည်။ သူတို့က သူမအား “‘မလုပ်နိုင်’ ဟု လုံးဝ မပြောရန်” ပြုစုပျိုးထောင်ခဲ့ပြီး ကျွမ်းကျင်သောကျွမ်းဘားနှင့် ကောင်းကင်ဘားမယ် ဖြစ်လာခြင်းအပါအဝင် သူမ၏ဝါသနာများကို အားပေးခဲ့သည်။ သူမသည် စိန်ခေါ်မှုများအား “ငါဒါကို ဘယ်လိုဖြေရှင်းရမလဲ” ဟူသောအမြင်ဖြင့် ရင်ဆိုင်၍ အခြားသူများကိုလည်း ထိုကဲ့သို့ပြုရန် တိုက်တွန်းသည်။

ဘုရားသခင်က ပေးအပ်သောတာဝန်များကို ထမ်းဆောင်နိုင်စွမ်းမရှိဟုထင်ရ သူ (သို့) ထမ်းဆောင်ရန်မသင့်တော်ဟု ထင်ရသူများအကြောင်းကို သမ္မာကျမ်းစာထဲတွင် တွေ့ရသည်။ သို့သော် ဘုရားသခင်က သူတို့ကို အသုံးပြုလိုက်သည်သာ။ မောရှေသည် အကောင်းဆုံးပုံသက်သေဖြစ်သည်။…

ဘုရားသခင်ထံ တိုးဝင်ခြင်း

Harriet Tubman (ဟဲရီယက် တာ့မန်)သည် စာမ‌ရေးတတ် မဖတ်တတ်ပါ။ ဆယ်ကျော်သက်အရွယ်တွင် ကြမ်းကြုတ်သည့် ကျွန်ပိုင်ရှင်၏လက်ချက်ကြောင့် သူမဉီးခေါင်းတွင်ဒဏ်ရာရခဲ့ပြီး၊ ထိုဒဏ်ရာကြောင့် သူမဘဝတစ်လျှောက်လုံး (ဝက်ရူးပြန်) အတက်ရောဂါရပြီး အာရုံခံစားမှုကင်းမဲ့ခဲ့ရသည်။ သို့သော် ကျွန်ဘဝမှ သူလွတ်မြောက်လာသောအခါ အခြားလူသုံးရာခန့်ကို ကယ်တင်ရန် ဘုရားသခင် သူ့ကို အသုံးပြုခဲ့သည်။

လွတ်မြောက်သူများက သူမကို ‘မောရှေ’ ဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ သူမသည် ပြည်တွင်းစစ်မဖြစ်မီ အခြားသူများကိုကယ်ရန် တောင်ပိုင်းဒေသသို့ ရဲရင့်စွာ ၁၉ ကြိမ် ခရီးနှင်ခဲ့သည်။ သူမ၏ခေါင်းမှဒဏ်ရာနှင့် အသက်အန္တရာယ် ရှိနေချိန်၌ပင် လုပ်ရမည့်အလုပ်ကို သူဆက်လုပ်ခဲ့သည်။ သစ္စာရှိသော သခင်ယေရှုကိုယုံကြည်သူတစ်ယောက်အနေဖြင့် သူမသည် ခရီးသွားတိုင်း ဓမ္မတေးစာအုပ်နှင့် ကျမ်းစာအုပ်ကို ယူသွားပြီး သူမအလွတ်ကျက်မှတ်ရန်နှင့် ကိုးကားပြောနိုင်ရန်ကျမ်းပိုဒ်များကို အခြားသူများက ဖတ်ပြခဲ့ရသည်။ “ကျွန်မအလုပ်အတွက် အချိန်တိုင်း ဆုတောင်းတယ်။ နေရာတိုင်းမှာ ကျွန်မအမြဲတမ်း သခင်နဲ့စကား ပြောတယ်” ဟု…