လ - ဇူလိုင် 2022

လွတ်လပ်မှု အစစ်အမှန်

ရထားပေါ်တွင် စာဖတ်ရင်း မေလင်းသည် စာမျက်နှာဘေးနေရာလွတ်၌ မှတ်စုတိုများ ရေးမှတ်လျက် စာကြောင်းများကို ရောင်စုံမင်ဖြင့် မျဥ်းသားနေသည်။ သို့သော် အနီးတွင်ထိုင်နေသည့် သားအမိနှစ်ဦးတို့၏ အပြန်အလှန်စကားကြောင့် သူမ၏ အပြုအမူကို ရပ်လိုက်သည်။ စာကြည့်တိုက်မှ ငှားလာသောစာအုပ်တွင် ကလေးငယ်က တောင်ခြစ်မြောက်ခြစ် လုပ်နေသဖြင့် မိခင်ဖြစ်သူက ပဲ့ပြင်သွန်သင်နေခြင်းပါ။ မေလင်းသည် သူ၏ရောင်စုံမင်ကို အလျင်အမြန် သိမ်းလိုက်သည်။ လမ်းလျှောက်တတ်စ ကလေးငယ်က သူလုပ်သလိုလိုက်လုပ်ကာ မိခင်၏စကားကို နားမထောင်တော့မည်ကို မေလင်းမလိုလားပေ။ ကလေးငယ်သည် ငှားလာသောစာအုပ်ကို ဖျက်ဆီးခြင်းနှင့် မိမိပိုင်သောစာအုပ်တွင် မှတ်စုရေးခြင်းတို့၏ ခြားနားမှုကို နားလည်မည်မဟုတ်ကြောင်း သူမသဘောပေါက်သည်။

မေလင်း၏အပြုအမူသည် ကောရိန္သုသြဝါဒစာပထမစောင် ၁၀:၂၃-၂၄ မှ ရှင်ပေါလု၏ဖော်ပြထားချက်ကို သတိရစေသည်။ “ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ပဲ ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာတို့သည် သူတစ်ပါးကို တည်ဆောက်တတ်သည်မဟုတ်။ ကိုယ်အကျိုးကို…

အချင်းချင်းကို အနီးကပ်ကြည့်ရှုစောင်မပါ

အသက် (၇၇)နှစ်အရွယ် အချိန်ပိုင်းအစားထိုးစာသင်ပေးသည့် ဆရာဂျိုစီသည် နှစ်ပေါင်း (၈၀)မျှ ကားထဲ၌ နေထိုင်ခဲ့သူဖြစ်သည်။ ညစဥ်ညတိုင်းတွင် သူ၏ ၁၉၉၇ ထုတ် Ford (ဖို့ဒ်) ကားလေးထဲမှ ဘက်ထရီကို ပုံမှန် စစ်ဆေးသည်။ ထိုဘက်ထရီဖြင့် ကွန်ပြူတာကိုအားသွင်းကာ ညနေပိုင်းအလုပ်ကို လုပ်သည်။ အိမ်ငှားမည့်ငွေကို သူ့ထက်ပို၍လိုအပ်သည့် မက်ဆီကိုနိုင်ငံရှိ သူ့မိသားစုထံသို့ ပေးပို့ခဲ့သည်။ နေ့စဥ်နံနက်စောစောတွင် ကားထဲ၌ ဟိုဟိုဒီဒီ လုပ်နေသည့် ဆရာဂျိုစီကို ကျောင်းသားဟောင်းတစ်ဦးက တွေ့မြင်ခဲ့ပြီး၊ “ကျွန်တော် တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ခံစားခဲ့ရတယ်”ဟု ဆိုကာ ဆရာ့အတွက် ရံပုံငွေကောက်ခံခဲ့သည်။ ရက်သတ္တပတ်အတန်ကြာတွင် ကောက်ခံရရှိသောငွေကို ဆရာဂျိုစီထံပေးအပ်ပြီး အိမ်ငှားနေရန်ကူညီပေးခဲ့သည်။

သမ္မာကျမ်းစာမှ တစ်ဦးနှင့်တစ်ဦးဂရုစိုက်လျက် စောင်မကြည့်ရှုရန် ကျွန်ုပ်တို့ကို အထပ်ထပ်ညွှန်ကြားထားသော်လည်း၊ တစ်ခါတစ်ရံတွင် မိမိ၏သောက ပူပန်စရာများထက်ကျော်ပြီး ကြည့်ရန်ခက်ခဲပါသည်။ ပရောဖက်ဇာခရိက ဣသရေလလူမျိုးတို့အား ၎င်းတို့သည် ဘုရားသခင်ကိုကိုးကွယ်ပြီး အခြားသူများအား အစေခံမည့်အစား…

စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့

မလန်နီနှင့် ထရေဗာသူငယ်ချင်းနှစ်ဦးတို့ တောင်တက်လမ်းကြောင်းအတိုင်း မိုင်ပေါင်းများစွာ ခြေလျင်ခရီးနှင်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လိုအပ်ကြသည်။ မလန်နီသည် မွေးရာပါကျောရိုးအက်ပြီး ဘီးတပ်ကုလားထိုင်ကို အသုံးပြုရသူ၊ ထရေဗာကမူ မျက်စိအာရုံကြောရောဂါကြောင့် မျက်မမြင်တစ်ဦးဖြစ်သည်။ တောင်တက်ရာတွင် ထရေဗာက မလန်နီကို ကျောပိုးပြီး၊ မလန်နီက သူ့ကို နှုတ်ဖြင့် လမ်းညွှန်သည်။ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို တောတောင်သဘာဝကို ခံစားရရန်အတွက် ၎င်းတို့သည် အကောင်းဆုံးသော တွဲဘက်များဖြစ်ကြောင်း သိကြသည်။ သူတို့ကိုယ်သူတို့ “စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့” ဟု ဖော်ပြကြသည်။

ထိုနည်းတူ ရှင်ပေါလုက ခရစ်တော်၏ကိုယ်ဖြစ်သော သခင်ယေရှုကိုယုံကြည်သူများအား “စိတ်ကူးယဥ်မျှော်လင့်သူတို့အဖွဲ့” ဟူ၍ ဖော်ပြထားသည်။ ရောမအသင်းသားတို့အား ၎င်းတို့တစ်ဦးချင်းစီ ရရှိထားသောဆုကျေးဇူး ကောင်းချီးများသည် ပိုမိုကြီးမားသောအစုအဖွဲ့တွင် မည်မျှအကျိုးကျေးဇူးဖြစ်စေသည်ကို သိမှတ်ရန် ရှင်ပေါလု တိုက်တွန်းနှိုးဆော်ထားသည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် မတူညီသော တာဝန်များထမ်းဆောင်သည့် အင်္ဂါအစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းထားသကဲ့သို့ ကျွန်ုပ်တို့အတူတကွ ပေါင်းစည်းခြင်းအားဖြင့် (ဝိညာဥ်ရေးဆိုင်ရာ)ခန္ဓာတစ်ခုဖြစ်လာပြီး၊ မိမိ၌ရှိသည့်ဆုကျေးဇူးအသီးသီးဖြင့်…

ချစ်ကြောင်းပြောသောအစားအစာ

​ကျွန်မသွားရောက်ခဲ့သည့် မွေးနေ့ပွဲတွင် အိမ်ရှင်မက အိမ်အပြင်အဆင်၊ လက်ဆောင်များ၊ အကောင်းဆုံးအစားအစာ၌ “သူ့အကြိုက်” ဆိုသည့်အချက်လေး ပေါ်လွင်နေအောင် ဖန်တီးစီစဥ်ထားသည်။ မွေးနေ့ရှင်ကလေးမလေးက အမဲသားကင်နှင့်အရွက်သုပ်၊ အဖြူရောင်ချောကလက်နှင့်ရတ်စ်ဘယ်ရီသီး ကိတ်မုန့်ကို ကြိုက် နှစ်သက်သဖြင့်၊ မိခင်က အမဲသားကင်နှင့်ဟင်းနုနယ်ကို ပြင်ဆင်ထားပြီး အကြိုက်ဆုံးကိတ်မုန့်ကို မှာပေးထားသည်။ သူ့အကြိုက်ဆုံးအစားအစာများက “သမီးကို ချစ်တယ်” ဟူ၍ အဓိပ္ပာယ် ပေါ်လွင်နေသည်။

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ သစ္စာတော်နှင့်ပြည့်စုံခြင်းအတွက် ဂုဏ်ပြုချီးမွမ်းခြင်းနှင့်တွဲပြီး စားသောက်ပွဲများကျင်းပကြသဖြင့် စားသောက်ပွဲကြီးများနှင့် ပွဲတော်များအကြောင်း ဖော်ပြထားသည်။ စားသောက်ပွဲကျင်းပခြင်းသည် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်သော ဣသရေလလူမျိုးတို့၏အလေ့အထ ဖြစ်သည်။ ပသခါပွဲတော်ကို (၇)ရက် (သို့) (၈)ရက် ကျင်းပပြီး၊ လဆန်းပွဲတော်ကို တစ်လတစ်ကြိမ် ကျင်းပသည် (တော ၂၈:၁၁-၃၁)။ ဆာလံကျမ်း ၂၃:၅ တွင် သူ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံသည့် စားကောင်းသောက်ဖွယ် အလျှံပယ်နှင့် စားသောက်ပွဲကို ဘုရားရှင်ပြင်ဆင်ပေးကြောင်း…

အလျင်လိုချိန်၌ မျှော်လင့်စောင့်ဆိုင်းပါ

၁၉၃၀ နှစ်တွင် စီးပွားရေးပညာရှင် John Maynard Keynes (ဂျွန်မေးနာ့ဒ်ခိန်းစ်) ရေးသော ဆောင်းပါးတစ်ပုဒ်တွင် “အားလပ်နေချိန်၌ ကျွန်ုပ်တို့ဘာလုပ်မည်နည်း” ဟူသည့်မေးခွန်းက အဓိကသော့ချက်အတွေးဖြစ်သည်။ ၎င်းဆောင်းပါး၌ ခိန်းစ်က နှစ်ပေါင်း (၁၀၀)အတွင်း နည်းပညာပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ တိုးတက်မှုများသည် လူသားတို့အား တစ်နေ့လျှင် (၃)နာရီ၊ တစ်ပတ်လျှင် (၁၅)နာရီ အလုပ်လုပ်မည့် အခြေအနေတစ်ခုသို့ ဆောင်ကြဥ်းပေးလိမ့်မည်ဟု အဆိုပြုတင်ပြခဲ့သည်။

ကျော်ကြားလှသည့် ထိုစာအုပ်ကို ခိန်းစ်ရေးသားထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း (၉၀)ကျော်မျှ ကြာခဲ့ပြီဖြစ်သည်။ သို့သော် နည်းပညာများက အားလပ်ချိန်ကို ပိုမိုဖန်တီးသည်ထက် ကျွန်ုပ်တို့အား ပို၍အလုပ်ရှုပ်စေပါသည်။ နေ့စဥ်သွားလာသည့်အချိန်နှင့် အစားအသောက်ပြင်ဆင်ချိန်များ နည်းသွားသည့်တိုင် တစ်နေ့တာလုပ်ဆောင်စရာများက အချိန်ပြည့်ဖြစ်ပြီး ကျွန်ုပ်တို့အလျင်လိုနေဆဲ ဖြစ်သည်။

ကျွန်ုပ်တို့အလျင်စလိုဖြစ်နေချိန်တွင် မည်ကဲ့သို့တည်ငြိမ်စွာနေရမည်ကို ဒါဝိဒ် ၏အသက်တာမှ ထိထိမိမိပေါ်လွင်သည့် ဖြစ်ရပ်တစ်ခုက ပြသသည်။ ဒါဝိဒ်သည် (သူ့ကိုသတ်ရန် ကြိုးစားနေသည့်) ရှောလုမင်းထံမှ ထွက်ပြေးရစဥ်က…