လ - ဖေ‌ဖော်ဝါရီ 2023

ဘုရားသခင်၏လက်တော် ဆန့်တန်းကြိုနေ

ဖုန်းကို မျက်မှောင်ကြုတ်ကြည့်ရင်း ကျွန်မသက်ပြင်းချမိသည်။ စိုးရိမ်မှုကြောင့် ကျွန်မ၏မျက်ခုံးများ တွန့်ချိုးနေသည်။ ကျွန်မနှင့်ကျွန်မ၏သူငယ်ချင်းသည် မိမိတို့၏ရင်သွေးများနှင့်ပတ်သက်ပြီး အကြီးအကျယ် သဘောထားကွဲလွဲခဲ့သည်။ သူမထံ ဖုန်းဆက်ကာ တောင်းပန်သင့်ကြောင်း ကျွန်မသိသည်။ ကျွန်မတို့၏အမြင်မတူမှုများ ရှိနေဆဲဖြစ်၍ ကျွန်မဖုန်းမခေါ်ချင်သော်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ဆုံးအခေါက် ကျွန်မတို့ဆွေးနွေးခဲ့စဉ် ကျွန်မဘက်မှ နူးညံ့မှုနှင့် နှိမ့်ချမှု မရှိခဲ့ခြင်းကို ကျွန်မသိသည်။

ဖုန်းဆက်ဖို့၊ မဆက်ဖို့ မချိတင်ကဲဖြစ်နေရင်း “သူ ငါ့ကို ခွင့်မလွှတ်ရင် ဘယ်လိုလုပ်မလဲ။ ငါနဲ့သူငယ်ချင်းဆက် မဖြစ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ” ဟု တွေးနေခဲ့မိသည်။ ချက်ချင်းပင် ကျွန်မခေါင်းထဲသို့ သီချင်းတစ်ပုဒ်မှစာသားများ ဝင်လာကာ ကျွန်မ၏အပြစ်များကို ဘုရားရှင်ထံ ဝန်ချတောင်းပန်ခဲ့သည့်အချိန်ကို ပြန်သတိရခဲ့သည်။ ဘုရားသခင်သည် ကျွန်မကိုခွင့်လွှတ်ပြီး အပြစ်ရှိသည့်ခံစားချက်မှ လွတ်မြောက်စေကြောင်း သိရသည့်အတွက် စိတ်သက်သာရာရခဲ့သည်။

ဆက်ဆံရေးပြဿနာများကို ကျွန်မတို့ဖြေရှင်းရသည့်အခါ ကျွန်မတို့အပေါ်လူများ၏တုံ့ပြန်မှုကို ကျွန်မတို့ မထိန်းချုပ်နိုင်ပါ။ မိမိအပိုင်းမှ မိမိ၏အပြစ်ကို ဝန်ချပြီး ခွင့်လွှတ်မှုကို…

ကောင်းသောသိုးထိန်း

သင်းအုပ်ဆရာကြီး Warren (ဝါရန်)သည် သူ့အသင်းသားတစ်ယောက်က သူ၏ ဇနီးနှင့်မိသားစုကို စွန့်ပစ်သွားကြောင်း သတင်းကြားသောအခါ ထိုလူနှင့်ဆုံမိပြီး စကားပြောနိုင်အောင်မစရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ရာ၊ ဘုရားရှင် တကယ် မစခဲ့သည်။ စားသောက်ဆိုင်တစ်ခုထဲသို့ ဝါရန် ဝင်လိုက်သည့်အခါ အနီးနားစားပွဲတွင် ထိုပုဂ္ဂိုလ်ကို တွေ့လိုက်ပြီး “ဗိုက်ဆာနေတဲ့လူတစ်ယောက်အတွက် နေရာလေး ရနိုင်မလား” ဟု သူခွင့်တောင်းခဲ့သည်။ မကြာမီ ၎င်းတို့နှစ်ဦးသား အလေးအနက်ပြောဆိုဆွေးနွေးလျက် အတူတကွ ဆုတောင်းခဲ့ကြသည်။

ဘုရားသခင်သည် ကွဲပြားနေသောသူ၏သိုးများကို ရှာမည်ဖြစ်ကြောင်း ပရောဖက်ယေဇကျေလအားဖြင့် မိန့်ကြားသကဲ့သို့ သင်းအုပ်ဆရာတစ်ဦးအနေဖြင့် ဝါရန်သည် အသင်းသူအသင်းသားများအတွက် သိုးထိန်းတစ်ဦးကဲ့သို့ ပြုမူခဲ့သည်။ ကွဲပြားနေသောသူ၏သိုးများကို ကယ်တင်ကာ စုဝေးစေပြီး ကြည့်ရှုပြုစုမည်ဟု ဘုရားသခင် ကတိတော်ထားရှိသည် (ယေဇ ၃၄:၁၂-၁၃)။ သူသည် ကောင်းသောကျက်စားရာအရပ်၌ သူတို့ကို ကျွေးမွေးမည်၊ ပျောက်သောသိုးကိုရှာပြီး သူတစ်ပါးနှင်သောသိုးကို လိုက်၍ဆောင်ခဲ့မည်၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်၊ အားနည်းသောသိုးကို မစမည်ဖြစ်သည်…

အထီးကျန်ဆုံးသောလူသား

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်တွင် Neil Armstrong (နေးလ်အမ်းစထရောင်း) နှင့် Buzz Aldrin (ဘဇ်အယ်လ်ဒရင်) တို့သည် အာကာသယာဉ်ထဲမှထွက်ပြီး လကမ္ဘာပေါ်တွင် ပထမဦးဆုံး ခြေချလမ်းလျှောက်သူများ ဖြစ်ခဲ့ကြသည်။ သို့သော် အဖွဲ့မှတတိယမြောက်လူ၊ အပိုလို-၁၁ ၏ခေါင်းပိုင်းကို မောင်းနှင်ပေးခဲ့သည့် Michael Collins (မိုက်ကယ် ကောလင်းစ်)ကို ကျွန်ုပ်တို့မစဥ်းစားမိကြပါ။

လ၏မျက်နှာပြင်ကို ထိတွေ့စမ်းသပ်ဖို့ရာ သူ့အပေါင်းအပါများ လှေကားမှဆင်းသွားပြီးနောက် ‌ကောလင်းစ်သည် လ၏အဝေးတစ်နေရာ၌ ရပ်စောင့်နေခဲ့သည်။ နေးလ်၊ ဘဇ် နှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သူအဆက်အသွယ်ပြတ်ခဲ့သည်။ NASA (နာဆာ) ဗဟိုထိန်းချုပ်ဌာနမှ “အာဒံကတည်းကစပြီး ‌ကောလင်းစ် လောက် အထီးကျန်ဖြစ်ခဲ့သူကို မမြင်ဖူးဘူး”ဟု မှတ်ချက်ပေးခဲ့သည်။

လုံးဝအထီးကျန်နေသည်ဟု ကျွန်ုပ်တို့ခံစားရချိန်များ ရှိသည်။ ဥပမာ - ယာကုပ်၏သားယောသပ်သည် အကိုများ၏ရောင်းစားခြင်းကိုခံရပြီး ဣသရေလပြည်မှ အဲဂုတ္တုပြည်သို့ ‌ခေါ်ဆောင်ခံရချိန်…

စိတ်ကူးကြည့်နိုင်ရုံမျှသာ

ချီးမွမ်းခြင်းအဖွဲ့မှ ‘I Can Only Imagine’ (စိတ်ကူးကြည့်နိုင်ရုံမျှသာ) သီချင်းကို စတင်တီးခတ်သီဆိုနေချိန်တွင် အမျိုးသမီးတစ်ဦး၏အနောက် ခုံတန်းရှည်တွင် ကျွန်မဝင်ထိုင်လိုက်သည်။ ကျွန်မလက်ကိုမြှောက်ပြီး ဘုရားသခင်ကို ချီးမွမ်းစဥ် ရှေ့မှအမျိုးသမီး၏ချိုမြိန်သော ဆိုပရာနိုအသံနှင့် ကျွန်မအသံကလည်း လိုက်ဖက်ညီခဲ့သည်။ သူမ၏ ကျန်းမာရေးနှင့် ရုန်းကန်ရမှုများအကြောင်း ပြောပြပြီးနောက် ‌နောက်တစ်ကြိမ် ကင်ဆာကုသမှုခံယူရန်အတွက် အတူဆုတောင်းခဲ့ကြသည်။

လအနည်းငယ်ကြာပြီးနောက် လူးဝစ်က သူမသေရမှာကို ကြောက်ကြောင်း ပြောပြပါသည်။ သူက ဆေးရုံကုတင်ပေါ်တွင် လှဲနေရင်း သူ့ဦးခေါင်းအနီး၌ ကျွန်မကပ်မှီကာ တိုးတိုးလေးဆုတောင်းပြီး၊ ကျွန်မတို့ဆိုနေကျသီချင်းကို တိတ်တိတ်လေး သီဆိုခဲ့ကြသည်။ ရက်အနည်းငယ်အကြာတွင် ယေရှုအား မျက်နှာချင်းဆိုင် ကိုးကွယ်နေမည့် လူးဝစ်ကို ကျွန်မစိတ်ကူးကြည့်နိုင်ရုံမျှသာ တတ်နိုင်သည်။

တမန်တော်ရှင်ပေါလုသည် သေခြင်းတရားနှင့်ရင်ဆိုင်နေရသော သူ၏စာဖတ်သူများအား နှစ်သိမ့်မှုဖြစ်စေသည့် စိတ်ချမှုတစ်ခုပေးထားသည် (၂ ကော ၅:၁)။ ထာဝရကာလ၏ဤတစ်ဘက်ခြမ်း လောကမြေအိမ်၌ရှိစဥ် တွေ့ကြုံရသော ဆင်းရဲဒုက္ခသည် ညည်းတွားခြင်းကို ဖြစ်စေသော်လည်း…

သင့်နာမည်ဘယ်လိုခေါ်လဲ

ဂျဲန်သည် သူမ၏ပထမခင်ပွန်း ဆုံးပါးသွားပြီးနောက် နောက်အိမ်ထောင်ပြုခဲ့သည်။ ခင်ပွန်းအသစ်၏သားသမီးများက သူမကို လုံးဝလက်မခံဘဲ ယခု သူဆုံးပါးသွားသောအခါ သူတို့၏ငယ်ဘဝအိမ်တွင် ရှိနေသည့်သူမကို မုန်းတီးကြသည်။ သူမ၏ ခင်ပွန်းသည် သူမအတွက် အတော်အသင့်သောငွေကို ချန်ထားခဲ့သည့်အတွက် သူ့ကလေးများက သူတို့အမွေကို ခိုးသည်ဟု ပြောကြသည်။ ဂျဲန်၏စိတ်ပျက်လာမှုက နားလည်နိုင်ဖွယ်ရာဖြစ်ပြီး သူမ၏နာကြည်းခါးသီးမှုများ ကြီးထွားလာသည်။

“နောမိ၏ခင်ပွန်းသည် မိသားစုလိုက် မောဘပြည်သို့ ပြောင်းရွှေ့ခဲ့ပြီး၊ ထိုပြည်၌ သူနှင့် သူတို့၏သားနှစ်ဦး သေဆုံးသွားကြသည်။ နှစ်များစွာကြာပြီးနောက် နောမိသည် သူ၏ချွေးမရုသမှလွဲပြီး လက်ဗလာဖြင့် ဗက်လင်မြို့သို့ပြန်ခဲ့သည်။ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားပြီး “ဤသူကား နောမိဟုတ်သလော” ဟု မေးကြသည် (ရု ၁:၁၉)။ “နှစ်လိုဖွယ်ကောင်းသောသူ” ဟု အဓိပ္ပာယ်ရှိသည့် ထိုအမည်ကို မခေါ်သင့်။ “ခါးသောအရာ” ဟုအဓိပ္ပာယ်ရှိသော “မာရ” ဟုခေါ်ပါ။ အဘယ်ကြောင့်ဆိုသော် “ငါသည် ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား…