ယုံကြည်ခြင်းအားဖြင့် တွေ့မြင်ခြင်း
အရုဏ်ဦးအချိန် လမ်းလျှောက်ထွက်စဉ် အမေရိကားရှိ မီရှီဂန်အိုင် ရေမျက်နှာပြင်သို့ နေရောင်ကျရောက်နေပုံက ရင်သပ်ရှုမောဖွယ်မြင်ကွင်းဖြစ်သည်။ ဖုန်းကင်မရာ ချိန်ပြီး ဓာတ်ပုံရိုက်လို၍ ကျွန်မကို ရပ်စောင့်ရန် သူငယ်ချင်းအား လှမ်းပြောလိုက်သည်။ နေမင်းကြီး၏အနေအထားကြောင့် ခလုပ်မနှိပ်မီ ဖုန်းမှန်သားပြင်၌ မည်သည့်အရာမှ မမြင်ရပါ။ သို့သော် ယခင်အတွေ့အကြုံများအရ ယခုရိုက်မည့်ပုံသည် အကောင်းဆုံးပုံထွက်လာမည်ကို ကျွန်မယုံကြည်သည်။ “မှန်သားပြင်ပေါ်မှာ ပုံရိပ်မမြင်ရပေမဲ့ ပုံထွက်လာတဲ့အခါ အမြဲတမ်း ပုံကောင်းတွေပဲ ထွက်လာတယ်” ဟု ကျွန်မသူငယ်ချင်းကို ပြောလိုက်သည်။
ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသော အသက်တာတွင်လည်း ထိုဓါတ်ပုံကဲ့သို့ပင် မှန်သားပြင်ပေါ်၌ ရှင်းလင်းစွာ မမြင်ရသော်လည်း ရင်သပ်ရှုမောဖွယ် ပုံကောင်းထွက်လာမည် မဟုတ်ဟု မထင်ပါနှင့်။ ဘုရားရှင် အလုပ်လုပ်နေသည်ကို မတွေ့ရသော်လည်း ကိုယ်တော် အမြဲရှိနေသည်ကိုဖြင့် ယုံကြည်နိုင်ပါသည်။ ဟေဗြဲသြဝါဒစာ ရေးသားသူက “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏” (ဟေဗြဲ ၁၁:၁) ဟု…

ချီးမွမ်းခြင်းအလုံးစုံနှင့်ထိုက်တန်မှု
Ferrante (ဖါရန်တေ) နှင့် Teicher (တေချာ) တို့သည် နှစ်ယောက်တွဲ စန္ဒရားတီးခတ်မှုတွင် အကြီးကျယ်ဆုံးအတွဲအဖြစ် သတ်မှတ်ခံရသည်။ သူတို့နှစ်ယောက်၏ပူးပေါင်းတင်ဆက်မှုတွင် အမှားအယွင်းမရှိ၊ အလွန်တိကျပြီး သူတို့၏တီးခတ်ဟန်က လက်လေးချောင်းဖြင့် တီးခတ်သော်လည်း နှစ်ကိုယ့် တစ်စိတ်ဖြစ်နေသည်။ သူတို့၏တေးသံကိုကြားရသူတိုင်း သူတို့၏အနုပညာ ကျွမ်းကျင်မှုအတွက် လိုအပ်သော အားထုတ်မှုကို နားလည်နိုင်ကြသည်။
ထိုမျှမက သူတို့လုပ်သည့်အလုပ်အပေါ်တွင် သူတို့ချစ်မြတ်နိုးသည်။ ၁၉၈၉ ခုနှစ်တွင် သူတို့အငြိမ်းစားယူပြီးသည့်နောက် ဖါရန်တေနှင့်တေချာသည် ရံဖန်ရံခါ စန္ဒရားအရောင်းဆိုင်တွင် ကျပန်းတီးခတ်သည့်ပွဲများကို တင်ဆက်ပေးသေးသည်။ တေးသွားတီးခတ်ရခြင်းကို သူတို့နှစ်သက်မြတ်နိုးခြင်းသက်သက်သာဖြစ်သည်။
ဒါဝိဒ်သည်လည်း သီချင်းဖွဲ့ဆိုခြင်းကို ချစ်မြတ်နိုးသည်။ သို့သော် သူ့တွဲဘက်က ဘုရားသခင်ဖြစ်ပြီး၊ သူ၏သီချင်းများ၌ သာ၍မြင့်မြတ်သော ရည်ရွယ်ချက်ရှိသည်။ သူ၏ဆာလံသီချင်းများသည် ရုန်းကန်မှုများနှင့်ပြည့်နေသော သူ့ဘဝကို ထင်ဟပ်စေပြီး ဘုရားသခင်အပေါ် မှီခိုသည့်ဆန္ဒကို ပေါ်လွင်စေသည်။ သူ၏ ပုဂ္ဂိုလ်ရေး ဆုံးရှုံးမှုများနှင့် မပြည့်စုံမှုများကြား၊ ဘဝမှောင်မိုက်ချိန်တွင်ပင် ဘုရားသခင်၏ ကြီးမြတ်ခြင်းနှင့်…


ကျေးဇူးတော်ချီးမွမ်းခြင်းမင်္ဂလာ
၂၀၁၆ ခုနှစ်တွင် Wanda Dench (ဝါန်ဒါ ဒဲ့န်ချ်) သည် သူမ၏မြေးယောက်ျားလေး ဖုံးနံပါတ်ပြောင်းထားသည်ကို မသိဘဲ စာတိုတစ်စောင်ပို့ပြီး ကျေးဇူးတော်ချီးမွမ်းခြင်း ညစာစားပွဲသို့ လာရောက်ရန် ဖိတ်ကြားလိုက်သည်။ မထင်မှတ်ဘဲ ထိုစာက အခြားတစ်စိမ်းလူ Jamal (ဂျာမဲလ်) ထံသို့ရောက်သွားသည်။ ဂျာမဲလ်သည် သူမည်သူမည်ဝါ ဖြစ်ကြောင်းကို အကြောင်းပြန်ပြီး၊ သူ၌ အခြားအစီအစဉ်မရှိသဖြင့် ထိုပွဲသို့ တက်ခွင့်ရမရ မေးမြန်းခဲ့သည်။ “ရတာပေါ့” ဟု ဝါန်ဒါ က ပြန်ဖြေသည်။ ဂျာမဲလ်သည် ထိုမိသားစုညစာစားပွဲတွင် ပါဝင်ဆင်နွှဲခွင့်ရပြီး၊ ၎င်းသည် ထိုနှစ်မှစ၍ သူနှစ်စဉ်တက်ရောက်သော အစဉ်အလာတစ်ခုဖြစ်ခဲ့သည်။ လွဲမှားသော ဖိတ်ကြားမှုသည် နှစ်စဥ်ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ခဲ့သည်။
ကြင်နာစိတ်ဖြင့် တစ်စိမ်းလူတစ်ဦးအား ညစာစားပွဲသို့ ဝါန်ဒါ ဖိတ်ခေါ်ခြင်းက ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည့် သခင်ယေရှု၏တိုက်တွန်းနှိုးဆော်ချက်ကို သတိရစေသည်။ အရာရှိဖါရိရှဲ၏အိမ်တွင် ညစာစားပွဲ (လု ၁၄:၁) ကျင်းပစဉ်…
တောက်ပသောကြယ်ကလေးများ
ဤမြို့၌ ရောက်ရှိစဉ် ကျွန်တော်ပထမဆုံး သတိထားမိသည်မှာ လောင်းကစားဝိုင်းများဖြစ်သည်။ ဆေးခြောက်ဆိုင်များ၊ “အရွယ်ရောက်သူများ” လိင်အာသာဖြေပစ္စည်း အရောင်းဆိုင်နှင့် သူတစ်ပါးအားနည်းချက်အပေါ် အခွင့်ကောင်း ယူကာဖြေရှင်းပေးသည့် ရှေ့နေများ၏ကြော်ငြာဆိုင်းပုဒ်ကြီးများကိုလည်း တွေ့ရသည်။ ကျွန်တော်လည်ပတ်ခဲ့ဖူးသော ဒုစရိုက်မြို့ကြီးများနှင့်ယှဉ်လျှင် ဤမြို့သည် အဆင့်ပိုနိမ့်ပါသည်။
သို့သော် နောက်နေ့တွင် တက္ကစီသမားတစ်ဦး၏စကားကြောင့် ကျွန်တော်စိတ်လှုပ်ရှား ဝမ်းမြောက်ခဲ့ရပါသည်။ “ဘုရားရှင်ကူညီစေလိုတဲ့သူတွေကို ကျွန်တော့်ဆီပို့ပေးဖို့ ကျွန်တော် နေ့တိုင်း ဆုတောင်းတယ်။ လောင်းကစားစွဲနေသူတွေ၊ ပြည့်တန်ဆာတွေ၊ ပြိုကွဲတဲ့ အိမ်ထောင်က မိသားစုတွေ သူတို့ရဲ့ပြဿနာတွေကို ငိုယိုပြီးပြောပြတဲ့အခါ ကျွန်တော်ကားကိုရပ်ပြီး နားထောင်ပေးတယ်။ သူတို့အတွက် ဆုတောင်းပေးတယ်။ ဒါဟာ ကျွန်တော်ရဲ့အမှုတော်လုပ်ငန်းပါပဲ” ဟု သူက ပြောပါသည်။
အပြစ်၌ ကျဆုံးနေသည့်လောကသို့ သခင်ခရစ်တော်ကြွဆင်းလာခြင်းကိုဖော်ပြပြီးနောက် (ဖိ ၂:၅-၈)၊ တမန်တော်ကြီးရှင်ပေါလုက ခရစ်တော်ကို ယုံကြည်သူများအား နှိုးဆော်ချက်တစ်ရပ်ကို ပြောကြားခဲ့သည်။ ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ခြင်း (:၁၃)၊ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို စွဲကိုင်ခြင်းဖြင့်…

ဘုရားသခင် ချစ်မြတ်နိုးသူ
Ming (မင်း) ငယ်စဉ်က သူ့ဖခင်သည် အလွန်ရက်စက်ပြီး သူနှင့်ခပ်တန်းတန်း ဆက်ဆံသည်ဟု သူမြင်သည်။ သူဖျားနာသည့်အချိန်တွင် ကလေးအထူးကုဆရာဝန်နှင့် ပြသရန်လိုအပ်သော်လည်း သူ့ဖခင်က သူ့အား သက်သက်ဒုက္ခပေးသည်ဟု ငြူစူခဲ့သည်။ တစ်ကြိမ်တွင် သူ့ဖခင်သည် စကားများရင်းမှ သူ့အားလိုချင်စိတ်မရှိ၍ ကိုယ်ဝန်ဖျက်ချစေလိုသည့် ဆန္ဒရှိခဲ့ကြောင်းကို မင်း သိလိုက်ရသည်။ မလိုချင်သောသားအဖြစ် သူ၏ခံစားချက်က သူအရွယ်ရောက်သည့်အထိ နှစ်ပေါင်းများစွာ သူ့နောက်သို့ အရိပ်သဖွယ် တစ်ကောက်ကောက် လိုက်နေခဲ့သည်။ မင်းသည် ယုံကြည်သူတစ်ယောက် ဖြစ်လာချိန်တွင် ဘုရားသခင်ကို သူ့ဘဝ၏ အရှင်သခင်အဖြစ်သိသော်လည်း အဘအဖြစ်လက်ခံရန် ခက်ခဲနေသည်။
ကျွန်ုပ်တို့လည်း မင်း နည်းတူ လောကီဖခင်၏မေတ္တာကို မခံစားရပါက ဘုရားသခင်နှင့် ဆက်ဆံရေးတွင်လည်း သံသယရှိနေမည်ဖြစ်သည်။ မိမိသည် “ကိုယ်တော့်အတွက် ဝန်ဖြစ်နေမလား၊ ကိုယ်တော် ကျွန်ုပ်ကို ဂရုစိုက်ပါ့မလား”ဟု ကျွန်ုပ်တို့ တွေးမိနိုင်သည်။ လောကီဖခင်က ဆိတ်ဆိတ်နေပြီး ကျွန်ုပ်တို့အပေါ်ခပ်တန်းတန်းဖြစ်နေစဥ် ကောင်းကင်ဘုံရှင် အဘဘုရားက…
