ဝတ်ပြုရာကျမ်း
ဥပဒေ - ဝတ်ပြုရာကျမ်း
ရုပ်ရှင်တစ်ကားကို သင်ကြည့်ပြီး ကောင်းလွန်းသဖြင့် ချက်ခြင်းပင် နောက်တစ်ခေါက် သင်ထပ်ကြည့်ခဲ့ဖူးပါသလား။ သခင်ယေရှု၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင် ကယ်တင်ခဲ့ပုံမှာ ထိုရုပ်ရှင်မျိုးနှင့် အနည်းငယ်ဆင်တူသည်။ ထိုအကြောင်းအရာ မဖြစ်ပျက်မီ
ကပင် ဝတ်ပြုရာကျမ်းကဲ့သို့သော ကျမ်းစာများ၌ပင်…
အဖိုးတန်သော နှုတ်ဆက်ခွဲခွာမှုစကားများ
ကျွန်ုပ်၏မိတ်ဆွေ ဟိုဆေးသည် နာတာရှည်အထူးစောင့်ရှောက်မှုကို ခံယူခဲ့ရသည်။ ယခင်က သူ့ထံသွားစဉ် သူသည် နိုးကြား၍ စကားပြောနိုင်သေးသော်လည်း တစ်ပတ်အကြာတွင်မူ အားအင်ချည့်နဲ့ကာ စကားမပြောနိုင်တော့ပါ။ ကျွန်ုပ်၏အတူရှိနေပေးခြင်းက သူတို့အတွက် အဓိပ္ပာယ်ရှိစေရန် မျှော်လင့်ရင်း ဟိုဆေး၏မိသားစုနှင့်အတူ ကျွန်ုပ်ထိုင်နေခဲ့သည်။ နောက်ဆုံးအကြိမ်တွေ့ဆုံမှုတွင် အခန်းထဲ၌ သူနှင့်ကျွန်ုပ်သာ ကျန်ခဲ့သည်။ ထို့နောက် ပြန်ရန် ထရပ်ပြီး တံခါးသို့ အသာ လျှောက်သွားပြီးမှ သူ၏တုံ့ပြန်မှုကို မမျှော်လင့်ဘဲ “မင်းကို ချစ်တယ်”ဟု ပြောရန် နောက်ဆုံးအကြိမ် လှည့်ကြည့်ရာ၊ ဟိုဆေး၏နှုတ်ခမ်း လှုပ်နေပြီး၊ “မင်းကို ချစ်တယ်”ဟု နှုတ်ခမ်းလှုပ်ရုံမျှ သူပြန်ပြောသည်ကို တွေ့လိုက်ရသည်။
လူတစ်ဦး၏နှုတ်ဆက်ခွဲခွာမှုစကားများသည် စွဲမြဲသော စိတ်ခံစားမှုကို ချန်ရစ်ခဲ့နိုင်သည်။ သခင်ယေရှုသည် ကိုယ်ကိုယဇ်ပူဇော်လျက် အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနောက်ပိုင်းတွင် ကောင်းကင်ဘုံရှိ ခမည်းတော်ထံ ပြန်ကြွရန် ပြင်ဆင်နေစဉ် ကောင်းကင်နှင့် မြေကြီး၌ “စီရင်ပိုင်သောအခွင့်တန်ခိုး ရှိသမျှတို့ကို သူခံရပြီ”ဟု တပည့်တော်များအား…
ထွက်မြောက်ရာကျမ်း
ဥပဒေ - ထွက်မြောက်ရာကျမ်း
ထွက်မြောက်ရာကျမ်း၌ ကမ္ဘာ့သမိုင်းရှိ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဇာတ်လမ်းများထဲမှတစ်ခုကို ဖော်ပြထားသည်။
ကမ္ဘာဦးကျမ်းသည် လောကတစ်ခုလုံးကို ကယ်တင်နိုင်မည့်သူရဲကောင်းအား ရှာဖွေခြင်းအကြောင်းဖြင့် ကျွန်ုပ်တို့ကို သဲလွန်စပေးခဲ့သည်။ သို့သော် ပထမဦးစွာ ဘုရားသခင်သည် သူ၏လူမျိုးတော် ဣသရေလလူမျိုးတို့အား ကျွန်ပြုလျက် မိမိကိုယ်မိမိ ဘုရားသခင်ထက်ကြီးမြတ်သည်ဟု…


ကမ္ဘာဉီးကျမ်း
ဥပဒေ - ကမ္ဘာဉီးကျမ်း
ကျွန်ုပ်တို့ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ ကမ္ဘာလောကကြီးတွင် မကောင်းမှုဒုစရိုက်များ အဘယ်ကြောင့် များပြားနေရသနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် ငြိမ်းချမ်းသက်သာရာ မရနိုင်ဖြစ်နေရသနည်း။ ဘဝ၏ အကြီးမားဆုံးသော မေးခွန်းအချို့၏အဖြေများကို ကမ္ဘာဦးကျမ်း၌ တွေ့ရှိရသည်။၊
ကမ္ဘာဦးကျမ်းသည် ကျွန်ုပ်တို့၏ကမ္ဘာလောကအကြောင်းကို ဖော်ပြထားသည်။…
အငှားကားက ကျွန်ုပ်ကို သင်ပေးခဲ့သောအရာ
မကြာမီက ကျွန်ုပ်သည် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ခရီးသွားခဲ့ပြီး၊ ကားတစ်စီး ငှားရမ်းကာ အသုံးပြုခဲ့ရသည်။ ထို့နောက် လူစည်ကားသော မြို့လယ်လမ်းကျဉ်းတစ်လျှောက် ကားမောင်းသွားရာ၊ ပုံမှန်ထက် ပိုနှေးစွာ အလွန်ဂရုစိုက် မောင်းနှင်နေသည့် ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ အဘယ်ကြောင့်နည်း။ မတော်တဆမှု မဖြစ်စေချင်၍ပါ။ အဓိကမှာ ငှားစီးသည့်ကားဖြစ်သဖြင့် ကားကို မထိခိုက်စေလိုပါ။ ၎င်းသည် ကျွန်ုပ်၏ကိုယ်ပိုင်ကား မဟုတ်ဘဲ ကျွန်ုပ်ငှားစီးသောကား ဖြစ်ပါသည်။
အချိန်အများစုတွင် ကျွန်ုပ်တို့သည် ငှားရမ်းသူထက် ပိုင်ဆိုင်သူ ဖြစ်ချင်ကြသည်။ သို့သော် ကျွန်ုပ်ကားမောင်းနေစဉ် ထိုကားငှားရမ်းခြင်းဖြစ်စဥ်သည် ဘုရားသခင်နှင့် ကျွန်ုပ်၏ ဆက်ဆံရေးနှင့်ပတ်သက်၍ အရေးကြီးသောအရာတစ်ခုကို ပုံဖော်နေကြောင်း မတွေးဘဲ မနေနိုင်ခဲ့ပါ။
မိမိကိုယ်ပိုင်ဟု ထင်ရသော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုပင် ကျွန်ုပ်တို့ မပိုင်ဆိုင်ကြောင်း သမ္မာကျမ်းစာက သွန်သင်ထားသည်။ ၁ ကော အခန်းကြီး ၆ တွင် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် အပြစ်နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ ပြောဆိုပြီးနောက်…
မိသားစုသည် ပဓာနကျသည်
သြဂုတ်လခေါင်းစဥ် | မိသားစု
ညစဥ်ညတိုင်း မည်မျှပင်ပန်းပြီး မည်မျှအလုပ်ရှုပ်သည်ဖြစ်စေ၊ ဂျိုသည် သူ့မိခင်အိုထံ ည ၇ နာရီတွင် ဖုန်းခေါ်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုအချိန်၌ စကားမပြောနိုင်ပါက မအားကြောင်း မိခင်ထံ စာတိုလေးပို့ကာ အသိပေးသည်။ ထိုသို့ နေ့စဥ်ပြုရန်မှာ…

ထာဝရဘုရားသခင်အား မျှော်လင့်ခြင်း
Pablo(ပက်ဘလို) သည် အရက်သမားအဖေနှင့် သူ့ကို အမြဲနှိပ်စက်သည့်အမေတို့ကြောင့် ဆယ်ကျော်သက် အရွယ်မှာပင် အိမ်မှထွက်ခွာခဲ့ပြီး၊ သူ၏ဦးလေးနှင့်အတူနေခဲ့သည်။ ထို့နောက် အထက်တန်းကျောင်း အောင်မြင်ပြီး၊ အိမ်ထောင်ကျကာ ကလေးသုံးဦးရရှိခဲ့သည်။ သို့သော် ဝမ်းနည်းစရာမှာ တစ်ချိန်က သူအိမ်မှ ထွက်ခဲ့သည့်အခြေအနေအတိုင်း သူသည် အရက်သမားဖြစ်လာပြီး၊သူ့အပြုအမူက သူ့မိသားစုကို တစ်စချင်းဖြိုချခဲ့သည်။ မကြာပါ။ သူသည် အိမ်ထောင်ကွဲ၊ မိသားစုပြိုကွဲ၊ အလုပ်ပြုတ်ကာ အရာအားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ သူက"ကျွန်တော့်ဘဝက ဆိုးခဲ့တယ်။ အခုဆို ပိုတောင်ဆိုးတယ်”ဟု သူပြောခဲ့သည်။
နောက်ဆုံးတွင် သူသည် အရက်ဖြတ်ကာ ကုသမှုခံယူခဲ့သည်။ “ကျွန်တော်က အခြေပျက်နေပြီး၊ ဘုရားသခင်က ကျွန်တော့်ကို လမ်းပြင်ဆင်ပေးခဲ့တယ်”ဟု သူဆိုပါသည်။ တစ်နေ့တွင် သူဆုတောင်းပြီးနောက် သဘာဝအလှတရားများအားဖြင့် ဘုရားသခင်ကို သူထိတွေ့ခံစားခဲ့ရသည်။ မကြာမီတွင် သူ၏ပြောင်းလဲမှုကို သူ့သမီးထွေးက သတိပြုမိပြီး၊ သူ့ကို ပြန်လည်ဆက်သွယ်လာသည်။ ယခုတွင် သူသည် ကျန်သားသမီးများနှင့် ပြန်လည်…