အဖိုးတန်ဆုတောင်း
Clark's Nutcracker (သစ်တောက်ငှက်)သည် အံ့ဩဖွယ်ကောင်းသည့် ငှက်တစ်မျိုးဖြစ်သည်။ ၄င်းသည် တစ်ကြိမ်လျှင် ထင်းရှူးစေ့ ၄-၅ စေ့နှုန်းဖြင့် တစ်နာရီလျှင် ထင်းရှူးစေ့ ၅၀၀ ခန့်ကို ဝှက်သိုခြင်းဖြင့် ဆောင်းရာသီအတွက် နှစ်စဉ် ပြင်ဆင်လေ့ရှိသည်။ ထို့နောက် လများကြာပြီးနောက် ထူထပ်သောနှင်းအောက်၌ ရှိနေစေကာမူ အစေ့များကို ပြန်ဖော်ရန် ပြန်လာသည်။ ထိုငှက်များသည် သူအစေ့များဝှက်ထားသည့် နေရာတစ်သောင်းကျော်ကို မှတ်မိနေခြင်းမှာ အံ့ဩဖွယ်ထူးခြားမှုပင် (အထူးသဖြင့် ကျွန်ုပ်တို့ လူသားတို့ ကားသော့၊ မျက်မှန် စသည်တို့ကို ဘယ်မှာထားမိမှန်း မမှတ်မိသည့်အခက်အခဲကို စဉ်းစားမိချိန်မျိုး ဆိုပါစို့)။
သို့သော် ဤမယုံနိုင်လောက်သည့် မှတ်ဉာဏ်အစွမ်းသည် ကျွန်ုပ်တို့၏ ဆုတောင်းများကို မှတ်မိနေသည့် ဘုရားသခင်၏အစွမ်းနှင့် နှိုင်းယှဉ်သော် မှေးမှိန်သွားပါသည်။ ကိုယ်တော်သည် စိတ်ရင်းဖြင့်တောင်းသော ဆုတောင်းတိုင်းကို သိရှိ၊ သိမြင်နိုင်စွမ်း ရှိသည်၊ မှတ်မိသည်၊ နှစ်များကြာသွားစေကာမူ ၄င်းဆုတောင်းများကို အဖြေပေးပါသည်။ ဗျာဒိတ်ကျမ်း၌…
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကိုင်စွဲခြင်း
ပြင်းထန်သော အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ်၏ ဆောင်းရာသီကို အံတုလျက် ပုံစံပျက်နေသည့် သံကြွပ်သံကွင်းကို ဘကြီး၏ယာခင်းအိမ်အိုကြီး၏ တံခါးဘောင်တွင် ချိတ်ဆွဲထားသည်။ ပေ (၁၀၀) ကျော်အကွာတွင် နို့ထွက်ပစ္စည်းများ သိမ်းဆည်းထားရာ ဂိုဒေါင်တံခါး၌ အခြားသံကွင်းကြီးတစ်ကွင်းကို မြဲမြံစွာချိတ်ဆွဲထားသည်။ နှင်းမုန်တိုင်းကျရောက်စဉ် ယာခင်းအိမ်နှင့် ဂိုဒေါင်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန် ဘကြီးက ထိုသံကွင်းနှစ်ခုကို ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ထိုကြိုးအား မြဲမြံစွာကိုင်၍ လှမ်းသွားပါက ဘာမှမမြင်ရသည့် နှင်းမှုန်များကြားတွင် လမ်းမပျောက်တော့ပါ။
နှင်းမုန်တိုင်းကြားတွင် ထိုစိတ်ချရသည့်ကြိုးလိုင်းကို ဘကြီးအသုံးပြုခဲ့ခြင်းက ကျွန်ုပ်တို့ကို အပြစ်နှင့်အမှားများမှ ကာကွယ်ပေးပြီး၊ အသက်တာတစ်လျှောက် လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာတော်ကို ခြေရာခံရန် ဟေဗြဲကဗျာစာသားများကို လုံခြုံရေးလိုင်းအသွင် ဒါဝိဒ်မင်းကြီး အသုံးချသွားသည်ကို ပြန်လည်အမှတ်ရစေသည်။ “ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏။ တရားတော် အားဖြင့်…
ကျွန်ုပ်တို့၏နှလုံးသားတည်ရာအိမ်အစစ်
ဖြစ်ရပ်မှန်ဖြစ်သည့် သိုးထိန်းခွေးမျိုးနှင့် စပ်ထားသော ‘Bobbie the Wonder Dog’ (အံ့ဖွယ်ခွေး ဘော်ဘီ)သည် အိမ်မှ မိုင် (၂၂၀၀) ကျော် ဝေးကွာသောအရပ် နွေရာသီအားလပ်ရက်ခရီးတွင် မိသားစုနှင့်အတူနေရှိစဉ် မိသားစုနှင့်ကွဲပြီး ပျောက်သွားသည်။ မိသားစုမှ သူတို့အလွန်ချစ်သော အိမ်မွေးခွေးကို နေရာအနှံ့ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့သဖြင့် သူမပါဘဲ စိတ်မကောင်းခြင်းများစွာဖြင့် အိမ်ပြန်ခဲ့ကြရသည်။
(၆) လကြာပြီးနောက် ဆောင်းကုန်ခါနီးတွင် ပိန်ချုံးစုပ်ဖွာနေပြီး ဇွဲကောင်းသော ဘော်ဘီသည် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ဆေလ်ဗာတန်မြို့ရှိ အိမ်တံခါးဝတွင် ပေါ်လာခဲ့သည်။ မြစ်၊ သဲကန္တာရနှင့် နှင်းဖုံးတောင်များ၊ အန္တရာယ်များသော ခရီးရှည်ကိုနှင်လျက် သူ့ချစ်သူများထံ အိမ်ပြန်လမ်းကို ဘော်ဘီရှာတွေ့ခဲ့သည်။
ဘော်ဘီ၏ မဆုတ်မနစ်ခရီးစဥ်အကြောင်းကို ရေးသားစာအုပ်ထုတ်ကြပြီး ရုပ်ရှင်ရိုက်ကာ ၎င်း၏မွေးရပ်မြေ၌ နံရံဆေးရေးပန်းချီဖြင့် သရုပ်ဖော်ရေးဆွဲကြသည်။ သူ၏သံယောဇဉ်က ရင်ကိုထိစေသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နှလုံးသားတွင် ပို၍လေးနက်သောတောင့်တမှုကို ထည့်ထားပေးခြင်းကြောင့် ရင်ကိုထိခြင်း…
စိတ်ကူးယဉ်ယုံကြည်မှု
“ကြည့်ပါဦးဘိုးဘိုးရယ်။ အဲဒီသစ်ပင်တွေက ဘုရားသခင်ကို ဝှေ့ယမ်းပြနေတယ်” မုန်တိုင်းမလာမီ လေထဲ၌ ကွေးညွတ်နေသည့်သစ်ပင်ငယ်များကို ကြည့်ပြီး မြေးလေး၏ စိတ်လှုပ်ရှားစူးစမ်းမှုကို ကျွန်ုပ်ပြုံးမိသည်။ မိမိကိုယ်ကိုလည်း “ငါ့မှာအဲ့လိုစိတ်ကူးယဥ်တဲ့ ယုံကြည်ခြင်းမျိုး ရှိသလား” ဟုပြန်မေးမိသည်။
မောရှေနှင့် မီးလောင်နေသောချုံပုတ်ဇာတ်လမ်းကို ဆင်ခြင်ကာ ကဗျာဆရာမ Elizabeth Barrett Browning (အဲလိဇဘက် ဘာရတ် ဘရောင်းနင်း)က “ကမ္ဘာမြေသည် ဘုရားဘုန်းနှင့်ပြည့်နှက်နေပြီး/ ချုံပင်တိုင်း၌ ဘုရားဘုန်းအလင်း ထွန်းလင်းနေလည်း/ မြင်သောသူသာ ပြပ်ဝပ်စိတ်ဖြင့် ခြေနင်းချွတ်၏” ဟုရေးခဲ့သည်။ ဘုရားသခင်ဖန်ဆင်းသည့် အံ့ဖွယ်အရာများဖြင့် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်တွင် ဘုရားသခင်၏လက်ရာများ ထင်ရှားပေါ်လွင်နေပြီး၊ တစ်နေ့တွင်၊ မြေကြီးသစ်ကို ဖန်ဆင်းသောအခါ၊ တစ်ခါမျှမမြင်ဖူးသော အရာများကို ကျွန်ုပ်တို့မြင်ရလိမ့်မည်။
ဤနေ့ရက်အကြောင်းကို ဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် “သင်တို့သည် ဝမ်းမြောက်သောစိတ်နှင့်ထွက်၍ ချမ်းသာစွာပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီးတောင်ငယ်တို့သည် သင့်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍ တော၌ရှိသမျှသောအပင်တို့သည် လက်ခုတ်တီးကြလိမ့်မည်”ဟု ဖော်ပြထားသည်…
ဖယောင်းတိုင်များ ထွန်းညှိခြင်း
နေ့လည်ဖြစ်သော်လည်း နေကိုမမြင်ရပါ။ နယူးအင်္ဂလန်ဒေသ၏ အမှောင်နေ့သည် ၁၇၈၀ ပြည့်နှစ် မေလ (၁၉) ရက်နေ့ မနက်မှ စတင်ကာ နာရီအနည်းငယ် ကြာခဲ့သည်။ ဤနားလည်ရခက်သော အမှောင်ထုကြီးသည် ကနေဒါနိုင်ငံတွင် တောမီးလောင်ရာမှ ထွက်လာသောမီးခိုးထုကြီး ဖြစ်နိုင်ပါသည်။ သို့သော် လူအများက တရားစီရင်ရာနေ့ရောက်ပြီလောဟု တွေးထင်ခဲ့ကြသည်။
ထိုစဥ်က ကွန်နက်တီကပ်ပြည်နယ်အထက်လွှတ်တော်အစည်းအဝေးပြုလုပ်နေစဥ်ဖြစ်၍ အချို့က ရွှေ့ဆိုင်းမှုပြုရန် ဆွေးနွေးကြရာ Abraham Davenport (အာဗြံဟံဒေဗန်ပေါ့ထ်)က “ရွှေ့ဆိုင်းမှုကို ကျွန်တော်ကန့်ကွက်ပါတယ်။ တရားစီရင်ရာနေ့ ရောက်လာတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရွှေ့ဆိုင်းစရာမလိုပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဘုရားသခင် ကျွန်တော့်ကို တာဝန်ထမ်းရွက်နေရင်းပဲ တွေ့စေချင်ပါတယ်။ ဒါကြောင့် ဖယောင်းတိုင်တွေ ယူလာဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောခဲ့သည်။
ဘုရားသခင်ပြန်ကြွလာသောနေ့တွင် သူပေးအပ်ထားသောတာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်လျက်ရှိကြောင်း ဒေဗန်ပေါ့ထ် အမြင်ခံလိုခြင်းမှာ သခင်ယေရှုမိန့်တော်မူခဲ့သော “သင်တို့သည် အဆင်သင့်ဖြစ်ရန် ခါးကိုစည်းလျက်၊ ဆီခွက်များကို…
ဆုတောင်းပတ္ထနာသည် ကမ္ဘာမြေကြီးကိုကိုင်လှုပ်သော်
ဒေါက်တာ Gary Greenberg (ဂယ်ရီဂရင်းန်ဘာ့ခ်) ပုံကြီးချဲ့ကာ ဓာတ်ပုံရိုက်ထားသည့် ကမ္ဘာတစ်ဝန်းမှ သဲများ၏ပုံသဏ္ဌာန်သည် သတ္တုဆား၊ ခရုခွံနှင့် သန္တာ ကျောက်အစိတ်အပိုင်းများ၏ စိုပြေတောက်ပသည့်အရောင်အကွက်များနှင့် အံ့ဩစွဲမက်ဖွယ် ဖြစ်သည်။
သဲအကြောင်းကိုနားလည်ရန်မှာ ထင်သလောက်မလွယ်ကူကြောင်း သူတွေ့ရှိခဲ့သည်။ Arenology (သဲများလေ့လာခြင်းဗေဒ)တွင် သဲများ၏သတ္တုဆားပါ၀င်မှုကို အနုစိတ်ခွဲခြမ်းလေ့လာခြင်းဖြင့် တိုက်စားမှု၊ ကမ်းစပ်ရေစီးကြောင်းနှင့် ကမ်းရိုးတန်းအပေါ်၎င်းတို့၏သက်ရောက်မှုအလားအလာတို့ကိုပါ ဖော်ထုတ်နိုင်သည်။ သဲအနည်းငယ်မှပင် အလွန်အဖိုးတန်သည့် အချက်အလက်များကို ရရှိနိုင်သည်။
သဲတစ်ပွင့်ကဲ့သို့သော ဆုတောင်းချက်တစ်ခုသည်လည်း လေးနက်သောအရာဖြစ်နိုင်သည်။ နှုတ်ပတ်တော်တွင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးချိန်၌ဆုတောင်းခြင်း၏တန်ခိုးကို ဖော်ပြထားသည်။ ဗျာဒိတ်ကျမ်း ၈ တွင် “သန့်ရှင်းသူ အပေါင်းတို့၏ပတ္ထနာများ” ပါသည့် ရွှေလင်ပန်းကို ကိုင်ထားသည့် ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်တော်ရှေ့၌ ရပ်နေသည်ကို ရှင်ယောဟန် တွေ့မြင်ခဲ့သည် (:၃)။ “ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊…
အလျင်လိုချိန်၌ မျှော်လင့်စောင့်ဆိုင်းပါ
၁၉၃၀ နှစ်တွင် စီးပွားရေးပညာရှင် John Maynard Keynes (ဂျွန်မေးနာ့ဒ်ခိန်းစ်) ရေးသော ဆောင်းပါးတစ်ပုဒ်တွင် “အားလပ်နေချိန်၌ ကျွန်ုပ်တို့ဘာလုပ်မည်နည်း” ဟူသည့်မေးခွန်းက အဓိကသော့ချက်အတွေးဖြစ်သည်။ ၎င်းဆောင်းပါး၌ ခိန်းစ်က နှစ်ပေါင်း (၁၀၀)အတွင်း နည်းပညာပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ တိုးတက်မှုများသည် လူသားတို့အား တစ်နေ့လျှင် (၃)နာရီ၊ တစ်ပတ်လျှင် (၁၅)နာရီ အလုပ်လုပ်မည့် အခြေအနေတစ်ခုသို့ ဆောင်ကြဥ်းပေးလိမ့်မည်ဟု အဆိုပြုတင်ပြခဲ့သည်။
ကျော်ကြားလှသည့် ထိုစာအုပ်ကို ခိန်းစ်ရေးသားထုတ်ဝေခဲ့သည်မှာ နှစ်ပေါင်း (၉၀)ကျော်မျှ ကြာခဲ့ပြီဖြစ်သည်။ သို့သော် နည်းပညာများက အားလပ်ချိန်ကို ပိုမိုဖန်တီးသည်ထက် ကျွန်ုပ်တို့အား ပို၍အလုပ်ရှုပ်စေပါသည်။ နေ့စဥ်သွားလာသည့်အချိန်နှင့် အစားအသောက်ပြင်ဆင်ချိန်များ နည်းသွားသည့်တိုင် တစ်နေ့တာလုပ်ဆောင်စရာများက အချိန်ပြည့်ဖြစ်ပြီး ကျွန်ုပ်တို့အလျင်လိုနေဆဲ ဖြစ်သည်။
ကျွန်ုပ်တို့အလျင်စလိုဖြစ်နေချိန်တွင် မည်ကဲ့သို့တည်ငြိမ်စွာနေရမည်ကို ဒါဝိဒ် ၏အသက်တာမှ ထိထိမိမိပေါ်လွင်သည့် ဖြစ်ရပ်တစ်ခုက ပြသသည်။ ဒါဝိဒ်သည် (သူ့ကိုသတ်ရန် ကြိုးစားနေသည့်) ရှောလုမင်းထံမှ ထွက်ပြေးရစဥ်က…
အရှိအတိုင်းထောက်ပြသော ကြင်နာမှု
“ချစ်သူငယ်ချင်း၊ တစ်ခါတစ်လေ မင်းက မင်းရဲ့တကယ့်ဖြစ်တည်မှုထက်ကိုပိုပြီး ပြည့်စုံသန့်ရှင်းတယ်လို့ ထင်ရတယ်။”
ကျွန်ုပ်၏မျက်နှာကို တည့်တည့်ကြည့်ပြီး နူးညံ့သောအပြုံးနှင့် ဤစကားလုံးများကို ပြောခြင်းဖြစ်ပါသည်။ ဤစကားများကို ရင်းနှီးသောမိတ်ဆွေဖြစ်ရုံမျှမက အမြော်အမြင်ကြီးပြီး ကျွန်ုပ်အလွန်တန်ဖိုးထား လေးစားရသူ ဆရာသမားထံမှ မဟုတ်ဘဲ အခြားသူထံမှ ကြားရပါက ကျွန်ုပ်အတော်ခံစားရမည်ဖြစ်သည်။ ဆရာ့စကားများက “အရှိုက်ကိုထိပြီး” သူပြောတာလည်း မှန်တာပဲဟု သိလျက် တစ်ချိန်တည်းမှာပင် စိတ်မသက်မသာနှင့် ကျွန်ုပ်ရယ်မောမိသည်။ တစ်ခါတစ်ရံ မိမိ၏ ယုံကြည်ခြင်းအကြောင်း ပြောရာ၌ သဘာဝမကျသော ဗန်းစကားကို ကျွန်ုပ်သုံးလေ့ရှိခြင်းကြောင့် မရိုးသားဟု အထင်ခံရသည်။ ကျွန်ုပ်စစ်မှန်စွာ ယုံကြည်သည့်အရာကို အခြားသူအား ပို၍အကျိုးထိရောက်စွာဝေမျှနိုင်ရန် ကျွန်ုပ်ကိုချစ်သောမိတ်ဆွေက ကြိုးစားကူညီခြင်းဖြစ်သည်။ ပြန်ပြောင်းဆင်ခြင်တွေးသောအခါ၊ ၎င်းသည် ကျွန်ုပ်ရရှိသော အကောင်းဆုံးအကြံဉာဏ်အချို့ထဲမှ တစ်ခုဖြစ်ကြောင်း နားလည်လိုက်သည်။
“အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာစောင့်လျက်ပေး၏။ ရန်သူ မူကား နမ်းသောအခါ လှည့်စားတတ်၏” (သု ၂၇:၆) ဟု…
ဆုတောင်းရန် ခေတ္တရပ်ပါ
လမ်းထဲရှိ မီးသတ်ဘုံပိုင်ခေါင်းမှ ပန်းထွက်လာသောရေများကို မြင်ရသည့်အခိုက် အခွင့်အရေးတစ်ခုကို ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်ရှေ့မှကားများပေါ်သို့ ရေဖြန်းသကဲ့သို့ ရေစင်သည်ကို တွေ့ရသဖြင့် “အို၊ ကားကို အလကား ရေဆေးခွင့်ရတော့မယ်”ဟု တွေးမိသည်။ ကားရေမဆေးရသည်မှာ တစ်လခန့်ရှိပြီဖြစ်၍ ဖုန်ထူနေပါသည်။ ရေပန်းအောက်သို့ ကားကို ကျွန်ုပ်မောင်းချလိုက်သည်။
အဖြစ်အပျက်က မြန်ဆန်သည်။ ထိုမနက်က ကျွန်ုပ်၏အနက်ရောင်ကားလေးမှာ နေထိခဲ့သဖြင့် ကားမှန်ရော၊ ကားအတွင်း၌ ပူနေပါသည်။ မီးသတ်ရေပိုက်ခေါင်းမှ ရေများ ကားရှေ့မှန်ပေါ်သို့ ကျလာသည်နှင့် လျှပ်စီးပြက်သကဲ့သို့ ကားမှန်က အထက်မှ အောက်သို့ အက်သွားတော့သည်။ ကားအလကား ဆေးရမလား မှတ်တယ်။ ငွေများစွာ ကုန်ကျသည့်အဖြစ်၌ ကျွန်ုပ်ဂိတ်ဆုံးသွားသည်။
စဉ်းစားရန် (သို့) ဆုတောင်းရန် ကျွန်ုပ်ခေတ္တမျှ ရပ်မိခဲ့လျှင် အကောင်းသား။ ထိုအချိန်မျိုး အမြဲဖြစ်နေပါသလား။ ဣသရေလလူမျိုးတို့သည် သာ၍လေးလံဖိစီး သည့် အခြေအနေများ၌ ထိုသို့ဖြစ်သည်။ ဘုရားသခင်ပေးသောပြည်သို့ ၎င်းတို့ ဝင်ရောက်စဉ်…
ကောင်းချီးမင်္ဂလာကို ကျော်သွားခြင်း
၁၇၉၉ ခုနှစ်က (၁၂) နှစ်သား Conrad Reed (ခွန်ရတ် ရိဒ်)သည် အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ မိသားစုပိုင်လယ်ကွင်းငယ်၌ ဖြတ်သန်းစီးဆင်းသည့် ချောင်းငယ်မှ ရွှေရောင်လက်နေသည့် ကျောက်တုံးကိုတွေ့ပြီး နယ်မြေပြောင်းရွှေ့အခြေစိုက်သူ ဆင်းရဲသားလယ်သမား ဖခင်ကိုပြရန် အိမ်သို့ယူလာသည်။ ကျောက်တုံး၏တန်ဖိုးကိုမသိသော ဖခင်က တံခါးခုသည့်ခုတုံးအဖြစ် အသုံးပြုသည်။ သူတို့မိသားစုသည် ထိုကျောက်တုံးအနီး နှစ်များစွာ ကျော်ဖြတ်သွားလာခဲ့သည်။
နောက်ဆုံးတွင် ခွန်ရတ်၏ (၁၇) ပေါင်လေးသော ထိုရွှေတုံးကြီးကို ဒေသခံ ရတနာကုန်သည်တစ်ဉီးက မြင်သွားသည်။ များမကြာမီတွင် ရိဒ်မိသားစု ချမ်းသာလာပြီး သူတို့၏လယ်ကွက်သည် အမေရိကန်ပြည်ထောင်စု၏ ပထမဉီးဆုံး ရွှေထွက်သည့် နေရာဖြစ်လာသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိ၏ကိုယ်ပိုင် အစီအစဉ် နည်းလမ်းများကိုသာ အာရုံစိုက်ပြီး ကောင်းချီးမင်္ဂလာကိုမသိဘဲ ကျော်ဖြတ်သွားကြသည်။ ဘုရားရှင်ကို မနာခံခြင်းကြောင့် ဗာဗုလုန်သို့ ဖမ်းသွားခေါ်ဆောင်ခံရသည့် ဣသရေလလူမျိုးများအတွက် နောက်တစ်ဖန် လွတ်မြောက်ခွင့်ကို ပေးမည်ဟု ကိုယ်တော်မိန့်ကြားသည်။…