ကွဲပြားခြားနားသော ငိုကြွေးအော်ဟစ်သံ
ကလေးတစ်ဦးငိုသောအခါ ထိုကလေးသည် ပင်ပန်းပြီး ဆာလောင်နေသော လက္ခဏာပင်ဖြစ်သည်။ မှန်ပါသလား။ အမေရိကန်နိုင်ငံရှိ ဘရောင်းတက္ကသိုလ် (Brown University)မှ ဆရာဝန်များ၏အဆိုအရ မွေးကင်းစကလေးငယ် ငိုကြွေးခြင်း၌ ထူးခြားပြီး မသိသာသော ကွဲပြားခြားနားမှုသည် အခြားပြဿနာများအတွက် အရေးကြီးသော သဲလွန်စများကိုလည်း ပေးစွမ်းနိုင်သည်။ ဆရာဝန်များသည် ကွန်ပြူတာပရိုဂရမ်တစ်ခုကို ရေးဆွဲခဲ့ကြပြီး၊ ထိုပရိုဂရမ်မှာ အသံနှုန်းအနိမ့်အမြင့်၊ အတိုးအကျယ်၊ ငိုကြွေးသံ မည်မျှ ရှင်းသည်၊ မရှင်းသည်ကို တိုင်းတာကာ ကလေးငယ်၏ ပင်မအာရုံကြောစနစ် တစ်စုံတစ်ရာ မှားယွင်းမှုရှိမရှိကို ဆုံးဖြတ်ပေးသည်။
ဘုရားသခင်သည် သူ၏လူတို့၏ကွဲပြားခြားနားသော ငိုကြွေးသံများကို ကြားပြီး ၎င်းတို့၏စိတ်နှလုံးသား အခြေအနေများကို စိစစ်သတ်မှတ်ကာ ကျေးဇူးတော်ဖြင့် တုံ့ပြန်မည်ဟု ဟေရှာယ ပရောဖက်ပြုခဲ့သည်။ ယုဒလူမျိုးတို့သည် ဘုရားသခင်နှင့် ဆွေးနွေးတိုင်ပင်ခြင်း ပြုမည့်အစား ကိုယ်တော်၏ပရောဖက်ကို လျစ်လျူရှုကာ အီဂျစ်ပြည်ကို မဟာမိတ်ပြု၍ အကူအညီတောင်းခဲ့သည် (ဟေရှာ ၃၀:၁-၇)။ သူတို့ဆက်ပြီးအာခံဆန့်ကျင်နေပါက သူတို့အား…
ကြောက်ရွံ့စရာအကြောင်း
ကျွန်တော်ငယ်စဥ်က စာသင်ကျောင်းဝင်းဆိုသည်မှာ အနိုင်ကျင့်သူများ ဗိုလ်ကျ စိုးမိုးရာနေရာဖြစ်ခဲ့ပြီး၊ ကျွန်တော့်လိုကလေးများမှာ အနိုင်ကျင့်မှုကို ခုခံနိုင်စွမ်းသိပ်မရှိဘဲ အခံဘက်ကချည်းဖြစ်သည်။ အနိုင်ကျင့်သူများရှေ့၌ ကြောက်ရွံ့နေစဥ်တွင် “မင်း ကြောက်နေတာလား။ ငါ့ကို မင်းကြောက်နေတာမလား။ ဒီမှာ မင်းကို ကာကွယ်မယ့်သူ တစ်ယောက်မှမရှိဘူး” ဟူသည့် ခြိမ်းခြောက်စကားများက ပိုကြောက်ရွံ့စေသည်။
စင်စစ် ထိုကဲ့သို့သော အချိန်အများစုတွင် ကျွန်တော် အမှန်တကယ် ကြောက်ရွံ့ခဲ့ပြီး၊ ထိုသို့ကြောက်ရွံ့ခြင်းကလည်း အကြောင်းရင်းရှိသည်။ ယခင်က ထိုးကြိတ်ခံခဲ့ရခြင်းကြောင့် ထပ်အထိုးခံရမှာကို အလိုမရှိခြင်းကြောင့်ဟု ကျွန်တော်သိသည်။ ထို့ကြောင့် ကြောက်ရွံ့စိတ်၏လွှမ်းမိုးမှုခံရသည့်အခါ ကျွန်တော် ဘာလုပ်နိုင်မည်နည်း။ မည်သူ့ကို ယုံကြည်အားကိုးနိုင်မည်နည်း။ ကိုယ်က ရှစ်နှစ်အရွယ်ကလေးငယ်ဖြစ်ပြီး၊ ကိုယ့်ထက်အသက်ကြီးကာ သန်မာကြီးထွားသည့် ကလေးတစ်ဦး၏ အနိုင်ကျင့်မှုကိုခံရသည့်အခါ ကြောက်ရွံ့စိတ်ဖြစ်ပေါ်ခြင်းမှာ သဘာဝကျသင့်လျော်ပါသည်။
ဆာလံဆရာသည် တိုက်ခိုက်မှုနှင့်ကြုံရသည့်အခါ ထိုခြိမ်းခြောက်မှုများကို သူတစ်ဦးတည်း ရင်ဆိုင်နေရခြင်းမဟုတ်မှန်း သိခြင်းကြောင့် ကြောက်ရွံ့မှုအစား ယုံကြည်စိတ်ချမှုနှင့် တုံ့ပြန်ခဲ့သည်။ “ထာဝရဘုရားသည် ငါ့ဘက်မှာ…
လက်တွေ့သနားခြင်းကရုဏာ
ခုံတန်းရှည်ပြုလုပ်တပ်ဆင်ခြင်းသည် James Warren (ဂျိမ်းစ်ဝါရင်)၏အလုပ် မဟုတ်ပါ။ အမေရိကန်နိုင်ငံ၊ ဒင်ဗာ (Denver) မြို့၌ အမျိုးသမီးတစ်ဦးသည် ဖုန်တောထဲထိုင်၍ ဘတ်စ်ကားစောင့်နေသည်ကို သူသတိထားမိသည့်အချိန်မှစ၍ ခုံတန်းရှည်ကို သူစတင်ပြုလုပ်ခဲ့သည်။ ထိုအမျိုးသမီး၏ “ဂုဏ်သိက္ခာမဲ့စေသည်” ဟု စိုးရိမ်ခဲ့သောကြောင့် အသက် (၂၈) နှစ်အရွယ် အလုပ်သမားရေးရာအကြံပေးဖြစ်သူ ဂျိမ်းစ်သည် သစ်သားအပိုင်းအစများဖြင့် ခုံတန်းရှည်တစ်ခုလုပ်ပြီး ကားမှတ်တိုင်၌ သွားထားခဲ့သည်။ မကြာမီမှာပင် ထိုခုံရှည်ကို လူသုံးများလာသည်။ သူ့မြို့၌ ဘတ်စ် ကားမှတ်တိုင် ကိုးထောင်ရှိပြီး အများစုမှာ ထိုင်ခုံများ မရှိကြောင်း သူသိလာပြီး ခုံတန်းရှည်များစွာကို တစ်ခုပြီးတစ်ခု သူပြုလုပ်ပြီး ခုံတန်းတစ်ခုစီ၌ “သနားကြင်နာပါ” ဟု စာရေးထိုးခဲ့သည်။ သူ၏ရည်မှန်းချက်မှာ “တတ်နိုင်သမျှနည်းလမ်းနဲ့ လူတွေရဲ့ဘဝ နည်းနည်း ပိုကောင်းလာအောင် ကျွန်တော် ကူညီပေးဖို့ပါ”ဟု ဂျိမ်းစ်က ဆိုသည်။
သနားခြင်းကရုဏာသည် ထိုသို့သောအပြုအမူကို အခြားသောနည်းလမ်းဖြင့် ပုံဖော်ပြသခြင်းဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်…
အဖြေအားလုံး
သူ့ဖခင် သေဆုံးသွားသည့် အဖြစ်အပျက်နှင့်ပတ်သက်ပြီး ဆိုးဝါးသည့်အတွေ့အကြုံကို Dale Earnhardt Jr. (ဒေးလ်အန်းဟာ့ဒ်ဂျူနီယာ)က ပြောပြသည်။ သူကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Daytona 500 - ပြိုင်ကားပြိုင်ပွဲ အဆုံး၌ သူ့ဖခင် နာမည်ကျော် ပြိုင်ကားမောင်းသူ Dale Earnhardt Sr. (ဒေးလ်အန်းဟာ့ဒ်စီနီယာ)သည် ဆိုးဝါးသည့် ယာဥ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ “ကျွန်တော့် အထဲကနေ နောက်ထပ် ပြန်လုပ်ယူဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ဆူညံသံကြီး ထွက်လာခဲ့တယ်။ အကြီးအကျယ်ထိတ်လန့်ပြီး ဝမ်းနည်းကြောက်ရွံ့မှုကနေ ထွက်ပေါ်လာတဲ့အရာပေါ့”။ အထီးကျန်ဆန်သည့် အမှန်တရားမှာ “ကျွန်တော် တစ်ယောက်တည်း ရှေ့ဆက်ရတော့မယ် ဆိုတာပဲ”။ “အဖေ့ကို ပိုင်ဆိုင်ထားတာက ကိစ္စအားလုံးကို မှတ်သားထားတဲ့ မှတ်စုစာရွက်ကို ရထားသလိုပဲ။ အဖေရှိနေတာက ဘယ်ကိစ္စမဆို အဖြေအားလုံးကို သိထားသလိုပါပဲ” ဟု အန်းဟာ့ဒ်ဂျူနီယာက ဆိုသည်။
သခင်ယေရှု၏တပည့်တော်များသည် သူတို့သိလိုသည့် အဖြေအားလုံးအတွက် သခင့်ထံ မျှော်ကြည့်ရန် သင်ယူသိရှိခဲ့ကြသည်။…
လှပသော အသစ်ပြန်လည်ပြုပြင်ခြင်း
နာမည်ကျော် အနုပညာရှင် Makoto Fujimura (မာကိုတိုဖူဂျီမိုရာ)သည် သူ၏ အံ့ဖွယ်စာအုပ် ‘Art+Faith: A Theology of Making’ (အနုပညာနှင့် ယုံကြည်ခြင်း - ဖန်တီးခြင်းသီအိုရီ) စာအုပ်၌ ကင်စူဂီ (Kintsugi) ခေါ် ရှေးဟောင်းဂျပန်အနုပညာလက်ရာအကြောင်းကို ဖော်ပြထားသည်။ ထိုအနုပညာလက်ရာမှာ အိုးခြမ်းပဲ့များ (နဂိုက လဖက်ရည်ကြမ်း အိုးခွက်များ)ကို သစ်စေးနှင့်အတူ ပြန်ဆက်ကာ အက်ကြောင်းရာများထဲတွင် ရွှေကို ထည့်သွင်း ဖန်တီးခြင်းဖြစ်သည်။ “ကင်စူဂီ ပညာက ကွဲနေတဲ့အိုးကို ပြုပြင်တာထက် အိုးခြမ်းပဲ့တွေကို နဂိုမူလလက်ရာထက် ပိုလှတဲ့လက်ရာအဖြစ်ဖန်တီးတဲ့ နည်းပညာဖြစ်တယ်”ဟု ဖူဂျီမိုရာက ရှင်းပြသည်။ လွန်ခဲ့သောရာစုနှစ်များစွာက စစ်ဘုရင်တစ်ဦး၏ အနှစ်သက်ဆုံး လက်ဖက်ရည်ကြမ်းခွက် ဖျက်ဆီးခံခဲ့ရပြီးနောက် လှပစွာ ပြန်လည်ပြုပြင်ခြင်းဖြင့် ကင်စူဂီပညာ စတင်ထွန်းကားခဲ့ပြီး၊ လူတို့ အလွန်နှစ်သက်တန်ဖိုးထားသည့် အနုပညာဖြစ်လာခဲ့သည်။
ဘုရားသခင်သည် ကမ္ဘာကြီးအား အနုပညာမြောက်စွာ ထိုသို့အသစ်ပြန်လည် ပြုပြင်ခြင်းအကြောင်းကို…
ကျွန်ုပ်တို့အပြစ်ကို ဘုရားသခင် ဖုံးအုပ်တော်မူသည်
၁၉၅၀ ပြည့်နှစ်ကာလများ၌ တစ်ကိုယ်ရေ မိခင်ဖြစ်သူတစ်ဦးသည် သူမ၏မိသားစုအား ပြုစုစောင့်ရှောက်ရန် လက်နှိပ်စက်ရိုက်သည့်အလုပ်ကို လုပ်ကိုင်ခဲ့သည်။ တစ်ခုတည်းသောပြဿနာမှာ သူမသည် စာရိုက်မကျွမ်းကျင်သလို စာရိုက်ရာတွင်လည်း အမှားများသာ ဆက်တိုက်လုပ်မိနေသည်။ သူမ၏အမှားများကို ဖုံးကွယ်ရန်အတွက် နည်းလမ်းများရှာဖွေပြီးနောက် မှားရိုက်မိသည့် စာလုံးများကို ဖျက်ပေးသော ‘Liquid Paper’ ဟူသည့် အမှားပြင်ရာတွင် သုံးသည့် အဖြူရောင်အရည်ကို နောက်ဆုံး၌ သူမ တီထွင်နိုင်ခဲ့သည်။ ထိုဆေးရည် ခြောက်သွားသောအခါ အမှားနေရာတွင် အမှားမရှိသကဲ့သို့ နောက်ထပ် စာရိုက်နိုင်တော့သည်။
ကျွန်ုပ်တို့၏အပြစ်များကို ဖြေရှင်းရာတွင် အတိုင်းအဆမဲ့သော၊ ပို၍ အစွမ်းတန်ခိုးကြီးကာ ပို၍အရေးပါသော နည်းလမ်းတစ်ရပ်ကို သခင်ယေရှု ပေးကမ်းခဲ့ပြီး၊ အပြစ်များကို ဖုံးအုပ်ရုံသာ မဟုတ်ဘဲ လုံးဝခွင့်လွှတ်သည့် နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်း၏ ဥပမာကောင်းတစ်ခုမှာ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ အစပိုင်းတွင် ဖော်ပြထားသည့် မှားယွင်းခြင်းအမှုကို ပြုစဥ် ဖမ်းမိသော အမျိုးသမီးတစ်ဦးအကြောင်း…
ခြေရင်းသို့ မိမိကိုယ်ကိုပစ်လွှတ်ခြင်း
၂၀၂၁ ခုနှစ်တွင် သမိုင်းတစ်လျှောက် အဝေးဆုံး မြှားပစ်သမားတစ်ယောက်ဖြစ်ရန် ရည်မှန်းချက်ရှိသော အင်ဂျင်နီယာတစ်ယောက်သည် ၂၀၂၈ ပေ အကွာအဝေးကို စံချိန်တင်ရန် ရည်ရွယ်ခဲ့သည်။ ဆားပြင်ပေါ်တွင် ပက်လက်လှဲလျောင်းလျက် သူကိုယ်တိုင် ပုံစံထုတ်ထားသော ခြေထောက်နှင့်ပစ်ရသောလေး၏ လေးကြိုးကို တင်ပြီး၊ တစ်မိုင်ကျော် (ပေ ၅၂၈၀) အကွာအဝေးကို စံချိန်သစ်တင်နိုင်မည်ဟု မျှော်လင့်ကာ မြှားတစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်ခဲ့သည်။ အသက်ပြင်းပြင်းရှူရင်း မြှားကိုလွှတ်လိုက်သည်။ တစ်မိုင်ခရီး မရောက်ခဲ့ပါ။ လက်တွေ့တွင် ၎င်းသည် ၁ ပေ ထက်နည်းသော သူ၏ခြေရင်းသို့ကျပြီး၊ အောင်မလေး၊ သိသိသာသာ ထိခိုက်ပျက်စီးမှုသာ ဖြစ်စေခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် လွဲမှားသော ရည်မှန်းချက်များဖြင့် မိမိကိုယ်ကို ချိန်မိ၊ ပစ်မိနိုင်သည်။ ယာကုပ်နှင့် ယောဟန်တို့သည် ကောင်းသောအရာတစ်စုံတစ်ခုကို ရည်မှန်းချက် ကြီးကြီးထားပြီး ရှာဖွေခြင်း၏ အဓိပ္ပာယ်ကို သိသည်။ သို့သော် ၎င်းတို့၏ အကြောင်းပြချက်က…
သစ္စာတည်သူ၊ မေ့လျော့မခံရသူ
Sean (ရှောန်) သည် ကြီးပြင်းလာသည်နှင့်အမျှ မိသားစုရှိခြင်း၏ အဓိပ္ပာယ်ကို သူမသိခဲ့ပါ။ သူ့မိခင်ဆုံးပါးသွားပြီးနောက် ဖခင်က အိမ်တွင် ရှိခဲလှသည်။ သူသည် အထီးကျန်ပြီး စွန့်ပစ်ခံရသည်ဟု ခံစားရလေ့ရှိသည်။ သို့သော် သူ့အိမ်နီးချင်း ဇနီးမောင်နှံက သူ့ကို လက်ကမ်းကူညီပေးခဲ့သည်။ သူတို့အိမ်သို့ သူ့ကိုခေါ်သွားကာ သူတို့၏သားသမီးများကို သူ၏ “အစ်ကို” နှင့် “အစ်မ” ဖြစ်စေခဲ့ခြင်းဖြင့် သူ့ကို သူတို့ချစ်ကြောင်း စိတ်ချမှုပေးသည်။ ရှောန် ကို ဘုရားကျောင်းသို့ ခေါ်သွားခဲ့ပြီး ယခုအခါတွင် သူသည် မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရှိသော လူငယ်တစ်ဦးဖြစ်လာကာ ဘုရားကျောင်းတွင် လူငယ်ခေါင်းဆောင်တစ်ဦးပင် ဖြစ်နေပေပြီ။
ဤဇနီးမောင်နှံသည် လူငယ်လေးတစ်ယောက်၏ဘဝကို ပြောင်းလဲရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ရှောန် အတွက် သူတို့လုပ်ဆောင်ခဲ့သည့် အရာများကို အသင်းတော်မိသားစုမှ လူအများစုက ကျယ်ကျယ်ပြန့်ပြန့်မသိကြပေ။ သို့သော် ဘုရားသခင်သိပါသည်။ သမ္မာကျမ်းစာ၏ “ယုံကြည်ခြင်းသူရဲကောင်းစာရင်း”၌ ဖော်ပြထားသူများနည်းတူ တစ်နေ့တွင်…
အနီရောင်ဂါဝန်စီမံကိန်း
‘အနီရောင်ဂါဝန်’ (The Red Dress) စီမံကိန်းကို ဗြိတိသျှ အနုပညာရှင် Kirstie Macleod (ခါစတီ မတ်ခလောက်)က စိတ်ကူးရခဲ့ပြီး၊ ကမ္ဘာတစ်ဝန်းရှိ ပြတိုက်များနှင့် ပြခန်းများတွင် ခင်းကျင်းပြသမှုတစ်ခု ဖြစ်လာခဲ့သည်။ ဘာဂန်ဒီ အနီမှိုင်း ပိုးထည် (၈၄) ခု၌ ပန်းထိုးရန် ထိုအထည်များကို (၁၃) နှစ်လုံးလုံး ကမ္ဘာတစ်ဝန်းသို့ ပို့ဆောင်ခဲ့ပြီး၊ အမျိုးသမီး (၃၀၀) ကျော် (နှင့် အမျိုးသားအနည်းငယ်)တို့က ပန်းထိုးပေးခဲ့ကြသည်။ ထို့နောက် အထည်စများကို ဂါဝန်အဖြစ် ဖန်တီးပြီး၊ ထိုဂါဝန်က ပါဝင်ကူညီခဲ့ကြသည့် လက်မှုပညာရှင်တစ်ဦးစီ၏ ဇာတ်လမ်းများကို ပြောပြနေသည်။ ပညာရှင်အများစုသည် အပယ်ခံနှင့် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။
အနီရောင်ဂါဝန်ကဲ့သို့ပင်၊ အာရုန်နှင့် သူ၏သားမြေးစဥ်ဆက်တို့ ဝတ်ဆင်သည့်အဝတ်များကို ကျွမ်းကျင်လုပ်သား အများအပြားက ပြုလုပ်ခဲ့ကြသည် (ထွက် ၂၈:၃)။ ယဇ်ပုရောဟိတ်ဝတ်စုံအတွက် ဘုရားသခင်၏ညွှန်ကြားချက်များတွင် ထာဝရဘုရားရှေ့တော်၌ အောက်မေ့စရာအဖြစ်…
မေးခွန်းများရှိပါသလား
အန်းန် သည် ပဏာမစစ်ဆေးမှုအတွက် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော ခံတွင်းခွဲစိတ်သမားတော်တစ်ဦးနှင့် တွေ့ဆုံနေသည်။ “မင်းမှာ မေးစရာတွေရှိလား”ဟု မေးရာ၊ သူမက “ရှိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆရာဘုရားကျောင်းသွားခဲ့လား” ဟုမေးခဲ့သည်။ ထိုမေးခွန်းက ဝေဖန်ရန် မရည်ရွယ်ဘဲ ယုံကြည်ခြင်းနှင့်ပတ်သက်၍ စကားစမြည်ပြောရန် ရိုးရိုးလေး စကားစလိုက်ခြင်းဖြစ်သည်။
ခွဲစိတ်ဆရာဝန်သည် ဘုရားကျောင်းနှင့်ပတ်သက်၍ အပြုသဘောအတွေ့အကြုံနည်းပါးစွာ ကြီးပြင်းခဲ့ပြီး ဘုရားကျောင်းသို့ ပြန်မရောက်ခဲ့ပါ။ အန်းန်၏မေးခွန်းနှင့် သူတို့စကားပြောဆိုမှုများကြောင့်၊ သူ၏ဘဝတွင် သခင်ယေရှုနှင့် အသင်းတော်၏အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏အမည်ကို ရေးထိုးထားသည့် ကျမ်းစာအုပ်ကို အန်းန် လက်ဆောင်ပေးသောအခါ မျက်ရည်များနှင့် သူလက်ခံခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မျှဝေရာတွင် အလွန်တက်ကြွ စိတ်ထက်သန်သည့်ပုံ မပေါ်စေလိုပါ။ သို့မဟုတ်ပါကလည်း ထိပ်တိုက်ရင်ဆိုင်ရန် ကြောက်လန့်တတ်ကြသည်။ သို့သော် မေးခွန်းများ မေးခြင်းဟူသည့် သခင်ယေရှုအကြောင်း သက်သေခံရန် ဆွဲဆောင်မှုရှိသောနည်းလမ်း ရှိနိုင်ပါသည်။…