ဘုရားသခင်၏ဂရုစိုက်မှုကို ဖြန့်ကျက်ခြင်း
ကျွန်မဆယ်ကျော်သက်အရွယ်က ဘုရားကျောင်းအတူတူတက်ခဲ့သူ လီဇာနှင့် ကျွန်မ ဆက်ဆံရေးတင်းမာခဲ့သဖြင့် ယခုသွားမည့်နွေရာသီသင်တန်းတွင် သူနှင့် ကျွန်မ တစ်ခန်းတည်းကျကြောင်းသိရသောအခါ ကျွန်မစိတ်ပျက်ခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေးခပ်တန်းတန်းဖြစ်သော်လည်း မေးထူးခေါ်ပြော ပြေလည်စွာ မှန်တန်းဆက်ဆံခဲ့ကြပြီး၊ တစ်ပတ်တာသင်တန်းကို ချောမောစွာဖြတ်ကျော်ခဲ့သည်။
ရက်သတ္တပတ်အဆုံးတွင် ကျင်းပသည့် မီးပုံပွဲက အများမျှော်လင့်ဆင်နွှဲသည့်ပွဲဖြစ်သည်။ သို့ရာတွင် ထိုညနေ၌ ကျွန်မကိုယ်ပူသဖြင့် စောစောအိပ်ရာဝင်ခဲ့သော်လည်း အပြင်မှ ရယ်သံမောသံများ၊ သီချင်းသံများကို ကြားနေရသည်။ တစ်နာရီခန့်အကြာတွင် လီဇာက ကျွန်မကို အပူချိန်လာတိုင်းပေး၍ ရုတ်တရက် ကျွန်မလန့် သွားသည်။ “မီးပုံပွဲမှာ ငါမပါတော့ဘူး။ နင်နေမကောင်းတာ နင်နဲ့အတူနေပေးရမှာပေါ့”ဟု သူမကပြောသည်။ လီဇာသည် ကျွန်မနှင့် မပတ်သက်ဘဲ ခပ်ခွာခွာနေ၍ရသော်လည်း ကျွန်မကိုဂရုစိုက်ရန် သူရွေးချယ်ခဲ့ပြီး၊ ၎င်းက ကျွန်မ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
နေမန်အကြောင်းတွင် အလားတူ ကူညီမစသူတစ်ဦး၏စံနမူနာကို တွေ့ရသည်။ ရှုရိစစ်တပ်မှဗိုလ်ချုပ်ကြီး နေမန်၏အိမ်တွင် သူ့ဇနီးအား ခစားသည့် ၎င်းတို့ဖမ်းခေါ်လာသော ဣသရေလအမျိုး မိန်းမငယ်လေးတစ်ဦး…
ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို အတုယူခြင်း
အံ့သြစရာကောင်းလောက်အောင် အချက်အပြုတ်အလွန်တော်သော မက်ဂျ်(Madge)ဆိုသည့် အမျိုးသမီးနှင့် ကျွန်တော်အလုပ်တွဲလုပ်လေ့ရှိသည်။ တစ်နေ့တွင် သူမက “ကျွန်မရဲ့ ပဲနဲ့ဝက်ပေါင်ခြောက်စွပ်ပြုတ်ကို မြည်းကြည့်ပါလား”ဟုပြောသည်။ ကျွန်တော်က ပဲမကြိုက်ဟုပြောသောအခါ “ကျွန်မချက်တာကို သောက်ပြီးရင် ရှင်ကြိုက်သွားလိမ့်မယ်”ဟုသူမကပြုံး၍ပြန်ပြောသည်။ နောက်တစ်နေ့တွင် ကျွန်တော်အတွက် သီးသန့် စွပ်ပြုတ်တစ်ခွက် ချက်လာပေးသည်။
နှစ်ရက်အကြာတွင် “ကျွန်မရဲ့စွပ်ပြုတ်ကိုသောက်ကြည့်ပြီလား”ဟု မက်ဂျ် က မေးလာရာ၊ သူထပ်မမေးအောင် “ခဏနေရင် သောက်ပါမယ်”ဟု ကျွန်တော်ဖြေလိုက်သည်။ သို့သော် မနက်ဖြန် သဘက်ခါထိ သူမ မေးခဲ့ပြီး၊ စတုတ္ထနေ့တွင် “ကြာကြာမထားနဲ့နော်။ သိုးသွားလိမ့်မယ်”ဟု ပြောခဲ့သည်။
တစ်ပတ်ကြာပြီးနောက် မသောက်ရသေးသော မက်ဂျ်၏စွပ်ပြုတ်မှာ သိုးသွားသဖြင့် သွန်ပစ်လိုက်ရသည်။ ကျွန်တော့်အနားသို့သူလာသောအခါ ကျွန်တော်စိုးရွံ့ထိတ်လန့်သွားသည်။ သူမက “ကျွန်မရဲ့စွပ်ပြုတ်ကို မမြည်းကြည့်ဘူးမဟုတ်လား”ဟု မေးရာ၊ “မြည်းတာပေါ့။ အင်း ... အရသာကောင်းတယ်” ဟုကျွန်တော် ဖြေလိုက်သည်။
ဧဖက်အခန်းကြီး ၄ တွင် အပြောအဆိုနှင့်ပတ်သက်၍ အမျက်ထွက်ရာတွင်အပြစ်မရှိစေရန်…
ဘုရားသခင်အား စောင့်ဆိုင်းခြင်း
ကျွန်မငယ်စဉ်က လမ်းဘေးတွင် စိုက်ထူထားသော အထူးကြော်ငြာဆိုင်းဘုတ်များကိုမြင်လျှင် အလွန် စိတ်လှုပ်ရှားမိသည်။ ရောင်စုံဆိုင်းဘုတ်များကိုတွေ့ပါက ကျွန်မတို့မိသားစုသွားမည့် ဖျော်ဖြေရေး ကစားကွင်းသို့ရောက်ပြီဟု ကျွန်မထင်ခဲ့သည်။ ပျော်ရွှင်စွာဖြင့် ကျွန်မ၏ပစ္စည်းများကို သိမ်းနေသော်လည်း ဆိုင်းဘုတ်တန်းမှာ မဆုံးနိုင်သေးဘဲ ပန်းခြံရောက်သည့်အထိ အချိန်အတော်ကြာသေးသည်။ ထိုဆိုင်းဘုတ်များသည် ပန်းခြံသို့ရောက်ခါနီးပြီဟု သတိပေးခြင်းသာဖြစ်ပြီး နောက်ထပ် မိုင်အနည်းငယ် ဆက်သွားရပါမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း အဆုံး၌ ကျွန်မသိလိုက်ရပါသည်။
“မရောက်သေးဘူးလား”ဟု အံ့ဩစိတ်လှုပ်ရှားနေသော ကလေးများကဲ့သို့ ကျွန်မတို့လည်း ခရီးဆုံးထိရောက်ရန် သည်းခံနေရဦးမည်ဟုစိတ်မရှည်နိုင်ဖြစ်တတ်သည်။
ကျွန်မတို့အသက်တာတွင် ဘုရားသခင်ပါဝင်လုပ်ဆောင်ရန် (သို့) ရင်ဆိုင်နေရသည့် ဒုက္ခများမှကယ်တင်ရန် စောင့်ဆိုင်းရခြင်းက စိန်ခေါ်မှုဖြစ်သည်။ ဆာလံ ၂၇ တစ်ခန်းလုံးတွင် ဒါဝိဒ်မင်းကြီးသည် အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်နေရပြီး၊ ဘုရားသခင်ထံ မျှော်လင့်ကိုးစားလျက် ကိုယ်တော်တုံ့ပြန်လာမည့် အချိန်အထိ စောင့်စားခဲ့သည်။ ဘုရားသခင်၏တုံ့ပြန်မှုသည် မည်မျှကြာနေဦးမည်ကို သူမသိသော်လည်း ဘုရားသခင်သည် သူ့အား ကူညီမစမည်ကို သူသေချာစွာသိသည်။ “အကယ်စင်စစ်…
အဲဒါ ကျွန်တော်လုပ်တာ
ဟာသရုပ်ရှင်ဇာတ်ကားဟောင်းတစ်ခုတွင် ကို့ယို့ကားယားနိုင်ပြီး ထက်မြက်သော အစီအစဉ်မှူးတစ်ဦးသည် ပထမဦးဆုံးအင်္ဂါဂြိုဟ်သို့လူလိုက်ပါသောခရီးစဉ်အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ သူသည် အူတူတူနှင့် ဆက်တိုက် အမှားများပြုမိပြီး သူ့ဝသီအတိုင်း “ငါလုပ်တာမဟုတ်”ဟု လွတ်ကနဲ ထထအော်သည်။ သူနှင့် အာကာသယာဥ်မှူးတို့ ဂြိုဟ်ကြီးပေါ်သို့ ခြေချရန်ပြင်ဆင်နေချိန်တွင် အစီအစဉ်မှူးသည် လှေခါးထိပ်မှ ချော်ကျပြီး ဂြိုဟ်မျက်နှာပြင်ပေါ်သို့ သူ့အဖော်ထက်အရင် ပြုတ်ကျသွားသည်။ သို့နှင့် အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဦးဆုံးပြောသောစကားမှာ “ငါ လုပ်တာမဟုတ်”ဟူသတည်း။
၎င်းသည် ရယ်စရာတစ်ခုဖြစ်သော်လည်း အစီအစဉ်မှူးပြောသောစကားက စိတ်ထဲစွဲစေသည့် အမှန်တရားပင်ဖြစ်သည်။ အဘက်ဘက်က ဝိုင်းအပြစ်တင်သောအခါ ကျွန်ုပ်တို့၏တုံ့ပြန်မှုက “ငါလုပ်တာမဟုတ်”ဟူသောအပြောနှင့် တူနေလိမ့်မည်။
ကျွန်ုပ်တို့၏နာခံမှုကို ဘုရားသခင်လိုလားသည်။ သို့သော် ကျွန်ုပ်တို့သည် အလွယ်တကူ နာခံတတ်သောအကျင့် မရှိခြင်းကို ကိုယ်တော်သိရှိသည်။ (ဝတ် ၂၆:၁-၁၃) တွင် ဘုရားသခင်သည် ဣသရေလလူမျိုးအတွက် အစီအစဉ်ရေးဆွဲထားပြီး၊ သူ၏ပညတ်ကိုကို လိုက်နာပါက “သင်တို့ကို ငါစောင့်မသဖြင့် တိုးပွားများပြားစေ၍ သင်တို့နှင့် ငါပြုသော…
သခင်ယေရှုထံမှလာသော ဝမ်းမြောက်ခြင်း
နန်စီ၏ ကင်ဆာရောဂါကို ကုသရာ၌ သူမ၏ပါးစောင်တွင် ပြည်တည်နာများစွာရှိနေပြီး၊ ပေါင်မုန့် အနည်းငယ်မျှကိုပင် မျိုမချနိုင်အောင် ခံစားရသည်။ နာကျင်မှုရက်ပေါင်းများစွာအတွင်း အစာအိမ်ကို ဖြည့်တင်းရန် နွားနို့ကိုသာ မှီဝဲနေရသည်။ အသက် ၆၀ အရွယ် သူမအတွက် သခင်ယေရှုကို သိကျွမ်းခြင်းနှင့် သူ့မြေးများက သူမ၏မျက်နှာတွင် အပြုံးပန်းဝေဆာစေသည့်အရာများဖြစ်သည်။ မြေးများနှင့် အပတ်စဉ် တွေ့ရခြင်းဖြင့် သူမ၏အခြေအနေအပေါ် အာရုံမရောက်တော့ပါ။ “သူတို့လေးတွေကြောင့်သာမဟုတ်ခဲ့ရင် ကျွန်မလက်လျှော့လိုက်တာကြာပြီ”ဟုသူမက ပြောသည်။
တမန်တော်ကြီးရှင်ပေါလုကလည်း သူ၌အခက်အခဲမည်မျှ ရှိနေပါစေ၊ သခင်ယေရှုနှင့်အခြားသူများအားဖြင့် ဝမ်းမြောက်မှုကို သူတွေ့ရှိခဲ့သည်။ သခင်ယေရှုနှင့်ကိုယ်တော်အတွက်အသက်ရှင်ရခြင်းမှ ဝမ်းမြောက်ခြင်းကို ရရှိခြင်းဖြစ်သည်။ အကျဉ်းချခံနေရစေကာမူ (ဖိ ၁:၁၃) အခြားသူများကို အားပေးနှိုးဆော်နိုင်သောခွန်အား ရရှိခဲ့သည်။ အခြားသူများနှင့်မိတ်ဖက်လျက် သခင်ယေရှု၏ သတင်းကောင်းကို ဝေငှခြင်း၊ သေခြင်းတစ်ဘက်တွင် သူ့အား မည်သည့်အရာ စောင့်ကြိုနေကြောင်းကို သိရှိခြင်း (:၃-၅၊ ၁၈၊ ၂၀) မှ သူခံစားရသည့်…
ဂုဏ်သိက္ခာရှိရှိ ပြုမူလုပ်ဆောင်ခြင်း
စိတ်နောက်ကျိနေသည့်အခိုက်အတန့်တွင် အိမ်ယာမဲ့တစ်ဦး၏ခွက်ထဲသို့ သူမ၏ မင်္ဂလာစိန်လက်စွပ် ပြုတ်ကျသွားသည်ကို စာရာ မသိလိုက်ပါ။ ထိုလက်စွပ်ကိုလမ်းတကာလှည့်လည်တောင်းစားသူ ဘီလီရေးက ရခဲ့ပြီး၊လက်စွပ်ကို တန်ဖိုးဖြတ်ပြီး ရောင်းစားပစ်ရန် စိတ်ကူးမိသည်။ သို့ရာတွင် သူသည် ရိုးသားမှုကိုရွေးချယ်ခဲ့ပြီး ရက်အနည်းငယ်အကြာ ကာယကံရှင် စာရာရောက်လာသည့်အခါ သူပြန်ပေးလိုက်သည်။ စာရာနှင့်သူမ၏ခင်ပွန်းတို့က ဘီလီရေးအား လှူတန်းရန် ရံပုံငွေကောက်ခံမှုကို စတင်လုပ်ဆောင်ခဲ့ရာ ရက်ရောစွာလှူဒါန်းကြသဖြင့် ငွေများစွာလက်ခံရရှိခဲ့သည်။ ဘီလီရေးသည် ငွေကြေးနှင့် ဥပဒေဆိုင်ရာ အကြံဉာဏ်ရယူကာ နောက်ဆုံးတွင်အိမ်တစ်လုံးဝယ်နိုင်ခဲ့သည်။ ကြာမြင့်စွာ အဆက်အသွယ်ပြတ်ခဲ့သည့် သူ၏မိသားစုနှင့်လည်း ပြန်လည်ပေါင်းစည်းခွင့်ရခဲ့သည်။
ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာရှိရှိ အသက်ရှင်ပါက ဘုရားသခင်နှစ်သက်တော်မူပြီး အခြားသူများအတွက်လည်း နှိုးဆော်မှုဖြစ်သည်။ ရှောလမုန်မင်းက သူ၏ ဂုဏ်သမာဓိရှိမှုကို ဘုရားသခင်နှစ်သက်ကြောင်း၊“မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား နှစ်သက်တော်မူဖွယ်ဖြစ်ကြ၏”(သု ၁၂:၂၂)ဟုဆိုခဲ့သည်။ မုသာသုံးသူများကို ဘုရားသခင် “စက်ဆုပ်ရွံရှာ”သည်ဟု ပြင်းထန်သောစကားလုံးဖြင့် ဖော်ပြသည်။ ဘုရားသခင်၏လူတို့က မုသာသုံးခြင်း (သို့) “စိတ်ထဲမှာ လှည့်စား”သောအခါ(:၂၀)၊…
အနားယူခြင်းကို ရှာဖွေခြင်း
“အကျိုးရှိသောအနားယူခြင်း” ဆိုသည်မှာ စစ်သည်များအတွက် ထိရောက်သော ၁၀ မိနစ်မှ မိနစ် ၃၀ အထိ အိပ်ပျော်စေရန် လမ်းညွှန်ချက်များဖြစ်သည်။ အိပ်ရေးမဝသော စစ်သည်များအနေဖြင့် အက်ဒရနလင်းဟိုမုန်း(adrenaline)တက်ကြွမှု၊ စိတ်လှုပ်ရှားမှု၊ အထီးကျန်မှု၊ စိုးရိမ်ပူပန်မှုများ ခံစားနေရပြီး အနားမရနိုင်ကြပေ။ အကြံပြုချက်များတွင် နားကြပ်အသုံးပြုရန်နှင့် အိပ်ရာမဝင်မီ စာဖတ်ရန်တို့ ပါဝင်သည်။ တစ်ရေးအိပ်ပြီးနောက် မောပန်းခြင်းကို လျှော့ချရန်အတွက် ကဖိန်းဓာတ်ပါသော ပီကေကိုပင် ပေးထားပါသည်။
အနားယူရန် အလိုအပ်ဆုံးအချိန်၌ပင် အနားယူရန် ခက်နေတတ်ပါသည်။ ဒါဝိဒ်မင်းသည် သားတော်အဗရှလုံ၏ပုန်ကန်မှုကြောင့် ဘေးလွတ်ရာ တောကန္တာရသို့ ထွက်ပြေးပြီးနောက် ဤသို့ကြုံတွေ့ခဲ့ရသည်။ ဒါဝိဒ်နှင့်သူ၏ နောက်လိုက်များသည် ထိုအမှုအတွက် ခေါင်းများခြုံပြီး ငိုကြွေးခဲ့ကြသည်(၂ ရာ ၁၅:၃၀-၃၁)။ စင်စစ် တစ်ပြည်လုံး ငိုကြွေးခဲ့ကြသည်”(:၂၃)။ ထိုအချိန်မှာတွင်ပင် ဒါဝိဒ်က “ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူ မည်မျှများပြားပါသနည်း”ဟု အော်ဟစ်ခဲ့သည် (ဆာ ၃:၁)။ သို့သော် အတိတ်မှ…
ဘုရားသခင်ပေးသော အဖြေများ
“သမီးကို မွေးခဲ့တဲ့အမေရဲ့နာမည်က ဘာလဲ”။ ၇ နှစ်အရွယ် သမီးလေး၏ ရိုးသားသော မေးခွန်းသည် ကျွန်မ၏နှလုံးသားကို ကြေကွဲစေသည်။ သူမကိုမွေးစားစဥ်က သူမမိဘများ၏အရပ်၊ ကိုယ်အလေးချိန်၊ အသက်၊ ဆံပင် အရောင်နှင့် မျက်လုံးအရောင်များကိုသာ သိခွင့်ရသည်။ ကျွန်မမည်သို့ဖြေရမည်နည်း။ မဖြစ်နိုင်သောမေးခွန်းဟု ခံစားရသည်။ ကျွန်မအသက်ရှူသွင်းပြီး “ဘုရားသခင်၊ ကျွန်မ ဘာပြောရမလဲ”ဟု ဆုတောင်းလိုက်သည်။ ကျွန်မနှုတ်မှ “သူ့နာမည်ကို သမီးဘယ်လိုပေးချင်လဲ”ဟူသည့် စကားတစ်ခွန်းထွက်သွားသည်။ သူမက ကျွန်မကို ပြုံးပြပြီး “Madeline(မက်ဒယ်လင်း)”ဟု ပြောရာ၊ “ဒါဆို မက်ဒယ်လင်းပဲပေါ့”ဟု ကျွန်မ ပြန်ဖြေလိုက်သည်။ ကျွန်မ၌ အဖြေမရှိသောအချိန် ဘုရားသခင်က အဖြေပေးခဲ့သည်ဟု ယုံကြည်ပါသည်။
ယေရှုသေဆုံးပြီး နောက်ပိုင်းနှစ်များတွင် ယေရှု၏နောက်လိုက်များသည် မဖြစ်နိုင်သော အခြေအနေများ၌ ဘုရားသခင်၏အဖြေကို လိုအပ်သည့် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရနိုင်သည်။ ယောဟန် ၁၄ တွင် ယေရှုက သူတို့ကိုမစွန့်ပစ်ဘဲ အကူအညီပေးရန်…
ခရစ်တော်၌ လွတ်မြောက်ခြင်း
၁၈၄၉ ခုနှစ်တွင် (ဗာဂျီးနီးယားပြည်နယ်မှ ကျွန်ဘဝမှလွတ်မြောက်လာသူ) Henry “Box” Brown (ဟင်နရီ"ဘောက်စ်"ဘရောင်း)သည် “ကုန်ခြောက်”ဟု မှတ်သားထားသော သစ်သားသေတ္တာထဲတွင် ကွေးနေလိုက်ပြီး၊ သူ့သူငယ်ချင်းနှစ်ဦးက ထိုသေတ္တာကို ရစ်ချ်မွန်မြို့မှ ဖီလာဒဲလ်ဖီးယားမြို့သို့ ပို့ဆောင်ခဲ့သည်။ ဘရောင်းသည် ၂၆ နာရီကြာသည့်ခရီးစဉ်တွင် လေဝင်လေထွက်အတွက် အပေါက်ငယ်သုံးပေါက်ဖောက်ထားသော(၃'x၂.၅'x၂') အရွယ်သေတ္တာအတွင်း၌ ရှိနေခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးသမားများက ဘရောင်း ကို သေတ္တာထဲမှဆွဲထုတ်စဉ် လွတ်လပ်မှုကို ကတိပေးသောဘုရားရှင်အပေါ် သူ၏ မျှော်လင့်ချက်ကို ဖော်ပြသည့် ဆာလံ ၄၀ ကို သူသီဆိုခဲ့သည်။ ဘရောင်းက နောက်ပိုင်းတွင် “ဝိညာဉ်နားခိုရာ ခိုင်မာသေချာသော ကျောက်ဆူးဖြစ်သည့် လွတ်မြောက်ဖို့ရန် မျှော်လင့်ချက်၏တန်ခိုးက ကျွန်ုပ်အထဲ၌ လှုပ်ရှားနေသည်။ ကျွန်ုပ်ကဲ့သို့ လွတ်လပ်မှုကို ပိတ်ပင်ခြင်းမခံရပါက၊ ၎င်းကို သင်နားမလည်နိုင်”ဟုရေးသားခဲ့သည်။
ကျွန်ုပ်တို့၏နှလုံးသားနှင့် ကမ္ဘာတွင် ဘုရားသခင်၏ အဓိကလုပ်ဆောင်မှုမှာ လွတ်မြောက်မှုအတွက်ဖြစ်သည်။ ကိုယ်တော်၏ဉာဏ်ပညာသည် ဝိညာဉ်ရေးရာလွတ်မြောက်မှုဆီသို့ ဦးတည်စေသော်လည်း၊ မှားယွင်းသော…
ဘုရားမျက်နှာကိုရှာခြင်း
ဆောင်းဦးရာသီတိုင်းတွင် အိုရီဂွန်ပြည်နယ် အနောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီး အမှတ် ၁၈ တစ်လျှောက် ကားမောင်းသူများအား လမ်းဘေးဝဲယာရှိ သစ်ပင်များဖုံးလွှမ်းနေသောတောင်စောင်းမှ ကြည်နူးဖွယ်ကောင်းသော အံ့ဖွယ် ဧရာမအပြုံးမျက်နှာတစ်ခုက ကြိုဆိုနေသည်။ ထိုပြုံးရွှင်သောမျက်နှာကို Larch ထင်ရှူးပင်များ အဝါရောင်ပြောင်းသွားသော ဆောင်းဦးရာသီတွင်သာ မြင်နိုင်သည်။ အဝါရောင်နောက်ခံတွင် အစိမ်းရင့်ရောင် ထင်းရှူးပင်များက မျက်လုံးနှင့် ပါးစပ်ပုံပေါ်နေပါသည်။ သစ်ကုမ္ပဏီတစ်ခုသည် ၎င်းတို့ခုတ်ခဲ့သော သစ်ပင်များနေရာ၌ အစားထိုးသည့်အနေဖြင့် ၂၀၁၁ ခုနှစ်က အချင်း ပေ ၃၀၀ ရှိမျက်နှာပုံအဝိုင်းအတိုင်း သစ်ပင်များ ပြန် စိုက်ပျိုးခဲ့သည်။
ပရောဖက်ဟေရှာယက ကျွန်ုပ်တို့အား ဘုရားသခင်ကို ခြောက်ကပ်သောနေရာများ၌ အသက်ပေးစွမ်းသောအရှင်အဖြစ် သိကျွမ်းရန် ဖိတ်ခေါ်သည်။ သုံ့ပန်းဘဝတွင် ရှိနေသည့် ဣသရေလလူမျိုးတို့အား ဘုရားသခင်သည် “မြစ်များကို စီးဆင်းစေသည်”၊ “ကန္တာရကို ရေကန်များအဖြစ် ပြောင်းလဲနိုင်သည်” ပြီးနောက် “ကန္တာရတွင် အာရဇ်ပင်နှင့် အကာရှပင်” စိုက်ပျိုးနိုင်ကြောင်း သူသတိပေးခဲ့သည်…