အမျိုးအစား  |  odb

အလှည့်

စစ်မှုထမ်းဟောင်းတစ်ဦး၏ ဈာပန၌ တရားဟောဆရာက တရားဟောရင်း သေဆုံးသူ ရောက်ရှိနေမည့် နေရာအကြောင်းကို အလေးအနက် ထင်ဟပ်စဉ်းစားပြခဲ့သည်။ ထိုနောက် တရားနာပရိသတ်များအား ဘုရားသခင်ကို မည်သို့ သိရှိနိုင်မည့်အကြောင်းကို မပြောဘဲ သမ္မာကျမ်းစာ၌ မပါသောအကြောင်းအရာများကို ခန့်မှန်းဆင်ခြင်ပြသည်။ ဘယ်မှာလဲ မျှော်လင့်ခြင်း ဟု ကျွန်ုပ်တွေးမိသည်။
အဆုံး၌ ဆရာက နောက်ဆုံးဓမ္မသီချင်းကို သီဆို စေသည်။ ကျွန်ုပ်တို့အားလုံး မတ်တပ်ရပ်လျက် ‘‘ဘယ်မျှ ကြီးမြတ်တော်မူသည်ကျူး’’ ဓမ္မတေးကို သီဆိုကြရာ ပရိသတ် အားလုံးသည် စိတ်ဝိညာဉ်နက်ရှိုင်းရာထဲမှ ဘုရားသခင်ကို ချီးမွမ်းကြသည်။ အချိန်ခဏလေးအတွင်းမှာပင် တစ်ခန်းလုံးရှိ စိတ်ထားများ ပြောင်းလဲသွားတော့သည်။ ရုတ်ခြည်းပင်၊ အံ့ဩစရာပင်၊ သီချင်း၏တတိယအပိုဒ်တွင်  ကျွန်တော့်၏ စိတ်ခံစားမှုက ကျွန်တော့်အသံကို လွှမ်းမိုးသွားသည်။
အို ကယ်တင်ရှင် သားတော်ကို နှမြောခြင်းကင်း
အသေခံရန် စေလွှတ်သောရှင် ဖြစ်သည်။
လက်ဝါးကပ်တိုင် ကျွန်ုပ် ပြစ်မှား ဖြေလွှတ်ရန်၊…

ပူဆွေးခြင်းမှ ၀မ်းမြောက်ခြင်းသို့

ကယ်လီ ကိုယ်ဝန်ဆောင်ချိန်တွင် အခြားရောဂါများ ၀င်လာ၍ ဆရာဝန်များက သူ့အတွက် စိုးရိမ်နေသည်။ အချိန်ကြာမြင့်စွာ ဗိုက်နာသော်လည်း ကလေးမမွေးနိုင်၍ ခွဲမွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ကလေးမွေးဖွားခြင်းဝေဒနာ ပြင်းထန်စွာ ခံစားရသော်လည်း မွေးကင်းစသားလေးကို ထွေးပွေ့လိုက်ရချိန်တွင် နာကျင်မှုကို မေ့သွားသည်။ ပြင်းစွာ သော ဝေဒနာကို ၀မ်းမြောက်ခြင်းက  နေရာယူသွားသည်။
သမ္မာကျမ်းစာကလည်း ဤအမှန်တရားကို အတည်ပြုထားသည်။ ‘‘မိန်းမသည် သားကို ဘွားစဉ်အခါ ဘွားရသောအချိန် စေ့သောကြောင့် ၀မ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတစ်ယောက်ကို ဘွားမြင်သောကြောင့် ၀မ်းမြောက်ခြင်းရှိ၍ အထက်ခံရသော ဝေဒနာကို မေ့လျော့တတ်၏’’ (ယော ၁၆း၂၁)။ မကြာမီတွင် ယေရှုရှင် ထွက်သွား မည်ဖြစ်၍ တပည့်တော်များအနေဖြင့် ပူဆွေး ၀မ်းနည်းကြမည်ဖြစ်သော်လည်း နောက်တစ်ဖန် ကိုယ်တော်ကို ပြန်တွေ့ရလျှင် အထက်ပါ ၀မ်းနည်းခြင်းက ၀မ်းမြောက်ခြင်းသို့ ပြောင်းလဲသွားမည့်အကြောင်း သခင်ယေရှုသည် အထက်ပါ…

သင်သည် မူရင်းဖြစ်၏

ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းသည် ဘုရားသခင်၏လက်တော်ထွက် မူရင်းများ ဖြစ်ကြသည်။ မိမိကိုယ်ကို ပြုလုပ်ဖန်တီးသော ယောက်ျားမိန်းမဟူ၍ မရှိပေ။ မိမိဘာသာ စွမ်းရည်ပြည့်ဝပြီး အရောင်အသွေး တောက်ပြောင်လာသူတစ်ဦးမျှ မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို သူကိုယ်တိုင် ပြုလုပ်ဖန်ဆင်းသည်။ ကျွန်ုပ်တို့အကြောင်း စဉ်းစားပြီး သူ၏ပြောမပြတတ်သော မေတ္တာတော်ဖြင့် ကျွန်ုပ်တို့ကို တည်ဆောက်ပုံသွင်းသည်။
သင့်ကိုယ်ခန္ဓာ၊ စိတ်နှင့် ၀ိညာဉ်တို့ကို ဘုရားသခင် ပြုလုပ်ဖန်ဆင်းသည်။ သင့်ကို ပြုလုပ်ပြီးစီးသွားပြီ မဟုတ်ပါ။ ကိုယ်တော်သည် သင့်ကို ပြုလုပ်ပုံသွင်းနေဆဲဖြစ်သည်။ ကိုယ်တော့်စိတ်ထဲရှိသည့် တစ်ခုတည်းသော ရည်ရွယ်ချက် မှာ ကျွန်ုပ်တို့ အရွယ်ရောက် ရင့်ကျက် ပြီးပြည့်စုံရန်အတွက် ဖြစ်သည်။ ‘‘သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော် မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်အောင် ပြီးစီး လျက် ပြုတော်မူမည်ဟု ငါသဘောကျ၏’’ (ဖိ ၁း၆)။ သင်အမြဲတစေ လိုလားသော၊ သင်ဖြစ်ချင်သည့် လူစားမျိုးဖြစ်လာအောင်…

ငြိမ်းချမ်းသောအိမ်နှင့်ဆိုင်သော ကတိတော်

‘‘သန်းပေါင်း ၆၅ သန်း’’ - ၎င်းသည် မျက်မှောက်ခေတ် ကမ္ဘာပေါ်ရှိ ဒုက္ခသည်များ၏ အရေအတွက်ဖြစ်သည်။ ပဋိပက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ကြောင့် သူတို့၏နေအိမ်ကို စွန့်ခွာရသူတို့ဦးရေမှာ ယခင်ကထက် ပိုမိုမြင့်မားလာသည်။ ကလေးသူငယ်တိုင်း ပညာ သင်ကြားနိုင်ရေး၊ အရွယ်ရောက်သူတိုင်း အဓိပ္ပာယ်ရှိသော အလုပ်အကိုင် ရှာဖွေနိုင်ရေး၊ မိသားစုတိုင်း နေအိမ်ရရှိရေးအတွက် ဒုက္ခသည်များကို လက်ခံ သည့်ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံ့ခေါင်းဆောင်များက ပူးပေါင်း ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့က အသနားခံထားသည်။
အရေးအခင်းကာလတွင် ဒုက္ခသည်များအတွက် နေအိမ်ပြင်ဆင်ပေးရေး စိတ်ကူးအကြံက သူတို့၏အသက် အိုးအိမ်ကို ဖျက်ဆီးပစ်မည်ဟု ယုဒလူတို့အား အာရှုရိ စစ်တပ်မှ ခြိမ်းခြောက်ချိန်၌ ထာဝရဘုရား ပေးတော်မူသော ကတိတော်ကို အမှတ်ရစေသည်။ ဣသရေလူတို့သည် သူတို့၏ ဗိမာန်တော်၊ သူတို့ချစ်သောမြို့တော် ယေရုရှလင်ကို ဆုံးရှုံးရမည့်အကြောင်း သတိပေးရန် ဘုရားသခင်သည် ပရောဖက်မိက္ခာအား မိန့်ကြားခဲ့သည်။ သို့သော် ပျက်စီးဆုံးရှုံးမှုများ အလွန်တွင်…

မကြောက်နှင့်၊ ယုံကြည်ပါ။

‘‘ကျွန်မရဲ့ခင်ပွန်း ရာထူးတိုးပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့  အိမ်ကို ချန်ရစ်ထားရမဲ့အရေးကို ကျွန်မတွေးကြောက်နေလို့ ကမ်းလှမ်းမှုကို စိတ်မပါတပါနှင့် သူငြင်းလိုက်တယ်’’ ဟု ကျွန်မမိတ်ဆွေဖြစ်သူက ပြောပြသည်။ ထိုကဲ့သို့သော ကြီးမားသည့် အပြောင်းအလဲအပေါ် စိုးရိမ်ကြောင့်ကြမှုက စွန့်စားမှုအသစ် တစ်ရပ်ကို လက်သင့်ခံရန်  အတားအဆီးဖြစ်ခဲ့ကြောင်း၊ တစ်ခါတစ်ရံ  ထိုသို့သော အပြောင်းအရွှေ့ကို မလုပ်ခဲ့၍ မည်သည်အရာများကို လက်လွှတ်ဆုံးရှုံးလိုက်ရသနည်းဟု   တွေးမိကြောင်း သူက ရှင်းပြခဲ့သည်။
ပေါများကြွယ်ဝပြီး မြေသြဇာကောင်းမွန်သည့် ‘‘နို့နှင့် ပျားရည်စီးသောပြည်’’သို့ ၀င်စားရန် ဣသရေလလူတို့ ရွေးချယ်ပို့ဆောင်ခြင်းခံရသောအခါ သူတို့သည် စိုးရိမ် ကြောင့်ကြစိတ်ကို အခွင့်ပေးကာ မလှုပ်မရှားနိုင်အောင် ဖြစ်ခဲ့ရသည်(ထွက် ၃၃း၃)။ မြို့ကြီးများရှိ လူထွားကြီးများအကြောင်းကို ကြားသိ ရသောအခါ (း၂၇)၊ သူတို့ စပြီး ကြောက်ရွံ့လာတော့သည်။ ဣသရေလလူ အများစုသည် ကတိတော်ထားရာပြည်သို့ ၀င်ရောက်ရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ကြသည်။
သို့သော်…

အတောင်တော်အောက်၌

အကွယ်အကာနှင့်ပတ်သက်ပြီး စဉ်းစားလျှင် အလိုလိုနေရင်း ငှက်၏ အမွေးအတောင်ကို မစဉ်းစားမိပါ။ ငှက်၏အမွေးအတောင်က ပါးလွှာသော အကွယ်အကာအဖြစ် ထင်မြင်ရ သော်လည်း မျက်စိဖြင့် မြင်နိုင်စွမ်းထက် ၎င်းတို့၏ အရေးပါမှုက သာလွန်ပါသည်။
ငှက်အမွေးအတောင်များသည် ဘုရားသခင်၏ အံ့ဖွယ်ကောင်းသောလက်ရာ ဒီဇိုင်း နမူနာတစ်ခုဖြစ်သည်။ ငှက်အမွေး၌ ချောမွတ်သည့် အပိုင်းနှင့် နူးညံ့သည့်အမွေးနုအပိုင်းဟူ၍ ရှိသည်။ ချောမွတ်သည့်အမွေး၌ သေးငယ်သော ချိတ်လေးပါရှိ သည့် မာကြောသည့် ဆူးထစ်ရှိသည်။ ယင်းချိတ်လေး များသည် ဇစ်ကြိုး၏အသွားများကဲ့သို့ တစ်ခုနှင့်တစ်ခု ထိစပ်ချိတ်ဆက်ထားသည်။ နူးညံ့သောအမွေးများက ငှက်ကို နွေးထွေးစေသည်။ ထိုအမွေးနှစ်မျိုးက အတူတကွ အလုပ်လုပ်ပြီး ငှက်ကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေး သည်။ သို့သော် ငှက်ပေါက်လေးများမှာ အမွေးနုလေးများသာရှိပြီး၊ အမွေးအတောင် မစုံသေးပါ။ ထို့ကြောင့် မိခင်ငှက်မကြီးက ငှက်ပေါက် လေးများကို လေဒဏ်မိုးဒဏ်မှကာကွယ်ရန် အသိုက်ထဲ၌ ငှက်လေးများကို သူ၏…

ကလေးများကို ချစ်ခြင်း

၁၈၆၅ ခုနှစ်၌ သောမတ် ဘာနာဒိုသည် လန်ဒန်ဆေးရုံ ဆေးကျောင်းသို့ ၀င်ရောက် ပညာသင်ကြားပြီး တရုတ်နိုင်ငံ၌ သာသနာပြုဆရာဝန်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက် ရှိခဲ့သည်။ မကြာမီတွင် ဘာနာဒိုသည် သူ့ကိုယ်ပိုင်ခြံဝင်းအရှေ့တွင် အိမ်ယာမဲ့ ကလေးများ ကျင်လည်နေထိုင်လျက်၊ လန်ဒန်မြို့လမ်းများတွင်လည်း ကလေးများ သေဆုံးလျက် အကူအညီများ လိုအပ်နေသည်ကို တွေ့ရှိ ခဲ့သည်။ အလွန်ဆိုးရွားလှသော ဤအခြေအနေအတွက် တစ်ခုခု လုပ်ဆောင်ပေးရန် သူစိတ်ပိုင်းဖြတ်ခဲ့သည်။ လန်ဒန်မြို့ အရှေ့ဘက်အစွန်တွင် ဆင်းရဲမွဲတေလှသည့် ကလေးများအတွက် ဂေဟာများထူထောင်ပေးခြင်းဖြင့် ဘာနာဒိုသည် ကလေး ၆၀,၀၀၀ ကို ဆင်းရဲမှုနှင့် အရွယ်မတိုင်မီ် သေဆုံးမှုတို့မှ ကယ်တင်နိုင်ခဲ့သည်။ ဓမ္မ ပညာရှင်နှင့် သင်းအုပ်ဆရာဖြစ်သူ ဂျွန်စကော့က ‘‘အခုခေတ် ဆိုရင်တော့ လမ်းပေါ်မှ လေလွင့်ကလေးများ၏ ကွယ်ကာရှင် သူတော်စင်လို့ သူ့ကို  ခေါ်ဆိုသင့်တယ်’’ ဟု ပြောခဲ့သည်။
ရှင်ယေရှုက ‘‘ထိုသူငယ်တို့ကို…

ကြောက်ရွံ့ခြင်းမှ ယုံကြည်ခြင်းသို့

ဆရာဝန်၏စကားများက သူမ၏နှလုံးသားကို ဒုန်းကနဲ လာဆောင့်သည်။ ကင်ဆာ ဆိုပါလား။ သူမ၏ခင်ပွန်းနှင့် ကလေးများကို တွေးမိလိုက်ရာ သူ၏ကမ္ဘာကြီး ရပ်တန့် သွားသည်။   ဇွဲနှင့် တစိုက်မတ်မတ် ဆုတောင်းကြပြီး အခြားရလဒ် တစ်မျိုး ထွက်လာရန် မျှော်လင့်ထားကြသည်။ သူတို့ဘာလုပ်ကြမည်နည်း။ သူမ၏မျက်နှာ၌ မျက်ရည်များ စီးကျလျက် ‘‘အဘဘုရားသခင်၊ ဤအရာသည် ကျွန်မတို့ မထိန်းချုပ်နိုင်သောအရာဖြစ်ပါ၏။ ကျွန်မတို့၏ခွန်အား ဖြစ်ပေးတော်မူပါ’’ ဟု ညင်သာစွာ သူမ ဆိုခဲ့သည်။
ရောဂါစစ်ဆေးမှုရလဒ်က အလွန်ဆိုးဝါးသောအခါ၊ မိမိ မထိန်းချုပ်နိုင်သည့် အခြေအနေနှင့် ကြုံရသောအခါ ကျွန်ုပ်တို့ ဘာလုပ်ကြသနည်း။ ကြည့်ရသည်မှာ မျှော်လင့်ချက်မဲ့နေပြီဆိုပါက ကျွန်ုပ်တို့ အဘယ်အရပ်သို့ သွားမည်နည်း။
ပရောဖက် ဟဗက္ကုတ်၏ အခြေအနေမှာ သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် နေပြီး သူ၏ကြောက်ရွံခြင်းက သူ့ကို ခြောက်လှန့်နေသည်။ ကျရောက်လာတော့မည့် စီရင်ခြင်းမှာလည်း ကြီးလေးလှသည် (ဟဗ ၃း၁၆-၁၇)။…

အရာခပ်သိမ်းအတွက် ကျေးဇူးတင်

သြစတြေးလျနိုင်ငံ၌ မြို့တစ်မြို့နှင့်တစ်မြို့ ခရီးသွားရာတွင် နာရီပေါင်းများစွာ ကားမောင်းရသဖြင့် ပင်ပန်းနွမ်းနယ်လာနိုင်ပြီး၊ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်နိုင် သည်။ ထိုကြောင့် အားလပ်ရက်ခရီးသွားလာမှုများသည့်အချိန်များ၌ အဓိက အဝေးပြေး လမ်းမကြီးများတွင် စေတနာ့ဝန်ထမ်းများက ကော်ဖီ အခမဲ့ဝေပေးသည့် ယာဉ်ရပ်နား စခန်းကို ထားရှိပေးသည်။ ကျွန်တော့်ဇနီး မယ်ရင်း နှင့် ကျွန်တော်တို့ အချိန်ကြာမြင့်စွာ ကားမောင်းသွားရသည့် အခါ ဤယာဉ်ရပ်နားစခန်းများကို ကျေနပ်နှစ်သက် အကြိုက်ပိုလာသည်။
တစ်ကြိမ်တွင်  ခရီးသွားခဲ့စဉ် ကားရပ်ပြီး ကော်ဖီ ၂ ခွက် မှာယူခဲ့သည်။ ၀န်ထမ်းတစ်ဦးက ကော်ဖီ ၂ ခွက် ပေးပြီး ၂ ဒေါ်လာ တောင်းသည်။ အကြောင်းရင်းကိုမေးရာ သူက စာလုံးသေးသေးနှင့် ရိုက်နှိပ်ထားသည့် ဆိုင်းဘုတ်ကို ညွှန်ပြသည်။ ဤရပ်နားစခန်း၌ ယာဉ်မောင်းသာ ကော်ဖီ အခမဲ့ရပြီး ခရီးသည်များမှာမူ အခပေးရမည်ဖြစ်သည်။
ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်ပြီး ‘‘အဲဒါက မရိုးသား…

အကယ်၍ ... ခဲ့လျှင်

ကားရပ်နားရာနေရာမှ ပြန်ထွက်လာစဉ် ကျွန်မ၏ခင်ပွန်းမှာ ကားကို အရှိန်လျော့ပြီး အမျိုးသမီးလေးတစ်ဦး စက်ဘီးဖြတ်စီးသွားသည်အထိ စောင့်နေလိုက်သည်။ တောမ်က သူ့ကို အရင်ဖြတ်သွားရန် ခေါင်းညိတ်ပြသောအခါ သူက ပြုံးလိုက်ပြီး လက်ပြကာ ဆက်စီးသွားသည်။ ခဏကြာပြီးနောက် ရပ်ထားသော SUV ကားတစ်စီးမှ ယာဉ်မောင်းက ကားတံခါးကို ဖွင့်လိုက်ရာ စက်ဘီးစီး မိန်းကလေးကို ရိုက်မိပြီး လူသွားလမ်းပေါ်သို့ လွင့်ကျသွား သည်။ သူ့ခြေထောက်မှ သွေးထွက်နေပြီး ကွေးကောက် သွားသော စက်ဘီးကို စစ်ကြည့်ရင်း သူ့ခမျာ ငိုကြွေးနေခဲ့ သည်။
နောက်ပိုင်းတွင် ဤမတော်မဆဖြစ်ရပ်ကို ကျွန်မတို့.ပြန်လည်ဆင်ခြင်မိသည်။ ကျွန်မတို့သာ သူ့ကို စောင့်ခိုင်း ခဲ့လျှင် ...၊ ယာဉ်မောင်းသည်လည်း ကားတံခါး မဖွင့်မီ လူရှင်း မရှင်း ကြည့်ခဲ့လျှင် ... ဘာဖြစ်မည်နည်း။ သားသည် သောက်စားတတ်သည့်လူငယ်များနှင့် တွဲနေကြောင်း ကျွန်မကြိုသိခဲ့လျှင် ... ကင်ဆာရောဂါကို…