ဂူသင်္ချိုင်း အမှတ် ၇ မှ ရတနာ
၁၉၃၂ ခုနှစ်တွင် မက္ကဆီကန် ရှေးဟောင်းသုတေသနပညာရှင် Alfonso Caso သည် Oaxaca မြို့တော်ရှိ Monte Albán ရှေးဟောင်းသုတေသနနယ်မြေတွင် ဂူသင်္ချိုင်းအမှတ် ၇ (Tomb 7) ကို တွေ့ရှိခဲ့သည်။သမိုင်းမတင်မီခေတ်က စပိန်ပြည်၏လူ့အသုံးအဆောင် ၄၀၀ ကျော်နှင့် လက်ဝတ်ရတနာ ၁၀၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ပြီး ၎င်းတို့ကို `Monte Albán၏ရတနာ´ဟု အမည်ပေးခဲ့သည်။ ၎င်းသည် မက္ကဆီကို ရှေးဟောင်းသုတေသနပညာဆိုင်ရာအတွက် အရေးပါသော တွေ့ရှိမှုဖြစ်သည်။ ကျောက်စိမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော ခွက်ကို ကိုင်ထားသည့် Caso ဓာတ်ပုံမှ သူ၏စိတ်လှုပ်ရှား ပျော်ရွှင်နေမှုကို မြင်ယောင်တွေ့နိုင်သည်။
ရာစုနှစ်အစောပိုင်းက ရွှေငွေ၊ ရတနာတို့ထက် ပို၍ တန်ဖိုးရှိသော ရတနာအကြောင်းကို ဆာလံဆရာက စပ်ဆိုထားသည်။ သူက ‘‘လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော်စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏’’ ဟူ၍ ဆာ ၁၁၉း ၁၆၂…
နားထောင်သူနှင့် လုပ်ဆောင်သူ
သင်းအုပ်ဖြစ်သော ကျွန်မအမျိုးသားထံ ညဘက်ကြီး ဖုန်းဝင်လာသည်။ ကျွန်မတို့
အသင်းတော်၏ဆုတောင်းသူရဲကောင်းတစ်ယောက်ဖြစ်သည့် အသက် ၇၀ အရွယ် တစ်ဦးတည်းနေထိုင်သူ အဘွားတစ်ဦးမှာ အစာမစားနိုင်၊ မသောက်နိုင်၊ ဘာမှမမြင်နိုင်၊ လမ်းပင် မလျှောက်နိုင်သည်အထိ နာမကျန်းဖြစ်သွား၍ သူ့ကို ဆေးရုံတင်လိုက်ရသည်။
သေမလား ရှင်မလား မသိနိုင်တော့သည့် အခြေအနေတွင် ဘုရားရှင်ထံမှ မစမှုကို အသနားခံကာ သူပြန်လည် ကျန်းမာ လာရန်အတွက် တောင်းလျှောက်ခဲ့သည်။ အသင်းတော်သည် သူအတွက် ၂၄ နာရီ သံကြိုးကွင်းဆက် လာရောက် လည်ပတ်အားပေးမည့်သူများကို ခွဲခန့်မှတ်သားလိုက်ပြီး၊ သူသာမက အခြားလူနာများ၊ ဧည့်သည်၊အစောင့်နှင့် ဆေးရုံ ၀န်ထမ်းများအား ခရစ်ယာန်မေတ္တာကို ပြသနိုင်ခဲ့သည်။
ရှေးကနဦး ဂျူးခရစ်ယာန်များထံ ရှင်ယာကုပ် ရေးသားသောစာတွင် အသင်းတော်များအား မစမှု လိုအပ်သူ ဆင်းရဲသားများကို ဂရုစိုက်ရန် တိုက်တွန်းထားသည်။ ယာကုပ်သည် ယုံကြည်သူများအား နှုတ်ကပတ်တရားကို နာရုံမျှသာမဟုတ်၊ တရားကို…
ဆိတ်ငြိမ်သော စကားလက်ဆုံ
သင် တစ်ယောက်တည်း စကားပြောဖူးပါသလား။ တစ်ခါတစ်ရံ ပရောဂျက်များလုပ်ဆောင် ရသောအခါ ကျွန်တော်သည် ကားထဲထိုင်စဉ်းစားရင်း အကောင်းဆုံးဖြစ်အောင် မည်သို့ပြင်မည်၊ မည်သို့ပြောင်းမည်စသည်ဖြင့် တစ်ယောက်တည်းအသံထွက်ပြီး စကားပြောသည်။ ၎င်းက အထောက်အကူဖြစ်ပါသည်။ ယခုလို စကားပြောနေခြင်းကို တစ်ယောက်ယောက်က တွေ့သွားလျှင် ရှက်စရာဖြစ် သော်လည်း ကိုယ့်ဘာသာကိုယ် စကားပြောခြင်းသည် လူအများစုက နေ့စဉ်လုပ်နေသောအရာတစ်ခုဖြစ်သည်။
ဆာလံသီချင်း၌ ဆာလံဆရာများသည် မိမိဘာသာ တစ်ယောက်တည်း စကားပြောလေ့ရှိကြသည်။ ဆာလံ ၁၁၆ ကို ရေးခဲ့သူအား ကျွန်တော်တို့ ထိမ်ချန်ထား၍ မရပေ။ (း၇) တွင် သူက ‘‘အို ငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ ကျေးဇူးပြုတော်မူပြီ’’ ဟု ရေးစပ်ထားသည်။ အတိတ်က ဘုရားသခင် ပြုခဲ့သော ကျေးဇူးကရုဏာနှင့် သစ္စာတော်ကို သူ့ကိုယ်ကို သတိပေးခြင်းက လက်ရှိပစ္စုပ္ပန်ဘ၀တွင် သက်သာရာနှင့် အထောက်အပံ့ ရရှိစေပါသည်။…
မိုင် ၄၀၀ အကွာမှ မြင်ကွင်း
အာကာသယာဉ်မှူး Charles Frank Bolden Jr. က ‘‘ကျွန်တော်အာကာသထဲ ပထမဦးဆုံးအကြိမ် ရောက်သွားချိန်မှာ ကမ္ဘာမြေကြီးကို ကြည့်တဲ့အမြင်တွေဟာ ချက်ခြင်းပြောင်းလဲသွားတယ်’’ ဟုပြောပါသည်။ ကမ္ဘာမြေကြီး၏အထက် မိုင် ၄၀၀ အပေါ်စီးမှ ကြည့်ရခြင်းသည် သူ့အတွက် အရာအားလုံးသည် ငြိမ်သက်ခြင်း အတိရှိပြီး လှပလွန်းသည်။ အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်း သွားသောအခါ Bolden သည် ထိုဒေသ၌ ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေကြောင်း တွေးမိပြီး လှုပ်နှိုးခံရ
သကဲ့သို့ အသိတရားဝင်လာကာ တုန်လှုပ်သွားခဲ့ရသည်။ ရုပ်ရှင်ထုတ်လုပ်သူ Jared Leto နှင့် အင်တာဗျူးလုပ်နေ စဉ်အတွင်း Bolden က ထိုခဏတာ အချိန်လေး အကြောင်း ပြောပြရင်း ကမ္ဘာကြီးက မည်သို့ဖြစ်သင့်သည်ကို သူသိမြင် နားလည်လာကြောင်း၊ ကမ္ဘာကြီးကို ပိုပြီးကောင်းမွန် လာအောင် သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ရန် စိန်ခေါ်မှုကြီးကို…
သင်မည်မျှတန်သနည်း
ပုံပြင်လေးတစ်ပုဒ်ရှိသည်။ ဘီစီ ၇၅ ၀န်းကျင်ခန့်က ဂျူးလီယက်ဆီဇာ ဆိုသည့် ရောမ သူကြွယ်လူငယ်တစ်ဦးကို ပင်လယ်ဓားပြများက ပြန်ပေးဆွဲပြီး ငွေညှစ်သည်။ ၎င်းတို့က ယခုခေတ်အရ ဒေါ်လာ ၆ သိန်းနှင့် ညီမျှသည့် ငွေအခွက် ၂၀ နှင့် ရွေးခိုင်းရာ ဆီဇာမှာ သဘောကျရယ်မောလျက် ‘‘ကျုပ်ဘယ်သူဆိုတာ မင်းတို့ တကယ်မသိဘဲကိုး။ ဒီမှာ မင်းတို့ ငွေအခွက် ၅၀ တောင်းစမ်းပါကွ’’ ဟု တိုက်တွန်းလိုက်သည်။ ဆီဇာသည် သူ့ကိုယ်သူ ငွေအခွက် ၂၀ ထက်မက တန်သည်ဟု ယုံကြည်မှတ်ယူခြင်းကြောင့်တည်း။
ဆီဇာ သူ့ကိုယ်သူ တန်ဖိုးဖြတ်သည့် ပမာဏနှင့် ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းအပေါ် ဘုရားသခင် တန်ဖိုး သတ်မှတ်သည့်ပမာဏက ဆီနှင့်ရေပမာ ကွာခြားလှပါသည်။
ကျွန်ုပ်တို့၏တန်ဖိုးကို ယာယီမျှသာခံသော တန်ဖိုးဖြင့် ကိုယ်တော် မတိုင်းတာဘဲ ကျွန်ုပ်တို့ ကိုယ်စား ကောင်းကင်ဘုံ အရှင်…
ငါ သူဌေးဖြစ်ပြီ
တံခါးလာခေါက်သဖြင့် သွားဖွင့်ပေးလိုက်ရာ ငွေပမာဏ အမြောက်အမြားပါရှိသည့် ချက် လက်မှတ်တစ်စောင်လာပေးခြင်းဖြစ်နေသည်။ တံခါးဖွင့်ပေးသူက အံ့အားသင့်သွား ပြီးနောက် မြူးတူးစွာအော်ဟစ်ရင်း၊ ကွေးအောင်ကရင်း၊ ခုန်ပေါက်ရင်း၊ တွေ့သမျှ လူကို ပွေ့ဖက်ရင်း ‘‘ငါထီပေါက်ပြီ၊ ငါသူဌေးဖြစ်ပြီ၊ မယုံနိုင်စရာပါလားနော်၊ ငါ့ပြဿနာ တွေ ပြေလည်ပြီ’’ ဟု အော်ပြောနေသည်။ ၎င်းသည် ရုပ်သံ ကြော်ငြာတစ်ခုဖြစ်သည်။ ကြွယ်ဝချမ်းသာခြင်းစည်းစိမ်က ခံစားချက်အမျိုးမျိုးကို ဖြစ်ပေါ်စေပါသည်။
ဆာလံကျမ်းမှ အရှည်ဆုံးဖြစ်သော ဆာလံ ၁၁၉ ၏
အပိုဒ်ငယ် ၁၄ တွင် မှတ်သားဖွယ် အချက်တစ်ချက်ကို တွေ့ရသည်။ ‘‘ခပ်သိမ်းသောစည်းစိမ်ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ၀မ်းမြောက်ပါ၏’’ (း၁၄)။ အထက်ပါကြော်ငြာနှင့် ကွာခြားလိုက်ပါဘိ။ ဘ၀ရှင်သန်မှု အတွက် ဘုရားသခင်၏သွန်သင်လမ်းညွှန်မှုအတိုင်း နာခံ လိုက်လျှောက်ခြင်းသည် စည်းစိမ်ဥစ္စာများ ရရှိသကဲ့သို့ပင် အလွန်ဝမ်းမြောက်စရာ ဖြစ်သည်။ ဆာလံဆရာက ထာဝရဘုရား၏ပညတ်တော်အတွက် ကျေးဇူးတင်လျက် ၀မ်းမြောက်ကြောင်းကို…
လှပနှစ်သက်ဖွယ်ဖြစ်သော
ဆယ်ကျော်သက် မိန်းကလေးနှစ်ဦး၏ ဓာတ်ပုံတွင် ပထမ မိန်းကလေးက ကျန်းမာကြံ့ခိုင် ရွှင်လန်းစွာ ရှိနေပြီး၊ အခြားမိန်းကလေးမှာ မိမိဘာသာ ဘာမျှမလုပ်နိုင်မကိုင်နိုင်ဘဲ လွတ်လပ်ခြင်းအရသာကို မည်သည့်အခါမှမသိနိုင်သော ရောဂါသည်လေးဖြစ်သည်။ သူမ၏ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရင်း သာမန်စိတ်ခံစားချက်အမျိုးမျိုး နာကျင်မှု အမျိုးမျိုး၊ ရုန်းကန်ရမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခံစားနေရသည်။
သို့သော် သူတို့နှစ်ဦး အတူတွဲရှိနေသည့် အဖော် အဖက်ဖြစ်ခြင်း၏အရသာကို ခံစားရင်း နှစ်ဦးသားရွှင်လန်း ပြုံးရွှင်နေသည်။ တစ်ဦးက အခြားတစ်ဦးအတွင်းရှိသည့် အကျွမ်းဝင်မှု၊ မိတ်ဆွေအဖော်ဖြစ်ပေးခြင်း၏ ရသကို တွေ့မြင်
ခံစားနေသည့် လှပသော မိန်းကလေးနှစ်ဦး ဖြစ်ပါသည်။
နာတာရှည်ရောဂါ ခံစားရသူများ၊ ခန္ဓာမသန်စွမ်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် နှိမ့်ချအပယ်ခံရသူများစသည့်ဖြင့် ဘီးတပ်ကုလားထိုင်ပေါ်မှမိန်းကလေးကဲ့သို့ ဖြစ်နေ ခံစားနေရသည့် လူများအတွက် သခင်ယေရှုအချိန်ပေးသည်။ ၎င်းတို့ကို ဂရုပြုခဲ့သည်။ ထို့ပြင် ဘာသာရေးခေါင်းဆောင်များ နှာခေါင်းရှုံ့ပြစ်တင်စရာ ထိုသို့နှိမ့်ကျခံစားရသူ တစ်ဦးအား သူ့ကို ဆီဖြင့်လိမ်းကျံလောင်းချရန် အခွင့်ပေးခဲ့သည်။ ဝေဖန်ကဲ့ရဲ့သူတို့အား…
ငါးစာနီနီ
လွန်ခဲ့သောနှစ်အတန်ကြာက ဂရိစာရေးဆရာ ‘အေလီယန်´ ပြုစုခဲ့သည့် ဒုတိယ ရာစုနှစ် ခေတ်ကာလက လက်ဆင့်ကမ်းခဲ့သော ငါးဖမ်းနည်းအကြောင်း စာအုပ်ကို ကျွန်တော် အမှတ်မထင်တွေ့ရှိ ဖတ်ရှုခဲ့ရသည်။ ‘‘ဘိုရိုကာနှင့် သက်သာလောနိတ်မြို့ကြားတွင် အက်စထြာကပ် အမည်ရှိ မြစ်တစ်စင်း စီးဆင်းပြီး မြစ်ထဲ၌ အစက်အပြောက်နှင့် ထရော့ငါး
များရှိသည်’’။ ငါးဖမ်းနည်းမှာ ‘‘၀ါဂွမ်းလုံး အနီရောင်ရဲရဲကို
ငါးမျှားချိတ်၌ ငှက်မွေး ၂ ပင်ဖြင့် တွဲချည်ကာ ရေထဲချလိုက် သည်။ ငါးများမှာ အနီရောင် ၀ါဂွမ်းလုံး၏ ဆွဲဆောင်မှုကြောင့် ပါးစပ်အပြည့်ဝါးရတော့မည်အတွေးနှင့် အနီးအနား တိုးလာ ကြသည်’’ (On the Nature of Animals)။
ငါးဖမ်းသမားများသည် ဤနည်းကို ယခုထိတိုင် အသုံးပြုကြဆဲဖြစ်သည်။ ၎င်းကို Red Hackle ဟု ခေါ်ကြ သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၂၀၀ ခန့်က ဤနည်းလမ်းကို…
မပို့ဖြစ်သောစာ
အီးမေးလ် စာတစ်စောင်ပို့လိုက်ပြီးကာမှ လူမှားပို့မိခြင်း၊ ပြင်းထန်သော မကောင်း မနှစ်မြို့ဖွယ် စကားလုံးများပါသွားခြင်းကို ချက်ခြင်းသတိပြုလိုက်ခြင်း စသည့်အဖြစ်မျိုး သင်ကြုံဖူးပါသလား။ ခလုတ်တချက်နှိပ်ပြီး စာဆက်မပို့အောင် လုပ်နိုင်လျှင်ကောင်းမည်။ ယခုတွင် ထိုသို့ပြုလုပ်နိုင်ပြီဖြစ်သည်။ ကုမ္ပဏီအတော်များများတွင် စာပို့လိုက်သော်လည်း ကွန်ပြူတာမှ အီးမေးလ်စာထွက်မသွားမီ ပြန်ဖျက်ပစ်လိုပါက ဖျက်ပစ်နိုင်အောင် အချိန်အနည်းငယ်စောင့်ပေးသည့် စနစ်ကို ကျင့်သုံးသည်။ ထိုအခါ အီးမေးလ်စာသည် မပြောခဲ့သည့် စကားတစ်ခွန်းပမာဖြစ်သွားသည်။ ''အဆင်ပြေ သွားတာပေါ့'' ဟု မှတ်ယူခြင်းထက် မိမိပြောသောစကားကို သတိထားစောင့်ထိန်းရန် အလွန့်အလွန်အရေးကြီးကြောင်း မပို့ဖြစ်သောစာက သတိပေးချက်ဖြစ်သင့်သည်။
ရှင်ပေတရုဩ၀ါဒစာ ပထမစောင်တွင် ‘‘သင်တို့သည် ... အချင်းချင်းရန်တုံ့မမူ၊ ပြန်၍ မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ အသက်ကို မွေ့လျော်စေ၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်း လည်း မုသားစကားကို မပြောစေနှင့်။ ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ။…
သင့်တင့်မျှတသော
ဖွံ့ဖြိုးပြီးနိုင်ငံများစွာ၌ တစ်စတစ်စနှင့်များပြားလာသော ဈေးဝယ်ထွက်ခြင်းကို ခုံမင်သူ များအား ‘‘ဘယ်လောက်ဆိုရင်လောက်မှာလဲ’’ ဟူသည့် ရိုးစင်းသော ဤမေးခွန်းလေးကို မေးပါ မည်။ အမေရိကန်ပြည်ထောင်စု၌ ကျေးဇူးတော်ချီးမွမ်းခြင်း ရက်သတ္တပတ် ပြီးဆုံးပြီး နောက်တစ်ရက် Black Friday တွင် စတိုးဆိုင်များစွာသည် ခပ်စောစောဆိုင်ဖွင့်ပြီး ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချကြသည်။ ၎င်းထုံးစံက အခြားနိုင်ငံများ၌ပါ ပျံ့နှံ့ကုန်သည်။ ဈေးဝယ်သူအချို့က သူ့အတိုင်းအတာနှင့်သူ ၀ယ်နိုင်သည့် သင့်တင့်သော
ဈေးနှုန်းဖြင့်သာ ပစ္စည်းများ ၀ယ်ယူကြသည်။ ၀မ်းနည်းစရာမှာ
အချို့သူများမှာ လောဘစိတ်၏တွန်းအားပေးမှုဖြင့် မရမက ဈေးဆစ်ကာဝယ်ယူကြသဖြင့် အကြမ်းဖက်သည့်အသွင် ဆောင်နေတော့သည်။
ဝယ်သူအကြိုက် လိုက်ပေးပြီး စိတ်ကို မွှန်ထူစေခြင်း အန္တရာယ်ကို ဈေးဝယ်ရာ၌ ဖြစ်စေ၊ စိတ်နှလုံး၌ ဖြစ်စေ ကျွန်ုပ်တို့ ရင်ဆိုင်ရမည်။ ထိုအန္တရာယ်အတွက် တန်ပြန် ကုစားရန် ဓမ္မဟောင်းကျမ်းမှ ပညာနှင့်ဆိုင်သောကျမ်းကို ရေးသားသူ ‘ဓမ္မဒေသနာဆရာ’ (ဒေ…