အမျိုးအစား  |  odb

စိတ်နှလုံးကို ကြံ့ခိုင်အားဖြည့်ခြင်း

လွန်ခဲ့သောလက ကျွန်တော် အားကစားလုပ်နေကျ ရပ်ကွက်ထဲမှ အားကစားရုံ (GYM) ပိတ်သွားသောကြောင့် (GYM) နောက်တစ်ခုသို့ ပြောင်းကစားခဲ့ရသည်။ အရင်အားကစားရုံတွင် ကစားနေကျသူများက နွေးထွေးပြီး ခင်မင်စရာကောင်းသည်။ လေ့ကျင့်ခန်းလုပ်ရင်း တစ်ရင်းတစ်နှီး ပြောဆိုဆက်ဆံလျက် ပေါ့ပေါ့ပါးပါး ကစားကြသည်။
GYM အသစ်တွင် ကစားသူများမှာမူ ပို၍ အလေးအနက် ရှိပြီး ပိုမိုကြံ့ခိုင်သည့် ခန္ဓာကိုယ်ရရှိအောင် အလွန်စိတ်အား ထက်သန်ကြသည်။ သူတို့ တစ်ပင်တစ်ပန်း ကြိုးစား လုပ်ဆောင်နေခြင်းကို ကြည့်ပြီး သူတို့၏ခန္ဓာကိုယ်သန်စွမ်း နေသော်လည်း သူတို့နှလုံးသားများက ကျေးဇူးတရားနှင့် ကြံ့ခိုင်အားကောင်းနေပါ့မလား ဟူ၍ တွေးတောမိသည်။
နှလုံးသည် အခြားသောကြွက်သားများ အလုပ်လုပ် လည်ပတ်နိုင်အောင် ပြုလုပ် ပေးသော ကြွက်သားတစ်ခုပင်ဖြစ်သည်။ အခြားသော ကြွက်သားများကို လေ့ကျင့် ပေးပြီး ကြံ့ခိုင်စေရန် လိုအပ်ပါသော်လည်း အရေးကြီးဆုံးအရာမှာ နှလုံးကို ကြံ့ခိုင်အောင် လုပ်ဆောင်ရန် ဖြစ်သည်။
ဝိညာဉ်ရေး…

အတူယှဉ်လျက်

ပဉ္စမတန်း ကျောင်းဆင်းပွဲ အခမ်းအနားတွင် နှုတ်ခွန်းဆက်လွှာ ဖတ်ကြားရန် Mi’Asya တစ်ယောက် စင်ပေါ်သို့ ရှိုးတိုးရှန့်တန့်နှင့် လျှောက်လာသည်ကို အတန်းဖော် အယောက် ၃၀ နှင့် မိဘများက ကြည့်နေကြသည်။ ကျောင်းအုပ်ကြီးက Mi’Asya အတွက် မိုက် ကို ချိန်ပေးနေချိန်တွင် သူမသည် မိုက် နှင့် ပရိတ်သတ်ကို ကျောခိုင်းပြီး ရပ်နေသည်။ လူအုပ်ကြီးသည် ‘‘သမီးလေး လုပ်နိုင်ပါတယ်၊ အားတင်းထား’’ စသည်ဖြင့် အားပေးစကားများကို တိုးတိုးစစနှင့် လှမ်းပြောနေကြသည်။ သို့သော် သူမသည် တုပ်တုပ်မျှ မလှုပ်ပေ။ ထို့နောက် အတန်းဖော်တစ်ဦးက ရှေ့ထွက်လာပြီး သူ့အနားတွင် ရပ်လိုက်သည်။ Mi’Asya   အနီးတွင်  ကျောင်းအုပ်ကြီးက တစ်ဘက်၊ သူငယ်ချင်းက တစ်ဘက် မတ်တပ်ရပ်ပြီး သုံးယောက်သား အတူတကွ နှုတ်ခွန်းဆက်လွှာကို ဖတ်ကြားသည်။ အထောက်အပံ့အကြောင်းကို ဖော်ပြသည့် အလွန် လှပသောစံနမူနာပင်ဖြစ်သည်။…

ဝိုင်းကူ ဆုတောင်းပါ

ကျွန်ုပ်နိုင်ငံမှအမျိုးသမီး ဆုတောင်းအဖွဲ့သည် ဂါနာနိုင်ငံနှင့် အခြားသော အာဖရိက တိုင်းပြည်များအတွက် ပုံမှန် လစဉ်ဆုတောင်းပွဲ ကျင်းပကြသည်။ ဘာ့ကြောင့် တိုင်းပြည် အတွက် အဆက်မပြတ် ဆုတောင်းကြသနည်းဟုမေးသောအခါ ခေါင်းဆောင်ဖြစ်သူ Gifty Dadzie က ‘‘ပတ်ဝန်းကျင်ကိုကြည့်၊ သတင်းတွေကြည့်၊ သတင်းတွေ နားထောင်၊ ကျွန်မတို့ နိုင်ငံတွေ နာကျင်ခံစားနေရတယ်။ စစ်မက်တွေ၊ ရောဂါဝေဒနာနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေက ဘုရားရှင် လူသားတွေအပေါ်မှာ ထားရှိတဲ့မေတ္တာနှင့် ကျွန်မတို့အပေါ် ထားရှိတဲ့ ကောင်းချီးတွေကို လွှမ်းမိုးထားတယ်။ တိုင်းပြည်ရဲ့ ပဋိပက္ခတွေကြားမှာ ဘုရားရှင်ဝင်ရောက် ဖြန်ဖြေပေးမှာကို ယုံကြည်တယ်။ ဒါကြောင့် သူ့ဆီက ရောက်လာမဲ့ ကောင်းချီး တွေအတွက် ချီးမွမ်းပြီး ကိုယ်တော်လှုပ်ရှားဖို့ ဆုတောင်း နေတာပါ’’ ဟူ၍ ဖြေကြားခဲ့သည်။
ဘုရားသခင်သည် နိုင်ငံရေးရာတွင် အမှန်တကယ်
ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ကျမ်းစာတွင် ဖော်ပြထားသည် (၂ ကော ၇း၁၄)။…

ဘုရားရှင်ကို စောင့်စားပါ

လေယာဉ်ပြောင်းစီးရန်အတွက် အခြားခရီးသည်များနှင့်အတူ ကြိုပို့ကားစီးလာစဉ် ယာဉ်မောင်းအား ‘‘ရောက်တဲ့နေရာမှာ ရပ်ပါ’’  ဟု ပြောသံကြားလိုက်ရသည်။ လေယာဉ်
လွတ်သွားနိုင်ခြေရှိပြီး ယင်းအဖြစ်ကို မည်သည့်ခရီးသည်မှ မခံစားနိုင်ပါ။ လူတစ်ဦးသည် ယာဉ်မောင်းကို ပေါက်ကွဲပြီး သူအမိန့်ကို မနာခံကြောင်း၊ ဥပဒေကိုလည်း ဂရုမစိုက်ကြောင်း ပြောလိုက်သည်။ ထိုခဏချင်းတွင် လေယာဉ်ဝန်ထမ်း တစ်ဦးသည် လက်ဆွဲအိတ်တစ်လုံးကို ယူပြီး အပြေးအလွှား ရောက်လာကာ စိတ်ဆိုးနေသည့်ပုဂ္ဂိုလ်ကို ကြည့်ပြီး  အိတ်ကို မြှောက်ပြလိုက်သည်။  ၀န်ထမ်းလေးမှာ အသက်လုရှုရင်း ‘‘ဆရာ့ အိတ်ကျန်ခဲ့လို့လေ။ ဆရာ့အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ဆရာပြောတာ ကျွန်တော် ကြားလိုက်တယ်။  ဒါကြောင့်  ဒီအိတ်ကို ဆရာလိုအပ်မယ် ထင်တယ်’’ ဟုပြောလိုက်သည်။
တစ်ခါတစ်ရံ ကျွန်တော်လည်း အထူးသဖြင့် သခင်ပြန် ကြွလာမည့် အချိန်နှင့် စပ်လျဉ်းပြီး သခင့်အပေါ် စိတ်မရှည်ဖြစ်မိသည်။ ‘‘ သခင်ဘာကို စောင့်နေတာလဲ’ ဟု…

စကားစမြည် ပြောကြမယ်

ကျွန်တော် ကလေးအရွယ်က အိုဟိုင်းအိုး မှ အမေဘက်မှ အဘိုးအဘွားများရှိရာ အနောက် ဗာဂျီးနီးယားသို့   တစ်လတစ်ခါ သွားလည်ခဲ့သည်။ သူတို့လယ်တောရှိ အိမ်ရှေ့ တံခါးဝသို့ ရောက်တိုင်း အဘွား လက်စတာ က ‘‘လာ၊ အိမ်ထဲဝင်။  ထိုင်ပြီး စကားဖောင်ဖွဲ့
ကြတာပေါ့’’ ဟူ၍ အမြဲနှုတ်ဆက်ပါသည်။ ၎င်းသည် ကျွန်တော်တို့ သက်သောင့်သက်သာ နေပြီး၊ နားနားနေနေနှင့် စကားစမြည်ပြောရန် ဘွားဘွား၏ လက်သုံးစကား ဖြစ်သည်။
ဘ၀သည် အမြဲတစေ အလုပ်ရှုပ်နေတတ်ပါသည်။
ပျားပန်းခတ် လှုပ်ရှားနေသည့် လောကကြီး၌   တစ်ယောက် အကြောင်း တစ်ယောက်သိအောင် မိတ်ဆက် စကားစမြည် ပြောရန် ခက်ချေပြီ။  အေးအေးလူလူ ထိုင်ပြီး စကားပြောရန် အချိန်ရှာမရပါ။ ယင်းအစား စာပို့ပြီး အကြောင်းကြားခြင်းက အလုပ်ပိုတွင်စေသလို ဆိုလိုရင်းကိုလည်း တည့်တည့်မတ်မတ် သိစေပါသည်။
သို့သော် အခွန်ခံတစ်ယောက်၏အသက်တာကို တစ်မူထူးခြားသွားအောင်…

ဥပက္ခာပြုခံရသောအခါ

အမျိုးသမီးတစ်ယောက်သည် ကြံရာမရသည့်အဆုံး ကျွန်တော်အလုပ်လုပ်သည့် အိမ်ရာကူညီပံ့ပိုးရေးဌာနသို့ ဖုန်းခေါ်ခဲ့သည်။ အပူတပြင်းပြဿနာကြုံရပြီး အိမ်ငှားခ မပေးနိုင်သဖြင့် အိမ်မှဖယ်ပေးခဲ့ရသည်။ ကြောက်လန့်ထိတ်ပြာလျက် သူ့ကလေး များကို မည်သို့ ကြည့်ရှုပြုစုရမည်နည်းဟု မေးသည်။ ကျွန်တော်လည်း စာအုပ်မှာ ရေးထားသည့်အတိုင်း ‘‘ဟိုတယ်မှာ ပြောင်းနေပြီး အိမ်ရှင်ကို ငွေရှင်းခိုင်းလိုက်ပါ’’ ဟု ဖြေကြားရာ သူမ ဒေါသတကြီးနှင့် ဖုန်းချသွားတော့သည်။
သူ့မေးခွန်းကို စာအုပ်ကြီးအတိုင်း ဖြေပေးနိုင်ခဲ့ သော်လည်း သူ့နှလုံးသားကို ကျွန်တော် လျစ်လျူရှုမိ ခဲ့သည်။ ကြောက်လန့်မှုနှင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ ခြင်းကို တစ်စုံတစ်ယောက်က နားလည်စာနာပေးရန် သူ လိုလားသည်။ သူတစ်ယောက်တည်း မဟုတ်ကြောင်း သူ သိရန် လိုအပ်သည်။ စင်စစ် ကျွန်တော် သူကို ဥပက္ခာပြု လိုက်ခြင်းသာဖြစ်သည်။
ယောဘကြီး ပစ္စည်းဥစ္စာများ ဆုံးရှုံးရပြီးနောက်တွင် သူ့မိတ်ဆွေများက သူ့ကို အဖြေများစွာ…

အမည်နာမဖြင့် ခေါ်ခြင်း

ကျွန်တော်သင်ရသည့် ကောလိပ်အတန်းတစ်ခု၌ ကျောင်းသားအသစ်များကို ပထဦးဆုံး မြင်သည်နှင့် သူတို့၏နာမည်များကို ကျွန်တော်သိပြီးဖြစ်နေပါသည်။ ကျွန်တော်က သူတို့၏နာမည်နှင့်ဓာတ်ပုံကို ရင်းနှီးအောင် အချိန်ယူခဲ့သောကြောင့် ၎င်းတို့ အတန်းထဲ ၀င်လာလျှင် ‘‘မင်္ဂလာပါ ဂျက်ဆီကာ’’၊ ‘‘ကြိုဆိုပါတယ် ထရီဘာ’’ စသည်ဖြင့် ပြောနိုင်သည်။ ကျွန်တော် ဤကဲ့သို့လုပ်ရခြင်းမှာ လူတစ်စုံ တစ်ယောက်၏နာမည်ကိုသိပြီး ခေါ်ခြင်းသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်အား စစ်မှန်စွာ
သိနိုင်ရန် ထိုသူ၏နာမည်မျှမက သူ့အကြောင်း ပိုသိရန်
လိုအပ်သည်။ ယော ၁၀ ၌ ‘‘ (ယေရှု)သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်’’ကြောင်း (း၃) ဖတ်ရှုရခြင်းဖြင့် ကျွန်ုပ်တို့အတွက် ကောင်းသော သိုးထိန်း ဖြစ်တော်မူသော သခင်ယေရှု၏နွေးထွေးမှုနှင့် ဂရုပြုတော်မူခြင်းကို ခံစားရသည်။ သခင်သည် ကျွန်ုပ်တို့၏နာမည်ထက်မက ကျွန်ုပ်တို့ကို ပိုပြီးသိသည်။ သူက ကျွန်ုပ်တို့ အတွေး၊…

ကျင်လည်ရမည့် အသက်တာလမ်း

ခေတ်သုံး ဘာသာပြန် ကျမ်းစာတစ်အုပ်မှ ‘‘our way of life’’ ဟူသည့်စကားစုကို ကိုးကားချက်ကို ကြားလိုက်ရ၍ ကျွန်တော် အံ့ဩသွားသည်။ ထို့ကြောင့် ထိုစကားစုကို
အင်တာနက် ဂူဂဲလ်မှ ရှာဖွေကြည့်ရာ မိမိမျှော်လင့်ထားသည့် လူနေမှုဘ၀ကို ခြိမ်းခြောက်
နေသည့်စိုးရိမ်ကြောင့်ကြစရာများကို အဓိကထားဖော်ပြသည်ကို တွေ့ရသည်။ လူတို့ ခံစားရသည့် ခြိမ်းခြောက်မှုများအနက် ထင်ရှားလှသော အရာများမှာ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၊ အကြမ်းဖက် မှုနှင့် အစိုးရ၏ နိုင်ငံရေးဆိုင်ရာမူဝါဒများဖြစ်သည်။
‘‘ခရစ်တော်၏ နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့
ကျင်လည်ရမည့် ဘ၀လမ်းကား အဘယ်နည်း’’ ကျွန်ုပ်တို့ကို နှစ်သိမ့်သက်သာစေသော၊ လုံခြုံစေသော၊ ပျော်ရွှင်စေသော၊
ထိုမျှမက (ထိုထက်ဆိုးသော/ကောင်းသော)လမ်းလား။
ဧဖက်မြို့ရှိ ခရစ်ယာန်များအား ၎င်းတို့၏ အသက်တာကို
ဘုရားသခင် အမှတ်ထင်ထင် ပြောင်းလဲပေးခဲ့ပုံနှင့် စပ်လျဉ်း၍
ရှင်ပေါလုက ပြန်ပြောင်း သတိပေးသည်။ ‘‘ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည်…

အတိတ်ကို နောက်တွင် ချန်ခဲ့ခြင်း

ခရစ္စ ဘေကာ သည် ဆေးမင်ကြောင် တက်တူး ထိုးပေးသောပညာရှင်ဖြစ်ပြီး နာကျင်မှုနှင့် ကျွန်ပြုခြင်း အမှတ်အသားများကို အနုပညာလက်ရာများအဖြစ် ပြောင်းလဲပေးသည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ဖောက်သည်များမှာ ၀ါရင့်လူဆိုးဂိုဏ်းသမားများနှင့် ဆိုင်ရာဆိုင်ရာ နာမည်၊ အမှတ်အသား၊ ကုတ်နံပါတ်များကို ကိုယ်ပေါ်၌ ထိုးထားခြင်းခံရသော လူကုန်ကူး သူများ၏သားကောင်များဖြစ်သည်။ ခရစ္စက သူတို့အပေါ်၌ ရှိသော ထိုအရာများကို ပုံရိပ်အသစ်များနှင့် ဆေးမင်ကြောင် ထိုးပေးခြင်းအားဖြင့် လှပသော အနုပညာလက်ရာအဖြစ် ပြောင်းလဲလိုက်သည်။
ခရစ္စ ဘေကာ က အရေပြားပေါ်မှာ လုပ်ဆောင် ပေးသလို၊ သခင်ယေရှုက စိတ်ဝိညာဉ်အတွက် လုပ်ပေးပါ သည်။ ကျွန်ုပ်တို့ကို အရှိအတိုင်း ယူဆောင်လျက် ပြောင်းလဲ ပေးသည်။ နှုတ်ကပတ်တော်မှ ‘‘လူမည်သည်ကား ခရစ်တော်၌
ရှိလျှင် အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည်  အသစ်ဖြစ်ကြပြီ’’(၂ ကော ၅း၁၇)ဟု ပြောထားသည်။ ခရစ်တော်ကို…

မျောပါမသွားခြင်း

စာသင်နှစ်ကာလတစ်ခုပြီးဆုံး၍ ကျောင်းပိတ်သော် ကျွန်ုပ်တို့ဇနီးမောင်နှံသည် (မိုင် ၆၀) ၁၀၀ ကီလိုမီတာခန့်မျှ ဝေးသော သမီး၏ကျောင်းမှ သမီးကို ကြိုပြီး ပြန်ခဲ့သည်။ လမ်း၌ မုန့်စားရန်အတွက် အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ ကွေ့ပတ်သွား ခဲ့သည်။ ထိုနေရာ၌  ပျော်ရွှင်ခံစားလျက် ကမ်းခြေ၌ လှေများကိုလည်း မြင်ခဲ့သည်။ များသော အားဖြင့် လှေများ အဝေးသို့ မျောပါမသွားအောင်   ကျောက်ဆူးချထားကြသည်။ သို့ရာတွင် ၎င်းတို့အနက် လှေတစ်စင်းသည်   အတားအဆီးမဲ့လျက် ပင်လယ်ဘက်သို့ ဦးတည်ကာ ဖြည်းဖြည်းနှင့်မှန်မှန် မျောပါသွားသည်ကို ကျွန်ုပ်သတိပြုမိသည်။
အိမ်သို့ ပြန်ကြစဉ်   ဟေဗြဲဩ၀ါဒစာမှ ယုံကြည်သူ
တို့အတွက် အချိန်မီသတိပေးချက်ကို ထင်ဟပ်ဆင်ခြင် မိသည်။ ‘‘ ... ငါတို့သည် ကြားရသော ဒေသနာတော်ကို မမေ့ မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်း
ရှိရကြမည်’’ (ဟေဗြဲ ၁၂း၁)။…