အမျိုးအစား  |  odb

ဝှက်ထားသော ဘဏ္ဍာ

ကျွန်မခင်ပွန်းနှင့် ကျွန်မ စာဖတ်ပုံ မတူပါ။ ခင်ပွန်းသည် တွမ်အတွက် အင်္ဂလိပ်စာသည် ဒုတိယဘာသာစကားဖြစ်သောကြောင့် သူက ဖြည်းဖြည်းနှင့် တစ်လုံးချင်းဖတ်လိုသည့် သဘောရှိသည်။ ကျွန်မကမူ အမြန်ကျော်ဖတ်တတ်သည်။ သို့သော် တွမ်က ကျွန်မထက် ပိုမှတ်မိသည်။ ရက်သတ္တတစ်ပတ်အကြာက သူဖတ်ခဲ့သောအကြောင်းအရာကို ပြန်လည် ကိုးကား ပြောဆိုနိုင်သည်။ ကျွန်မကတော့ စာအုပ်ပိတ်လိုက် သည်နှင့် ဖတ်ခဲ့သမျှ အငွေ့ပမာ ပျောက်ကွယ်ကုန်သည်။
ဆွေစဉ်မျိုးဆက် စာရင်းသာမက ကျမ်းစာကို အမြန်ဖတ်ရှုခြင်းသည်လည်း ပြဿနာတစ်ရပ်ဖြစ်သည်။ ကလေးဘ၀ကစ ကြားဖူးသိဖူးပြီးသား အကြောင်းအရာနှင့် ဆာလံကျမ်းဆိုလျှင် အမြန်ကျော်ဖတ်ရန် သွေးဆောင်ခြင်း ခံရသည်။
သုတ္တံကျမ်း အခန်းကြီး ၂ တွင် စေတနာစိတ်နှင့် ဉာဏ်ပညာကို ရှာဖွေခြင်းဖြင့် ဘုရားသခင်အား တိုး၍ သိကျွမ်းအောင် အားထုတ်ရန် တိုက်တွန်းအားပေးသည်။ သမ္မာကျမ်းစာကို သေချာစွာ ဖတ်ရှုခြင်း၊ ကျမ်းပိုဒ်များကို အလွတ်ကျက်မှတ်ခြင်းဖြင့် ကျွန်မတို့ သမ္မာတရားကို…

ဘ၀အတွက် လေ့ကျင့်ပြင်ဆင်

တစ်စုံတစ်ရာကို မဆုတ်မနစ် ဇွဲလုံ့လနှင့် ကျားကုပ်ကျားခဲ စိတ်နှစ်ကာ ရေကုန်ရေခန်း လုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးကို မကြာမီက ကျွန်မတွေ့ခဲ့သည်။ သူက တောင်တက်
သမားဖြစ်သည်။ သေခြင်းနှင့်လည်း ရင်ဆိုင်ဖူးသည်။ ဂရင်းနှစ်စံချိန်ပင် ချိုးဖူးသည်။ ယခုတစ်ဖန် သူက နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်သည်။ အထူး စောင့်ရှောက် ပြုစုရသည့် ကလေးကို သူမွေးစားခြင်းဖြစ်သည်။ တောင်တက်
စဉ်က ခံယူခဲ့သည့် ရဲရင့်စိတ်နှင့် ယုံကြည်ခြင်းစိတ်ဓာတ် အတိုင်း မိခင်ဘ၀ကိုဖြတ်သန်းရန် စိတ်ပိုင်းဖြတ်ထားသည်။
ကောရိနသုဩ၀ါဒစာပထမစောင်၌ ရှင်ပေါလုက ပြေးပွဲ
ဝင်သည့် အပြေးသမားအကြောင်းကို ဖော်ပြထားသည်။
(၁ ကော  ၈)၌ ကိုယ်စိတ်နှင့်ကိုယ် မိမိ၏လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်
အတိုင်းလုပ်နေသည့် အသင်းတော်အား အချင်းချင်း တစ်ဦးနှင့်တစ်ဦး စာနာညှာတာမှုရှိရန် ရှင်ပေါလု တိုက်တွန်း သည်။   မေတ္တာစိတ်နှင့် ကိုယ်ကျိုးစွန့်ရန်အရေးမှာ စိန်ခေါ်ချက် အခက်အခဲများရှိပေရာ ၎င်းကို…

အမွေချန်ရစ်ပါ

လမ်းပြုပြင်တည်ဆောက်ရေးဌာနမှ အလုပ်သမားခေါင်းဆောင်တစ်ဦး မတော်တဆမှု ဖြစ်ကာ ဆုံးပါးသွားရာ သူ့ကိုချစ်သည့်မိသားစု၊ လုပ်ဖော်ဆောင်ဖက်နှင့် ရပ်ကွက် အတွက် ပြောမပြနိုင်လောက်အောင် ခံစားခဲ့ရသည်။ သူ့အသင်းတော် သေးသေးလေး၌
လာရောက်မေတ္တာပြသည့် ၀မ်းနည်းသူများအတွက် နေရာမဆံ့သဖြင့် ပို၍ကြီးမားသော အဆောက်အဦ၌ ဈာပနအခမ်းအနားကို ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။ မိတ်ဆွေနှင့် မိသားစုများက ခန်းမအပြည့် ဖြစ်ခဲ့သည်။ ဆိုလိုရင်းက ရှင်းပါသည်။ တင်းမ်သည် သူမတူသောနည်းဖြင့် ဘ၀အသက်တာများကို ထိတွေ့ခဲ့ သည်။ သူ၏ ကြင်နာစာနာမှု၊ ရွှတ်နောက်တတ်မှု၊ လူ့ဘ၀ အသက်တာကို စိတ်ဝင်စားမှုများအားဖြင့် လူများစွာတို့ သူ့ကို အောက်မေ့မည် မလွဲပါ။
ထိုဈာပနမှအပြန်တွင် ယဟောရံမင်း၏အသက်တာ အကြောင်းကို ကျွန်တော်ဆင်ခြင်မိသည်။ သူစိုးစံခဲ့သော အချိန်တိုအတွင်း သူ၏ရက်စက်ယုတ်မာမှုကို (၆ ရာ ၂၁)တွင် ခြေရာခံ တွေ့နိုင်သည်။ သူ့အာဏာ တည်မြဲခိုင်မာရေးအတွက် ညီတော်အပေါင်းနှင့် ဣသရေလမှူးတော် မတ်တော် အချို့ကို…

အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းပါ

ပြဿနာတစ်ခုကို ရှင်းရန် အားထုတ်လိုက်ပြီးကာမှ ထပ်ပြီး အခက်တွေ့ရသည့် အဖြစ်မျိုး သင်ကြုံဖူးပါလား။ သခင်ဘုရား၏ဂရုပြုမှုအတွက် ကျေးဇူးတော်ချီးမွမ်းပြီး အိပ်စက်ခဲ့သော်လည်း နိုးလာသည်နှင့် တစ်စုံတစ်ရာအဆင်မပြေဖြစ်ပြီး ပြဿနာ ကျန်နေဆဲဖြစ်သည်။
ထိုသို့ ကြုံရသည့်အချိန်တစ်ခုတွင် ကျွန်တော် ရှင်လုကာ ခရစ်ဝင်ကျမ်းကို ဖတ်နေချိန်ဖြစ်ပြီး အခန်းကြီး (၁၈)
အစတွင် ‘‘လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်း ရမည့်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်’’
ဟုတွေ့ရ၍ အလွန်အံ့ဩခံစားသွားရသည်။ ဇွဲကောင်း လှသည့် မုဆိုးမအကြောင်းကို ကျွန်တော် အကြိမ်ပေါင်း များစွာ ဖတ်ရှုခဲ့ဖူးပါသော်လည်း ဘာကြောင့် သခင်ယေရှု မိန့်မြွက်သည်ကို နားမလည်ခဲ့ပါ (း၂-၈)။ ထိုကျမ်းပိုဒ် အစနှင့် ဇာတ်လမ်းအကြောင်းအရာကို ယခုဆက်စပ်မိပြီ။ တပည့်တော်တို့အတွက် သင်ခန်းစာကား ရှင်းပါသည်။ ‘‘အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရန်’’ ဖြစ်သည်။
ဆုတောင်းခြင်းဟူသည် မိမိဖြစ်ချင်သမျှကို လုပ်ပေးရန် ဘုရားထံတောင်း လျှောက်သောနည်းလမ်း…

သင့်အတွက် သခင်ကြွလာသည်

Franz Kafka (1883 – 1924) ရေးသားသည့် The Trial and The Castle ၀တ္ထုတွင် လူများကို ၎င်းတို့၏ဖြစ်တည်မှုမရှိ၊ တန်ဖိုးမရှိသည့် ဗလာမျက်နှာပင်လယ်အဖြစ်သို့ ပြောင်းပစ်ပြီး ဘ၀အသက်တာကို တန်ဖိုးကျသည့် လူသားများ၏ဖြစ်တည်မှုအဖြစ် ပုံဖော်သည်။
“ဘ၀ဆိုတဲ့ လည်ပတ်မှုစီးကြောင်းက သင့်ကို သယ်ဆောင်သွားပြီး ဘယ်နေရာရောက်မလဲ၊ ဘယ်သူမှ မသိဘူး။ လူဆိုတာ အသက်ရှင်တဲ့ သတ္တ၀ါထက် အရာဝတ္ထု တစ်ခုနဲ့ ပိုတူတယ်” ဟု Kafka က ဆိုသည်။

သခင်ယေရှု၏အမှုတော်အစ၌ ကိုယ်တော်သည် နာဇရက်မြို့ရှိ တရားဇရပ်သို့သွားပြီး ပရိသတ်အရှေ့၌ ရပ်ကာ ဟေရှာယအနာဂတ္တိကျမ်းကို ဖတ်သည်။ “ထာဝရ ဘုရား၏၀ိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော် မူပြီ။ ကြေမွသောသူတို့၏အနာကို ပျောက်စေခြင်းငှာ…

နာမတော်ကို မြွက်ဆိုခြင်း

တနင်္ဂနွေ ၀တ်ပြုအစည်းအဝေးတွင် တစ်ပင်တိုင် သီချင်းသီဆိုသောအခါ အသင်းသား
ပရိတ်သတ်များက သီဆိုသူအပေါ် လုံးဝအာရုံစိုက်သည်။ ကောင်းမွန်သည့် အသံသြဇာနှင့် Gordon Jensen ၏ သီချင်းကိုသီဆိုရာ သီချင်းစာသားများက စိတ်နှလုံးကို ထိတွေ့ လှသည်။ ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ နာမတော်ကို မြတ်နိုးတန်ဖိုးထားစိတ် တိုးလာစေသည့် သမ္မာတရားကို သီချင်းခေါင်းစဉ်က ဖော်ပြနေသည်။ “He’s as Close as the Mention of His Name - နာမတော်ကို မြွက်ဆိုသည်နှင့်အမျှ ကိုယ်တော် သာ၍ နီးစွာ ရှိနေ”
မိမိချစ်ခင်မြတ်နိုးသူများနှင့် ကွေကွင်းရသည့် အချိန် များကို ကျွန်ုပ်တို့အားလုံး ခံစားဖူးသည်။ သားသမီးတစ်ဦးက အိမ်ထောင်ကျပြီး အဝေးသို့ ပြောင်းရွှေ့သွားသည်။ အလုပ်
အကိုင်နှင့် နယ်ပြောင်းခြင်း (သို့) ကျန်းမာရေး အခြေအနေ ကြောင့် မိဘများနှင့်…

သူ့ဖခင်၏တိရိစ္ဆာန်ဥယျာဉ်

လှောင်အိမ်၊ အကာအရံတန်းများ မပါရှိသည့် တိရိစ္ဆာန်ရုံကို တည်ဆောက်ရန် ၇ ဧက အကျယ်အ၀န်းရှိမြေကို သူ့ဖခင် ၀ယ်ယူခဲ့စဉ်က ဇွန်ဝီလျံ မှာ အသက်(၄)နှစ်သာ ရှိသေးသည်။ တောရိုင်းတိရိစ္ဆာန်များသည် ၎င်းတို့အား ပိတ်လှောင်ထားသည့်ခြံထဲ၌ လွတ်လပ်မှုကို ခံစားပြီးနေနိုင်အောင် ဖခင်ဖြစ်သူက ကြိုးစားလျက် အမျိုးမျိုး တီထွင် ဖန်တီးပေးပုံကို သူကြီးပြင်းလာသည့် တစ်လျှောက်လုံး ဇွန်
မှတ်မိနေခဲ့သည်။ ယနေ့တွင် မြေဧကပေါင်း ၁၁၀ ပေါ်တွင် တိရိစ္ဆာန်ပေါင်း ၁၁၀၀၀ ကျော်တို့ မှီတင်းနေထိုင်ကျက်စားရာ “ချက်စတာ တိရိစ္ဆာန်ဥယျာဉ် အဖြစ် တည်ရှိနေသည့်တိရိစ္ဆာန် ဥယျာဉ်ကြီးသည် အင်္ဂလန်နိုင်ငံတွင် တောရိုင်း သဘာဝ
အလှ ဆွဲဆောင်မှု အရှိဆုံးနေရာဖြစ်နေပါပြီ။ တိရိစ္ဆာန်များ ကောင်းမွန်စွာ ရှင်သန်နိုင်ရေး၊ လေ့ကျင့်ပညာပေးရေး၊   ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သူ့ဖခင်က စေတနာထား
လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်ဖော်ပြနေသည်။
ရှောလမုန်မင်းကြီးသည်လည်း ထိုနည်းတူ သတ္တ၀ါ ကြီးငယ်မဆို…

ဖုန်းမဆက်ခင်...

ကလေးငယ်ရှိသည့် မိခင်အနေဖြင့် တစ်ခါတစ်ရံ ကျွန်မပြာယာခတ်နေတတ်သည်။ ဓာတ်မတည့်ခြင်းကြောင့် ကျွန်မသား တစ်ခုခုဖြစ်လျှင်၊ ကျွန်မသမီး ရုတ်တရက် ချောင်းဆိုးလျှင် ပထမဆုံး ကျွန်မ၏တုံ့ပြန်လုပ်ဆောင်ချက်မှာ ‘‘ဘာလုပ်ရမလဲ’’ဟု အမေ့ကို ဖုန်းဆက်မေးခြင်းဖြစ်သည်။
အမေက ကျွန်မသိလိုသမျှ ကြီးမားသော အရင်းအမြစ်ဖြစ်သည်။ သို့သော် ဆာလံကျမ်းကို ဖတ်ရှုသော အခါ အဘယ်လူသားမှ မပေးနိုင်သည့် မစကူညီမှုမျိုးကို ကျွန်မတို့ မကြာခဏ လိုအပ်ကြောင်း သတိပေးခံရသည်။ ဆာလံ ၁၈ တွင် ဒါဝိဒ်သည် အန္တရာယ်ဒုက္ခကြုံနေရပြီး ကြောက်ရွံ့လျက် သေလုမတတ်ဖြစ်လျက်၊ စိတ်သောက ရောက်လျက် ထာဝရဘုရားထံ အော်ဟစ်ခဲ့သည်။
ထာဝရဘုရားသည် သူ၏ကျောက်၊ သူ၏မြို့ရိုး၊ သူ့ကိုကယ်လွှတ်သော သခင် ဖြစ်ကြောင်း (း၁-၂) ဒါဝိဒ် သိနားလည်ခြင်းကြောင့် “ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏” ဟု ဆိုနိုင်ခဲ့သည်။ ထာဝရဘုရားသည် သူ၏ဒိုင်းလွှား၊ သူ၏ကယ်တင်ခြင်း၊ သူ၏ရဲတိုက် ဖြစ်တော်မူသည်။ ဒါဝိဒ်၏ချီးမွမ်းခြင်းကို…

အဲဒါဘာလဲ

ကျွန်မမိခင်သည် နှစ်ပေါင်းများစွာ ဆန်းဒေးစကူး သင်ကြားခဲ့သည်။ တစ်ပတ်တွင် ဣသရေလလူတို့ တော၌လှည့်လည်စဉ် ဘုရားသခင်က အစာပြင်ဆင်ပေးသနားပုံ အကြောင်းကို သင်ကြားရန်ပြင်ဆင်သည်။ ထိုဇာတ်ကြောင်း အသက်ဝင်လာအောင် သူ့အတန်းရှိ ကလေးများအတွက် မန္နမုန့် “Manna” ကို ပုံဆောင်မည့်မုန့်ကို တီထွင် ပြင်ဆင်ခဲ့သည်။ ပေါင်မုန့်ကို အတုံးသေးလေးဖြစ်အောင် လှီးပြီး ပျားရည်ဖြင့် မံလိုက်သည်။  ထိုမုန့်အားဖြင့် “ပျားရည်နှင့် ရောသော မုန်ကြွပ်နှင့်အရသာတူ၏” (ထွက် ၁၆း၃၁) ဟူသည့်
မန္နမုန့်အကြောင်းကို စိတ်ဝင်စားဖွယ် ဆွဲဆောင်ခဲ့သည်။
တပ်အပြင်ဘက် မြေမျက်နှာပြင်၌ ဘုရားသခင် ပေးသနားသော ကောင်းကင်မှမုန့်ကို နှင်းခဲသေးသေး လုံးလုံးအဖြစ်တွေ့ခဲ့ရပြီး “ထိုအရာကို ဣသရေလ အမျိုးသား
တို့သည် မြင်သောအခါ အဘယ်အရာနည်းဟု မသိ သောကြောင့် တစ်ယောက်ကိုတစ်ယောက် မေးကြ၏ (း၁၅)။ ဟေဗြဲဘာသာစကား၌ “man” ဟူသည် “ဘာလဲ”
ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။…

မေးစရာများဖြစ်လာသော်

၂၀၁၄ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ်အာကာသယာဉ်တစ်စီးသည် စမ်းသပ်ပျံသန်းနေစဉ် တစ်စစီပျက်ကျကာ မော့ဂျေ့ဗ် ကန္တာရထဲကျသွားသည်။ လေယာဉ်မှူးက အံ့သြစရာအသက်ရှင်ခဲ့ပြီး တွဲဖက်လေယာဉ်မှူးမှာ သေဆုံးသွားသည်။ မကြာမီ စုံစမ်းရှာဖွေသူများက လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မဟုတ်ဘဲ၊ လေယာဉ် ပျက်ကျသွားပုံကို ဖော်ထုတ်ခဲ့သည်။ သတင်းစာ၌   “မေးစရာများဖြစ်လာသည်” ဟု ခေါင်းစဉ်တပ်ခဲ့သည်။
ဘ၀အသက်တာတွင်လည်း အပြည့်အစုံရှင်းပြ၍ မရသည့် ၀မ်းနည်းကြေကွဲစရာ အတွေ့အကြုံများကို ကျွန်ုပ်တို့  ကြုံရတတ်သည်။ အချို့က ရုတ်တရက် ဖြစ်ပေါ်သည့် သဘာဝဘေးဒဏ်များဖြစ်ပြီး သက်ရောက်မှု ဆိုးကျိုးကြီးမားသည်။ အချို့က ကိုယ်ရေးကိုယ်တာ၊ ကိုယ်ပိုင်ကြေကွဲနာကျင်စရာများ ဖြစ်ပြီး မိမိ၏တစ်ဦးချင်းအသက်တာ (သို့) မိသားစုဘ၀ကို ပြောင်းလဲသွားစေသည်။ “ဘာကြောင့်လဲ” ဟု အဖြေသိချင်သော်လည်း အဖြေထက် မေးစရာသာ များလာ သည်။ “ဘာကြောင့်လဲ” ဟူသည့်မေးခွန်းနှင့် ကျွန်ုပ်တို့လုံးပမ်းရုန်းကန်နေရလည်း ဘုရား သခင်သည် သူ၏မပြယ်သောမေတ္တာကို ကျွန်ုပ်တို့အားကမ်းလှမ်းပေးနေမြဲ…