ကိုယ်တော် ကူမမူပါ
ကျွန်မသူငယ်ချင်းက ‘သူ ကလေးအမေ ဖြစ်တော့မည်’ ဟုပြောပြစဉ် သူ့အတွက် ကျွန်မ ၀မ်းသာခဲ့သည်။ ကလေးမွေးဖွားမည့် ရက်တိုင်အောင် အတူတကွ ရေတွက်ခဲ့ကြသည်။ သို့သော် မီးတွင်း၌ ကလေးက ဦးနှောက်ဒဏ်ရာ ရသွားသောအခါ ကျွန်မနှလုံး ကြေကွဲခဲ့ပြီး မည်သို့ ဆုတောင်းရမည်ကိုပင် မသိတော့ပါ။ ကျွန်မသိသည်က ဘုရားရှင်ထံ ဆုတောင်းသင့် ကြောင်းတည်း။ ကိုယ်တော်သည် ကျွန်မတို့၏အဘ၊ ကျွန်မတို့ ခေါ်သောအခါ နားညောင်းတော်မူသောပုဂ္ဂိုလ် ဖြစ်သည်။
ဘုရားရှင်သည် အံ့ဩဖွယ်နမိတ်လက္ခဏာများကို တတ်စွမ်းနိုင်ကြောင်း ကျွန်မသိသည်။ ယာဣရု၏သမီးလေးကို အသက်ပြန်ရှင်စေခဲ့ပြီး (လု ၈း၄၉-၅) ဘ၀တစ်လျှောက်လုံး သူခံစားနေရသော ရောဂါဝေဒနာကိုလည်း ပျောက်ကင်းစေ လျက် ကျန်းမာရသောအခွင့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်မ သူငယ်ချင်း၏ ကလေးအတွက်လည်း ကျန်းမာခြင်း ဆောင်ကြဉ်း
ပေးရန် တောင်းလျှောက်ခဲ့သည်။
‘‘တကယ်လို့များ ဘုရားရှင်က မကျန်းမာစေဘူးဆိုရင် ဘယ်လိုလုပ်မလဲ’’၊ တန်ခိုးမရှိတာတော့ မဟုတ်ဘူး။…
ရိုးရှင်းသောဇာတ်လမ်းမဟုတ်
ဓမ္မဟောင်းခေတ် ပညတ်တော်များအရ ဘ၀ ရှင်သန်စရာက ရိုးရှင်းသည်။ ဘုရားစကား နားထောင်လျှင် ကောင်းချီးရမည်။ မနာခံပါက အခက်အခဲများကိုသာ မျှော်လင့်ထားပါ။ ၎င်းသည် ကျေနပ်စရာ အတွေးအခေါ်တစ်ခုဖြစ်သည်။ သို့သော် ဤမျှ ရိုးစင်းပါမည်လား။
အာသမင်းအကြောင်းသည်လည်း ထိုပုံစံနှင့် တူညီပုံရသည်။ မှားယွင်းသော ဘုရားကို သူ့လူမျိုးများ မကိုးကွယ်အောင် ဦးဆောင်လမ်းပြ ခဲ့စဉ်က နိုင်ငံတော် ချမ်းသာပြည့်စုံခဲ့သည် (၆ ရာ ၁၅း၁-၁၉)။ ထို့နောက် နန်းစံနှစ်နောက်ပိုင်းများတွင် ဘုရားသခင်ထက် မိမိကိုယ်ကို အားကိုးခဲ့သောကြောင့် ဘ၀တစ်လျှောက်လုံး စစ်ဘေးနှင့်အနာရောဂါများ ခံစားခဲ့ရသည် (း၁၂)။
၎င်းကို ကြည့်ပြီး နိဂုံးကောက်ချက်ချရန် လွယ်ပါသည်။ သို့သော် ပရောဖက်ဟာနန်က အာသမင်းအား ‘‘ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ ဘက်၌ ခိုင်ခံစွာနေ’’ (း၉)မည်ဟု သတိပေးခဲ့သည်။ စိတ်နှလုံး ခိုင်ခံ့မှုရှိအောင် မစအားပေးရန် အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော်…
သိကျွမ်းခြင်းနှင့် လုပ်ဆောင်ခြင်း
‘‘အကြောင်းအရာ အချက်အလက်များကို သိခြင်းက လွယ်ကူသည်။ ထိုအချက်အလက်များကို အခြေခံပြီး မည်သို့ လုပ်ဆောင်ရမည်ကို သိခြင်းကမူ ခက်ခဲပါသည်’’ ဟု တရုတ်အတွေးအခေါ် ပညာ ရှင် ဟန်ဖီဇီက ဘ၀နှင့် ပတ်သက်သည့် ဒဿနကို လေ့လာတွေ့ ရှိခဲ့သည်။
တစ်ခါကလည်း သူ ကြွယ်တစ်ဦးသည် ထိုပြဿနာနှင့် သခင်ယေရှုထံ ရောက်လာသည်။ မောရှေ၏ပညတ်များကို သူသိပြီး ငယ်စဉ်ကတည်းပင် ပညတ်တော်များကို စောင့်ထိန်း
ခဲ့သည် (မာ ၁၀း၂၀)။ သို့သော် သခင်ယေရှုထံမှ ဘာများ ထပ်ကြားနာရမည်နည်းဟု သူတွေးခဲ့ပုံရသည်။ ‘‘ကောင်းမြတ် သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း’’(း၁၇) ဟု မေးလျှောက်သည်။
သခင်ယေရှု၏အဖြေကြောင့် သူကြွယ်လေးမှာ စိတ်ပျက်သွားသည်။ သူ့ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသား များအားပေးပြီးမှ သူ့နောက်လိုက်ရန် ယေရှုမိန့်ကြားသည် (း၂၁)။ ဤစကားမျိုးကို သူမကြားလို၊…
သန့်ရှင်းသောစိတ်နှလုံးမှ ချီးမွမ်းခြင်း
ကျွန်မ၏ သူငယ်ချင်း မာနာ သည် နိုင်ငံခြားသို့ ခရီးထွက်စဉ် ၀တ်ပြုကိုးကွယ်ရန် ဘုရားကျောင်းတစ်ခုသို့ သွားရောက်ခဲ့ရာ၊ ၀တ်ပြုကိုးကွယ်ရန် ရောက်လာသူတို့သည် ဘုရားကျောင်းအတွင်းသို့ ၀င်လာသည်နှင့် အရှေ့ဘက်သို့ မျက်နှာမမူဘဲ အခြား တစ်ဖက်သို့လှည့်ကာ ဒူးထောက်လျက် ဆုတောင်းကြသည်ကို သတိပြုမိသည်။ ၀တ်ပြု စည်းဝေးမစမီ ၎င်းတို့သည် ဘုရားသခင်ထံ အပြစ်ကို ၀န်ချ တောင်းပန်ခြင်း ဖြစ်သည်။
ထိုသို့ နှိမ့်ချသောအပြုအမူက ဆာလံ ၅၁ မှ
‘‘ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော် မမူတတ်ပါ’’(း၁၇)ဟု ဒါဝိဒ်မင်းကြီး ဆုတောင်းသည့် အချက်ကို သရုပ်ဖော်နေသည်။ ဒါဝိဒ်မင်းက ဗာသရှေဘနှင့် မှားယွင်းဖောက်ပြန်ခဲ့သည့် သူ့အပြစ်အတွက် နောင်တနှင့် ၀မ်းနည်းကြေကွဲရခြင်းကို ဖော်ပြခြင်းဖြစ်သည်။ အပြစ်
အတွက် အမှန်တကယ် ၀မ်းနည်းခြင်းသည် မိမိပြုသည့် အမှားနှင့်စပ်လျဉ်း၍ ဘုရား သခင်ရှုမြင်သကဲ့သို့ အမှားကိုအမှားမှန်း သေချာစွာသိခြင်း၊ ၎င်းကို မနှစ်မြို့ခြင်း၊…
တစ်ခါထက်ပိုပြီး မသေနိုင်ပါ
မွေးကတည်းကပင် ကျွန်သဘောက်ဖြစ်ခဲ့ရပြီး ဆိုးဝါးစွာ နှိပ်စက်ခံရသည့် ဟယ်ရီယက်တာ့မင်း (၁၈၂၂-၁၉၁၃)သည် သူ့မိခင်ပြောပြသည့် သမ္မာကျမ်းပုံပြင်တစ်ခုမှ မျှော်လင့်ခြင်းရောင်ခြည် တွေ့ရှိခဲ့သည်။ ဖာရောမင်းလက်၌ ကျွန်ခံရသည့်ဘ၀မှ ဣသရေလလူတို့ လွတ်မြောက်ခဲ့ပုံအကြောင်း အားဖြင့် ဘုရားသခင်သည် သူ့လူများကို လွတ်မြောက်စေလိုသော ဘုရားဖြစ်ကြောင်း ပြနေသည်။
သို့နှင့် ဟယ်ရီယက်သည် မေရီလဲန်ပြည်နယ်သို့ ထွက်ပြေးလျက် ကျွန်ဘ၀မှ လွတ်မြောက်ခဲ့သည်။ ကျွန်ဘ၀၌
ရောက်ရှိနေသူများစွာ ရှိကြောင်းသူသိသဖြင့် သူ့ဘ၀မျှနှင့် သူ မကျေနပ်နိုင်။ အခြားသူများကို ကယ်တင်ရန် ကယ်ဆယ်ရေး အဖွဲ့များကို ဦးဆောင်လှုပ်ရှားလျက်၊ သူ့အတွက် အန္တရာယ် ရှိသည်ကို မမှုဘဲ `တစ်ခါထက် ပိုပြီးမသေနိုင်ပါဘူး´ ဟု ဆိုခဲ့သည်။
`ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မကြောက် ကြနှင့်´(မ ၁၀း၂၈) ဟူသောကျမ်းချက်ကို ဟယ်ရီယက် ကောင်းကောင်း သဘောပေါက်သည်။ သခင်ယေရှုက တပည့်တော်များအား ပထမဆုံးအကြိမ် စေလွှတ် ရာ၌…
ကိုယ်ချင်းစာညှာတာသောဘုရား
၎င်းတို့ဒီဇိုင်းဆွဲပေးလိုက်သည့် အိမ်ရှင်များ၏ လိုအပ်ချက်ကို သဘောပေါက် နားလည်အောင် ဒေးဗစ်ဒေးလတ်သည် သူ့တပည့် ဗိသုကာပညာရှင်လေးများအား ‘‘ညအိပ်အစီအစဉ်’’ ၌ ပါဝင်စေသည်။ ထိုအစီအစဉ်မှာ ၎င်းတို့သည် ညအိပ်ဝတ်စုံကို ၀တ်ပြီး အငြိမ်းစား သက်ကြီးရိပ်သာတစ်ခုတွင် အသက် ၈၀-၉၀ အရွယ်ဘိုးဘွားများ နေထိုင် အသက်ရှင်သည့် ပုံစံအတိုင်း ၂၄ နာရီ နေထိုင်ရန်
ဖြစ်သည်။ ၎င်းတို့သည် နားကြားကရိယာ နားကြပ် တပ်ထား ရသည်။ တွေ့သမျှအလုပ်ကို လက်နှင့် မလုပ်မိအောင် လက်ကို ချည်ထားရသည်။ မျက်မှန်ကို လဲရသည်။ ‘‘အကြီးမားဆုံး အကျိုးကျေးဇူးကတော့ အသက် ၂၇ နှစ် အရွယ် လူများကို လွတ်လိုက်ပြီး သူတို့ပြန်လာတဲ့အခါ သူတို့ စိတ်နှလုံးက ဆယ်ဆ ကောင်းလာတယ်။ (သဘောထား ကြီးလာတယ်)။ လူတွေကို သူတို့ကိုယ်တိုင် မြင်ရပြီး သူတို့ရဲ့ ဒုက္ခအခက်အခဲကို စာနာနားလည်သွားကြတယ်’’…
လျှံကျစီးဆင်းနေသော ငြိမ်သက်ခြင်း
"ဒီအားသစ်လောင်းပွဲကို မင်းဦးဆောင်တာ ငါတော့မအံ့သြပေါင်၊ မင်းခေါင်းမှာ ရောင်ခြည်ပါဝါတွေရှိတယ်"ဟု ကျွန်မနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးက ပြောသည်။ ကျွန်မလန့်သွားသော်လည်း သူ့မှတ်ချက်ကိုဖြင့် သဘောကျမိသည်။ ရောင်ခြည်ပါဝါ အဖြစ် သူမြင်သောအရာသည် ခရစ်တော်၏ငြိမ်သက်ခြင်းကို ဆိုလိုကြောင်း ကျွန်မ သဘောပေါက်သည်။ သခင်ယေရှုနောက်တော်လိုက် သောအခါ လူတို့နားမလည်နိုင်သည့် ငြိမ်သက်ခြင်းကို သခင်ပေးသည် (ဖိ ၄း၇)။ ထိုငြိမ်သက်ခြင်းက ကျွန်မတို့ သတိမထားမိငြားလည်း အတွင်းမှ ဖြာထွက်နေသည်။
နောက်ဆုံးညစာစားပြီးနောက် အသေခံခြင်းနှင့် ထမြောက်ခြင်းအကြောင်းနှင့်စပ်လျဉ်း၍ တပည့်တော် များကို
ပြင်ဆင်ရာ၌ ထိုငြိမ်သက်ခြင်းကို ပေးမည်ဟု သခင် ယေရှုက
တပည့်တော်များကို ကတိပြုခဲ့သည်။ ဤလောက ၌ ဆင်းရဲဒုက္ခကို ခံရသော်လည်း ‘‘ခမည်းတော်သည် သမ္မာတရားကို ပြသော ၀ိညာဉ်တော်တည်းဟူသော တစ်ပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အား ပေးတော်မူမည်’’(ယော ၁၄း၁၆) ဟု သခင်မိန့်တော်မူသည်။ ၀ိညာဉ်တော်သည်…
သိုးကဲ့သို့
ဂါနာနိုင်ငံ မြောက်ပိုင်းတွင် အဘိုးနှင့်အတူ နေထိုင်ခဲ့စဉ်က ကျွန်တော်၏ နေ့စဉ်တာဝန်တစ်ခုမှာ သိုးကျောင်းရန်ဖြစ်သည်။ မနက်တိုင်း သိုးများကို စားကျက်သို့ ခေါ်ထုတ်သွားပြီး ညနေပိုင်းတွင် ပြန်သိမ်းရသည်။ သိုးကျောင်းရင်းမှ သိုးများသည် အလွန်ခေါင်းမာသည့် သတ္တ၀ါဖြစ်ကြောင်း သိလာရသည်။ ဥပမာ - လယ်ကွက်ကို မြင်လိုက်သည်နှင့် ၎င်းတို့၏ဗီဇအသိဖြင့် စိုက်ခင်းထဲ တန်းဝင်သွားတော့သည်။ ကျွန်တော့်မှာ လယ်သမားများနှင့် အကြိမ်အတော်များများ ပြဿနာတတ်ရတော့သည်။
တစ်ခါတစ်ရံ အပူဒဏ်သက်သာအောင် သစ်ပင်ရိပ်၌ နားနေစဉ် သိုးများမှာ ချုံပုတ်များကြားပြန့်လျက်၊ အချို့က တောင်ကုန်းဘက်သို့ သွားနေ၍ ခြုံတိုးဆူးငြိမြက်ရှခံကာ ထလိုက်ရပြန်သည်။ အန္တရာယ်ကင်းအောင်၊ ဘေးဒုက္ခ မရောက်အောင် ၎င်းတို့ကို ခက်ခက်ခဲခဲ ထိန်းကျောင်းရချိန် များလည်း ရှိသည်။ အထူးသဖြင့် သူခိုးများက ရုတ်တရက်၊ အမှတ်တမဲ့နှင့် စားကျက်ထဲဝင်ကာ လမ်းလွဲသည့် သိုးများကို ခိုးယူသေးသည်။
ထို့ကြောင့် ပရောဖက်ဟေရှာယက `ငါတို့ရှိသမျှသည်
သိုးကဲ့သို့…
သစ်ပင်များ ရှင်သန်လာသောအခါ
အေးစက် နှင်းထန်သော ဆောင်းရာသီတစ်လျှောက် မီချီဂန် ၌ နေထိုင်သူ ကျွန်ုပ်တို့အတွက် နွေဦးရာသီကို မျှော်လင့်ကြသည်။ မေလတွင် ထိုမျှော်လင့်ချက် ပြည့်လေပြီ။ အရာရာ ပြောင်းလဲသွားပုံက ပြောစမှတ်ပြုလောက်သည်။ မေလ ၁ ရက်တွင် ကျိုးတိုကျဲတဲ ရိုးတံများက လကုန်ချိန်၌ ရွက်နုဝေလျက် စိမ်းလန်းသွားသည်။ ပြောင်းလဲမှုက မသိသာ၊ နေ့ရက်တိုင်း မမြင်ရသော်လည်း လကုန်ချိန်တွင် ကျွန်မခြံဝင်းရှိ သစ်ပင်များမှာ အညိုရောင်မှ အစိမ်းရောင်သို့ ပြောင်းသွားတော့သည်။
ဖန်ဆင်းခြင်း၌ပင် အနားယူခြင်း၊ အသစ်တစ်ဖန် အားသစ်လောင်းခြင်း စက်ဝန်းရာသီကို ဘုရားသခင် ထည့်ပေး
ခဲ့သည်။ ကျွန်မတို့အမြင်၌ သေသည်ဟု ထင်ရသော အရာက ဘုရားအတွက် အနားယူခြင်းဖြစ်သည်။ အနားယူခြင်းသည် အသစ်တစ်ဖန် အားသစ်လောင်းရန်အတွက် ပြင်ဆင်ခြင်း ဖြစ်သကဲ့သို့ သေခြင်းသည် ထမြောက်ခြင်းကို ပြင်ဆင်
ပေးသည်။
သေခြင်းသည် ယာယီ အခြေအနေတစ်ရပ်ဖြစ်ပြီး ၎င်း၏ရည်ရွယ်ချက်မှာ…
ပူစရာမရှိ
သက်သောင့်သက်သာ စီးနင်းလာသည့် လေယာဉ်က တုန်ခါလာပြီး အစားအသောက်ကျွေးမွေးနေချိန်တွင် လေယာဉ်မှူးက ခရီးသည်များအားလုံး ထိုင်ခုံ ခါးပတ်များကို သေချာစွာ ပတ်ထားရန် သတိပေးသံထွက်ပေါ်လာသည်။ လေယာဉ်သည် လေထန်သည့် သမုဒ္ဒရာအထက်၌ လူးလိမ့်နေသည်။ ခရီးသည်အားလုံးက မိမိတို့ ဘာသာ အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေစဉ် ကလေးမလေး တစ်ဦးက အိနြေ္ဒမပျက် စာဖတ်မြဲဖတ်နေသည်။ လေယာဉ် မြေပြင်သို့ ဆင်းသက်ပြီး ကာမှ သူမအား ဘာ့ကြောင့် ဤသို့ ငြိမ်သက် အေးဆေးနိုင်သနည်းဟု မေးရာ `လေယာဉ်မှူးက သမီးဖေဖေလေ၊ ဖေဖေက သမီးကို အိမ်အရောက်ပို့ပေးမှာ´ ဟု ဖြေလိုက်တော့သည်။
သခင်ယေရှု၏ တပည့်တော်များသည် ၀ါရင့် တံငါသည်များဖြစ်သော်ငြားလည်း လှိုင်းလေထန်၍ မုန်တိုင်းကျသည့်နေ့က ၎င်းတို့၏လှေ
နစ်မြှုပ်မည်ကို စိုးရိမ်လျက် ကြောက်လန့်တုန်လှုပ်ကြသည်။ ယေရှုမိန့်ကြားသည့် အတိုင်း ၎င်းတို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘာကြောင့် ထိုသို့ဖြစ်ရသနည်း (မာ ၄…