အမျိုးအစား  |  odb

သတိပေးခေါင်းလောင်းသံ

Westminster ရှိ Big Ben နာရီစင်ကြီးသည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၏အထင်ကရ အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ ထိုနာရီစင်မှ အချက်ပေး တီးလုံးသံသည် Handel’s Messiah မှ ‘‘I Know That My Redeemer Liveth’’ သံစဉ်ဖြစ်ကြောင်း ပြောစမှတ်ပြု ခဲ့ကြသည်။ နောက်ပိုင်းတွင် စာသားများထည့်ပြီး နာရီပြခန်းထဲတွင် ခင်းကျင်းဖော်ပြ ထားသည်။
‘‘နာရီစက္ကန့်တိုင်းမှာ ကျွန်ုပ်တို့၏ ပဲ့ကိုင်ရှင်သည် ကိုယ်တော်ဖြစ်စေ၊ တန်ခိုးတော်အားဖြင့် ခြေမချော်ရာ’’
ထိုစာသားများသည် ဆာလံ ၃၇း၂၃-၂၄ မှ ‘‘ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့ မရောက်ရ၊ အကြောင်းမူကား ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏’’ ကျမ်းပိုဒ်အား သွယ်ဝှိုက်၍ ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဘုရားသခင်သည် သူ့သားသမီးတို့
‘‘သွားရာလမ်း’’ - အတွေ့အကြုံ၊ အသက်တာ၏…

အဖော်မဲ့ရာသီ

လက်ဆောင်ရရှိသည့် ခရစ်စမတ်ကဒ်အပုံကြားမှ ကိုယ်တိုင် ပြုလုပ်ဆေးချယ်ထားသော အဖိုးတန် ခရစ်စမတ်ကဒ်တစ်စောင်ကို ပြန်တွေ့ခဲ့သည်။ ရိုးရှင်းလှသော ရေဆေး စုတ်ချက်ဖြင့် ဆောင်းရာသီ တောင်ကုန်းတောင်တန်းရှုခင်းကို   စိမ်းလန်းသောသစ်ပင် များဖြင့် အသက်ဝင်စေသည်။ ဘောင်ကွပ်ထားပြီး လက်ရေးဖြင့် ‘‘သင်၌ ငြိမ်သက်ခြင်း ရှိပါစေ’’ ဟူ၍ ခွန်အားပေးထားသည်။
ထိုပို့စကဒ်လေးကို ပြုလုပ်သူမှာ အကျဉ်းကျ နေသည့်
ကျွန်တော့်သူငယ်ချင်းဖြစ်သည်။ သူ့လက်ရာကို အထင်ကြီး လေးစားမိနေရင်း သူ့ဆီ စာမရေးဖြစ်သည်မှာ ၂ နှစ်ခန့် ရှိပြီဖြစ်ကြောင်း သတိရလိုက်ရသည်။
ရှေးယခင်ကလည်း အကျဉ်းသားတစ်ယောက်သည် စီရင်ချက်ကို စောင့်နေရင်း လျစ်လျူရှုခံခဲ့ရသည်။ ‘‘လုကာ တစ်ယောက်ထဲသာ ငါထံမှာ ရှိနေ၏’’ ဟု ရှင်ပေါလုက တိမောသေထံ စာရေးခဲ့သည် (၂ တိ ၄း၁၁)။ ‘‘ငါ့ဘက်၌ အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏’’ (း၁၆)။ သို့သော်…

ဘုရားရှင် နားထောင်နေသလား

‘‘တစ်ခါတစ်လေ ဘုရားသခင် ကျွန်မကို နားမထောင်ဘူးလို့ ခံစားရတယ်’’  ၎င်းသည် အရက်သမားခင်ပွန်းကြောင့် ခက်ခဲသောဘ၀ကို ရုန်းကန်ရလျက်၊ ဘုရားသခင်နှင့်အတူ ခိုင်ခံ့စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစားနေသည့် အမျိုးသမီး၏စကားဖြစ်ပြီး၊ ယုံကြည်သူ များစွာတို့၏အော်ညည်းသံကို ထင်ဟပ်လှစ်ပြနေသည်။ သူ့ခင်ပွန်းပြောင်းလဲရန် ဘုရားထံ
နှစ်ပေါင်းများစွာ ဆုတောင်းခဲ့သော်လည်း ဘာမှ မထူးပါ။
ဘုရားထံမှ ကောင်းသောအရာ - ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေမည့်အရာကို ထပ်ခါတလဲလဲ တောင်းဆို
သောအခါ ဘုရားထံမှ အဖြေမရဘူးလား၊ သူနားထောင် နေတာလား၊ နားမထောင်တာလား - ဤသည်ကို ကျွန်ုပ်တို့ စဉ်းစားရမည်။
ကယ်တင်ရှင်၏ဘ၀ကို ကြည့်ကြပါစို့။ သခင်က ဂေသရှေမန် ဥယျာဉ်အတွင်း၌ စိတ်နှလုံးညှိုးငယ်စွာဖြင့် ‘‘ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေ’’
(မ ၂၆း၃၉) ဟု ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင် အခွင့်မပေးခဲ့ပါ။ အပြစ်မှကယ်တင်ရန် သခင်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်တွင်…

ကျေးဇူးတော်အပေါင်းကို ...

အသက်တာလမ်းခရီး၌ အဖန်တလဲလဲ ကြုံနေရသော အခက်အခဲ တစ်ခုမှာ  လတ်တလော လိုအပ်နေသော အရာများအပေါ် အာရုံစိုက်လွန်းသဖြင့်  မိမိ၌ရှိနှင့်နေသော အရာများကို ကျွန်ုပ်တို့ မေ့လျော့နေခြင်း ဖြစ်သည်။ ဆာလံ ၁၀၃ ကို အခြေခံပြီး ရေးစပ်ထားသော သီချင်းကို အသင်းတော်ကွာယာအဖွဲ့မှ သီဆိုသောအခါ အထက်ပါအကြောင်းအရာကို သတိပေးခံခဲ့ရသည်။ ‘‘အိုငါ့ဝိညာဉ် ထာဝရဘုရားကို ကောင်းချီးပေးလော့၊ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်’’
(း၂)၊ ထာဝရဘုရားသည် အပြစ်ဖြေလွှတ်သူ၊ အနာပျောက် စေသူ၊ ရွေးနုတ်သူ၊ ထောက်ပံ့ပေးသူ၊ ရောင့်ရဲစေသူ၊ အသစ်ဖြစ်စေသူ ဖြစ်သည် (း၎-၅)။ ၎င်းကို ကျွန်ုပ်တို့ ဘာကြောင့် မေ့လျော့နိုင်ကြသနည်း။ အပူတပြင်း လိုအပ်မှုများ၊ ကျဆုံးမှုပေါင်းများစွာနှင့် ထိန်းချုပ်မရသော အခြေအနေများ စသည့် နေ့စဉ်ကြုံရသည့် လောကဓံများက ကျွန်ုပ်တို့အာရုံကို ပြောင်းစေကာ မကြာခဏ မေ့လျော့သွား စေပါသည်။
ဆာလံဆရာက ကျွန်ုပ်တို့ကို အမှတ်ရနေစေရန်အတွက်…

သခင်အကြောင်းပြန်လိမ့်မည်။

ကျွန်ုပ်နှစ်သက်သော ကိုးရီးယား ရုပ်ရှင်မင်းသမီး၏အင်တာနက် Twitter စာမျက်နှာကို ကြည့်ပြီး အပျော်လွန်ကာ သူမထံစာရေးရန် ဆုံးဖြတ်လိုက်သည်။ အကောင်းဆုံး အလှပဆုံးဖြစ်အောင် စာစီ၍ ပို့လိုက်ပြီး ပြန်စာကို စောင့်စားနေခဲ့သည်။ ပြန်စာရမည်ဟု လည်းမထင်ပါ။ သူ့လို နာမည်ကြီးသူတစ်ဦးက နေ့စဉ် မရေမတွက်နိုင်သော အီးမေးလ်များ
ရရှိပေမည်။ သို့ငြားလည်း ပြန်စာကို မျှော်လင့်နေမိသည်။ သို့သော် ကျွန်မသာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။
ကျွန်ုပ်တို့အား ဘုရားသခင်က အဖြေပေးကြောင်း ကျွန်ုပ်သိ၍ ကျေးဇူးတော်ပါ။ ဘုရားသခင်သည် ‘‘အမြင့်ဆုံး သောဘုရား’’၊ ‘‘အနန္တတန်ခိုးရှင်’’ ဖြစ်ပေသည် (ဆာ ၉၁း၁)။
ချီးမြှောက်ခြင်း ခံထိုက်သူ၊ သူ့တန်ခိုးသည် အတိုင်းအဆမဲ့ ကြီးမားသော်ငြားလည်း ကျွန်ုပ်တို့ သူနှင့်ဆက်သွယ်နိုင်ပေသည်။ ဘုရားသခင်က ‘‘ငါ့ကို ခေါ်သောအခါ ငါထူးမည်’’ (း၁၅) ဟူ၍ ခေါ်ဖိတ်ထားပါသည်။
ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ထဲတွင် ဧက္ကရာဇ်ဘုရင်တစ်ပါးသည် ချည်ထိုးပန်းထိုး…

ယခုနှစ်ပင် ဖြစ်နိုင်သည်

ကျွန်တော့်အဖေသည် သင်းအုပ်ဆရာဖြစ်ပြီး နှစ်သစ် ပထမဆုံးတနင်္ဂနွေနေ့တွင် သခင်ခရစ်တော်  ပြန်ကြွလာမည့်အကြောင်းကို ၁ သက် ၄ ကို အခြေခံ၍ တရားဒေသနာဝေငှနေကြ ဖြစ်သည်။ ‘‘သခင်ယေရှု ပြန်လည်ကြွလာမည့် အချိန်ဟာ ဒီနှစ်ဖြစ်နိုင်တယ်။ သခင့်ကို တွေ့ဆုံဖို့  အဆင်သင့်ဖြစ်ပြီလား’’ ဟူသည့် သူ၏အဓိကအချက်မှာ နှစ်တိုင်း အတူတူပင် ဖြစ်သည်။ အသက် ၆ နှစ်အရွယ်က ကြားခဲ့ရသော ထိုတရားဟော ချက်ကို
မမေ့သလို ‘‘ ဤအရာသာ မှန်ကန်ခဲ့လျှင်၊ သခင်ပြန်လည် သိမ်းဆည်းမည့်သူထဲတွင် ကျွန်ုပ်ပါ၊ မပါ မသေချာဘူး’’ ဟု စဉ်းစားမိသည်။ အဖေ၊ အမေတို့က ကောင်းကင်နိုင်ငံ သွားရမှာ သေချာသည်။ ထို့ကြောင့် ကျွန်တော်လည်း သွားချင်ပါသည်။ သို့နှင့် အဖေ ဘုရားကျောင်းမှ ပြန်ရောက် လာသောအခါ ချီဆောင်ခြင်းမှာ ပါဝင်ကြောင်း သေချာရန် ဘာလုပ်ရမလဲဟု မေးခဲ့ပါသည်။…

အတောင်ပံများဖြင့်

အယ်လင် တန်းနင့် သည် ‘‘အတောင်ပံများဖြင့်’’ အမည်ရှိ စာအုပ်၌ လှည့်လည်သွားလာသော သိမ်းငှက်များ၏ရွှေ့ပြောင်းသွားလာမှုကို အားထုတ်လျက် ခြေရာခံခြင်းအကြောင်းကို မှတ်တမ်းတင်ထားသည်။ သူတို့၏အလှ၊ လျင်မြန်မှုနှင့်အစွမ်းကြောင့်  အံ့ဖွယ် ဤအမဲလိုက် ငှက်များသည်  တန်ဖိုးထားခံရပြီး၊ ဧကရာဇ်မင်းနှင့်ဂုဏ်အရေရှိသူများ၏ အနှစ်သက်ဆုံး အမဲလိုက်ဖော်များဖြစ်သည်။ ၀မ်းနည်းစရာမှာ ၁၉၅၀ ပြည့်နှစ်
များတွင် ဒီတီတီ ပိုးသတ်ဆေးကို ကျယ်ပြန့်စွာ အသုံးပြုခြင်း ကြောင့် ထိုငှက်များ၏မျိုးပွားပေါက်ဖွားမှုကို ထိခိုက်စေခဲ့ပြီး ပျောက်ကွယ်လုနီးပါး မျိုးစိတ်များစာရင်းတွင် ပါဝင်ခဲ့ရသည်။
ထိုသိမ်းငှက်မျိုးစိတ်များ ပြန်လည်တိုးပွားလာရေးကို စိတ်ဝင်စားခြင်းကြောင့် ထိုငှက်များ၏ရွှေ့ပြောင်းသွားလာမှုကို ခြေရာခံရန် သိမ်းငှက်အနည်းငယ်ကို ရွေးချယ်၍ နောက်ယောင်ခံ
ကရိယာများကို တပ်ဆင်ပေးခဲ့သည်။ သို့သော် ထိုငှက်များ နောက်မှ သူနှင့်သူ၏လေယာဉ်မှူးတို့ လိုက်ပါပျံသန်းသောအခါ နောက်ယောင်ခံ ကိရိယာ၏အချက်ပြမှုကို မကြာခဏ မျက်ခြည်ပြတ်ခဲ့သည်။ နည်းပညာများ မည်မျှပင် တိုးတက်စေကာမူ သူတို့ကူညီချင်သည့်ငှက်များကို အစဉ်အမြဲ ခြေရာခံရန် မဖြစ်နိုင်ခဲ့ပါ။…

ငြိမ်သက်ချမ်းသာခြင်းသို့ ၀င်စားရန် ဖိတ်ခေါ်ခြင်း

ဆေးရုံ အရေးပေါ်ဆောင်ရှိ မိတ်ဆွေ၏ခုတင်ဘေးမှ ကျွန်ုပ်ရှိနေစဉ်  နာကျင်ခံစား နေရသည့် လူနာများ၏အသံများကို ကျွန်ုပ်မခံစားနိုင်။ ကျွန်ုပ်၏မိတ်ဆွေနှင့် နေထိုင် မကောင်းဖြစ်နေသည့် လူနာများအတွက် ကျွန်ုပ်ဆုတောင်းပေးပြီး လောက ၌ ကျွန်ုပ်တို့၏ အသက်တာမှာ တိုတောင်းကြောင်း အသစ်တစ်ဖန် နားလည်သဘောပေါက်မိသည်။ အဆိုတော် ဂျင်းမ်ရီးစ် သီဆိုထားသည့် ကမ္ဘာလောကသည် ကျွန်ုပ်တို့အတွက် အိမ်မဟုတ်၊ ‘‘ကျွန်ုပ်တို့သည် ဤကမ္ဘာ လောကကို ဖြတ်သန်းသွာသူများသာ ဖြစ်ကြသည်’’ ဟူသည့် သီချင်းကို ပြန်လည်သတိရမိသည်။
ကျွန်ုပ်တို့၏ ကမ္ဘာမြေသည် ပင်ပန်းနွမ်းနယ်မှု၊ နာကျင်မှု၊ ဆာလောင်မှု၊ ဆင်းရဲခြင်း၊ အနာရောဂါနှင့် သေခြင်းများဖြင့် ပြည့်နှက်လျက်ရှိသည်။ ထိုကမ္ဘာလောကကို ကျွန်ုပ်တို့ ဖြတ်သန်းရမည် ဖြစ်ရာ ‘‘၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊  ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာ ပေးမည်’’ (မ ၁၁း၂၈) ဟူသည့် သခင်ယေရှု၏ဖိတ်ခေါ်ခြင်းက လှိုက်လှိုက်လှဲလှဲနှင့် အချိန်ကိုက်ဖြစ်သည်။ ထိုငြိမ်သက်ချမ်းသာမှုကို…

မသိကျိုးကျွံပြုခြင်း

လှပသော စာရီများဝတ်ဆင်ထားသည့် အမျိုးသမီးများက ရန်ပုံငွေ ရှာဖွေခြင်းပွဲအတွက် နောက်ဆုံးလက်စသတ်ကာ သွက်လက်စွာ လုပ်ကိုင်နေကြသဖြင့် အခန်းမှာ နှစ်သက်ဖွယ် အရောင်အမျိုးမျိုးနှင့် ခမ်းနားလှသည်။ ထိုအမျိုးသမီးများမှာ ယခင်က အိန္ဒိယနိုင်ငံမှ ဖြစ်ပြီး ယခုအမေရိကန်ပြည်ထောင်စုတွင် နေထိုင်ကြသည်။ သို့သော် သူတို့၏တိုင်းပြည်ကို
မမေ့ပါ။ အိန္ဒိယရှိ  အထီးကျန်စိတ်ဝေဒနာရှင် ကလေးများ အတွက် ဖွင့်လှစ်ထားသည့် ခရစ်ယာန်ကျောင်းတစ်ခုမှ ငွေကြေး အခက်အခဲရှိသည်ဟု ကြားရသဖြင့် အကူအညီ လိုသူများအတွက် ကြားရုံသိရုံ မဟုတ်ဘဲ နှလုံးသားဖြင့် ကိုယ်ချင်းစာလျက် တုံ့ပြန်လုပ်ဆောင်ကြသည်။
နေဟမိသည် ထိုခေတ်အချိန်က တန်ခိုးအာဏာ အရှိဆုံး ပုဂ္ဂိုလ်(ဘုရင်)၏ယုံကြည်စိတ်ချမှုကို ရရှိပြီး ဘုရင့်
ဖလားတော်ကိုင်ရသူဖြစ်သည်။ သို့သော်  အေးဆေးသက်သာ ကောင်းစားသောဘ၀က သူ့လူမျိုးချင်းအပေါ် မစာနာ လျစ်လျူရှုရန် အခွင့်မပေးခဲ့ပေ။ ယေရုရှလင်မြို့နှင့် မြို့၌ နေထိုင်သူများ၏အခြေအနေကို သိရှိရန် ယေရုရှလင်မှလာသောသူများထံမှ စနည်းနာ ခဲ့သည် (နေ…

ခိုလှုံရာနေရာ

ဗြိတိသျှတို့အုပ်စိုးခဲ့သော ကိုလံဘီယာ ပြည်နယ် ဗန်ကူးပါးမြို့၌ အိမ်ယာမဲ့များသည် ၎င်းတို့ ညအချိန်တွင် အိပ်စရာနေရာကို ရှာတွေ့နိုင်ပြီဖြစ်သည်။ ‘‘Rain City Housing’’ အမည် ရှိ ပရဟိတအဖွဲ့တစ်ခုက ထိုင်ခုံတန်းများကို အမိုးအကာနှင့် ယာယီနားခိုနိုင်သော နေရာအဖြစ် ပြောင်းလဲနိုင်အောင် တီထွင်ပေးခဲ့သည်။ ထိုခုံတန်းရှည်၏ နောက်မှီကို ဆွဲထုတ်၍ ထောင်လိုက်လျှင် လူတစ်ဦးအတွက် မိုးနှင့်လေမှ
ကာကွယ်ပေးမည့် အမိုးအကာဖြစ်သွားသည်။ ထိုအိပ်စရာ နေရာများကို  ညဘက်တွင် ရှာတွေ့နိုင်သည်။ အဘယ် ကြောင့်
ဆိုသော် အမှောင်ထဲ၌ အလင်းပြန်စတစ်ကာဖြင့် ‘‘အိပ်ခန်း’’ ဟု ရေးထားသည့်စာသားကို ရှာတွေ့နိုင်သောကြောင့်တည်း။
ရုပ်ပိုင်းဆိုင်ရာအတွက် ခိုလှုံရာ အကွယ်အကာ လိုအပ်သကဲ့သို့ ၀ိညာဉ်ပိုင်းဆိုင်ရာအတွက်လည်း လိုအပ် သည်။ ကျွန်ုပ်တို့ ဒုက္ခအခက်အခဲနှင့်တွေ့ရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ၀ိညာဉ်အတွက် ခိုလှုံရာဖြစ်သည်။ ဒါဝိဒ်မင်းက ‘‘စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။…