အမျိုးအစား  |  odb

သခင်ဘုရားလက်တော်၌ လုံခြုံခြင်း

ခွဲစိတ်အပြီး ခွဲစိတ်ပြီးလူနာခန်းတွင် ရှိနေသော သမီး၏ခုတင်ဘေးတွင် ကျွန်မ ထိုင်နေသည်။ သူ့မျက်စိများ ပွင့်လာသည့်အခါ မအီမသာဖြစ်နေသဖြင့် စငိုပါတော့သည်။ သူ့လက်မောင်းလေးကို ပွတ်သပ်အားပေးသော်လည်း သူပိုစိတ်အားငယ်သွားသည်။ သူနာပြု၏အကူအညီဖြင့် သူ့ကို ခုတင်ပေါ်မှတစ်ဆင့် ကျွန်မပေါင်ပေါ်သို့ ရွှေ့ပြောင်းပွေ့ဖက်ရင်း သူ့ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးပြီး တစ်ဖြည်းဖြည်း ပြန်နေကောင်း တော့မည့်အကြောင်း အားပေးလိုက်သည်။
ပရောဖက် ဟေရှာယအားဖြင့် ဘုရားသခင်က ဣသရေလလူမျိုးတော်အား ‘‘အမိသည် သားငယ်ကို နှစ်သိမ့်
စေသကဲ့သို့ သင်တို့ကို ငါနှစ်သိမ့်စေမည်’’ ဟု မိန့်တော်မူ ခဲ့သည်။ ဘုရားသခင်သည် သူ၏သားသမီးများအား ငြိမ်သက်ချမ်းသာပေး၍ မိခင်သည် မိမိသားငယ်ကို မိမိ နံဘေးတွင် သယ်ဆောင်သကဲ့သို့ သယ်ဆောင်ရန် ကတိပေးသည်။ ဤနှစ်လိုဖွယ် သတင်းစကားသည် ဘုရားသခင်အား ကြောက်ရွံ့ရိုသေသူများအတွက်၊ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သူတို့ အတွက် ဖြစ်သည်(း၅)။
ဘုရားသခင်သည် မိမိလူတို့အား နှစ်သိမ့်မှုပေးနိုင်ခြင်း၊ နှစ်သိမ့်ရန်…

မျှဝေခံစား ဆိုင်ပြိုင်ရုန်းကန်မှုများ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်သည် နှစ် ၁၀၀ မြောက် ‘‘အင်ဇက်နေ့’’(Anzac Day) ရာပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့သော ဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံမှ တပ်မတော်သားများ (ANZAC)ကို ၎င်းဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးက ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကျင်းပခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ စစ်ဘေးစစ်ဒဏ်ကို တစ်ဦးတည်း၊ တစ်နိုင်ငံတည်း မရင်ဆိုင်ရဘဲ၊ နှစ်နိုင်ငံ စစ်သည်များက အတူတကွ မျှဝေရုန်းကန်တိုက်ခိုက်ခဲ့သော အချိန်ကို အမှတ်ရစေသည့် အခါသမယဖြစ်သည်။
သခင်ခရစ်တော်၏ နောက်တော်လိုက်များအတွက် ရုန်းကန်လှုပ်ရှားရသည့် လောကဓံများကို အတူတကွ မျှဝေခံစားလျက် ဘ၀ရှင်သန်ရန်မှာ အခြေခံကျသည့် စေစားမှု
ဖြစ်သည်။ ရှင်ပေါလုသည် ကျွန်ုပ်တို့ကို စိန်ခေါ်သကဲ့သို့ ‘‘ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြရမည်’’…

ကျွန်ုပ်တို့သည် ...

သူမ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ကောရီ တင်း ဘူးမ် က သူနှင့် သူ့ညီမ ဘက်စီတို့ ၁၉၄၀ ခုနှစ် အစောပိုင်းက နာဇီအကျဉ်းစခန်းတွင် နေခဲ့ရသော ကြောက်ခမန်းလိလိ အချိန်များကို ရေးသားခဲ့သည်။ တစ်ကြိမ်တွင် စစ်ဆေးရေးမှ သူတို့ကို အတင်းအကြပ် အ၀တ်အစားများ ချွတ်ခိုင်းသည်။ ကော်ရီ က တန်းစီနေရင်း သိက္ခာချခံရသည်၊ စွန့်ပစ်ခံရ သည် ဟုခံစားခဲ့ရသည်။ ထိုအခိုက် သခင်ယေရှုသည်လည်း ကားတိုင်ပေါ်တွင် အ၀တ်အစား မပါဘဲ ချိတ်ဆွဲခံခဲ့ရကြောင်း သူပြန်သတိရမိသည်။ သို့နှင့် အံ့ဩကြည်ညိုစိတ်အပြည့်နှင့် ညီမဖြစ်သူအား ‘‘ဘက်စီရေ၊ ကိုယ်တော်ရဲ့အ၀တ်ကိုလည်း သူတို့ ယူပစ်လိုက်တာဘဲ’’ ဟု တီးတိုးပြောလိုက်သည်။ ဘက်စီ က သက်ပြင်းရှိုက်၍ ‘‘အိုး...ကော်ရီရယ်...ဒါတောင် ကျွန်မ သူ့ကို တစ်ခါလေးတောင် ကျေးဇူးမတင်ခဲ့မိဘူး’’ ဟု ပြန်ပြောခဲ့သည်။
ဒုက္ခအခက်အခဲများ၊ ရုန်းကန်လှုပ်ရှားမှုများ၊ ဗျာပါဒ…

စွမ်းပကားကြီးမား ဖင်လန်သား(Finns)

အစဦးပိုင်းတွင် အဝေးမှညည်းသံကဲ့သို့ ကြားရသော်လည်း တဖြည်းဖြည်းနှင့် မြေကြီး တုန်ဟီးလျက၊် အုန်းအုန်းကျက်ကျက် ဆူညံလျက်၊ မကြာခင်မှာပင် ထောင်ပေါင်း များစွာသော တင့်ကားများနှင့် ရန်သူခြေလျင်စစ်သည်များက အင်အားချင်းမမျှအောင် နည်းပါးလှသည့် ဖင်လန်နိုင်ငံရှိ စစ်သည်များဆီသို့ အုံနှင့်ကျင်းနှင့် သင်းဖွဲ့ချီတက်လာ သည်။ သတ်ဖြတ်တော့မည့် လှိုင်းလုံးပမာ လှိမ့်ဝင်လာသည့် အချင်းအရာကို သုံးသပ်မိသည့် သတ္တိခဲ ဖင်လန်သားတစ်ဦး က နှုတ်မှအသံထွက်၍ ‘‘ဒီလူတွေ အားလုံးကို မြေမြှုပ်ပြစ်ဖို့ ဘယ်မှာ နေရာ ရှာတွေ့ပါ့’ ဟူ၍ ဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ်တွင် ဖင်လန်ုနိုင်ငံသားများက ဤမျှ
ကြီးမားသည့် ရဲစွမ်းသတ္တိကို မဖော်ပြမီ - လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်က ယုဒလူတို့သည် လွှမ်းမိုးမှု ကြီးမားခဲ့သည့် အခြေအနေတစ်ခုကို ခြားနားစွာ တုံ့ပြန်ခဲ့သည်။
အာရှုရိတပ်က ယေရုရှလင်မြို့ကို ပိတ်ဆို့ထားသည်။ မြို့သားများမှာ အစာအာဟာရ ပြတ်လပ်လျက်၊ မျှော်လင့်ချက်…

ပြင်းထန်ဆိုးရွားသောအပုပ်နံ့

၂၀၁၃ ခုနှစ် ဩဂုတ်လတွင် များပြားလှသော လူအုပ်ကြီးသည် ပင်ဆာဗေးနီးယား ပြည်နယ်၊ ပစ္စ်ဘ့ားမြို့ရှိ ဖစ္စ် ကွန်ဆာဗေထရီ တွင် စုရုံးရောက်ရှိခဲ့ကြသည်။ ၎င်းတို့က အသေကောင်(corpse)ပန်းဟု အမည်ရသည့် အပူပိုင်းဒေသပန်းပင်တစ်မျိုး၏ ပွင့်အာလာပုံကို စောင့်ကြည့်ရန် စုရုံးကြခြင်းဖြစ်သည်။ ၎င်းပန်းသည် အင်ဒိုနီးရှား နိုင်ငံ
ဇာတိဖြစ်၍ နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ် ပွင့်တတ်သော
ကြောင့် ၎င်းပွင့်အာလာပုံမှာ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ပွင့်အာလာသည်နှင့် တပြိုင်နက် ၎င်း၏ ကြီးမား ချွန်ထက်လှပသည့် အနီရောင်အပွင့်သည် ပုပ်အဲ့နေသည့် အသားပုပ်နံ့ ထွက်လာသည်။ ၎င်း၏ပုပ်စပ်သောရနံ့ ကြောင့် ဤပန်းသည် အသားပုပ်များကို ရှာဖွေနေသည့် ယင်ကောင်များ၊ နောက်ချေးပိုးကောင်များကို ဆွဲဆောင်ပါ သည်။ သို့သော်၎င်းတွင် ပန်းဝတ်ရည်တော့ မရှိပါ။
ဤပန်းကဲ့သို့ပင် အပြစ်တရားသည်လည်း ကတိ စကား
များစွာ ပေးသော်လည်း အဆုံးတွင် မည်သည့်…

ငန်းများနှင့် ပေါင်းသင်းရခက်သည့်လူများ

လက်ရှိကျွန်ုပ်တို့နေထိုင်သည့်အိမ်သို့ စတင်ပြောင်းခဲ့စဉ်က အနီးအနားတွင် အသိုက်ဖွဲ့ နေသော ငန်းများ၏အလှကို ကျွန်ုပ်နှစ်သက်ခဲ့သည်။ ၎င်းတို့ တစ်ကောင်နှင့် တစ်ကောင် ဂရုတစိုက်ရှိပုံ၊ ရေထဲတွင် မျဉ်းဖြောင့်အတိုင်း အတန်းလိုက် ကူးခတ်ပုံ၊ လေထဲတွင် ဗွီပုံသဏ္ဌာန်အတိုင်း တင့်တယ်စွာ ပျံသန်းပုံများကို ကျွန်တော် မြတ်နိုးမိသည်။
သို့နှင့် နွေရာသီရောက်သော် ထိုအမွေးအတောင် ပိုင်ရှင် ကျွန်ုပ်မိတ်ဆွေများနှင့်ပတ်သက်သည့် ကျက်သရေ မရှိလှသည့် အမှန်တရားများကို ကျွန်ုပ်သိလာရသည်။ ငန်းများသည် မြက်များကို စားသောက်တတ်ပြီး ၎င်းတို့ စားသောက်ခြင်းကြောင့် မြက်ခင်းအလှ ပျက်စီးသွားလည်း ၎င်းတို့က ဂရုမစိုက်ပါ။ ပို၍ဆိုးသည်က ၎င်းတို့ စွန့်ခဲ့သည့် မစင်များက ခြံဝင်းကိုအလွန်ညစ်ပတ်ပေရေစေပါသည်။
ပေါင်းသင်းရ အလွန်ခက်သည့်လူများနှင့် ဆက်ဆံ
ရသည့် အခါ ဤငန်းများအကြောင်းကို ကျွန်ုပ် တွေးမိသည်။ တစ်ခါတစ်ရံ ဤသူများကို ကျွန်ုပ်၏ဘ၀ထဲမှမောင်းထုတ်လိုသောဆန္ဒများ ဖြစ်လာသည်။
ထိုအချိန်များတွင် ထိုသူများနှင့် နီးကပ်စွာ ဆက်ဆံရင်း…

အချိန်အကျန်အကြွင်းလေးများ

ကျွန်မမိတ်ဆွေတစ်ဦးသည် ကျွန်မတို့မြို့သို့လာသည်။ သူသည် အလွန်အလုပ်များပြီးသူ့အချိန်ဇယားက ပြည့်ကျပ်နေသည်။ သို့သော် အရေးကြီးစည်းဝေးများတက်ပြီးနောက် ကျွန်မမိသားစုနှင့် ညစာစားရန် နာရီဝက်ခန့် အချိန်ပေးသည်။ ကျွန်မတို့ထံ လာလည်ခြင်း ကြောင့် ကျွန်မပျော်ရွှင်သော်လည်း ပန်းကန်ပြားကို ကြည့်ရင်း ‘‘သူ့ရဲ့အချိန် အစအန အကျန်အကြွင်းကိုပဲ ငါတို့ ရတာ’’ ဟု ကျွန်မ တွေးမိပါသည်။ ထို့နောက်တွင် ဘုရားရှင်က ကျွန်မ၏ အချိန် အကြွင်းအကျန်လေးများကို ရရှိသည်မှာ ဘယ်နှစ်ကြိမ်ပင် ရှိနေပြီလဲဟု သတိရတွေးမိသည်။ တစ်ခါတစ်ရံ ကျွန်မ အိပ်မပျော်မီ အချိန် မိနစ်အနည်းငယ်ကိုသာ ရသည်။ ဒံယေလသည် အလုပ်များသူဖြစ်သည်။ ရှေးဗာဗုလုန် နိုင်ငံတော်ကြီးတွင် အဆင့်မြင့် အထက်တန်း အုပ်ချုပ်ရေး ရာထူးကို ရရှိထားသူဖြစ်သောကြောင့် သူ့အချိန်ဇယားက ပြည့်ကျပ်နေမည်မှာ မလွဲပါ။ သို့သော် သူသည် တစ်နေ့ ၃ ကြိမ် ဆုတောင်းလျှက် ဘုရားရှင်ကို အချိန်ပေးသည်။…

နူးညံ့သိမ်မွေ့သောအလင်း

ဝမ်ရှောင်ရင်သည် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကျေးလက်ဒေသတွင် နေထိုင်သည်။ ကျန်းမာရေးကြောင့် လယ်ယာလုပ်ငန်းကို သူ့ခင်ပွန်း မလုပ်ကိုင်နိုင်သောအခါ မိသားစု စားဝတ်နေရေး ခက်ခဲတော့သည်။ သူ့ယောက္ခမက ဤသို့ ဒုက္ခအခက်အခဲ တွေ့ရခြင်းမှာ ရှောင်ရင် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့်ဟု တွေးသည်။ ထို့ကြောင့် ရှောင်ရင် အား
ဆိုးရွားစွာ ပြောဆိုဆက်ဆံကြပြီး ရှေးဘိုးဘေးတို့၏ ရိုးရာ ကိုးကွယ်မှုကို ပြန်ကိုးကွယ်ရန် သူ့ကို တိုက်တွန်းသည်။
သို့ရာတွင် ရှောင်ရင်၏ခင်ပွန်းသည် ပြောင်းလဲလာ သော သူမအသက်တာကိုကြည့်ပြီး ‘‘အမေ၊ ရှောင်ရင် တစ်ယောက်တည်း ဘုရားသခင်ကို ယုံကြည်ရုံနဲ့ မလုံလောက်ဘူး။ ကျွန်တော်တို့လည်းပဲ ဘုရားသခင်ကို ယုံကြည်သင့်ပြီ’’ ဟုပြောသည်။ ဇနီးသည်၏ သိသာသော အသက်တာ ပြောင်းလဲမှုကြောင့် သူသည်လည်း ယခု ယေရှု၏ ဧ၀ံဂေလိ သတင်းကောင်းကို စဉ်းစားလာပြီဖြစ်သည်။
ကျွန်ုပ်တို့၏ပြောစကားကို နားမထောင်မီ ကျွန်ုပ်တို့…

ချယ်ရတီကျွန်း

မီချီဂန် ဟူရွန်(Huron)အိုင်ရေပြင်၊ စာဂီနော(Saginaw) ပင်လယ်အော်ရှိ ကျွန်းများတွင် ချယ်ရတီကျွန်း (Charity Island)သည် အကြီးဆုံးကျွန်းဖြစ်သည်။ ဤကျွန်းတွင် မီးပြတိုက်နှင့်လုံခြုံသော ဆိပ်ကမ်းရှိခြင်းကြောင့် ၎င်းရေပြင်ကို ဖြတ်သန်းသွားလာသော သင်္ဘောများအတွက် နှစ်ပေါင်းများစွာ အထောက်အကူပြုခဲ့သည်။ ကျွန်း၏နာမည် ဖြစ်ပေါ်လာပုံမှာ သင်္ဘောသားများက ၎င်းကျွန်း ထိုနေရာ၌ ရှိနေခြင်းသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်အားဖြင့် ပေးသနားတော်မူခြင်း ဖြစ်သည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဘ၀အသက်တာ၌ ဒုက္ခ
ပင်လယ်ကို ဖြတ်သန်းရွက်လွင့်ရသောအချိန်များရှိသည်။
ထိုသင်္ဘောသားတို့ကဲ့သို့ပင် ကျွန်ုပ်တို့လည်း လမ်းပြမှုနှင့် လုံခြုံသောနေရာကို လိုအပ်သည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ချယ်ရတီ ကျွန်းလေးကို တောင့်တမိမည်ပင်။ ဘုရား သခင်သည် ဒုက္ခရေပြင်များကို ငြိမ်သက်စေနိုင်ပြီး ကျွန်ုပ်
တို့အား လုံခြုံသည့် ဆိပ်ကမ်းသို့ လမ်းပြပို့ဆောင်ပေးနိုင် တော်မူကြောင်းကို ဆာလံဆရာက ကောင်းစွာ နားလည်ခဲ့သည်။ သူက ‘‘လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုးများလည်း…

မိတ်ဆွေများအား သခင်ယေရှုထံ ခေါ်ဆောင်လာခြင်း

ကျွန်ုပ်ငယ်စဉ် ကလေးဘ၀က ပိုလီယိုရောဂါသည် ကြောက်စရာအကောင်းဆုံးရောဂါ တစ်ခုဖြစ်သည်။ ၎င်းသည် ကလေးငယ်များ၌ အဖြစ်များသောကြောင့် ‘‘ကလေး သွက်ချာပါဒ’’ ဟုလည်း ခေါ်လေ့ရှိသည်။ ၁၉၅၀ ပြည့်နှစ် အလယ်ပိုင်းကာလတွင် အမေရိကန်ပြည်ထောင်စုတစ်ခုထဲ၌ပင် နှစ်စဉ်နှစ်တိုင်း လူနှစ်သောင်း နီးပါးမျှ ပိုလီယို ကြောင့် ခြေလက်သေခဲ့ရပြီး ၎င်းအထဲမှ ၁၀၀၀ ခန့်မှာ သေဆုံးသည်အထိ ဖြစ်ခဲ့သည်။
ရှေးယခင်က ဤ‘‘သွက်ချာပါဒ’’ရောဂါအား ကု၍ မရနိုင်သောရောဂါ၊ မျှော်လင့်ချက်မရှိသော အခြေအနေ အဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် ယေရှုကို ယုံကြည်သူ လူတစ်စုသည် ခြေလက်သေနေသော သူတို့မိတ်ဆွေကို ကူညီခဲ့သည်။ ယေရှုသည် ကပေရနောင်ကျေးလက်၌ ဟောပြောတော်မူစဉ် လူလေးယောက်တို့သည် သူတို့၏ မိတ်ဆွေကို သခင့်ထံတော်သို့ သယ်ဆောင်လာခဲ့သည်။ လူအုပ်ကြီးကြောင့် ယေရှုထံတော်သို့ မရောက်နိုင်သောအခါ ‘‘ကိုယ်တော်ရှိရာအပေါ်မှာ အမိုးကို ဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျှောချကြ၏’’ (မာ…