သောကကင်းဝေးနေနိုင်ရေး
လတ်တလော အဖြစ်အပျက် အကြောင်းအရာများကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၏ ဆိုးကျိုးမှာ သတင်းကောင်းထက် သတင်းဆိုးက ပို၍အရောင်းသွက်ခြင်းတည်း။ လူတစ်ဦးချင်းဖြစ်စေ၊ လူအုပ်စုဖြစ်စေ၊ အုပ်ချုပ်မှု အာဏာပိုင်များ ဖြစ်စေ ၎င်းတို့ပြုသော မတရားမှု၊ ဒုစရိုက်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ မထိန်းချုပ်နိုင်၊ ဘာမှမလုပ်နိုင်သောကြောင့် ကျွန်ုပ်တို့ အလွန်အကျွံ သောက ရောက်ရသည်။
ဆာလံ ၃၇ မှ နေ့စဉ် ကြားရမြင်ရသည့် သတင်း များကို မှန်ကန်စွာ ပိုင်းခြားရှုမြင်နိုင်အောင် မစသည်။ ‘‘လူဆိုးတို့အကြောင်းကြောင့် စိတ်မပူနှင့်” (း၁) ဟူ၍ ဒါဝိဒ်မင်းက အစချီလျက် အလွန်အကျွံ သောကရောက်သည့် အဖြစ်နှင့် ဆန့်ကျင်ဘက်အမြင်များကို ချပြသည်။ စင်စစ် ဒါဝိဒ်မင်းသည် ကျွန်ုပ်တို့လောကကမ္ဘာရှိ အနုတ်လက္ခဏာ ဆောင်သည့် သတင်းများနှင့် စပ်လျဉ်း၍ ပိုကောင်းသောနည်းလမ်းဖြင့် ရှုမြင်နိုင်အောင် အဆိုပြုလမ်းညွှန်ထားသည်။
မိမိ မထိန်းချုပ်နိုင်သည့် အမှုကိစ္စများအပေါ် သောကရောက်နေခြင်းထက် ထာဝရဘုရားကို ကိုးစားလျှင်…
ဝမ်းမမြောက်ရသောအချိန်
ဂါနာနိုင်ငံ `အခန်´ လူမျိုးစု၏ ဆိုရိုးစကားပုံတစ်ခုမှာ `ပုတ်သင်ညိုသည် ၎င်းကို ကျောက်ခဲနှင့် ပစ်သူများထက်၊ ကျောက်ခဲနှင့်အပစ်ခံရသည့်၎င်းအဖြစ်ကို သဘောကျ ၀မ်းသာရယ်မောနေသူများအပေါ် ပို၍ အမျက်ထွက်သည်ဟုဆိုသည်။ လူတစ်စုံတစ်ဦး၏ ကျရှုံးမှုအတွက် ၀မ်းမြောက်ခြင်းသည် ထိုကျရှုံးမှုကို ဖန်တီးဖြစ်စေသည့်အမှု၌ ပါဝင်သူ ဖြစ်ပြီး၊ ထိုသူအပေါ် ပို၍ ဆိုးညစ်သော အမှုကျ ရောက်အောင် ဆန္ဒပြုသူဖြစ်သည်။
၎င်းသည် အမ္မုန်အမျိုးသားတို့၏စိတ်ထားဖြစ်သည်။ ယေရုရှလင်မြို့ရှိ သန့်ရှင်းရာဌာန ဗိမာန်တော်ကြီး ရှုံ့ချခံရပြီး၊ ဣသရေပြည် လူဆိတ်ညံခြင်း၊ ယုဒအမျိုး သိမ်းသွားခံရခြင်းများ ကြုံရသောအခါ အမ္မုန်အမျိုးသားတို့သည် အားရလျက် လက်ခုပ်တီး ခြေဆောင့်ကာ ၀မ်းမြောက်ခဲ့ကြသည် (ယေဇ ၂၅း၃၊၆)။ ဣသရေလလူတို့၏အဖြစ်ဆိုးကို မလိုမုန်းထားအာဃာတစိတ်ဖြင့် တမင်တကာ ၀မ်းမြောက်ခြင်းကြောင့် ဘုရားသခင်မနှစ်သက်၊ ထို့ကြောင့် ဆိုးရွားသောရလဒ်ကို ခံစားရစေတော့သည်(း၎-၇)။
မိမိနှင့်စပ်ဆိုင်သူအပေါ် မကောင်းမသင့်သော အမှုကျရောက်စဉ်၊ မိမိနှင့် စပ်ဆိုင်သူ
လူတစ်ဦးဦး ဒုက္ခအကြပ်အတည်းကြုံရစဉ် ကျွန်ုပ်တို့…
ဖန်ကမ်းခြေ
၂၀ ရာစု အစောပိုင်းကာလက ကယ်လီဖိုးနီးယားပြည်နည် ဖို့ဘရက် ဒေသခံများသည် ၎င်းတို့၏အမှိုက်သရိုက်များကို တောင်စွန်းတစ်ခုမှနေ၍ ပင်လယ်ကမ်းခြေသို့စွန့်ပစ်ကြသည်။ သို့နှင့် သံဗူး၊ ပုလင်း၊ စားပွဲ၊ ကုလားထိုင်၊ ပရိဘောဂအကျိုးအပဲ့စသည်ဖြင့် ရှိသမျှ အမှိုက်များ စုပုံကာ မနှစ်မြို့ဖွယ် အမှိုက်ပုံကြီးဖြစ်လာသည်။ ထို့ကြောင့် ဒေသခံများက အမှိုက်များ မစွန့်ပစ်ကြတော့ပါ။ သည့်တိုင် ၎င်းသည် ပြန်လည်ဆယ်ယူ ဖော်ထုတ်၍မရတော့သည့် အမှိုက်ပုံကြီးအဖြစ် အရှက်ရစရာ အဖြစ် ကျန်ရစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် လှိုင်းတိုက်စားကာ အမှိုက်သရိုက်များကို ပင်လယ်ကြမ်းပြင်သို့ ဆွဲချသွားသည်။ ထို့နောက် ကမ်းခတ်လှိုင်းများက ဖန်ပုလင်းကွဲစများကို တိုက်စားပြီး လုံးချောသည့် `ပင်လယ်ဖန်စများ´အဖြစ် ကမ်းခြေသို့ ပြန်လည်ပို့ဆောင်သည်။ ယခုတွင် `ဖန်ကမ်းခြေ- Glass Beach´ အဖြစ်ထင်ရှားကာ အဆက်မပြတ် ပြောင်းလဲ နေသော လှပသည့် ကမ်းခြေ ရှုခင်းမြင်ကွင်းက ခရီးသွားများကို ဆွဲဆောင်နေတော့သည်။
သင့်အသက်တာကိုလည်း မျှော်လင့်စရာမရှိသည့်…
အမည်နာမတော်၏အဓိပ္ပာယ်
New Year Times သတင်းစာမှ ဆောင်းပါးတစ်ပုဒ်တွင် အာဖရိကနိုင်ငံများတွင် ထင်ရှားကျော်ကြားသူ၊ ထင်ရှားသော အဖြစ်အပျက်၊ အခြေအနေများအပေါ်လိုက်၍ မိဘများက အဓိပ္ပာယ်ကောက်ပြီး ကလေးများကို နာမည်မှည့်ခေါ်ကြကြောင်း ဖော်ပြ သည်။ ကလေးတစ်ဦးက မွေးရာပါ ကုမရသည့်ရောဂါဖြင့် မွေးလာပြီး ဘုရားကသာ ကုသပျောက်ကင်းစေနိုင်ကြောင်း ဆရာဝန်များကပြောလျှင်Godknows - ဘုရားသိသည် ဟူ၍ အမည်မှည့်သည်။ လူတစ်ဦးကလည်း သူ့နံမည်မှာ Enough - တော်ပြီ ဟု ခေါ်ဆိုခြင်းမှာ သူ့မိခင်မှာ ကလေး ၁၃ ယောက် မွေးခဲ့ပြီး၊ သူက အထွေးဆုံး ဖြစ်သည်ဟု ပြောပြသည်။ အမည်နာမတိုင်း၌ အကြောင်းရင်း ဇာတ်လမ်းများရှိပြီး၊ အချို့နာမည်များမှာမူ အထူးအဓိပ္ပာယ်ရှိကြသည်။
သူငယ်တော်ယေရှု မမွေးဖွားမီ ထာဝရဘုရား၏ကောင်းကင်တမန်က `(မာရိသည်) သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်´ (မ…
အံ့ဖွယ်ထူးမြတ်သောအမည်စာရင်း
ကင်ညာ လေဆိပ်၊ ခရီးသည် စာရင်းသွင်းကောင်တာတွင် ကျွန်တော့် နိုင်ငံကူး
လက်မှတ်ကို အတည်ပြုစစ်ဆေးရန် ပြလိုက်သည်။ တာဝန်ရှိသူက ခရီးသည်များ၏ နာမည်စာရင်းတွင် ကျွန်တော့်နာမည်ကိုရှာရာ ရှာမတွေ့၊ ကျွန်တော့်နာမည် မပါ။ ဘာဖြစ်လို့ပါလိမ့်။ ကြိုတင်စာရင်းပေးသူ များစွာရှိပြီး၊ ပြန်အတည်ပြုမှု မရှိခြင်းကြောင့် ဖြစ်သည်။ ထိုနေ့ အိမ်ပြန်ရောက်ရမည့် မျှော်လင့်ချက် ပျောက်လေပြီ။
ထိုအဖြစ်က အသက်စာစောင်မှ အမည်စာရင်း အကြောင်း ကျွန်တော့်ကို သတိပေးလာသည်။ လုကာ ၁၀ တွင်
သခင်ယေရှုသည့် တပည့်တော်တို့အား ဧ၀ံဂေလိ သာသနာ ခရီးစဉ်တစ်ခုသို့ စေလွှတ်ခဲ့သည်။ အပြန်ခရီးတွင် သူတို့၏ အောင်မြင်မှုများကို ၀မ်းသာအားရ ပြောပြကြသည်။ သို့သော် သခင်ယေရှုက ‘‘... နတ်ဆိုးကို နိုင်ရသောကြောင့်သာ ၀မ်းမြောက်ခြင်း မရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌၀င်သည်ကို ၀မ်းမြောက်ခြင်းရှိကြလော့ဟု မိန့်တော်မူ၏’’ (လု ၁၀း၂၀)။…
အသက်တာ ကျဆင်းချိန်
စီအက်စ် လူးဝစ်နှင့် သူ့အစ်ကို ၀ါးရဲန် (၀ါးနီ) တို့သည် ‘‘၀င်းယာ့ဒ်’’ ဒေသရှိ ယောက်ျားလေး ဘော်ဒါဆောင်တွင် တင်းကြပ်သော စည်းကမ်းများစွာကို အောင့်အည်း သည်းခံလျက် နေခဲ့ရသည်။ ကျောင်းအုပ်ကြီးက ရက်စက်သော ပုဂ္ဂိုလ်ဖြစ်ပြီး ဘယ်သူမှ မခံနိုင်အောင် တင်းကြပ်ပြင်းထန်စွာ ကိုင်တွယ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်
ပြီးနောက် ၀ါးနီက ‘‘ကျွန်တော် အခု အသက် ၆၄ နှစ်ကျော်ပြီ။
ဘာပဲဖြစ်ဖြစ် ၀င်းယာ့ဒ် မှာ ရှိခဲ့တဲ့အချိန်တွေထက် အခု ကျွန်တော့် အခြေအနေက ပိုကောင်းတယ်လို့ တွေးလိုက်ရင် ဘာနှစ်သိမ့်မှုမှ မရခဲ့တဲ့ အခြေအနေမှာ ရှိမနေခဲ့ဘူး (တစ်ခုခု ရခဲ့ပါတယ်)’’ ဟု အရွှန်းဖောက်ကာ လျော့ပြောခဲ့သည်။ ကျွန်ုပ်တို့အများစုသည်လည်း ဘ၀အမှောင်ကျလျက် ခက်ခဲ ခဲ့ချိန် များကို ပြန်လည် အောက်မေ့လျက် ထိုအချိန် ကာလများ
ထက် ယခုတွင်…
မိမိကိုယ်မိမိ ရှုမြင်ခြင်း
မှန်(သို့) မျက်နှာပြင်ကို ပြောင်လက်အောင် တိုက်ချွတ်ထားသည့် အရာဝတ္တုများ မပေါ်မီ ရှေးကာလက လူတို့မှာ မိမိကိုယ်မိမိ မမြင်ရပါ။ ရေအိုင်၊ စမ်းချောင်း၊ မြစ်များ၌သာ အရိပ်ကို မြင်ရသည်။ သို့သော် ကြည့်မှန်များက ထိုအခြေအနေကို ပြောင်းလဲတိုးတက်စေခဲ့သည်။ တစ်ဖန် ကင်မရာကို တီထွင်လျက် ကျွန်မတို့၏ပုံရိပ်ကို ထုတ်ဖော်လျက် ဘ၀ကဏ္ဍသစ်ကို
ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုတွင် ကျွန်မတို့၏ ဘ၀တစ်ခုလုံးတွင် မည်သည့်အချိန်၌မဆို တာရှည်ခံသော ပုံရိပ်များကို ရရှိနိုင် ပါပြီ။ ဓါတ်ပုံစာအုပ်များထားရှိပြီး မိသားစု၏သမိုင်းကို ပြုစုခြင်းက ကောင်းသော်လည်း ၀ိညာဉ်ရေးရာ ကောင်းမွန် ကျမ်းမာရေးကို ထိခိုက်နစ်နာစေနိုင်ပါသည်။ ကင်မရာမှ ပုံရိပ်များကိုကြည့်ပြီး ပျော်ရွှင်ရသော်လည်း ၎င်းသည် အပြင်ပန်းသဏ္ဌာန်ကိုသာ အာရုံစိုက်မိစေပြီး အတွင်းသဏ္ဌာန် ကိုဖြင့် စိတ်မ၀င်စားအောင် ဟန့်တားသည်။
ကျန်းမာသော ၀ိညာဉ်ရေး အသက်တာရရှိအောင်
မိမိကိုယ်ကို စစ်ကြောစစ်ဆေးရန် အရေးကြီးသည်။
ကျွန်မတို့ ကိုယ်ကိုယ်ကိုယ်…
ပြင်ပမှ အကူအညီ
အလုပ်ကိစ္စဖြင့် အခြားနေရာသို့ ခရီးသွားစဉ် ကျွန်မခင်ပွန်းသည် သူတည်းခိုမည့် ဟိုတယ်၌ ရောက်ရုံပင် ရှိသေးသည်။ ထူးဆန်းသော ဆူညံသံများကြားလိုက်ရသဖြင့် ခန်းမထဲသို့ သွားကြည့်ရာ အနီးရှိအခန်းမှလူတစ်ယောက်၏ စူးရှသောအော်ဟစ်သံကို ကြားလိုက် ရသည်။ ဟိုတယ်ဝန်ထမ်းတစ်ဦးက လူတစ်ဦး ရေချိုးခန်းထဲ ပိတ်မိနေခြင်းဟု ပြောပြသည်။ ရေချိုးခန်းတံခါး သော့အိမ်ပျက်သွားသဖြင့် အထဲ၌ ပိတ်မိနေသူက အထိတ် တလန့် ဖြစ်ကာ အသက်ရှုမ၀သကဲ့သို့ ခံစားရပြီး အော်ဟစ် အကူအညီတောင်းခြင်းဖြစ်သည်။ ဘ၀၌လည်း ထိုသို့ ပိတ်မိ နေသကဲ့သို့ ကျွန်မတို့ ခံစားရသည်။ တံခါးကို ထုရိုက်၊ တံခါးလက်ကိုင်ကို ဆွဲလှည့်နှင့်၊ သို့သော် မလွတ်မြောက် နိုင်ပါ။ ရေချိုးခန်း၌ ပိတ်မိနေသူနည်းတူ ပြင်ပအကူအညီကို ကျွန်မတို့ လိုအပ်သည်။
ပြင်ပမှ အကူအညီရယူရန် မိမိဘာသာ ဘာမှ မတတ်နိုင်၊ အကူအညီမဲ့ကြောင်း ၀န်ခံရပါမည်။ တစ်ခါတစ်ရံ ပြဿနာအတွက် အဖြေ…
ပဲလုံးဝမစားဘူး
ကျွန်တော့်ကလေးများ ငယ်စဉ်က ညစာစားချိန်၌ ၎င်းတို့ကို ပဲထည့်ပေးလိုက်လျှင် ‘‘မစားဘူး’’ ဟု ဗြောင်ပြောသဖြင့် ‘‘ဘာမစားတာလဲ’’ ဟုပြန်မေးရင်း ‘‘ပဲမစားပါ။ ကျေးဇူးပါ’’
ဟု ပြောရန် မျှော်လင့်မိသည်။ သို့သော် ‘‘ပဲလုံးဝမစားဘူး’’ ဟု ပြန်ဖြေသည်။ ပြောရလျှင် ယဉ်ကျေးစွာ ပြုမူပြောဆိုရန် အရေးကြီးကြောင်း ဆွေးနွေးစရာဖြစ်လာသည်။ အကြိမ်ကြိမ် အခါခါလည်း ဆွေးနွေးခဲ့ပါသည်။
အပြင်ပန်းသဏ္ဌာန် ကောင်းမွန်ယဉ်ကျေးစွာ ပြုမူ ပြောဆိုခြင်းအပြင် ကျေးဇူးသိတတ်သော စိတ်နှလုံးရှိရန် သခင်ဘုရား ကျွန်တော်တို့ကို သတိပေးသည်။ ဘုရားသခင်နှင့် ကျွန်တော်တို့၏ မိတ်သဟာယဆက်ဆံရေးတွင် ကျေးဇူး သိတတ်သောစိတ်ကို ဖော်ပြရန် အဓိက အရေးကြီးကြောင်း သတိပေးသည့် ကျမ်းပိုဒ်များ တစ်ဒါဇင်မက ရှိသည်။ ဆာလံ ၁၁၈ တွင် ‘‘ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရန်’’ အချက်ကို နှိုးဆော်လျက် အစပြုသလို ထိုအချက် နှင့်ပင် အဆုံးသတ်ထားသည်။…
ကျွန်ုပ်တို့နှင့်အတူ၊ ကျွန်ုပ်တို့အတွင်းမှာ
ကျွန်မသားလေး မူကြိုကျောင်း စတက်ပါပြီ။ ‘‘ကျောင်းကို မကြိုက်ဘူး’’ ဟု ပထမနေ့ မှာပင် အော်ဟစ်ငိုကြွေးခဲ့သည်။ ကျွန်မတို့လင်မယား သူနှင့် စကားပြောရပါတော့ သည်။ ‘‘ဖေဖေ မေမေက သားအနားမှာ ရှိမနေပေမဲ့ သားအတွက် ဆုတောင်းပေးတယ်။ သခင်ယေရှုက သားနဲ့အတူ အမြဲရှိတယ်။’’
‘‘ဒါပေမဲ့ သူ့ကိုမှ မမြင်ရတာ’’ ဟု သူက အတွန့် တက်သည်။ ဖခင်က သူ့ကို ပွေ့ဖက်လျက် ‘‘ သားအထဲမှာ ယေရှုရှိတယ်လေ။ သားကို တစ်ယောက်တည်း မချန်ထား ပါဘူး’’ ဟုဆိုရာ၊ သူ့ရင်ဘတ်ကို ပုတ်လျက် ‘‘ဟုတ်တယ်။ ယေရှု သားအထဲမှာ ရှိတယ်’’ ဟု ပြန်ပြောလိုက်သည်။
ခွဲခွာခြင်းဝေဒနာ ပူပန်သောကကို ကလေးများသာ ခံစားရသည် မဟုတ်ပါ။ ဘ၀တစ်လျှောက် တစ်ယောက် တစ်နေရာစီ ကွဲသွားခြင်း၊ ဆုံးပါးသွားခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့်…