အမျိုးအစား  |  odb

တည်မြဲသော ဝမ်းမြောက်ခြင်း

၂၀၁၄ ခုနှစ်တွင် နော်ဝေးနိုင်ငံရှိ ကျေးရွာတစ်ခုမှဒေသခံများက လမ်းဖြတ်ကူးသူများကို ကလေးကလားပြုမူလျက် လမ်းဖြတ်ကူးရန် တိုက်တွန်းသည့် ဆိုင်းဘုတ်တစ်ခုကို ထောင်ခဲ့သည်။ ကလေးကလား လမ်းလျှောက်သူများနှင့် ဘေးမှကြည့်သူများပါ တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်အောင်လုပ်နိုင်မည့် ခဏတာ အခိုက်အတန့်လေး ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဤကဲ့သို့ ကလေးကလားဆန်မှုများကို တွေ့လိုက်ရသည့်တဒင်္ဂ၌ စိတ်ပျက်အားငယ်နေသူများအတွက် ခဏတာ ခွန်အားပေးမှု ဖြစ်စေခဲ့ပါသည်။

ကျွန်မတို့သည် ဆင်းရဲဒုက္ခကာလများကို ရင်ဆိုင်ရ၍ စိတ်ပျက်ဝမ်းနည်းကြသည်ကို သမ္မာကျမ်းစာက အသိအမှတ် ပြုသည်။ ယေရမိမြည်တမ်းစကားနှင့် ဆာလံကျမ်းပိုဒ်များစွာက ဤကဲ့သို့သောနာကျင်မှုမျိုးကို ဖော်ပြထားသည်။ သို့သော်လည်း ဘုရားသခင်၏တည်ရှိခြင်း မျက်မှောက်တော်က အခြေအနေတိုင်းတွင် ကျွန်မတို့ထံသို့ တည်မြဲသောဝမ်းမြောက်ခြင်းကို ယူလာနိုင်ကြောင်း ကျမ်းစာက ညွှန်ပြထားပါသည်။ ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်ထံတော်ပါးတွင် ထာဝရနေရမည့်အနာဂတ်ကို ရည်မှန်းလျက် ၁၆ ခုမြောက်သော ဆာလံကို ရေးစပ်ခဲ့သည်။ ယခုအသက်ရှင်နေသော ကျွန်မတို့သည် သခင်ယေရှု၏သေလွန်ခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းကြောင့် ယခုအချိန်မှာပင်…

ဘုရားသခင်၏အမြင်

၂၀၁၈ ခုနှစ်တွင် တရားဟောဆရာ တန် ဖလစ်ပင် (Tan Flippin) သည် စက်ဘီးမတော်တဆမှုကြောင့် တင်ပါးဆုံအရိုးအက်၍ ဆေးရုံတက်ခဲ့ရသည်။ ဆရာဝန်များက ခေါင်းထိခိုက်မှုရှိမရှိသိရရန် သူ့ခေါင်းကို စီတီစကန် ဖတ်ကြည့်သောအခါ သူ့ဦးနှောက်ရှေ့တွင် ကြီးမားသောအကြိတ်ဆိုးတစ်ခုကို ဆရာဝန်များ တွေ့ခဲ့သည်။ ထိုသို့တွေ့ရှိပြီးနောက် နောက်ထပ်အကြိတ်ငယ်များကိုပါတွေ့ခဲ့ပြီး၊ အရိုးခြင်ဆီ အစားထိုးခြင်းအပါအဝင် များပြားသောကုသမှုများကို ခံယူခဲ့ရသည်။ သူ့ဦးနှောက်အကြိတ်ကို ရှာတွေ့ရန် ဘုရားသခင်က ထိုမတော်တဆမှုကို ဖြစ်ခွင့်ပေးခဲ့ခြင်းဟု ဖလစ်ပင်က ယုံကြည်သည်။

ဘုရားသခင်သည် ဘုန်းတော်ထင်ရှားရန်အတွက် မတော်တဆမှုများနှင့် အခြားဒုက္ခအခက်အခဲများကို အသုံးပြုနိုင်ကြောင်း ရှင်ပေါလုက ဖိလိပ္ပိအသင်းသားများအား ပြောခဲ့ပါသည်။ တမန်တော်ကြီးသည် ရောမဧကရာဇ်နီရိုရှေ့တွင် တရားစီရင်ခံရရန် စောင့်ဆိုင်းရင်း အကျဉ်းကျနေခဲ့သည်။ ဝမ်းနည်းရမည့်အစား ရှင်ပေါလုဝမ်းမြောက်ခဲ့သည်။ သူမည်ကဲ့သို့ ပျော်ရွှင်နိုင်သနည်း။ “ခရစ်တော်ကြောင့် ...ခံရသောချည်နှောင်ခြင်းအမှုအရာ” ကို ရှင်ပေါလုက အခွင့်ထူးအဖြစ်မြင်ခဲ့ပြီး ( :၂၉)၊ သူ၏ဒုက္ခဆင်းရဲကို ဘုရားသခင်၏အမြင်မှကြည့်ကာ “ငါ၌…

ဆားပါသော အဖြေများ

ဘာ့ထ် (Bert) သည် သူ၏ ငွေထုတ်ကတ်ကို စားသောက်ဆိုင်ငွေပြေစာပေါ်တွင် တင်လိုက်သည်။ စားပွဲထိုးသည် ကတ်ကို ယူလိုက်ပြီး “ခဏလေး၊ “ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” လို့ ပြောတဲ့ ဒီလူက ဘယ်သူလဲ၊ သူပြောထားတာ တိုတိုနဲ့လိုရင်းရောက်တယ်” ဟု ပြောလိုက်သည်။ သူ၏ခရစ်ယာန်ဘဏ္ဍာရေးကုမ္ပဏီက ရိုက်နှိပ်ထားသည့် ယောဟန် ၁၄:၆ မှ သခင်ယေရှု၏နှုတ်ကပတ်တော်ကို စားပွဲထိုးက တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဘာ့ထ် သဘောပေါက်သွားသည်။ “ဒီလူ” မည်သူဖြစ်ကြောင်းနှင့် ကျွန်မတို့ကို ဘုရားသခင်ထံဆောင်ကြဉ်းရန် မည်သို့စတေးခံခဲ့ကြောင်း ဘာ့ထ်က ရှင်းပြခဲ့သည်။

မိမိ၏ယုံကြည်ခြင်းအကြောင်း ဘာမျှမသိသူတို့နှင့် ကျွန်မတို့တွေ့သောအခါ ကျွန်မတို့က လှောင်ခြင်း၊ အထင်သေးခြင်းနှင့် တုံ့ပြန်နိုင်ပါသည်။ သို့သော်လည်း “သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား ... ပြန်ပြောခြင်းငှာ အသင့်ရှိနေကြလော့” ဟု တမန်တော်ကြီးပေတရုက ကျွန်မတို့ကို စိန်ခေါ်ပါသည် (၁ ပေ…

ဘုရားသခင်၏အသံတော်ကို နားထောင်ခြင်း

၂၀ ရာစုနှစ်အစောပိုင်းတွင် နယူးယောက်မြို့တော်သည် ဆူညံသောနေရာ ဖြစ်လာသည်။ မိုးပျံရထား၊ ကား၊ ဓာတ်ရထား၊ သတင်းစာရောင်းသော ကောင်လေးများ၊ ခပ်သုတ်သုတ်သွားလာနေကြသူများနှင့် လူနေမှုဘဝက ကျယ်လောင်လာသည်။ သို့သော်လည်း တစ်ရက်၌ ဘရော့ဝေး(Broadway)လမ်းမနှင့် ၃၄လမ်းကြားတွင် ချားလ်စ်ကဲလော့(Charles Kellogg)က သူ့သူငယ်ချင်းကို “နားထောင်၊ ငါ ပုရစ်သံ ကြားတယ်”ဟု ပြောလိုက်သည်။

သူ့သူငယ်ချင်းက “မဖြစ်နိုင်ဘူး။ ဒီလောက်ဆူညံနေတာ၊ အဲ့လိုသေးငယ်တဲ့အသံကို မင်း မကြားနိုင်ဘူး” ဟု ပြန်ဖြေသည်။ သို့သော်လည်း မစ္စတာကဲလော့က အလျှော့မပေးခဲ့ပါ။ နောက်ဆုံးတွင် မုန့်ဆိုင် ပြတင်းပေါက်တွင် အသံပြုနေသော ပုရစ်ကို တွေ့ခဲ့သည်။ “မင်းအကြားအာရုံက တော်တော်ကောင်းတယ်”ဟု သူ့သူငယ်ချင်းက ဆိုရာ၊ မစ္စတာ ကဲလော့က “ မဟုတ်ဘူး၊ ဘယ်နေရာကို အာရုံစိုက်လဲ ဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်”ဟု ပြန်ဖြေသည်။

ဧလိယသည် ဘုရားသခင် ဘုန်းတန်ခိုးအာဏာတော်ပြသည်ကိုမြင်ဖူးသော ဘုရားသခင်၏ ပရောဖက်တစ်ဦး…

ဘုရားသခင်အား စစ်မှန်စွာ ယုံကြည်ကိုးစားခြင်း

လေလွင့်ကြောင်လေးတစ်ကောင်၏ သနားစရာကောင်းစွာ တညောင်ညောင်အော်သံက ကျွန်တော့်ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ တစ်စုံတစ်ဦးက စည်းကမ်းမဲ့ စွန့်ပစ်ခဲ့သည့် စားကြွင်းစားကျန်အပုံတစ်ပုံကို ခုလေးတင် ကျွန်တော်ဖြတ်လျှောက်လာခဲ့သည်။ ဆာလောင်နေသည့်ကြောင်လေးအတွက် စားစရာကို ဘုရားသခင် ပြင်ဆင်ပေးတာပဲဟု ကျွန်တော်တအံ့တသြတွေးမိသည်။ ထိုစားစရာ သည် အနီးနားရှိ တိုင်တစ်တိုင်ဖြင့် ကွယ်နေသဖြင့် ပိန်ချုံးချည့်နဲ့နေသည့် ကြောင်လေးအား အစားအစာရှိရာသို့ မျှားခေါ်ရန် ကျွန်တော်ကြိုးစားခဲ့သည်။ ကြောင်လေးသည် ကျွန်တော့်ထံသို့ ယုံကြည်စွာ ရွေ့လျှားလာခဲ့ပြီးမှ ရပ်လိုက်ကာ ကျွန်တော်နောက်သို့ ထပ်လိုက်မလာတော့ပါ။ “ငါ့ရဲ့လမ်းညွှန်မှုကို မင်းဘာလို့ မယုံကြည်ရတာလဲ။ စားစရာအပုံကြီးက ရှေ့မှာ မင်းကို စောင့်နေတယ်လေ”ဟူ၍ ကျွန်တော် မေးချင်ခဲ့သည်။

ဘုရားသခင်နှင့်ကျွန်တော်၏ဆက်ဆံရေး၌ အလားတူ ကျွန်တော်ပြုလုပ်မိနေသည်မဟုတ်ပါလား။ ကိုယ်တော်၏ မစထောက်ပံ့ခြင်းက အနီးအနားမှာ စောင့်ကြိုနေကြောင်းကိုနားမလည်ဘဲ “ကိုယ်တော့်ကို ယုံကြည်ပါတယ် ဘုရားသခင်။ ဒါပေမယ့် ကိုယ်တော်ရဲ့ညွှန်ကြားချက်တွေက စိတ်မချရဘူးဟုတွေးတောလျက် ဘုရားသခင်၏ လမ်းညွှန်မှုများကို ကျွန်တော် မည်မျှ ထိုသို့…

မျှော်လင့်ချက်မဲ့ခြင်း၊ မျှော်လင့်ချက်ရှိခြင်း

ဆောင်းဦးရောက်တိုင်း ပန်းနာရင်ကြပ်ပင် (ragweed)ကဲ့သို့ အပင်များက ကျွန်မသား၏ အသက်ရှုလမ်းကြောင်းကို ယားယံစေသည်။ တစ်ညတွင် သူ၏ရောဂါလက္ခဏာများ အရမ်းပြင်းထန်လာပြီး ဆရာဝန် ပြသင့်သည် ဟု ကျွန်မထင်ခဲ့သည်။ ကျွန်မတို့မိသားစုမှာ လနှင့်ချီပြီး ပြင်းထန်သည့် ကျန်းမာရေးပြဿနာများမှ ပြန်လည် နာလံထူချိန်ဖြစ်၍ ဆုမတောင်းချင်တော့လောက်အောင်ပင် စိတ်ပျက်အားလျော့ခဲ့သည်။ သို့သော် ကျွန်မ၏ခင်ပွန်းက အမှုအရာအားလုံး၌ ဘုရားသခင် ကျွန်မတို့အား မစပို့ဆောင်ခဲ့ခြင်း၌ မျှော်လင့်ချက်ကို တွေ့ရှိခဲ့ပြီး၊ လမ်းပြညွှန်ရန်အတွက် သူဆုတောင်းခဲ့သည်။ မကြာမီမှာ ဆေးဝါးအကူအညီဖြင့် သားဖြစ်သူ၏အခြေအနေ သက်သာလာခဲ့သည်။

ခါနန်ပြည်ကို စူးစမ်းပြီးနောက် သူတို့၏အပေါင်းအဖော်အချို့က အားလျော့စိတ်ပျက်ခဲ့ကြသော်လည်း ကာလက်နှင့် ယောရှုတို့သည် မျှော်လင့်ချက်နှင့် အကောင်းမြင်မှုကို ပြသခဲ့သည် (တော ၁၄:၆-၉)။ ဘုရားသခင်သည် ထိုနယ်မြေကို ဣသရေလူမျိုးအားပေးရန် ကတိပြုခဲ့ပြီး “ထိုပြည်ကို သိမ်းယူကြစို့။ အောင်နိုင် ကောင်းသည်” (၁၃:၃၀)ဟု ကာလက်က ပြောသည်။ ခါနနိလူတို့သည် အင်အားကြီးပြီး၊…

ငါ့ကို အတုယူပါ

ဖခင်ဖြစ်သူက သူ၏ငါးမျှားကြိုးကို ရေကန်ထဲသို့ ပစ်ချလိုက်သည့်အခါ ၂ နှစ် သား အရွယ် သောမတ်စ်သည် သူ၏အရုပ်ငါးမျှားတံဖြင့် သူ့ဖခင်ပြုလုပ်သည့်အတိုင်း တုပကာ လိုက်လုပ်ခဲ့သည်။ ထို့နောက် ပေါင်းပင်ဒိုက်ပင်များကို “ဖမ်းဆုပ်ကာ ငါးကို ရေထဲသို့ပြန်ပစ်လိုက်သည့် ဖခင်ဖြစ်သူ၏ပုံစံကို တုပရန် သောမတ်စ် ကြိုးစား ခဲ့သည်။ ရေကန်၏ ရေတိမ်ပိုင်းအစွန်း၌ သူရပ်ကာ သူ၏ငါးမျှားတံကို ရေထဲသို့ နှစ်လိုက်ပြီး သောမတ်စ်သည် ပေါင်းပင်များကို “ဖမ်းဆုပ်”သည့် အကြိမ်တိုင်း၌ ထိုပေါင်းပင်များကို ရေထဲသို့ ပြန်လည်မပစ်ချမီ သူ၏ဖခင်နှစ်သက်သဘောကျစေရန်အတွက် ပေါင်းပင်များကို ကိုင်မြှောက်ထားခဲ့သည်။

အခြားသူများအား လေ့လာစောင့်ကြည့်ကာ အတုယူခြင်းဖြင့် ကောင်းမွန်သင့်မြတ်သည့်အရာနှင့် မကောင်းသည့်အရာနှစ်ခုစလုံးကို ကျွန်ုပ်တို့လေ့လာသင်ယူလေ့ရှိပါသည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ဧဝံဂေလိတရား၏သစ္စာရှိသော အစေခံအမှုဆောင်များကို စံနမူနာထားရန် သခင်ယေရှု၏နောက်လိုက်များကို မကြာခဏ တိုက်တွန်းခြင်းဖြစ်နိုင်သည်(၂ သက် ၃:၉၊ ဟေဗြဲ ၁၃:၇၊ ၃ ယော ၁:၁၁)။…

ဘုရားသခင်၏မေတ္တာ ဘယ်တော့မှ မကုန်ခန်းပါ

နာမကျန်းဖြစ်လျက် အိုမင်းပြီဖြစ်သည့် ဂျိုစီ(Josie)၏ ဖခင်သည် သူမထံသို့ ပြောင်းရွှေ့လာသောအခါ ဖခင်အား စောင့်ရှောက်ရန် နေ့စဥ်လိုအပ်ချက်များအတွက် သူမ အလွန်ဖိစီးမှုခံစားခဲ့ရသည်။ ဝယ်ရမည့်ဆေးများက ဈေးကြီးသည်။ သူမ၏ အခြား “အချိန်ပြည့်” အလုပ်တာဝန်အပြင်၊ ပြုစုစောင့်ရှောက်ရေးတာဝန်များ၊ ပိုမိုဆိုးရွားလာသော ဖခင်၏ကျန်းမာရေးအခြေအနေနှင့်စပ်လျဥ်း၍ ဆုံးဖြတ်ချက်ချရန် ဉာဏ်ပညာလိုအပ်မှုများစသည်တို့က သူမကို အားလျော့စေသည်။ “ခွန်အားတွေ၊ လက်တွေ့ကျတဲ့ အရင်းအမြစ်တွေ၊ ဉာဏ်ပညာနဲ့ မေတ္တာတွေကို ဘယ်လိုလုပ်ပြီး ဆက်လက် စုစည်းပေးကမ်းနိုင်မှာလဲ”ဟု သူမက ဆိုသည်။

ယေရမိနှင့် ဘုရားသခင်၏လူမျိုးတော်တို့ ခံစားခဲ့ရသော ဝမ်းနည်းကြေကွဲခြင်းအကြောင်း ဖော်ပြသည့် ယေရမိမြည်တမ်းစကားမှ မျှော်လင့်ချက်ကို ဂျိုစီ ရှာတွေ့ခဲ့သည်။ ယေရုရှလင်မြို့သည် ဗာဗုလုန်တို့၏ ဖျက်ဆီးခြင်းခံခဲ့ရပြီး၊ ယခုအခါ ယုဒလူမျိုးတို့သည် တိုင်းတစ်ပါးသို့ ဖမ်းဆီခေါ်ဆောင်သွားခံရမည့် မသေချာမရေရာသောနေ့ရက်များကို ရင်ဆိုင်နေကြရသည်။ ဆင်းရဲဒုက္ခသည် ပြင်းထန်သော်လည်း “(ကိုယ်တော်၏) မေတ္တာတော်သည် မကုန်ခန်းသောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်”ဟု…

အာရုံမလွဲဘဲ လုပ်ဆောင်ပါ

ကျောင်းကားမောင်းသူသည် စတီယာရင်လက်ကိုင်ခွေကို ကိုင်ရင်း သတိလစ် သွားရာ၊ ကျောင်းသူ ကျောင်းသား အယောက် ၆၀ စီးနင်းလာသော ကျောင်းကားကြီးမှာ ဟိုဒီယိမ်းထိုးလျက် ထိန်းချုပ်မှု ကင်းမဲ့သွားသည်။ ခုနစ်တန်း ကျောင်းသားလေး ဒီလျံရိဗ်စ်(Dillion Reeves)သည် သူ၏ထိုင်ခုံမှ ရုတ်တရက်ထကာ ဘတ်စ်ကား၏ အရှေ့ဘက်သို့ အလျင်အမြန်ပြေးသွားပြီး အချိန်မီ ဘရိတ်ကို ဖြေးဖြေးချင်းနင်းလိုက်သည်။ ကျောင်းသူ ကျောင်းသားအများစုမှာ သူတို့၏ဖုန်းများဖြင့် စာတိုပို့ခြင်း၊ ဂိမ်းကစားနေခြင်းဖြင့် အလုပ်ရှုပ်နေကြသော်လည်း ဖုန်းမရှိသော ဒီလျံသည် သတိရှိရှိနှင့် အခြေအနေကို ထိန်းချုပ်တုံ့ပြန်လှုပ်ရှားခဲ့သည်။ ယာဥ်မောင်း၏ လှုပ်ရှားမှုကို အကြိမ်ပေါင်းများစွာ သူမြင်တွေ့ ဖူးသဖြင့် ဘရိတ်အား မည်ကဲ့သို့ ဖြည်းဖြည်းချင်းနင်းရမည်ကို သူသိနေခဲ့သည်။ သူသည် အာရုံအနှောင့်အယှက်အဖြစ်မခံဘဲ သတိရှိခြင်းဖြင့် နောက်မှ ပြန်လည်သတိရလာသည့် ယာဥ်မောင်းအပါအဝင် ကားပေါ်၌ ပါလာသူအားလုံး၏ အသက်ကို ကူညီကယ်ဆယ်နိုင်ခဲ့သည်။

ဣသရေလလူတို့အား ဦးဆောင်ရာ၌ ဦးဆောင်သူခေါင်းဆောင် မောရှေမရှိတော့သည့်အခါ…

ယုံကြည်ခြင်းခြေလှမ်းများ

နယူးယောက်ရှိ လှပသော ဝပ်ကင်စ်ဂလန်းဂျော့(Watkins Glen Gorge) တောင်တက်လမ်းတစ်လျှောက်၌ ကျွန်မတို့လေးဦး ခြေလျင်တက်ခဲ့ကြသည်။ ရေတံခွန်များနှင့် ပေ ၂၀၀ နက်သောချောက်ကမ်းပါးကြီးများကို ငေးကြည့်ရင်း ကျွန်မတို့ အတူတကွ အံ့သြမှင်သက်ချိန်များရှိသလို၊ အမောဖြေရန်နှင့် စိုစွတ်နေသည့် ကျောက်တုံးများနှင့် အဆုံးမရှိသောလှေခါးထစ်များကို တက်ခဲ့ရသောကြောင့် နာကျင်နေသည့် ခြေထောက်များကို အနားပေးရန် ကျွန်မတို့ ရပ်နားခဲ့ချိန်များလည်းရှိသည်။ တောင်ထိပ်ရောက်ခါနီးချိန်၌ တောင်အောက်ဆင်းလာသည့် ခြေလျင်တောင်တက်သမားတစ်ဦးက “သင်တို့ရဲ့ခြေလှမ်း ၈၃၂ လှမ်း ပြီးဆုံးဖို့ နောက်ထပ် ၁၀ လှမ်းပဲ လိုတော့တယ်”ဟုပြောသည်။ ဤခရီးစဥ် မည်မျှ ခက်ခဲပင်ပန်းကြောင်း ကျွန်မတို့ မသိခဲ့ခြင်းက အကောင်းဆုံးဖြစ်မည်ထင်ပါသည်။ ခရီးစဥ်ခက်ခဲကြောင်းသိရှိခဲ့ပါက ထိုခရီးကို မသွားတော့ဘဲ ၎င်း၏ အလှတရားအားလုံးကို ကျွန်မတို့မခံစားရဘဲ လွတ်သွားခဲ့ပေလိမ့်မည်။

ဘဝခရီးလမ်း၌လည်း ခက်ခဲသည့်ခြေလှမ်းများ ရှိပါသည်။ သခင်ယေရှုနှင့် ရှင်ပေါလုတို့က ယုံကြည်သူတို့အား အခက်အခဲနှင့်ညှဥ်းပန်းနှိပ်စက်ခြင်းအကြောင်းကို (ယော ၁၆:၃၃၊ ၂…