အမျိုးအစား  |  odb

ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှု

ပါကစ္စတန်နီချိုင့်ဝှမ်းကို ဖြတ်သန်းမောင်းနှင်နေသည့် သာမန်မိုးပျံကေဘယ်ကား သည် တုန်လှုပ်ဖွယ်ဒုက္ခနှင့် ကြုံခဲ့ရသည်။ ကားစထွက်ပြီးမကြာမီ ကားကိုထောက်မထားသည့် သံကြိုးနှစ်ချောင်းပြတ်သွားရာ ကျောင်းသား၊ ကလေးသူငယ်များ အပါအဝင် ခရီးသည်ရှစ်ဦးသည် ပေတစ်ရာအထက်ဝေဟင်၌ ခြေတန်းလန်းနှင့် တွဲလောင်းဖြစ်ခဲ့ကြသည်။ ထိုအခြေအနေတွင် ပါကစ္စတန်စစ်တပ်က ကြိုးလိုင်းများ၊ ရဟတ်ယာဥ်များနှင့် အခြားပစ္စည်းကိရိယာများ သုံးကာ ၂၄ နာရီကြာသည့် ခက်ခဲသောကယ်ဆယ်ရေးအစီအစဥ်နှင့် ခရီးသည်များကို ကယ်တင်ခဲ့သည်။

ကောင်းမွန်စွာလေ့ကျင့်ထားသည့် ကယ်ဆယ်ရေးသမားများသည် ချီးကျူးခံထိုက်သည်။ သို့သော် ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းတရားမှ ကယ်တင်ပေးခဲ့သည့် သခင်ယေရှု၏ ထာဝရနှင့်ဆိုင်သည့် လုပ်ရပ်နှင့် ယှဉ်လျှင် သူတို့၏ လုပ်ရပ်များသည် မှေးမှိန်သွားခဲ့သည်။ သခင်ယေရှုမမွေးဖွားမီ ကောင်းကင်တမန်သည် ယောသပ်ထံလာကာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေဆောင်ထားရသည့်မာရိကို ထိန်းသိမ်းရန် မှာကြားခဲ့သည် (မ ၁:၁၈-၂၀)။ “ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ်သောကြောင့်” သူ၏သားကို ယေရှုဟူသော အမည်ဖြင့် မှည့်ရန် ယောသပ်အား မိန့်မှာခဲ့သည်။ (:၂၁)။…

ခရစ်တော်၌ အားပေးမစမှု

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှ ဆရာမတစ်ဦးသည် သူမ၏တပည့်များအား သူငယ်ချင်းများအတွက် ခွန်အားပေးစာနှင့် တိုက်တွန်းစာများကို ရေးရန် စေ့ဆော်ခဲ့သည်။ ရက်များစွာကြာပြီးနောက် နိုင်ငံ၏အခြားဒေသတစ်ခု၌ ကျောင်းတွင်း ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ရာ သူတို့ရေးသားခဲ့သည့် စာများသည် ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့ကို ရင်ဆိုင်ခံစားနေရသည့် ရွယ်တူကျောင်းသားများ၏ စိတ်ဝိညာဉ်ကို အားတက်စေခဲ့သည်။

သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများထံ ရှင်ပေါလုစာရေးချိန်တွင် သူ၏စိတ်ထဲ၌ အားပေးမှုနှင့် အပြန်အလှန် စိုးရိမ်ပူပန်မှုတို့ ရှိခဲ့သည်။ ချစ်ခင်ရသော မိတ်ဆွေများကို သူတို့ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့ချစ်ရသူများအား တစ်ဖန်ပြန်လည်ထမြောက်စေမည့် ရှင်ယေရှု ပြန်ကြွလာမည့်ကတိတော်ကို ယုံကြည်ရန် တိုက်တွန်းခဲ့သည် (၁ သက်၄:၁၄)။ ထိုအရာများ မည်သည့်အချိန်၌ ဖြစ်မည်ကို ၎င်းတို့မသိသော်လည်း ယုံကြည်သူများအနေဖြင့် ဘုရား သခင်ပြန်လာပြီး စီရင်မည်ကို ကြောက်ရွံ့မှုဖြင့် စောင့်နေစရာမလိုကြောင်း ရှင်ပေါလုသတိပေးခဲ့သည်။ (၅:၉) စိုးရွံ့နေမည့်အစား ကိုယ်တော်နှင့်အတူနေရမည့် အနာဂတ်အသက်တာကို စိတ်ချစွာစောင့်နေရင်း အချင်းချင်းတိုက်တွန်းကာ တစ်ဦးကိုတစ်ဦး…

အဘွား၏ယုံကြည်ခြင်း

ညစာစားပွဲဘေးတွင် ဝိုင်း၍ထိုင်နေကြစဉ် ၉ နှစ်အရွယ် ကျွန်မ၏မြေးယောကျ်ားလေးက “ကျွန်တော်က အဘွားနဲ့တူတယ်။ စာဖတ်တာကို နှစ်သက်မြတ်နိုးတယ်” ဟု ပြုံး၍ပြောပါသည်။ သူ့စကားကိုကြားသောအခါ ကျွန်မ အလွန်ဝမ်းသာမိသည်။ မနှစ်က သူနေမကောင်းဖြစ်ပြီး ကျောင်းသို့မသွားဘဲ အိမ်မှာနေခဲ့ရသည်ကို ကျွန်မသတိရမိသည်။ သူက အချိန်ကြာကြာ တစ်‌ရေးအိပ်ပြီးနောက် မြေးအဘွား နှစ်ယောက်သား ဘေးချင်းယှဉ်ထိုင်လျက် စာဖတ်ကြသည်။ ကျွန်မမိခင်ထံမှ လက်ခံရရှိခဲ့သော စာဖတ်ခြင်းကိုမြတ်နိုးသည့် အမွေအနှစ်ကို ကျွန်မ၏မြေးကလေးအား လက်ဆင့်ကမ်းပေးခွင့်ရသည့်အတွက် ကျွန်မ ပျော်ရွှင်ခဲ့ရသည်။

သို့သော်လည်း ယခုမြေးများကို ပေးသောအရာသည် ကျွန်မပေးချင်သည့် အရေးကြီးဆုံးသော အမွေအနှစ်တော့ မဟုတ်ပါ။ ကျွန်မ၏မိဘထံမှလက်ခံရရှိသော ယုံကြည်ခြင်းအမွေအနှစ်ကို သားသမီးထံ လွှဲပေးပြီး သူတို့မှတစ်ဆင့် မြေးများ ၎င်းတို့၏ယုံကြည်ခြင်းခရီးပန်းတိုင်သို့ လျှောက်လှမ်းသွားရာ၌ ပံ့ပိုးကူညီနိုင်အောင် လက်ဆင့်ကမ်း ပေးမည့် အမွေအနှစ်အတွက် ကျွန်မဆုတောင်းမိပါသည်။

တိမောသေသည် ဘုရားကို ဦးထိပ်ထားသော မိခင်နှင့်အဘွား၏ဝိညာဉ်ရေးရာ အမွေအပြင် ဆရာဖြစ်သည့်…

မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏

နယ်သာလန်နိုင်ငံ ရိုရ်မုတ်(Roermond)မြို့ရှိ ပရိုတက်စတင့်(Protestant)နှင့် ကက်သိုလစ်(Catholic)သင်္ချိုင်းအကြားရှိ အုတ်နံရံတစ်လျှောက် အပန်းဖြေလမ်းလျှောက်သွားလျှင် စူးစမ်းစရာမြင်ကွင်းကို သင်တွေ့မြင်ရပေမည်။ နံရံတစ်ဘက်စီ၌ တူညီသော အုတ်ဂူကျောက်တိုင်နှစ်ခု ကပ်ထားသည်ကိုတွေ့ရပြီး၊ တစ်ခုမှာ ပရိုတက်စတင့်ခင်ပွန်းအတွက်ဖြစ်ပြီး တစ်ခုမှာ ကက်သိုလစ်ဇနီးအတွက်ဖြစ်သည်။ ၁၉ ရာစုနှစ်အတွင်းက ထိုလူမျိုးတို့၏ ဓလေ့ထုံးတမ်းစဉ်လာအရ ဂိုဏ်းဂဏမတူသောကြောင့် သီးခြား သင်္ချိုင်းများတွင် မြှုပ်နှံကြရသည်။ သို့ရာတွင် သူတို့၏ကံကြမ္မာကို သူတို့လက်မခံကြပါ။ ပုံမှန်မဟုတ်သော သူတို့၏အုတ်ဂူကျောက်တိုင်သည် ကွယ်နေသော နံရံအထက် တစ်ပေနှစ်ပေခန့် လေထဲတွင် လွတ်နေသည်။ ကျောက်တိုင်၏ ထိပ်တွင် ပန်းပုလက်ရာ လက်မောင်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု လက်တွဲယှက်တင်လျက် ရှိသည်။ ထိုစုံတွဲသည် သေသွားကြသည့်တိုင်အောင် တစ်ဦးနှင့်တစ်ဦး ခွဲထားခြင်းကို ငြင်းပယ်ခဲ့ကြသည်။

ရှောလမုန်သီချင်းတွင် ချစ်ခြင်းမေတ္တာ၏အစွမ်းတန်ခိုးကို ဖော်ပြထားသည်။ “မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသောစိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏”(၈:၆) ဟု ရှောလမုန်မင်းကြီးက ပြောဆိုထားသည်။ မေတ္တာစစ်သည်…

ဘုရားသခင်၏အစဥ်မပြတ်အတူတည်ရှိနေမှု

ကျွန်မ၏အထက်တန်းကျောင်းနှစ်ပတ်လည်စာအုပ်၌ ပါရှိသည့် ခေတ်မမီတော့သည့် ပုံတုံး ဆံပင်ပုံစံ၊ အဝတ်အစားနှင့် ခေတ်ဟောင်းကားများကို ကြည့်ပြီး ကျွန်မ၏မြေးများက တအံ့တသြဖြစ်နေကြသည်။ ကျွန်မ၏အမြင်ကမူ တစ်မျိုးကွာခြားသည်။ ပထမ ဆုံး ကြာမြင့်စွာပေါင်းသင်းခဲ့သည့်မိတ်ဆွေများ၏အပြုံးကို မြင်ပြီး၊ အချို့နှင့် ယခုတိုင် သူငယ်ချင်းဖြစ်နေဆဲပါ။ ထို့ပြင် ဘုရား၏ထိန်းသိမ်းနိုင်စွမ်းကို ကျွန်မတွေ့ရသည်။ ကျောင်းတွင် အဆင်ပြေအောင် ကြိုးစားရုန်းကန်နေရချိန်တွင် သူ့ကိုရှာသော သူတိုင်းအားပေးသော ကြင်နာမှုဖြစ်သည့် ကိုယ်တော်၏ တည်မြဲသော ကောင်းမြတ်ခြင်းက ကျွန်မကို စောင်မကြည့်ရှုခဲ့သည်။

ဘုရားရှင် သူနှင့်အတူ အစဥ်မပြတ်ရှိသည်ကို ဒံယေလသိသည်။ ဗာဗုလုန်ပြည် ၌ စစ်သုံ့ပန်းအဖြစ်ရှိနေစဉ်တွင် ရှင်ဘုရင် ထုတ်ပြန်သော အမိန့်တော်ကို မမှတ်ဘဲ (ဒံ ၆:၇-၉) သူသည် “ယေရုရှလင်မြို့သို့မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက်ကို ဖွင့်လျက် ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏”(၆:၁၀)။ ဘုရားရှင် ၏အတူတည်ရှိနေမှုက သူ့ကို စောင်မလျက်၊ ထိုဘုရားသည် သူ၏ဆုတောင်းသံကို…

သခင်ယေရှုအတွက်အခန်း

အမေရိကန်နိုင်ငံ နယူးအော်လင်း (New Orleans) မြို့တွင်း၌ ဒုတိယကမ္ဘာစစ် အမျိုးသားပြတိုက်သို့ သွားရောက်လည်ပတ်ပြီး၊ ပြင်သစ်လူမျိုးများရပ်ကွက်ရှိ အစားအသောက်ဈေးတန်းတွင် ကမာကောင် ကင်စားခဲ့ရသော အားလပ်ရက်ကို ကျွန်တော်အလွန်နှစ်သက်သည်။ သို့သော် သူငယ်ချင်း၏အိမ်အခန်းလွတ်တွင် ကျွန်တော် အိပ်ပျော်သွားရင်း ဇနီးနှင့်ကလေးများကို လွမ်းမိသည်။ အခြားမြို့များတွင် တရားဒေသနာ သွားရောက်ဟောပြောရမည့်အခွင့်အတွက် ဝမ်းမြောက်သော်လည်း ကိုယ့်မြို့ကိုယ်ရွာ၌ နေရသည်ကို ကျွန်တော် ပို၍နှစ်သက်သည်။

ခရစ်တော်၏ အသက်တာတွင် လမ်းခရီး၌ ဖြစ်ပျက်သည့် အရေးကြီးဖြစ်ရပ် မည်မျှရှိသည်ကို ရံဖန်ရံခါ ကျွန်ုပ်တို့ မမြင်ဘဲလွတ်သွားသည်။ တွက်ချက်၍ မရသော အကွာအဝေးရှိ ကောင်းကင်အိမ်တော်နှင့် အလွန်ဝေးပြီး၊ သူ့မိသားစုနှင့်နေထိုင်သည့်သူ၏ဇာတိ နာဇရက်မြို့နှင့် အလှမ်းဝေးသည့် ဗက်လင်မြို့သို့ ဘုရားသားတော် ဆင်းသက်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ချိန်ဖြစ်၍ မြို့သည် အခြားအရပ်မှလာသော မိသားစုများနှင့် ပြည့်နှက်နေရာ “ဧည့်သည်တည်းခိုရန် အခန်း” (သို့) နေရာလွတ် ကက်တလီမာ(katalyma)မရှိဟု ရှင်လုကာ ဆိုသည်(လု…

ဘုရားသခင် အဖြေပေးလိမ့်မည်

သင်းအုပ်ဆရာတိမောသေ(Timothy)သည် ခရီးသွားစဉ် လေဆိပ်တွင် သူဝတ်ဆင် သည့် ခရစ်ယာန် ဘုန်းတော်ကြီးဝတ်စုံ အနက်ပေါ်မှကော်လာပြားကို တွေ့လျှင် လူတို့က “ကျေးဇူးပြု၍ ကျွန်တော့်အတွက် ဆုတောင်းပေးပါ”ဟု တောင်းဆိုကြသည်။

မကြာမီက လေယာဥ်ပေါ်တွင် အမျိုးသမီးတစ်ဦးက သူ့ကို သတိထားမိပြီး သူ့ထိုင်ခုံအနီး၌ဒူးထောက်လျက် “ရှင်က သင်းအုပ်ဆရာလား။ ကျေးဇူးပြု၍ ကျွန်မအတွက် ဆုတောင်းပေးပါလား”ဟု မေတ္တာရပ်ခံသည်။ သူကလည်း ဆုတောင်းပေးပါသည်။

ယေရမိအနာဂတ္တိကျမ်းတွင် ကျွန်ုပ်တို့၏ဆုတောင်းကို ဘုရားရှင်နားညောင်း၍ အဖြေပေးကြောင်း ကျွန်ုပ်တို့ အဘယ့်ကြောင့် သိသည်ကို မီးမောင်းထိုးပြထားသည်။ ဘုရားရှင် ဂရုစိုက်ခြင်းကြောင့် ဖြစ်သည်။ ဘုရားရှင်က ‘သင်တို့အဖို့ကြံစည်သော အကြံတို့ကို ငါသိ၏။...အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကို ရမည်’ ဟူ၍ သူချစ်သော၊ အပြစ်နှင့်ပြည့်သော၊ တိုင်းတစ်ပါးသို့ ဖမ်းဆီးခံရသော သူ၏လူမျိုးတော်တို့ကို အာမခံချက်ပေးသည် (၂၉:၁၁)။ ၎င်းတို့ သူ့ထံ ပြန်လှည့်လာမည့်အချိန်ကို ကိုယ်တော်စောင့် မျှော်ရင်း…

အကောင်းဆုံးလက်ဆောင်

ပီရူးနိုင်ငံသို့ သာသနာခရီးတို သွားနေစဥ်အတွင်း၊ လူငယ်တစ်ယောက်သည် ကျွန်မကို ငွေတောင်းခဲ့သည်။ လုံခြုံရေးအကြောင်းပြချက်များကြောင့် ငွေကြေး တောင်းခံပါက မပေးရန် ကျွန်မတို့အဖွဲ့အား ညွှန်ကြားထား ပေရာ၊ ကျွန်မ သူ့အား မည်သို့ ကူညီနိုင်မည်နည်း။ သည့်နောက် တမန်တော်ဝတ္ထု ၃ မှ ခြေမသန်သူ တစ်ဦးအား တမန်တော်ပေတရုနှင့် ယောဟန်တို့ မည်သို့တုံ့ပြန်ခဲ့သည်ကို သတိရပြီး၊ သူ့အား ငွေမပေးနိုင်ကြောင်း၊ သို့သော် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသတင်းကောင်းကို သူ့အား ဝေမျှနိုင်ကြောင်း ရှင်းပြခဲ့သည်။ သူက မိဘမဲ့ ဟု ပြောစဥ် ဘုရားသခင်သည် သူ၏ဖခင်ဖြစ်လိုကြောင်း သူ့အား ပြောပြရာ သူမျက်ရည်ကျခဲ့သည်။ ထို့နောက် သူ့အား နောက်ဆက်တွဲပျိုးထောင်ရန် ကျွန်မတို့ကို ဖိတ်ခေါ်သည့် အိမ်ရှင်အသင်းတော်မှလူတစ်ဦးနှင့် သူ့ကို ဆက်သွယ် ပေးခဲ့သည်။
တစ်ခါတစ်ရံ ကျွန်မတို့၏စကားလုံးများသည် မလုံလောက်ကြောင်း ခံစားရသည်။ သို့သော် သခင်ယေရှုအကြောင်း အခြားသူများနှင့် ဝေမျှစဥ်…

ဘုရားသခင်၏ကတိတော်အားဖြင့် ခွန်အားယူခြင်း

ဆေးရုံ၌ တစ်နေကုန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း ငယ်ရွယ်ပြီး ထက်မြက်သော ၁၉ နှစ်အရွယ် လူငယ်လေး၏ဖျားနာရသည့်အကြောင်းရင်း အဖြေကို ရှာမရသေးပါ။ စိတ်ပျက်အားလျော့လျက် မိသားစုမှ အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်လှေကားထစ်တွင် လှပစွာ ပြင်ဆင်ထားပြီး ဟေရှာ ၄၃:၂ ကျမ်းပိုဒ်ကို ဘူးပေါ်၌ ကပ်ထားသည့် ဘူးတစ်ဘူးကို တွေ့လိုက်ရ၍ သူတို့ အံ့ဩသွားသည်။ ဘူးထဲတွင် မိတ်ဆွေ များ၏ လက်ရေးဖြင့် ရေးထားသော ခွန်အားယူစရာ ကျမ်းပိုဒ်အမျိုးမျိုးကို တွေ့ရသည်။ စာနာတတ်သောမိတ်ဆွေများ၏အပြုအမူနှင့် ကျမ်းချက်များအားဖြင့် မိသားစုမှာ ပြန်လည်ခွန်အားရခဲ့ ကြသည်။

ခက်ခဲချိန်များ (သို့) မိသားစု၏အခက်အခဲများ ကြုံနေရသူတို့အနေဖြင့် စိတ်နှလုံးကို တစ်ဖန်အားဖြည့် တည်ဆောက်နိုင်ပါသည်။ ကျမ်းစာတစ်ပိုဒ်လုံးဖြစ်စေ၊ ကျမ်းချက်လေးတစ်ချက်ကပင် သင်၊ မိတ်ဆွေတစ်ဦး၊ မိသားစုတစ်စုအတွက် ခွန်အားပေးနိုင်သည်။ ဟေရှာ ၄၃ ၌ ခွန်အားယူစရာ ကျမ်းချက်လေးများဖြင့် ပြည့်နေပြီး တစ်ဦးချင်းစီ…

သခင်ယေရှု၌ အသက်တာသစ်

အာရှဒေသအလယ်ပိုင်းတွင် အတူနေထိုင်ကြီးပြင်းလာသည့် မက်ဒက် (Medet)နှင့် ဘာဟီးအာ (Baheer) တို့သည် မိတ်ဆွေကောင်းများ ဖြစ်သည်။ ဘာဟီးအာသည် သခင်ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်လာသောအခါ အရာခပ်သိမ်းပြောင်းလဲသွားခဲ့သည်။ မက်ဒက်က ဘာဟီးအာ အကြောင်းကို သက်ဆိုင်ရာသို့ သတင်းပေးခဲ့ ပြီးသည်နောက် ဘာဟီးအာသည် ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ အစောင့်က “ဒီပါးစပ်ကနေ နောက်ထပ် ယေရှုနာမည်ကို လုံးဝပြောနိုင်တော့မှာ မဟုတ်ဘူးကွ”ဟု ကြုံးဝါးပြောဆိုခဲ့သည်။ သွေးသံရဲရဲဖြင့် ဆိုးရွားစွာ နှိပ်စက် ခံခဲ့ရလည်း ဘာဟီးအာသည် “ခရစ်တော်အကြောင်းကို မဟောပြောဖို့ သူတို့ ကျွန်တော့်ကို တားကောင်း တားနိုင်မယ်။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာ ကိုယ်တော် ပြုပေးခဲ့တဲ့အရာကိုတော့ သူတို့ ဘယ်တော့မှ မပြောင်းလဲနိုင်ဘူး”ဟု သူဝန်ခံခဲ့သည်။

ထိုစကားလုံးများက မက်ဒက်၏ရင်ကို ထိမှန်ခဲ့သည်။ လအနည်းငယ်ကြာသော အခါ မက်ဒက်သည် နာမကျန်းဖြစ်ပြီး ဆုံးရှုံးမှုကို ခံစားရလျက် ထောင်မှလွတ်သွားသည့် ဘာဟီးအာကိုရှာရန် ခရီးထွက်ခဲ့သည်။…