အမျိုးအစား  |  odb

အသစ်တစ်ဖန် အားသစ်လောင်းခြင်း

လင်းယုန်ငှက်နှစ်ကောင်သည် ကျွန်ုပ်အိမ်မှ မိုင်အနည်းငယ်အကွာအဝေးရှိ သစ်ပင်ကြီးပေါ်တွင် အသိုက်ကြီးကြီးတစ်ခုကို ဆောက်လုပ်ခဲ့သည်။ များမကြာမီတွင် ထိုဧရာမငှက်များ၌ ငှက်ပေါက်လေးများ ရှိလာသည်။ ၎င်းတို့နှစ်ကောင်သည် သားပေါက်များကို အတူပြုစုစောင့်ရှောက်ရင်း လင်းယုန်ငှက် တစ်ကောင်မှာ ကားတိုက်မိပြီး ဝမ်းနည်းဖွယ်ရာ သေဆုံးသွားသည်။ အသက်ရှင်ကျန်ရစ်သည့် လင်းယုန်ငှက်သည် ရက်အတန်ကြာမျှ ပျောက်ဆုံးနေသည့်အဖော်ကို ရှာဖွေနေသကဲ့သို့ အနီးနားရှိ မြစ်တွင် အပေါ်ပျံလိုက် အောက်ဆင်းလိုက် လုပ်နေခဲ့သည်။ နောက်ဆုံးတွင် ထိုလင်းယုန်သည် အသိုက်သို့ပြန်လာပြီး သားပေါက်ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ယူခဲ့သည်။

မည်သည့်အခြေအနေမျိုး၌မဆို တစ်ဦးတည်း ရင်သွေးငယ်များကို အုပ်ထိန်း စောင့်ရှောက်ရခြင်းက စိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ကလေးငယ်တစ်ဦး၏ ပျော်ရွှင်မှုအတွက် ငွေကြေးတတ်နိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများ ပေါင်းစပ်ပါဝင်သည့် အတွေ့အကြုံအမျိုးမျိုးကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော် ဤအရေးကြီးသည့်တာဝန်ကို ယူနေရသူများနှင့် စိုးရိမ်စရာကောင်းသော အခြေအနေတစ်ခုကို စီမံခန့်ခွဲနိုင်အောင် ကြိုးစားနေရသူများအတွက် မျှော်လင့်ချက်ရှိပါသည်။

ကျွန်ုပ်တို့ မောပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျသောအခါများတွင်…

သမိုင်းတလျှောက်

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှ အဖွားနှစ်ဦးသည် အသက် (၈၁) နှစ်အရွယ်တွင် ရက်ပေါင်း (၈၀) အတွင်း ကမ္ဘာပတ်ခရီး အောင်မြင်ခဲ့သည့်အတွက် မကြာသေးမီက မီဒီယာပေါ်တွင် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။ (၂၃) နှစ်ကြာ အခင်ဆုံး ရင်းနှီးခဲ့ကြသော ကမ္ဘာပတ် သူငယ်ချင်းနှစ်ဦးသည် ကမ္ဘာ့တိုက်ကြီး (၇) တိုက်လုံးကို လည် ပတ်ခဲ့ကြသည်။ သူတို့သည် အန္တာတိကတွင် ခရီးစခဲ့ပြီး အာဂျင်တီးနားတွင် တန်ဂိုအက ကခဲ့ကြသည်။ အီဂျစ်တွင် ကုလားအုတ်စီးကာ မြောက်ဝင်ရိုးစွန်းတွင် စွတ်ဖား စီးခဲ့ကြသည်။ ဇမ်ဘီယာ၊ အိန္ဒိယ၊ နီပေါ၊ ဘာလီ၊ ဂျပန်နှင့် ရောမ အပါအဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံ လည်ပတ်ခဲ့ပြီး သြစတြေးလျတွင် ၎င်းတို့၏ ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။ အသက်အရွယ်မရွေး ကမ္ဘာလှည့်ခရီးသွားခြင်းကို ပျော်ရွှင်စွာပြုနိုင်ရန် အနာဂတ်မျိုးဆက်သစ်များကို လှုံ့ဆော်ပေးရန် မျှော်လင့်ကြောင်း သူတို့ပြောခဲ့သည်။

ထွက်မြောက်ရာကျမ်းတွင် တစ်သက်မှာ…

ဝမ်းမြောက်ဖွယ်သတင်းကောင်း

မက်သဒစ်ဓမ္မသီချင်းစာအုပ်တွင် နှစ်ပေါင်း (၂၀၀) ကျော်တိုင် ထိပ်ဆုံး၌ရှိနေခဲ့သော ဓမ္မသီချင်းမှာ ‘O for a Thousand Tongues to Sing’ (လျှာပေါင်းတစ်ထောင်အတွက် သီဆိုဖွယ်ရာ) ဖြစ်သည်။ ထိုဓမ္မသီချင်းကို Charles Wesley (ချားလ်စ် ဝက်စလီ) မှရေးသားပြီး မူရင်းအမည်မှာ ‘For the Anniversary Day of One’s Conversion’ (ပုဂ္ဂိုလ်တစ်ဦး၏ပြောင်းလဲခြင်း နှစ်ပတ်လည်နေ့အတွက်) ဟူသော ခေါင်းစဉ်ဖြင့် သခင်ယေရှုကို ယုံကြည်ခြင်းကြောင့် သူ့အသက်တာ အသစ်တစ်ဖန် ပြောင်းလဲမှုအတွက် ဂုဏ်ပြုရေးစပ်ခဲ့ခြင်းဖြစ်သည်။ ထိုသီချင်းတွင် နောင်တရပြီး ခရစ်တော် နောက်တော် လိုက်လျှောက်သူတို့အပေါ် ကျရောက်သည့် ဘုရားသခင်၏ ကောင်းမြတ်ခြင်းဘုန်းတော်ကို ကြွေးကြော်သည့် အပိုဒ် (၁၈) ပိုဒ် ပါရှိသည်။

ထိုသို့သောယုံကြည်ခြင်းသည် ဂုဏ်ပြုထိုက်သလို မျှဝေထိုက်ပါသည်။ တိမောသေသြဝါဒစာဒုတိယစောင် ၂ တွင် ရှင်ပေါလုသည် တိမောသေအား သူ၏ယုံကြည်ခြင်း၌ တည်ကြည်ရန်နှင့် ယုံကြည်ခြင်းကို…

ဆက်ကပ်ဆုတောင်းခြင်း

“သားအတွက် အဖွားဆုတောင်းပေးနေတာ နှစ် (၅၀) ရှိပြီ” ဟုအမျိုးသမီးကြီးတစ်ဦးက ပြောသည်။ ကျွန်ုပ်သူငယ်ချင်း Lou (လူး)သည် သူမ၏မျက်နှာကို ကျေးဇူးတင်သည့်အကြည့်ဖြင့် လေးလေးနက်နက်‌ ကြည့်လိုက်သည်။ လူးသည် သူ့အဖေ နေထိုင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်၌ ရွာမှထွက်ခွာခဲ့သည့် ဘူဂေးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူ ထိုအဖွားသည် သူ့အဘိုးအဘွား ၏အိမ်နီးချင်းဖြစ်သည်။ သူမသည် အဝေးရှိ ကမ္ဘာ့တိုက်ကြီးတစ်နေရာမှ လူး၏ မွေးဖွားခြင်းအကြောင်းကို ကြားသိသိချင်းတွင် သူ့အတွက် စတင်ဆုတောင်းပေးခဲ့သည်။ ယခု ရာစုနှစ်တစ်ဝက်ကျော်ကြာပြီးနောက် သူသည် အလုပ်ကိစ္စဖြင့် ခရီးသွားရင်း ထိုရွာသို့ ရောက်လာခြင်းဖြစ်သည်။ ထိုနေရာတွင် ရှိနေစဥ်တွင် သူ၏ယုံကြည်ခြင်းအကြောင်းကို လူတစ်စုအား ဝေမျှပြောပြခဲ့သည်။ လူးသည် အသက် (၃၀) ဝန်းကျင်အထိ သခင်ယေရှုကို ယုံကြည်သူတစ်ယောက် ဖြစ်မလာခဲ့သေးပါ။ သူစကားပြောပြီးသည်နောက် ထိုအမျိုးသမီးက သူ့ထံ ချဥ်းကပ်လာကာ ပြောလိုက်သည့်စကားကြောင့် သူယုံကြည်ခြင်းသို့ ရောက်မည့်အကြောင်း…

ခရစ်တော်၌ အတူတကွရှိခြင်းက သာ၍ကောင်းသည်

ဒေါက်တာ Tiffany Gholson (တစ်ဖနီ ဂေါလ်စန်)သည် အီလီနွိုင်စ်ပြည်နယ်ရှိ အမေရိကန်မြို့ငယ်လေး စိန့်လူးဝစ် အ‌ရှေ့ပိုင်းတွင် ရာဇဝတ်မှုများ၏ သက်ရောက်မှုကို နည်းလမ်းမျိုးစုံဖြင့် တွေ့မြင်ခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်တွင် မြို့တွင် လူသတ်မှု (၃၁) ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ ရာဇဝတ်မှုအားလုံး (၃၇) ရာခိုင်နှုန်း ကျဆင်းသွားသည်။ မည်သို့နည်း။ တွဲဖက်လုပ်ဆောင်မှု၏အစွမ်း ဖြစ်သည်။ ပြည်နယ်နှင့်မြို့တော်ရဲများ၊ မြို့တွင်းကျောင်းခရိုင်အဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများပါဝင်သော မြို့တော် ၏ အများပြည်သူလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရေးအဖွဲ့သည် မြို့သူမြို့သားအားလုံး၏အကျိုးအတွက် အတူတကွကြိုးပမ်းဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်။

မြို့သူမြို့သားများအား ကူညီရန် အားလုံးပါဝင်ခြင်းကို “ဒါဟာ အိမ်ထောင် တစ်ခုလို့ ကျွန်မတို့ပြောပါတယ်” ဟု‌‌‌ ဒေါက်တာဂေါလ်စန် ပြောကြားခဲ့သည်။ သူမ ဦးဆောင်သည့် ကျောင်းခရိုင်အဖွဲ့ Wraparound Wellness Center (ရာပရောင်း ကျန်းမာရေးစင်တာ)တွင် ရာဇဝတ်မှု (သို့) မတော်တဆမှုကြောင့် ထိခိုက်ခံစားရသော ကလေးများကို ကူညီထောက်ပံ့ရန်…

ရှေးဦးစွာ ဝတ်ပြုကိုးကွယ်ပါ

အရွယ်ရောက်ပြီးသူများအတွက် တည်မြဲသောခင်မင်ရင်းနှီးမှုကို တည်ဆောက်ပေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုကို စတင်ရန် ကျွန်ုပ်၌ တစ်ခါမှ အစီစဥ်မရှိခဲ့ပါ။ ၎င်းကိုစတင်ရန် နှိုးဆော်ခြင်းခံရသည့်အခါ ထိုပရဟိတလုပ်ငန်းကို မည်သို့ငွေကြေးပံ့ပိုးမည်နည်း၊ မည်သူက ကျွန်ုပ်ကို ကူညီမည်နည်း စသည်ဖြင့် ကျွန်ုပ်၌ မေးခွန်းများစွာရှိခဲ့သည်။ ဤကိစ္စနှင့်စပ်လျဥ်း၍ ကျွန်ုပ်အတွက် အကြီးမားဆုံးအကူအညီကို စီးပွားရေးစာအုပ်မှမဟုတ်ဘဲ သမ္မာကျမ်းစာမှ ရရှိခဲ့သည်။

ဧဇရမှတ်စာသည် တစ်စုံတစ်ခုကို တည်ဆောက်ရန် ဘုရားသခင်နှိုးဆော်ခြင်းခံရသူတိုင်းအတွက် မရှိမဖြစ် ဖတ်ရန်လိုအပ်သည့် ကျမ်းစာဖြစ်သည်။ ထိုကျမ်း၌ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယုဒလူမျိုးများ ယေရုရှလင်မြို့ကို ပြည်လည် တည်ဆောက်ပုံ၊ ပြည်သားတို့၏ပေးလှူမှုနှင့် အုပ်ချုပ်သူတို့၏ထောက်ပံ့မှုဖြင့် ငွေဘဏ္ဍာများကို ဘုရားသခင် ပြင်ဆင်ပေးခဲ့ပုံ (ဧဇ ၁:၄-၁၁၊ ၆:၈-၁၀)၊ စေတနာ့ဝန်ထမ်းများနှင့် ဆောက်လုပ်သူများ မည်သို့အလုပ်လုပ်ဆောင်ခဲ့ပုံ (၁:၅၊ ၃:၇) စသည်တို့ကို ပြန်ပြောင်းပြောပြခဲ့သည်။ ယုဒလူမျိုးများပြန်လာပြီး နှစ်နှစ်ကြာသည့်တိုင်အောင် ပြန်လည်တည်ဆောက်ခြင်းမပြုဘဲ ပြင်ဆင်ချိန်၏ အရေးကြီးပုံကို ဖော်ပြသည်…

အပြစ်များကို ဖော်ထုတ်ခြင်း

သူခိုးတစ်ယောက်သည် ဖုန်းပြင်ဆိုင်တစ်ခုသို့ဝင်ရောက်ပြီး မှန်ကိုရိုက်ခွဲကာ ဖုန်းများနှင့် အခြားအရာများကို ခိုးယူသွားသည်။ စောင့်ကြည့်ကင်မရာမှ သူမည်သူမည်ဝါဖြစ်ကြောင်းမပေါ်အောင် သူ၏ခေါင်းကို ကတ်ထူဘူးဖြင့် ကြိုးစားဖုံးကွယ်ခဲ့သည်။ သို့သော် ဖောက်ထွင်းနေချိန်တွင် ထိုဘူးမှာ ခဏလေးချော်သွားပြီး သူ၏ မျက်နှာပေါ်သွားသည်။ မိနစ်အတန်ကြာတွင် ဆိုင်ပိုင်ရှင်သည် ဖောက်ထွင်းမှု ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ပြီး ရဲတိုင်ခဲ့သည်။ ထို့နောက် အနီးအနားရှိ စတိုးဆိုင်အပြင်ဘက်တွင် သူခိုးကို ဖမ်းမိခဲ့သည်။ တစ်နေ့တစ်ချိန်တွင် ဖုံးကွယ်ထားသောအပြစ်အားလုံးသည် ဖော်ထုတ်ခြင်းခံရမည်ဖြစ်ကြောင်း ထိုအဖြစ်အပျက်က ကျွန်ုပ်တို့ကို သတိပေးနေသည်။

ကျွန်ုပ်တို့၏အပြစ်များကို ဖုံးကွယ်ရန်ကြိုးစားခြင်းသည် လူ့သဘာဝဖြစ်သည်။ သို့သော် ဘုရားသခင်၏ပညတ်တော်များကို ကျွန်ုပ်တို့စောင့်‌ရှောက်သင့်ပြီး၊ ဖုံးကွယ်ထားသောအရာအားလုံးကို ကိုယ်တော်၏ ဖြောင့်မတ်သော စစ်ကြောခြင်းနှင့် စီရင်ချက်ရှေ့သို့ ယူဆောင်လာလိမ့်မည်ဟူ၍ ဒေသနာကျမ်းတွင် ဖတ်ရှုရသည် (၁၂:၁၄)။ စာရေးသူက “ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း” ဟူ၍ ရေးသားခဲ့သည်…

ကောင်းကင်ဘုံနှင့်ဆိုင်သော ကြွယ်ဝမှု

ငှက်ပျောသီး (၈) လုံးကို လက်ခံရရှိရန် ကျွန်မမျှော်လင့်ခဲ့သည်။ ထိုအစား ကျွန်မအိမ်သို့ ပို့ပေးလာသည့် စျေးဝယ်အိတ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ငှက်ပျောသီး အလုံး (၂၀) ကို တွေ့ခဲ့သည်။ အင်္ဂလန်သို့ ပြောင်းရွေ့လာခြင်းက စားသောက်ကုန်များကို ပေါင်ဖြင့် မှာယူခြင်းမှသည် ကီလိုဂရမ်ဖြင့် မှာယူခြင်းသို့ ပြောင်းသွားစေသည်ကို ကျွန်မအလျင်အမြန် သတိပြုမိခဲ့သည်။ ငှက်ပျောသီးကို ၃ ပေါင်အစား ၃ ကီလိုဂရမ် (၇ ပေါင်နီးပါး)ကို ကျွန်မ မှာယူမိခဲ့သည်။

ဤမျှများပြားအလျှံပယ်ဖြစ်ခြင်းကြောင့် အခြားသူများနှင့် ကောင်းချီးများဝေမျှရန် ကျွန်မနှစ်သက်သော ငှက်ပျောသီးပေါင်မုန့်များစွာ ဖုတ်ခဲ့သည်။ ငှက်ပျောသီးများကို ကြိတ်ခြေရင်း မမျှော်လင့်ထားသော ကြွယ်ဝမှုကို တွေ့ကြုံ ခံစားခဲ့ရသည့် ကျွန်မ၏ဘဝအခြားအပိုင်းများကို စတင်တွေးထင်မိခဲ့ပြီး လမ်းတိုင်းက ဘုရားသခင်ဆီသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ပေါလုသည် သူ၏အသက်တာတွင် ဘုရားသခင်၏ကြွယ်ဝမှုကို ပြန်လည်သတိရမိသည့် အလားတူသည့် အတွေ့အကြုံတစ်ခု ရှိခဲ့ပုံရသည်။ တိမောသေထံသို့ရေးသည့်…

ဘုရားသခင်၊ ကျွန်ုပ်စိတ်နှလုံးကို စစ်ဆေးပါ

အစားအသောက်စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်အတွက် စင်္ကာပူရှိ စူပါမားကတ် ဆိုင်ခွဲတစ်ခုသည် အပြစ်အနာဆာ အနည်းငယ်ပါသော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို လျှော့စျေးဖြင့် ရောင်းချသည်။ ဤအစပြုမှုသည် တစ်နှစ်အတွင်းတွင် အမြင်မလှ၊ စံနှုန်းများနှင့် မကိုက်ညီခြင်းကြောင့် ယခင်က စွန့်ပစ်ခဲ့ရသော ထုတ်ကုန် တန်ချိန် ၈၅၀ ကျော် (၇၇၁,၀၀၀ ကီလိုဂရမ်ကျော်)ကို အကျိုးရှိစွာ သုံးစွဲနိုင်ခဲ့သည်။ အပြင်ပန်းအသွင်အပြင်များဖြစ်သည့် အမာရွတ်များနှင့် တစ်မူထူးသောပုံစံများသည် အတွင်းရှိ အရသာနှင့် အာဟာရတန်ဖိုးကို မထိခိုက် စေကြောင်း မကြာမီတွင် ဈေးဝယ်သူများ သိလာသည်။ အပြင်၌ရှိသည့် အရာက အတွင်း၌ရှိသည့်အရာ မည်သို့ ဖြစ်သည်ကို အမြဲ မဆုံးဖြတ်ပေးနိုင်ပါ။

ပရောဖက်ရှမွေလသည် နောက်ထပ်ဣသရေလရှင်ဘုရင်ကို ဘိသိက်ပေးရန် ဘုရားသခင် စေလွှတ်လိုက်သောအခါ အလားတူသင်ခန်းစာကို သင်ယူခဲ့ရသည် (၁ ရာ ၁၆:၁)။ ယေရှဲ၏သားဦး ဧလျာဘကို မြင်သောအခါ၊ ရှမွေလက ရွေးကောက်…

ကျွန်ုပ်သည် သက်ဆိုင်ပြီလား

နောက်ဆုံးတွင် ရုပ်ရှင်သရုပ်ဆောင် Sally Field (စယ်လီဖီး) သည် ကျွန်ုပ်တို့အားလုံး တောင့်တလိုချင်သည့်အရာကို ခံစားခဲ့ရသည်။ သူမသည် ၁၉၈၅ ခုနှစ်တွင် ဒုတိယမြောက် အော်စကာဆုကို ရရှိခဲ့သောအခါ ဆုကို လက်ခံစဥ် “အရာအားလုံးထက် ရှင်တို့ရဲ့ လေးစားတန်ဖိုးထားမှုကို ကျွန်မ ပိုလိုချင်ခဲ့တယ်။ ပထမအကြိမ်ဆုရတုံးက အဲဒါကို ကျွန်မ မခံစားခဲ့ရဘူး။ ဒါပေမယ့် ဒီတစ်ခါတော့ ခံစားရတယ်။ ပြီးတော့ ရှင်တို့ ကျွန်မကို သဘောကျတယ်။ အခု ရှင်တို့ ကျွန်မကို ကြိုက်တယ်ဆိုတဲ့အချက်ကို ကျွန်မငြင်းလို့မရတော့ဘူး” ဟု ပြောခဲ့သည်။

အဲသရောပိ မိန်းမစိုးတစ်ဦးလည်း သူ့ကိုလက်ခံခြင်းအတွက် အံ့အားသင့်ခံစားခဲ့ရသည်။ တစ်ပါးအမျိုးသားနှင့် မိန်းမစိုးဖြစ်ခြင်းကြောင့်၊ ဗိမာန်တော်၏ အတွင်းတန်တိုင်းသို့ သူဝင်ခွင့်မရဘဲ၊ ငြင်းပယ်ခြင်းခံခဲ့ရသည် (ဧ ၂:၁၁-၁၂၊ တရား ၂၃:၁)။ သို့သော် ဝင်ခွင့်ရသူများ၌ သူပါဝင်နိုင်ရန် တောင့်တဆန္ဒရှိခဲ့သည်။ ယေရုရှလင်မြို့ ဝတ်ပြုခရီးမှ စိတ်ကျေနပ်မှုမရှိဘဲ…