ဝိညာဉ်ရေး ထက်သန်နေအောင် ထိန်းသိမ်းခြင်း
‘Rocky’ (ရော့ကီ) ရုပ်ရှင်တွဲများသည် ဘယ်လိုပဲဖြစ်ဖြစ် လုံးဝအရှုံးမပေးဟု ခိုင်မာသည့်ဆုံးဖြတ်ချက်ဖြင့် အတွေ့အကြုံမရှိသေးသော လက်ဝှေ့သမားလေး၏ မဖြစ်နိုင်သည့်အရာများကို ကျော်ဖြတ်ကာ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပုံကို ရိုက်ပြထား သည်။ ‘Rocky III’ တွင် အောင်မြင်လာသော ရော့ကီသည် သူ၏အောင်မြင်မှုများ၌ ကျေနပ်ယစ်မူးလာခဲ့သည်။ တီဗီကြော်ငြာများရိုက်ရခြင်းက သူ၏လေ့ကျင့်ချိန်ကို ပျက်ပြားစေခဲ့သည်။ ချန်ပီယံကြီးမှာ အားပျော့လာပြီး စိန်ခေါ်သူ၏အလဲထိုးမှုကို ခံခဲ့ရသည်။ ရုပ်ရှင်၏ကျန်သည့်အပိုင်းမှာ သူ၏ထူးချွန်သည့် တိုက်ရည်ခိုက်ရည်ပြန်ရ အောင်ကြိုးစားသည့် ရော့ကီ၏ အားထုတ်မှုကို ရိုက်ပြထားသည်။
ဝိညာဉ်ရေးရာ၌ ယုဒဘုရင်အာသ၏ ထက်သန်မှု ပျောက်ဆုံးနေသည်။ ကနဦး သူအုပ်ချုပ်စဉ် ထိတ်လန့်ဖွယ်ရာများ ကြုံရချိန်၌ ဘုရားကိုသာ သူအားကိုးခဲ့သည်။ ခွန်အားကြီးသော ကုရှလူမျိုးများ တိုက်ခိုက်ရန် ကြံစည်သည့်အခါ ဘုရင်အာသက “အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ခိုလှုံ၍ နာမတော်ကို အမှီပြုလျက်၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်း ငှာ သွားပါ၏”ဟု ဆုတောင်းခဲ့သည်…
သခင်ခရစ်တော်၏ကြင်နာမှုကို ဖြန့်ကျက်ခြင်း
သနားကရုဏာလား၊ ကလဲ့စားချေခြင်းလား။ Isaiah (အိုင်ဇိုင်းယား)သည် Little League (လစ်တယ်လိဂ်)၏ မြို့နယ်ချန်ပီယံ ဘေ့စ်ဘောပြိုင်ပွဲတွင် သူ့ခေါင်းကို အရှိန်ပြင်းသည့်ဘောလုံးထိမှန်ခဲ့သည်။ သူ့ခေါင်းကိုကိုင်ရင်း မြေပေါ်လဲကျသွားခဲ့သည်။ သူ၏ဟမ်းမက်ဦးထုပ်က ဒဏ်ရာပြင်းပြင်းထန်ထန် မရအောင် သူ့အားကာကွယ်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရပေမည်။ ပွဲစဉ်ဆက်ကစားခဲ့ရာ မိမိ၏မရည်ရွယ်သည့်အမှားတစ်ခုကြောင့် တုန်လှုပ်နေသည့် ပြိုင်ဘက်အသင်းမှ ဘောလုံးပစ်သမားကို အိုင်ဇိုင်းယား သတိထားမိခဲ့သည်။ ထိုအချိန်မှာပင် အိုင်ဇိုင်းယား သည် သာမန်မဟုတ်သည့်အရာတစ်ခုကို လုပ်လိုက်ရာ၊ သူ၏တုံ့ပြန်မှုဗီဒီယိုသည် ဟိုးလေးကျော်သွားခဲ့သည်။ ဘောလုံးပစ်သမားထံ သူလျှောက်သွားပြီး နှစ်သိမ့်သည့်အနေဖြင့်ပွေ့ဖက်ခဲ့ပြီး သူအဆင်ပြေကြောင်း ပြသခဲ့သည်။
ရန်ပွဲဖြစ်နိုင်သည့် ထိုအခြေအနေမျိုးတွင် အိုင်ဇိုင်းယား သည် ကြင်နာမှုကိုသာရွေးချယ်ခဲ့သည်။
ဓမ္မဟောင်းကျမ်းတွင်လည်း သူ့ကို လှည့်ဖြားခဲ့သည့် အမွှာညီ ယာကုပ်ကို လက်စားချေရန် နှစ်ပေါင်းများစွာကြံစည်ခဲ့သည့် အစီအစဉ်များကို ဧသောသည် စွန့်ပစ်ကာ အလားတူ ပို၍ခက်ခဲသည့်လမ်းကိုရွေးချယ်ခဲ့သည်။ ယာကုပ်သည် ရပ်ဝေးသို့ထွက်ပြေးခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာပြီးနောက် မိမိနေအိမ်သို့ပြန်လာခဲ့ရာ ဧသောသည် သူ့အပေါ်မှားယွင်းစွာပြုခဲ့သည့် ယာကုပ်အား…
အတိတ်နှင့် ပစ္စုပ္ပန်တွင်ရှိသော ဘုရားသခင်
ကျွန်တော့်တို့မိသားစု နေထိုင်ခဲ့သည့် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်မြို့မှ ပြောင်းရွှေ့ခဲ့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ။ ထိုနေရာတွင် အမှတ်တရကောင်းများ ရှိခဲ့သည်။
မကြာမီက ထိုမြို့လေးသို့ ပြန်လည်ပတ်ခဲ့စဉ်က မေ့ပျောက်သလောက်ရှိသော အချိန်များဖြစ်သည့် သမီးများ၏ဘောလုံးအားကစားပွဲများ၊ ကျွန်ုပ်တို့၏အိမ်ဟောင်း၊ ဘုရားကျောင်းတွင် စုဝေးမှုများနှင့် မိတ်ဆွေများ၏ မက္ကဆီကန် စားသောက်ဆိုင်တို့ကို ပြန်အမှတ်ရစေသည်။ မြို့က ပြောင်းလဲသွားသော်လည်း ပြန်ပြီး အလည်လာချင်သည့်ဆန္ဒကို အစပျိုးပေးသော ရင်းနှီးကျွမ်းဝင်မှု လုံလောက်စွာ ရှိသည်။
ဣသရေလလူမျိုးတို့သည် ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံရသောအခါ ၎င်းတို့ ရင်းနှီးကျွမ်းဝင်သောလူများ၊ အထင်ကရနေရာများ၊ ယဉ်ကျေးမှုများကို လွမ်းဆွတ်ခဲ့ကြသည်။ဘုရား၏သခင်ကို ပုန်ကန်ခြင်းကြောင့် ပြည်နှင်ဒဏ်ခံခဲ့ရသည်ကိုတော့ မေ့လျော့
နေခဲ့ကြသည်။ မိစ္ဆာပရောဖက်များက ပြည်နှင်ဒဏ်ခံရသူများအား နှစ်နှစ် အတွင်း အိမ်သို့ပြန်မည်ဟုပြောသောအခါ (ယေ ၂၈:၂-၄; ၂၉:၈-၉)၊ သူတို့ကိုလက်ခံသော ပရိသတ်များရှိခဲ့သည်။ မကြာခင် အိမ်ပြန်ရမည်ဟု ကတိပေးသော မိစ္ဆာပရောဖက်များ၏ သဘောကျဖွယ်စကားများကို နားယောင်ရန် လွယ်ပါသည်။
ဘုရားသခင်သည်…
ဘုရားသခင် အသိအမှတ်ပြုဖို့ရန် လုပ်ဆောင်ခြင်း
ဘုရားသခင်နှင့် လူများပေါ်ထားသော ချစ်ခြင်းမေတ္တာက Kathryn (ကက်သရင်း)၏ ကျမ်းစာဘာသာပြန်ခြင်း အလုပ်ကို စွဲမြဲစေသည်။ အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများသည် မိမိတို့၏ မိခင်ဘာသာစကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုပြီး လေးလေးနက်နက် နားလည်လာနိုင်ခြင်းကို သူမ ဝမ်းမြောက်ပါသည်။ သူတို့ ဖတ်ရှုပြီး နားလည်ကြသောအခါ “သူတို့တွေ မကြာခဏ စပြီး အော်ဟစ် ကြွေးကြော်ကြတယ် ။ လက်ခုပ်တီး ကြတယ်။ ရှင်ယေရှုအကြောင်းဖတ်ပြီး ‘အို အံ့ဩစရာ ကောင်းလိုက်တာ’ လို့ပြောကြတယ်” ဟု ကက်သရင်း မှတ်ချက်ချပြောပြသည်။
ကက်သရင်း သည် အခြားလူများစွာကို သူတို့၏ဘာသာစကားဖြင့် ကျမ်းစာဖတ်ရှုစေလိုသည်။ ဤဆန္ဒဖြင့် ပတ်မုကျွန်းရှိ သက်ကြွယ်တပည့်တော် ရှင်ယောဟန် ၏ ရူပါရုံကို သူမနှလုံးသားနှင့် နီးကပ်စွာ စွဲကိုင်ထားသည်။ဝိညာဉ်တော်အားဖြင့် ဘုရားသခင်သည် သူ့ကို ကောင်းကင်ဘုံ၏ပလ္လင်တော်အခန်းသို့ ပို့ဆောင်တော်မူပြီး “အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ…
ဘုရားသခင်က ရွေးခေါ်ပြီး ပြင်ဆင်ပေးသည်
“နိုင်ငံတကာစာအုပ်ပြပွဲအတွက် မင်းရဲ့အလုပ်က သင့်တော်တဲ့နေရာမှာ ရေဒီယို အသံလွှင့်မှုကို စီစဉ်ဖို့ပဲ”ဟု ကျွန်မ၏ အလုပ်ရှင်က ပြောခဲ့သည်။ ကျွန်မအတွက် နယ်ပယ်သစ်ဖြစ်နေ၍ ကျွန်မ ကြောက်ရွံ့မိသည်။ “ဘုရားသခင်၊ ကျွန်မ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ”ဟု ဆုတောင်းခဲ့သည်။
ဘုရားသခင်သည် ကျွန်မအား လမ်းပြခဲ့ပြီး၊ အတွေ့အကြုံရှိ နည်းပညာရှင်များ၊ ရေဒီယိုမှဟောပြောဆွေးနွေးသူများ၊ ပြပွဲအတွင်း ကျွန်ုပ်သတိမမူမိသော အသေးစိတ်အချက်အလက်များကို သတိပေး နှိုးဆော်ခြင်းများ စသည့် လိုအပ်သောအရာများနှင့် လူများကို ပြင်ဆင်ပေးသည်။ ပြန်လည်စဥ်းစား ဆင်ခြင်ရာတွင်၊ မည်သည့်အရာများ လိုအပ်သည်ကို ဘုရားသခင်သည် သိရှိပြီး ကျွန်မအား သူပေးထားသည့် ကျွမ်းကျင်မှုများကို အသုံးပြုရန် လှုံ့ဆော်ပေးသောကြောင့် ထုတ်လွှင့်မှုသည် ကောင်းမွန်စွာ ပြီးမြောက်သွားသည်ကို ကျွန်မသိပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အား အလုပ်တစ်ခု လုပ်ရန် ခေါ်သောအခါ၊ ထိုအလုပ်အတွက် လိုအပ်သောအရာများကို ကျွန်ုပ်တို့အား ပြင်ဆင်ပေးထားသည်။ တဲတော်၌ ဗေဇလေလကို…
နေရာအပြောင်းအလဲ
ကျွန်မသူငယ်ချင်း Joann (ဂျိုအန်း)သည် ကိုရိုနာဗိုင်းရပ်စတင်ပြန့်ပွားသည့် ၂၀၂၀ ခုနှစ် တွင် လေဖြတ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ အစပိုင်းတွင် သူ၏အောက်မေ့ဖွယ်အစည်းအဝေးကို ဘုရားကျောင်းတွင်ပြုလုပ်မည်ဟု သူ့မိသားစုက ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် တက်ရောက်သူဦးရေကို လျော့ချရန်အတွက် အသုဘရှုရန်နေရာတွင်သာပြုလုပ်ရန် အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့သည်။ အွန်လိုင်းအသိပေးစာတွင် “Joann Warners (ဂျိုအန်း ဝယ်နာစ်) - နေရာအပြောင်းအလဲရှိသည်” ဟု ရေးသားထားသည်။
မှန်ပါသည်၊ သူမ၏နေရပ် ပြောင်းသွားသည်။ သူမသည် မြေကြီးမှ ကောင်းကင် ဘုံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ဘုရားသခင်သည် သူမ၏အသက်တာကို လွန်ခဲ့သောနှစ်များက ပြောင်းလဲစေခဲ့ပြီး၊ သူမသည် ဘုရားရှင်အား နှစ်ငါးဆယ်နီးပါး မေတ္တာဖြင့် အစေခံခဲ့သည်။ ဆေးရုံတွင် သေလုမျောပါး လဲနေရချိန်၌ပင် ရုန်းကန်နေရသော သူမ ချစ်ရသည့်သူများအကြောင်း မေးနေခဲ့ပါသေးသည်။ ယခုတွင် သူမ၏ဘုရားရှင်နှင့်အတူ ရှိနေပြီ။ သူမ၏နေရပ်ပြောင်းသွားပါပြီ။
တမန်တော်ရှင်ပေါလုလည်း အခြားနေရာတစ်ခုတွင် ခရစ်တော်နှင့်အတူရှိလိုသည့် ဆန္ဒ ရှိခဲ့သော်လည်း (၂…
ဘုရားသခင်၏လက်ရာတော်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် သိပ္ပံပညာရှင်များသည် James Webb Space အဝေးကြည့်မှန်ပြောင်းအသစ်မှ အာကာသရှိ အနက်ရှိုင်းဆုံးနေရာကိုရိုက်ထား
သည့် ပထမဆုံးပုံများကို စောင့်မျှော်ခဲ့ကြသည်။ ဤနောက်ဆုံးပေါ် အဝေးကြည့် မှန်ပြောင်းသည် လူသားများ ယခင်က ကြည့်ဖူးသည်ထက် စကြဝဠာကို ပို၍ဝေးသော အကွာအဝေးထိ လှမ်းကြည့်နိုင်သည်။ ရုတ်တရက် ရင်သပ်ရှုမောဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ တစ်ခါမှမမြင်ဘူးသေးသော Carina Nebula (ခါရီးနား နက်ဗျူလာ) အာကာသဟင်းလင်းပြင်မှ ကြယ်စု၏ အရောင်အသွေးစုံလင်သော မြင်ကွင်းဖြစ်သည်။ NASA (နာဆာ)မှ နက္ခတ္တဗေဒပညာရှင် တစ်ဦးက ထင်ရှားသော ဘုရားမဲ့ဝါဒီ Carl Sagan (ကားလ် ဆာဂန်)၏ စကားကို ကိုးကားလျက် “တစ်နေရာရာမှာ မယုံနိုင်စရာအရာတစ်ခုက စောင့်နေတယ်”ဟု ပြောခဲ့သည်။
ရံဖန်ရံခါ လူများသည် ဘုရားသခင်ကို စကားပြောနိုင်ပြီး သူ့ကိုတော့…
မုသာနှင့် သမ္မာတရား
ကြီးမားသည့် မုသာအလိမ်အညာများသည် သေးငယ်သည့်မုသာများထက် ပို၍ အစွမ်းထက်သည်ဟု Adolf Hitler (အဒေါ့ဖ်ဟစ်တလာ)က ယုံကြည်ခဲ့ပြီး၊ သူ၏ ထင်မြင်ယူဆချက်မှန်ကန်ကြောင်း စမ်းသပ်အောင်မြင်ခဲ့ခြင်းက ဝမ်းနည်းဖွယ် ဖြစ်သည်။ သူ၏နိုင်ငံရေးသမားဘဝ အစောပိုင်းကာလ၌ သူသည် အခြားသူတို့၏ ပြင်းပြသည့်ဆန္ဒ ရည်မှန်းချက်များကို ကူညီပံ့ပိုးပေးရန် နှစ်သက်သူဖြစ်သည်ဟု ဖော်ထုတ်ပြောဆိုခဲ့သည်။ သူ အာဏာရရှိလာသည့်အခါ သူ၏ပါတီသည် မည်သူ့ကိုမှ ညှဥ်းပန်းနှိပ်စက်ရန် မရည်ရွယ်ခဲ့ပါဟု သူပြောခဲ့သည်။ နောက်ပိုင်းတွင် သူသည် သတင်းမီဒီယာများကို အသုံးချပြီး သူ့ကိုယ်သူ နိုင်ငံ့ဖခင်ကြီးနှင့် အကျင့်သိက္ခာပြည့်ဝသော ခေါင်းဆောင်ကြီးအဖြစ် ပုံဖော်ခဲ့သည်။
စာတန်သည် မုသာကိုအသုံးပြုလျက် ကျွန်ုပ်တို့၏အသက်တာများကို ထိန်းချုပ်နိုင်ရန် ကြိုးစားသည်။ သူသည် “မုသာစကား၌ ကျင်လည်သောသူ၊ ... မုသာ၏ဖခင်” ဖြစ်သောကြောင့် (ယော ၈:၄၄) ဖြစ်နိုင်သမျှအချိန်တိုင်းတွင် ကြောက်ရွံ့မှု၊ အမျက်ဒေါသနှင့် စိတ်ပျက်ခြင်းတို့ကို နှိုးဆွပေးသူဖြစ်သည်။ သခင်ယေရှုပြောသကဲ့သို့ စာတန်၌ သမ္မာတရား…
ဝမ်းမြောက်ခြင်း နှင့် ဉာဏ်ပညာ
နွေဦးရောက်တိုင်း သင်းပျံ့မွှေးကြိုင်သောချယ်ရီပန်းများသည် ပန်းရောင်ဖျော့ဖျော့၊ ပန်းရောင်စိုစို လွင်လွင် အလှများဖြင့် ဂျပန်နိုင်ငံအနှံ့ဖုံးလွှမ်းကာ ဒေသခံများနှင့် နိုင်ငံခြားခရီးသွားများအား သာယာကြည်နူးစေသည်။ ခဏတာသာ ဖူးပွင့်သည့် သဘာဝရှိသည့် ပန်းပွင့်များက သူတို့ပွင့်လန်းနေစဉ် သူတို့၏အလှနှင့်ရနံ့ကို ခံစားရန်ဆိုသည့် ပြင်းပြသောအသိကို ဂျပန်လူမျိုးတို့၌ ပျိုးထောင်ပေးသည်။ တိုတောင်းလှသည့် ထိုအတွေ့အကြုံက ဆွတ်ပျံ့လွမ်းမောဖွယ်အရှိန်ကိုမြင့်စေသည်။ လျင်မြန်စွာပြောင်းလဲသွားမည့်အရာ၌ တမင်တကာ သာယာကြည်နူးခံစားခြင်းကို ‘mono-no-aware’ (တစ်စုံတစ်ရာအတွက် ကရုဏာရသ) ဟု ခေါ်ကြသည်။
လူသားများအနေဖြင့် တာရှည်ခံသည့် ဝမ်းမြောက်ခြင်းကို ရှာဖွေလိုသည်မှာ နားလည်နိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော် လက်တွေ့ဘဝသည် ခက်ခဲမှုများကို ဖြေရှင်းရသည်။ အဓိပ္ပာယ်မှာ မေတ္တာတော်ရှင်ဘုရားသခင်၌ ယုံကြည်ခြင်းအမြင်ဖြင့် နာကျင်မှုနှင့် သာယာပျော်ရွှင်မှုနှစ်ခုစလုံးအား ကြည့်နိုင်သည့် စွမ်းရည်မျိုးကို ကျွန်မတို့ ပျိုးထောင်ရန်ဖြစ်သည်။ အသက်တာကို အလွန်အကျွံအဆိုးမြင်ခြင်း (သို့) လက်တွေ့မကျစွာ အကောင်းမြင်တတ်လွန်းခြင်းမျိုးတို့ မလိုအပ်ပေ။
ဒေသနာကျမ်းက ကျွန်မတို့အတွက် အထောက်အကူဖြစ်စေမည့် စံနမူနာတစ်ခုကို ပြသပေးထားသည်။ ထိုကျမ်းစာစောင်သည်…
အထီးကျန်သောအသံ
ပထမကမ္ဘာစစ်ကို အဆုံးသတ်ခဲ့သည့် ပါရီငြိမ်းချမ်းရေးညီလာခံပြီးနောက် “ဒါက ငြိမ်းချမ်းရေးမဟုတ်ဘူး။ အနှစ် (၂၀) ယာယီ စစ်ပြေငြိမ်းရေးသာဖြစ်တယ်”ဟု ပြင်သစ်စစ်ဗိုလ်ချုပ် Ferdinand Foch (ဖာဒီနန် ဖော့ရှ်) က ခါးသီးစွာ မှတ်ချက်ချခဲ့သည်။ ကြောက်မက်ဖွယ်တိုက်ပွဲသည် “စစ်ပွဲအားလုံးကို ချုပ်ငြိမ်းစေမည့်စစ်ပွဲ” ဖြစ်သည်ဟူသောနာမည်ကျော်ယူဆချက်နှင့် ဖော့ရှ်၏အမြင်တို့ ကွဲလွဲလျက်ရှိသည်။ နှစ်ပေါင်း (၂၀) နှင့် (၂) လ အကြာတွင် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့သည်။ ဖော့ရှ် မှန်ပါသည်။
ရှေးယခင်က ဘုရားသခင်၏တစ်ဦးတည်းသော စစ်မှန်သည့်ပရောဖက် မိက္ခာသည် ဣသရေလပြည်အတွက် သေရေးရှင်ရေးတမျှဖြစ်သော စစ်ရေးရလဒ်များကို တစိုက်မတ်မတ် ပရောဖက်ပြုခဲ့သည် (၆ ရာ ၁၈:၇)။ ဆန့်ကျင်ဘက်အနေဖြင့်
အာဟပ်မင်း၏ ပရောဖက် ၄၀၀ က အောင်ပွဲရမည်ဟု ပရောဖက်ပြုခဲ့ကြသည်။
“ပရောဖက် အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူပါ”ဟု…