သတိထားဂရုစိုက် သယ်ရမည့်ဝန်
ဒေါလော့စ်သည် ကားမောင်းနေသည့် လမ်းတလျှောက် သူ့နောက်မှကားတစ်စီး လိုက် ပါနေကြောင်း သတိထားမိသည်။ သူမသတိနှင့်ကားကို ဖြည်းဖြည်းမောင်းနှင်နေခြင်း ကြောင့် သူ့နောက်မှယာဉ်မောင်းက စိတ်မရှည်စွာနှင့် ဒေါသထွက်နေကြောင်း သူခံစားရသည်။ စင် စစ် ဒေါလော့စ်သည် ပေါင် ၁၀၀ အလေးချိန်ရှိသော အာလူးထောင်း၊ ဟင်းနှစ်ရည်အပြည့် ပါ သောအိုး ၂ လုံးအပြင် အခြားစားသောက်ကုန်များစွာကို သယ်ဆောင်လာကြောင်း တစ် ဖက် မှ ယာဉ်မောင်းကမသိပါ။ ၄င်းအစားအသောက်များမှာ အသင်းတော်၌ လူအယောက် ၂၀၀ ကို ကျွေးမွေးမည့်အစားအစာများဖြစ်သည်။ တစ်ဖက်ယာဉ်မောင်း၏ စိတ်ရှုတ်စိတ်ညစ်မှု ကို ခံစားမိကာ ဒေါလော့စ်က "ကျွန်မက သတိထားသယ်ရမယ့် ပစ္စည်းတွေကို သယ်နေတာ လို့သူသိရင် ဘာကြောင့်ဒီလို ဖြည်းဖြည်းမောင်းနေရတယ်ဆိုတာ နားလည်ပါလိမ့်မယ်" ဟုတွေးမိသည်။ ချက် ခြင်းဆိုသလို တစ်ဖက်မှလည်း ' ငါရော တဖက်သားက သတိထားပြိး သယ်ပိုးရတဲ့ဝန်တွေရှိမှန်း…
နိုင်ခြင်းနှင့် ရှုံးခြင်း
ဂုဏ်အရှိဆုံး ဂေါက်ရိုက်အားကစားကျွမ်းကျင်မှုပြိုင်ပွဲ The Masters Tournament ၏ ၂၀၀၉ ခုနှစ် နောက်ဆုံးဗိုလ်လုပွဲတွင် ခဲနီပါရီသည် ဒုတိယနေရာကို ရရှိခဲ့သည်။ The New York Times တွင် သတင်းထောက် ဘီလ်ဖဲန်နင်တန်က ပါရီသည် "ရှုံးပြီးနောက် စိတ်ပျက် သော်လည်း စိတ်အားလျော့သွားခြင်းမရှိ" ဟုရေးသားခဲ့သည်။ " မကြာခဏ ဆိုသလိုကျွန် တော်ပြန်တွေးရင်း ငါသူမတူအောင် လုပ်ခဲ့မယ်ဆိုရင်ဆိုပြီး တွေးမိပေမဲ့ ဒီအတွေးထဲမှာဘဲ နစ် မျောမနေပါဘူး။" "တကယ်လို့ ကျွန်တော်ဘ၀မှာဒီအရာက အဆိုးရွာဆုံးအမှုဖြစ်ခဲ့ရင်လည်း မမှုပါဘူး။ ဒီပြသာနာရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုမခံဘူး။ ဘ၀မှာ ပိုအရေးကြီးတဲ့ကိစ္စတွေက အများကြီးပါ။ ဒီညတော့ အိမ်ပြန်ပြီးမိသားစုနဲ့အတူ ပျော်ပျော်ကြီး ညစာစားမယ်’’ ဟုပါရီက ပြောပါသည်။
ယေရှုခရစ်တော်၏ နောက်လိုက်များသည် အခက်ခဲစိတ်ပျက်မှုများကိုကျော်၍ ကြည့် မြင်နိုင်စွမ်းရှိရန် အရေးကြီးလှသည်။ ဘ၀အသက်တာတွင် အောင်မြင်မှု၊ ရှုံးနိမ့်မှုများကို မည်…
မှားယွင်းသောအတွေးအခေါ်
စက်ပျက်သွားသော လေယာဉ်လေးထဲ၌ လေယာဉ်မှူး၊ ပါမောက္ခ၊ သင်းအုပ်ဆရာနှင့် ခြေလျင်ခရီးလျှောက်သူ၊ ပေါင်းလေးဦးတို့ရှိနေသည်။ လေယာဉ်မှူးက “လေထီးသုံးခုပဲရှိတယ်။ ဒါကကျွန်တော့်လေယာဉ်မို့လို့ ကျွန်တော်တစ်ခုယူမယ်”ဟုဆိုကာ ခုန်ဆင်းသွားသည်။ ပါမောက္ခ က “ကျုပ်ကလူတော် - ကမ္ဘာကြီးက ကျွန်တော့်ကိုလိုအပ်တယ်။ ဒါကြောင့် လေထီးတစ်ခုယူ မယ်”ဟုဆိုကာ ခုန်ချသွားပြန်သည်။
ထိုအခါသင်းအုပ်ဆရာက “ကျွန်တော်ကတော့ တစ်ကိုယ်ကောင်းမဆန်ချင်ဘူး၊ ဒါကြောင့် နောက်ဆုံးကျန်တဲ့လေထီးကို မင်းယူလိုက်”ဟု ခြေလျင်ခရီးလျှောက်သူအား ပြောလိုက်သည်။ ခြေလျင်ခရီးလျှောက်သူက “လေထီးနှစ်ခုရှိသေးတယ်ဗျ၊ တစ်ယောက်တစ်ခု ယူလို့ရတယ်။ ပါမောက္ခကြီးက ကျွန်တော့်ကျောပိုးအိတ်ကို လေထီးအမှတ်နဲ့ ယူသွားတာ”ဟု ပြန်ပြောလိုက်၏။ မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်မည်ဟု ပါမောက္ခကြီး တွေးထင်ထားလည်း သူစိတ်ချ ထားသည့်အရာက လွဲမှားသောအတွေး၌ အခြေပြုထားသည်။
မှားယွင်းသောအတွေး၌ အခြေပြုပြီး ကယ်တင်ခြင်းအတွက် စိတ်ချနေသူအချို့ရှိသည်။ ဘုရားကျောင်းတက်ခြင်း၊ ဗတ္တိဇံခံခြင်း၊ ကောင်းမွန်စွာနေထိုင်ခြင်းကို ဘုရားသခင်၏စိတ်တော် တွေ့မည်ဟု သူတို့ယုံထားသည်။သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အခြေမပြုပါက…
ဘုရားသခင်၏ဘီးတပ်ကုလားထိုင်
ဂျင်းဒရော့စကောလ်သည် အံ့မခန်းအပြေးမယ်တစ်ဦးဖြစ်သည်။ သူမသည် ဘော်စတွန် မာရသွန်ပြိုင်ပွဲကို ၈ ကြိမ်တိုင် အောင်နိုင်ခဲ့သည်။ နိုင်ငံတစ်ကာ မသန်စွမ်းအားကစားပွဲ၌ ၄ ကြိမ် ပါဝင်ဆင်နွှဲခဲ့ပြီး ရွှေတံဆိပ်ငါးခု ဆွတ်ခူးခဲ့သည်။ မွေးရာပါကျောရိုးဖွံ့ဖြိုးမှုမရှိခြင်းကြောင့် အောက်ပိုင်းသေနေ၍ ဘီးတပ်ကုလားထိုင်ဖြင့် ပြိုင်ပွဲဝင်ခဲ့သည်။
ဒံယေလ၇း၉သည် သူမနှစ်သက်သော ကျမ်းပိုဒ်များအနက်တစ်ပိုဒ်ဖြစ်သည်။ “အသက် ကြီးသောသူတစ်ဦး ထိုင်တော်မူ၏။... ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။” ဘုရားသခင်ထံမှ ဒံယေလရရှိသော ရူပါရုံနှင့် သူမ၏အခြေအနေကိုဆက် စပ်ပြီးအခြားသူများကိုအားပေးစကားပြောနိုင်ခဲ့သည်။“ဘီးတပ်ကုလားထိုင်ကိုအသုံးပြု နေရသူများ၊ ထိုသို့အသုံးပြုနေရ၍ အားငယ်စိတ်ပျက် နေသူတွေနဲ့တွေ့ပြီး စကားပြောခွင့်ရတိုင်း ကျွန်မက သူတို့ကို ‘ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့ အညီမင်းတို့ကို ဖန်ဆင်းထားတာမကဘူး၊ ကိုယ်တော် ဘုရားသခင်ရဲ့ ပလ္လင်တော်ကိုလည်း မင်းတို့ရဲ့ ဘီးတပ်ကုလားထိုင်ပုံလို ပြုလုပ်ထားတယ်’ လို့ ပြောတာပဲ။”
ဒံယေလ၏ရူပါရုံက ဘုရားသခင်ကို မလှုပ်ရှားနိုင်၊ ချို့ယွင်းနေသူအဖြစ် သရုပ်ဖော်ထား ခြင်းမဟုတ်ပါ။ အမှန်စင်စစ် ဘုရားသခင်၏…
မာန်မာနနှင့် ဘက်လိုက်ခြင်း
၁၉၃၀ ပြည့်နှစ်များက ကျွန်တော့်ကလေးဘ၀က နေခဲ့သောအိမ်လေးမှာ မေတ္တာလွှမ်း လျက် ပျော်စရာအတိပါ။ သို့သော် မိဘများက မကြာခဏခရီးထွက်သဖြင့် ထိုအချိန်မျိုးတွင် မီးဖို ဆောင်နှင့် ပိန်သေးသေးနှင့် ရွှင်လန်းနေတတ်သူ ကျွန်တော်တို့၏အိမ်ထိန်း အယ်နီက အိမ်ကို နွေးထွေးမှုနှင့် လွှမ်းခြုံပေးသည်။
ကျွန်တော်က အယ်နီနှင့်အတူ မီးဖိုဆောင်စားပွဲ၌ထိုင်ကာ စာအုပ်များဖတ်၊ အရုပ်များနှင့် ကစား၊ အယ်နီဆိုညည်းသည့် ၀ိညာဉ်ရေးဓမ္မတေးများကို နားထောင်ရင်း အယ်နီနှင့်အတူ အချိန် များစွာကုန်ဆုံးခဲ့ပါသည်။ သူ့နှလုံးသားမှ ဥာဏ်ပညာ၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် တေးသံများ မပြတ်စီးဆင်းထွက်ပေါ်သည်။
တစ်မနက်တွင် ကျွန်တော် ကြားသိခဲ့သည့် လူမျိုးရေး ပုတ်ခတ်ရှုတ်ချသည့်စကားတစ်ခွန်း ကို အဓိပ္ပာယ်နားမလည်ဘဲ ပြောလိုက်သည်။ “အို အဲဒီလိုမပြောရဘူး”ဟု အယ်နီကဆိုပြီး သူ ထိခိုက်နာကျင်ခံစားရကြောင်း သူ့စိတ်ထဲခံစားရသမျှ ညင်သာစွာဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ့မျက်လုံးများ၌ ၀မ်းနည်းရိပ်များအပြည့်ပင်။ ထိုစကားကို ကျွန်တော်ဘယ်တော့မှ မပြောတော့ပြီ။
အစွန်းရောက် ခံယူချက်များဖြင့်…
စုရုံးဆုံစည်းခြင်း
၁၉၁၅-၁၉၁၇ ခုနှစ်အတွင်း အီဂျစ်ပြည်၌ ၀ိုင်အမ်စီအေအဖွဲ့၏ နယ်လှည့်တရားဟောဆရာ အဖြစ် အမှုဆောင်စဉ်က ဆရာအော့ဝဲလ် ချိန်းဘားသည် ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ၏အသက်တာကို တို့ထိသက်သာစေခဲ့သည်။ ၁၉၁၆ ခု၊ နိုဝင်ဘာလ၆ရက်၌ သူ၏ ဒိုင်ယာရီထဲတွင် ဆရာက ဤသို့ရေးသားထားသည်။ “ထဒ်စထရက် ကျဆုံးသွားကြောင်း နယူး ဇီလန်သား မိတ်ဆွေထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ ထဒ်စထရက်သည် ‘သခင် ယေရှုနှင့်အတူရှိရန် ပြန်နှင့်ပြီ။’ သူလည်း ထိုသို့ပင် ဆိုလိမ့်မည်။... (သူသည်) စိတ်ထား အလွန်လှ သူ၊ ကျေးဇူးပြုတတ်သူ၊ ကြောက်စိတ်ကင်းပြီး၊ ချစ်ဖွယ်ကောင်းသော သူတော်စင်လေးပင်။ သူနှင့် ပတ်သက်သောအမှတ်တရများအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ... ကောင်းကင်ဘုံ မှာ သူတို့တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်ရှိကြပြီ။”
မိမိချစ်ရသူများ သေဆုံးသွားခြင်းကြောင့် ကြေကွဲဝမ်းနည်းရချိန်မှာပင် သင်္ချိုင်းဂူမှ လွန် သော် ရရှိမည့်အသက်တာနှင့် ပတ်သက်၍ ယေရှုသခင်၏ကတိတော်ကို…
ထိတ်လန့်စိုးရွံ့ဖွယ်ရာ
“The Charge of the Light Brigade” ဆိုသော ဆရာကြီး တန်နစန်၏ဂန္တ၀င်ကဗျာ၌ “စစ်သည်တော်ခြောက်ရာ၊ သေမင်းအရိပ်လွှမ်းသောချိုင့်သို့ စစ်ချီပြီ”ဟူ၍ ထည်ဝါလှသည့်စကားစု ဖြင့် စစ်ချီသွားသော ရဲစွမ်းသတ္တိအပြည့်နှင့် မြင်းတပ်ကြီးကို သရုပ်ဖော်ထားရာ သူတို့ကို စောင့်ကြို နေသည့် ကြေကွဲဝမ်းနည်းဖွယ် အန္တရယ်အငွေ့အသက်ကို ဤစကားလုံးများက ဖော်ကျူးသည်။
ကျွန်တော်သင်းအုပ်ဆရာဘ၀က အသင်းတော်အစည်းအဝေး၌ ကြောက်ရွံ့ထိတ်လန့်မှုကို တစ်ခါတစ်ရံ ခံစားရသည်။ လတ်တလော သဘောထားကွဲလွဲမှု (သို့) ရေးကြီးခွင်ကျယ်ကိစ္စ ဖြစ်သွားနိုင်သည့် အငြင်းပွားမှုများ ရှိနေသည်။ သို့သော် ၄င်းသည် အသင်းတော်တွင် မဖြစ်သင့် သည့် ကိစ္စပင်။
သင်းအုပ်တာဝန်ထမ်းဆောင်ရင်း ဖိအားပေးမှုများကြား ရုန်းကန်နေရသည့် နုနယ်သည့် သင်းအုပ်ဆရာထံ ရှင်ပေါလုက “မိုက်မဲ၍ပညာကင်းသော ပုစ္ဆာအပေးတို့သည် ရန်ပွားစေတတ် သည်ဟု သိမှတ်၍ ပယ်ရှားကြလော့”ဟု ရေးသားခဲ့သည် (၂ တိ ၂း၂၃)။ ၄င်းသည်…
ရပ်နေရမလား၊ ဆက်သွားရမလား
ဣသရေလလူတို့ ချောင်ပိတ်မိနေပြီ။ ကျွန်ခံနေရာဘ၀၊ အဲဂုတ္တုပြည်ကို ချန်ရစ်စွန့်ခွာပြီး မကြာမီမှာပင် စိတ်ပျက်စရာမြင်ကွင်းကို တွေ့ခဲ့ရသည်။ သူတို့ဆီသို့ ဦးတည်လာနေသည့် ဖုန်လုံး ကြီးကား အင်အားကြီးစစ်တပ်တစ်တပ် ချီလာနေခြင်းပါ။ ဖာရောဘုရင်၏နှလုံးမာကျောသော “ရောဂါကြီး” ပြန်ထလာပြီး (ထွ ၁၄း၈) မောရှေနှင့် လူမျိုးတော်နောက်သို့ သူ့မြင်းရထားများ စေလွတ်ခဲ့သည်။
ဣသရေလလူတို့ကို အဲဂုတ္တုတပ်ကြီး လိုက်၍မီလျှင် အရာခပ်သိမ်း ဆုံးရှုံးတော့မည်။ အဲဂုတ္တုတပ်နှင့် ပင်လယ်ကြား ဣသရေလလူတို့ ချောင်ပိတ်နေပြီ။ သည်းခြေပျက်လျက် မောရှေ နှင့် ဘုရားသခင်တို့ထံ အော်ဟစ်အကူအညီတောင်းလေ၏။
ဘုရားသခင်နှင့် မောရှေတို့နှစ်ဦးလုံး ညွှန်ကြားချက်ပေးပြီး တုံ့ပြန်ခဲ့သည်။ မောရှေက “ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသခင်သည် ယနေ့ပြတော်မူသော ကယ်တင်ခြင်းကို ကြည့်ရှု ကြလော့”ဟု ပြောသည် (ထွ ၁၄း၁၃)။ ဘုရားသခင်က “တက်သွားကြ”လော့ဟု သူတို့ကို မိန့်ကြား ခဲ့သည် (း၁၅)။ ဆန့်ကျင်ဖက်ဟုထင်ရလည်း မိန့်ကြားချက်နှစ်ခုစလုံးက ဘုရားသခင်ထံမှလာပြီး…
အသစ်ပြောင်းလဲခြင်း
ကျွန်မတို့ဇနီးမောင်နှံသည် ခရီးမထွက်မီ ဘဏ်သို့သွား၍ အမေရိကန်ဒေါ်လာငွေများကို ကျွန်မတို့ သွားရောက်လည်ပတ်မည့်နိုင်ငံသုံး ငွေနှင့် လဲလှယ်ခဲ့သည်။ ကျွန်မတို့ခရီးသွားစဉ် အသုံး စရိတ်များကို ပေးချေနိုင်ရန် ဤသို့ပြုလုပ်ရခြင်းဖြစ်သည်။
ကျွန်မတို့ခရစ်ယာန်ဖြစ်လာသောအခါ ဖလှယ်မှုတစ်မျိုး ဖြစ်ပေါ်လာသည်။ ကျွန်မတို့၏ ဘ၀သည် ပြောင်းလဲ ဖလှယ်လိုက်သော ငွေစက္ကူနှင့် သဏ္ဌာန်တူပါ၏။ ဘ၀ဟောင်းကို ဘ၀ အသစ်တစ်ခုနှင့် လဲလှယ်လိုက်ခြင်းဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၌ မိမိအသက်တာကို စတင်“အသုံးခံ” နိုင်မည်။ ဤကမ္ဘာလောကရှိ အမှုအရေးများအတွက် မိမိကိုယ်ကို အသုံးခံမည့်အစား၊ ခရစ်တော်၏ အမှုအရေးကိစ္စအတွက် စတင်ပြီး အသုံးခံနိုင်ပြီ။
တမန်တော်ရှင်ပေါလု၏အသက်တာမှာ ဤခြားနားချက်ကို ပြသသည့် စံနမူနာကောင်းပါ။ ဒမသက်မြို့သို့သွားသောလမ်း၌ အံ့သြဖွယ် အသက်တာပြောင်းလဲပြီးနောက်ပိုင်း (တ ၉)၊ သူ့ အသက်တာကို ထူးထူးခြားခြား အံ့သြဖွယ် စတင်အသုံးခံခဲ့သည်။ ခရစ်ယာန်များကို ထောင်သွင်း အကျဉ်းချရန်၊ သတ်ဖြတ်ရန် လိုက်လံဖမ်းဆီးခြင်းထက်၊ ခရစ်ယာန်မဟုတ်သူများကို ပြောင်းလဲပေး ရန်…
အပုပ်နံ့ဖျောက်ခြင်း
ပုံအောပြည့်လျှံနေသော အမှိုက်ပုံမှ အနံ့အသက်ဆိုးများကို ပြည်သူလူထုက တစ်စစ သတိပြုမိလာသည်။ သို့နှင့် အလုပ်သမားများမှာ အနံ့ဆိုးကို ဖျောက်ဖျက်ပေးမည့်အနံ့အသက် ပျောက်ဆေးရည် ဖျန်းရန် ပြင်ဆင်ပြီး ၁ မိနစ် ကိုက် ၅၀ နှုန်းဖြင့် ပုပ်ဟောင်နေသော အမှိုက်ပုံကို ဆေးရည်ဂါလံပေါင်း အတော်များများ ဖျန်းပက်ပေးခဲ့သည်။ အနံ့ဆိုးကို ဖုံးသွားစေရန် ဆေးရည် ဂါလံ မည်မျှဖျန်းပက်စေမူ အနံ့ဆိုးကို ဖြစ်ပေါ်စေသည့် အမှိုက်ကို မဖယ်ရှားသရွေ့ အနံ့အသက် ပျောက်ဆေးရည်မှာ အပေါ်ယံခေတ္တမျှသာ အနံ့ပျောက်စေလိမ့်မည်။
ဒါဝိဒ်မင်းလည်း မကောင်းမှုကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ ဗာသရှေဗနှင့် မှားယွင်းမှုပြုပြီး နောက်ပိုင်း သူ၏ကိုယ်ကျင့်တရား ဖောက်ပြားကျရှုံးမှုကို တိတ်တဆိတ် မသိကျိုးကျွံပြုခြင်း၊ လှည့်စားခြင်း၊ ဘုရားတရား ရိုသေခြင်းတို့ဖြင့် ဖုံးကွယ်ရန် ကြိုးစားခဲ့သည် (၂ ရာ ၁၁-၁၂)။ အပြစ်ကို ကွယ်ဝှက်ထားစဉ် ကြီးလေးသော ဘုရားသခင်၏အပြစ်စီရင်ခြင်းလက်တော်နှင့် ရင်ဆိုင်…