အမျိုးအစား  |  Uncategorized

စွန့်လွတ်စွန့်စား

စတန့်မင်းသား ဟော နီဒမ်က ၄င်း၏ “ကြံ့ကြံ့ခိုင်ခိုင် ဟောလီးဝုဒ် စတန့်မင်းသားဘ၀” ဟူသည့်စာအုပ်၌ သူ့စွန့်စားခန်းများကို ရေးသားဖော်ပြသည်။ အနိုင်အရှုံးပေါ်သည်အထိ လက်သီး ယှဉ်ထိုးခြင်း၊ အရှိန်ပြင်းပြင်းနှင့် ကားပြိုင်မောင်းခြင်း၊ ဝေဟင်ထဲ၌ လေယာဉ်တောင်ပံပေါ် လမ်း လျှောက်ရခြင်း၊ မြင်းပေါ်မှ ပြုတ်ကျခြင်း၊ မီးလောင်တိုက် အသွင်းခံရခြင်း စသည်တို့ ပါဝင်သည်။ ရုပ်ရှင်ကြည့် ပရိသတ်များကို ဖျော်ဖြေတင်ဆက်ရန် သူ့ကိုယ်သူ ဟောလီးဝုဒ်၏ အတော်ဆုံး စတန့် မင်းသားအဖြစ် ထင်ပေါ်အောင် သက်စွန့်ဆံဖျား လုပ်ဆောင်ခဲ့သည်။

ပေါလုနှင့် ဗာနဗတို့သည်လည်း “မိမိအသက်ကို စွန့်စားသောသူ”များ ဖြစ်သည် (တ ၁၅း၂၆)။ သို့သော် သူတို့၏စွန့်စားရသည့်အကြောင်းရင်းက ဟော နီဒမ်နှင့် တစ်ခြားစီပါ။ ဧ၀ံဂေလိ သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ခရစ်တော်ကိုချီးမြှောက်ရန်မှာ သူတို့၏ရည်မှန်းချက် ဖြစ်သည်။ ရောမအင်ပါယာအတွင်း၌ အမှုတော်ဆောင်တစ်ဦးအနေဖြင့် ရှင်ပေါလုသည် သင်္ဘော ပျက်သည့်ဘေးနှင့် ကြုံခဲ့ရသည်။…

မစိုးရိမ်နှင့်

ဒုတိယကိုယ်ဝန်လွယ်ခဲ့ရစဉ်က ကျွန်တော့်ဇနီးမှာ အတော်လေးပင် နာမကျန်းဖြစ်ခဲ့သည်။ ဆရာဝန်များက ရောဂါရှာဖွေနေစဉ် သူ့ခမျာလည်း အားယုတ်လာကာ အသက်အန္တရာယ် စိုးရိမ် လာရသည်။

သူရောဂါခံစားနေရသည်ကိုကြည့်ပြီး ကျွန်ုပ်မှာ ကူရာမဲ့ ကယ်ရာမဲ့ အလွန်ထိတ်လန့်စိုးရိမ် ခဲ့ရသည်။ ဘုရားသခင်က ကျွန်တော်တို့၏ဆုတောင်းကို မကြားဟု ခံစားရသည့်နေ့ရက်များရှိလာ သည်။ တနင်္ဂနွေတစ်ရက်တွင် သမ္မာကျမ်းစာမှ နှစ်သိမ့်သက်သာရာကို ရှာဖွေနေရင်းက ဟေရှာယ ၄၃း၁ ကို မျက်လုံးရောက်သွားသည်။

“မစိုးရိမ်နှင့်”ဟူ၍ စထားပြီး “သင့်ကိုငါဆိုင်၏”ဟု အဆုံးသတ်ထား၏။ ရုတ်ခြည်းပင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်တော့်ကို ပြောနေသောစကားအဖြစ် ခံစားရသည်။ ဣသရေလလူတို့ကို ဘုရားသခင်က အကျွမ်းတ၀င် ရင်းနှီးစွာခေါ်လိုက်ပုံက ကျွန်တော်တို့ကိုလည်း ကိုယ်တော်ရှင် အမြဲဂရုပြု စောင့်ရှောက်နေကြောင်းကို ပြန်ပြီး အမှတ်ရစေသည်။ “ရေကိုလျှောက် သွားသောအခါ... မြစ်တို့ကို လျှောက်သွားသောအခါ ... မီးကိုချင်းနင်းသောအခါ...” (း၂)။ စကားစု တစ်ခုစီတိုင်းက ကျမ်းစာမျက်နှာထက်မှ ကျွန်တော့်…

ညဆိုင်းအလုပ်သမား

ကုန်စုံစတိုးဆိုင်ကြီးတစ်ဆိုင်၌ ညဆိုင်းအလုပ်သမားအဖြစ် Pat ပထမဆုံး အလုပ်ဝင်လုပ် သည်။ ဆိုင်ပိတ်ပြီးသော် သူနှင့်အခြားအလုပ်သမားများက ကုန်ပစ္စည်းများကို ထပ်မံဖြည့်ပေးကြရ သည်။ သူတို့၏သူဌေးက စည်သွပ်ဗူးများကို အမြဲပင်အရှေ့သို့မျက်နှာမူပြီး လှည့်ထားရန်၊ သို့မှသာ တံဆိပ်ကို အလွယ်တကူ မြင်သာနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားလုပ်ဆောင်ခိုင်းသည်။ “နောက် တန်းက ဗူးသုံးဗူးအပါအ၀င်၊ စည်သွပ်ဗူးတံဆိပ်က အရှေ့ဖက်မှာပေါ်နေပါစေ”ဟု ပြောသော သူ့ စကားက လိုသည်ထက်အနည်းငယ်ပိုသွားသည်။ တစ်ညတွင် ကုန်ပစ္စည်းများစီနေစဉ် သူ့လုပ်ဖော် ဆောင်ဖက်များက “အရှေ့ဆုံးတန်းက တစ်ဗူးပဲ အရှေ့ဖက်လှည့်ထားမယ်။ ဘယ်သူသိမှာ မှတ်လို့” ဟူ၍ သရော်ပြောဆိုကြသည်။

ဆယ်ကျော်သက် လူငယ်လေးအတွက် ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရမည့်အချိန် အခိုက် အတန့်လေးပါ။ သူ့သူဌေးခိုင်းသည့်အတိုင်း နာခံလုပ်ဆောင်မည်လား (သို့) အလွယ်ပဲ လုပ်လိုက် မည်လား။

ကျွန်ုပ်တို့အားလုံးလည်း အလားတူရွေးချယ်မှု ပြုလုပ်ရမည့်အခြေအနေမျိုး ကြုံဖူးပါသည်။ စောင့်ကြည့်သူတစ်ယောက်မျှ မရှိသည့်အချိန်၌ပင် နာခံလုပ်ဆောင်ရန်၊ “အစေခံကျွန်တို့…

တကယ့်ဖြစ်ရပ်မှန်အတွက် ပြင်ဆင်ခြင်း

လွန်ခဲ့သောနှစ်များတစ်လျှောက်တွင် သခင်ယေရှု ပြန်ကြွလာမည့်အချိန်ကို လူအနည်းငယ် က အတိအကျ ဟောကိန်းထုတ်ကြသည်။ ယမန်နှစ်က အမေရိကန်တရားဟောဆရာတစ်ဦးသည် မေလ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်၌ ယေရှုရှင်ပြန်ကြွလာမည်ဟု ရေဒီယိုမှတစ်ဆင့် ကြိုတင်ခန့်မှန်းရာ မီဒီယာလောက၏ စိတ်ဝင်စားမှုကို ခံခဲ့ရသည်။

သမ္မာကျမ်းစာကို သိကျွမ်းသူတိုင်း ဤသတိပေးချက်သည် အတိအကျမဟုတ်ကြောင်း သိကြသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကိုယ်တော်တိုင် “သင်တို့မထင်မမှတ်သော အချိန်၌ လူသားသည် ကြွလာလိမ့်မည်”ဟု မိန့်ကြားခဲ့သည်။ သို့သော် ဤခန့်မှန်းချက်က ကျွန်ုပ် အာရုံကို ဖမ်းစားကြောင်းကိုဖြင့် ၀န်ခံရပေမည်။ မကြာခဏပင် ကျွန်ုပ်သည် ဘ၀၏အလုပ်များကြား နစ်မွန်းလျက် သခင်ယေရှု ပြန်ကြွလာရန် အဝေးကြီးလိုနေသကဲ့သို့ အသက်ရှင်သည်။ ယေရှုရှင် အချိန်မရွေး၊ ပြန်ကြွလာနိုင်ကြောင်းကို မေ့နေသည်။ ဤခန့်မှန်းချက်အမှားသည်ပင် ကယ်တင်ရှင် ပြန်ကြွလာချိန်အတွက် ပြင်ဆင်ရန် အရေးကြီးကြောင်း၊ ပြန်ကြွလာချိန်သည် အချိန်မရွေး၊ ယနေ့ လည်းဖြစ်နိုင်ကြောင်း သတိပေးပြီး…

သမိုင်းကြောင်းကိုနားလည်ခြင်း

ဇနီးသည်နှင့်အတူ ဗြိတိသျှပြတိုက်သို့ အလည်အပတ်သွားစဉ် ခင်းကျင်းပြထားသည့် သမိုင်းကြောင်းအမွေအနှစ်များကို အလွန်စိတ်ဝင်စားမိသည်။ အမေရိကန်နိုင်ငံ၌ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများထက် ရာစုနှစ်များစွာ ပိုရှေးကျသောပစ္စည်းများကို တွေ့ရှိရရာ၊ ကျွန်တော့် စိတ်၌ အတိတ်သမိုင်းကို ပြန်ခံစားရခြင်းသည် အလွန်အဖိုးတန်သည်ဟု ဆင်ခြင်မိသည်။ သမိုင်း ကြောင်းအရ ရှုထောင့်အမြင်များ၊ ဆက်စပ်နေမှုများနှင့် အကျိုးဆက်တို့ကို မြင်တွေ့ပြီး ထိုမှ တစ်ဆင့် အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများကို ရင်ဆိုင်ရသူတို့ထံမှ ရရှိသော သင်ခန်းစာများအားဖြင့် ရွေးချယ်မှုကောင်းများကို ပြုလုပ်နိုင်ပေသည်။

အတိတ်သမိုင်းကြောင်းမှ သင်ခန်းစာရယူခြင်းက အဖိုးတန်ကြောင်း ရှင်ပေါလုလည်း သိမြင်သည်။ ဘုရားသခင်ကို ကိုးစားလျက် ကတိထားတော်မူသောပြည်သို့ ၀င်ရောက်ရန်အရေး ကိုယ်တော် ပို့ဆောင်မည်ကို မယုံကြည်ခြင်းကြောင့် ဣသရေလလူမျိုးတို့သည် ရလဒ်အနေဖြင့် တော၌ လှည့်လည်ရသည့်အဖြစ်ကို ကြည့်ပြီးသင်ခန်းစာယူရန် ရွေးချယ်မှုအမှားက ဖျက်ဆီးတတ် သောသဘောရှိကြောင်း ရှင်ပေါလုက သတိပေးထားသည် (တော ၁၄)။ ထို့နောက် ကောရိန်သု ရှိ…

ကျွန်ုပ်ကြံစည်သကဲ့သို့မဟုတ်

ဘ၀က ဤသို့ဖြစ်လာမည်ဟု မျှော်လင့်မထားပါ။ ကျွန်မ စိတ်ကူးက ၁၉ နှစ်အရွယ်၌ အိမ်ထောင်ပြုပြီး ကလေး ၆ ယောက်မွေးကာ ဇနီးသည်အဖြစ်၊ မိခင်အဖြစ် ဘ၀ကို အခြေချချင်ခဲ့ သည်။ သို့သော် ထိုသို့ဖြစ်မလာဘဲ အလုပ်ခွင်ဝင်ခဲ့ရပြီး အသက် ၄၀ ခန့်တွင် အိမ်ထောင်ကျသည်။ ကလေးလည်း မရပါ။ “သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်” ဟူသည့် ဆာလံ ၃၇း၎ ရှိ ဘုရားသခင်၏ ကတိတော်အာမခံချက်က ကျွန်မအတွက်ဖြစ်လျှင် သိပ်ကောင်း မှာပဲဟု နှစ်အတော်ကြာကြာ ကျွန်မမျှော်လင့်ခဲ့သည်။

သို့သော် ဘုရားသခင်ကို အမြဲတမ်း “အခွင့်မပေးပါ” (း၅)။ ကိုယ့်အလိုဆန္ဒမပြည့်သောအခါ မကြာခဏဆိုသလို ၀မ်းနည်းရသည်။ ကျွန်မကဲ့သို့ သင့်ဘ၀သည်လည်း သင်ကြံစည်ထားသကဲ့သို့ ဖြစ်လာချင်မှဖြစ်လာမည်။ ဆာလံ ၃၇ မှ အတွေးအမြင်အချို့က သင့်အတွက် အထောက်အကူဖြစ် နိုင်ပါသည်။ ထိုကျမ်းချက်က အဓိကအားဖြင့်…

သင့်အတွက်နေရာ

ဇနီးမောင်နှံနှစ်ဦးတို့သည် အိုမင်းမစွမ်းဖြစ်နေသော သူတို့၏အဒေါ်ကို သူတို့နှင့်အတူ နေထိုင်ရန် ခေါ်လာသောအခါ ယခင် သူနေခဲ့သောအိမ်ကဲ့သို့ မခံစားရမှာကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူ့ကိုထားမည့်အခန်းကို သူ ယခင်နေထိုင်ခဲ့သည့် အခန်းပုံစံအတိုင်း ပြင်ဆင်ပေးခဲ့ သည်။ အဒေါ်ရောက်ရှိလာသော် အိမ်ထောင်ပရိဘောဂများ၊ ပန်းချီးကားချပ်များနှင့် သူမနှစ်သက် သည့် အခြားပစ္စည်းများကြောင့် သူ့အိမ်ကဲ့သို့ နွေးထွေးစွာကြိုဆိုသည့်နှယ် ခံစားရလေသည်။

ယော ၁၃း၃၆-၁၄း၎ တွင် နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုသည် တပည့်တော်များနှင့် စကားပြောပြီး သူ၏အသေခံခြင်းနှင့်စပ်လျဉ်းပြီး တပည့်တော်များကို ပြင်ဆင်ခဲ့သည်။ ရှိမုန်ပေတရု က “ကိုယ်တော်သည် ဘယ်အရပ်သို့ကြွတော်မူမည်နည်း”ဟု မေးသောအခါ ယေရှုက “ငါသွားရာ အရပ်သို့ သင်သည်ယခုမလိုက်နိုင်၊ နောက်မှလိုက်ရလိမ့်မည်”ဟု မိန့်တော်မူခဲ့၏ (၁၃း၃၆)။ တစ်ဖန် “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့ အား ငါမပြောဘဲမနေ၊ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသည်သွားရ၏။ ငါသည်…

ရင်ဆိုင်ဖြေရှင်း ပြောရမည့်စကား

နည်းပညာများ တိုးတက်မြင့်မားလာခြင်းကြောင့် လူမှုဆက်ဆံရေး၌ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိပ်တိုက်တွေ့စရာ မလိုဘဲ အဆင်ပြေချောမွေ့စွာဆက်ဆံနိုင်ပါမည်လား။ အလုပ်ရှင်က အီးမေးလ်မှတစ်ဆင့် အလုပ်တာဝန် ရပ်စဲကြောင်း စာပို့နိုင်သည်။ အင်တာနက် ဆက်သွယ်ရေးဝက်ဘ်ဆိုက်များမှတစ်ဆင့် အခြားသူကို ဝေဖန်နိုင်သည်။ ၄င်းကို အသာထား ရှင်ပေါလုနှင့် ရှင်ပေတရုတို့ သဘောထားချင်း မတိုက်ဆိုင်သောအခါ မည်သို့ ဖြေရှင်းကြသည်ကို အတုယူသင့်လှသည်။

ကျေးဇူးတော်ကို အလွဲသုံးစားပြုလုပ်သော ရှင်ပေတရုကို ရှင်ပေါလု ထိပ်တိုက်ရင်ဆိုင်ရ တော့မည် (ဂလာ ၂း၁၁-၁၆)။ ရှင်ပေတရုသည် တစ်ပါးအမျိုးသားများနှင့် မိတ်သဟာယဖွဲ့ ပေါင်းဖော်သည်။ သခင်ခရစ်တော်ကိုယုံကြည်ခြင်းအပြင် မောရှေ၏ပညတ်တော်များ စောင့်ထိန်း ပါမှ အပြစ်သားများသည် ကယ်တင်ခြင်းသို့ရောက်နိုင်သည်ဟု ယုံကြည်သည့် ယုဒအမျိုးသားတို့ ရောက်ရှိလာသောအခါ သူက တစ်ပါးအမျိုးသားတို့နှင့် မပေါင်းတော့ဘဲ တစ်သီးတစ်ခြားနေသည်။ ထို့ပြင် ရောက်လာသူများနှင့်တစ်ဖွဲ့တည်းပါဟု ဟန်ဆောင်လိမ်ညာသည်။ ဤသို့ သူတော်ကောင်း ယောင်ဆောင်မှုကို ရှင်ပေါလုက မေတ္တာဖြင့် ရင်ဆိုင်ဖြေရှင်းခဲ့သည်။…

အဝေးကြည့် အနီးကြည့်

ကောင်းမွန်သောမျက်လုံးများရှိရုံနှင့် ကြည်လင်ပြတ်သားစွာမြင်နိုင်ရန် မလုံလောက်ပါ။ ထိုအရာကို အတွေ့အကြုံအရ နားလည်ခဲ့ရသည်။ မျက်စိအာရုံခံအလွှာပျက်စီးသွားသဖြင့် ခွဲစိတ် ကုသခဲ့ပြီးနောက် မျက်လုံးနှစ်လုံးစလုံး ကောင်းမွန်စွာမြင်ရသော်လည်း တစ်ဖက်နှင့်တစ်ဖက် အမြင်မတူတော့ပေ။ မျက်လုံးတစ်ဖက်က အဝေးမြင်ဖြစ်ပြီး တစ်ဖက်ကမူ အနီးမှ အရာဝတ္ထုကို မြင်ရသည်။ ဤအမြင်နှစ်ခုကို ညှိမရပြီ။ နောက် ၃ လအကြာ ဆေးမျက်မှန်သစ် တပ်ဆင်မှ အဆင် ပြေသွားတော့သည်။ ထိုသုံးလမတိုင်မီက မျက်လုံးအိမ်က ဆုံးချက်မမိဘဲ ရှိနေခဲ့သည်။

ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏အမြင်လည်း ထိုကဲ့သို့ဖြစ်ပျက်နေသည်။ ယုံကြည်သူအချို့ က ဘုရားသခင်ကို နီးကပ်စွာမြင်သည်။ ကိုယ်တော်ကိုသူတို့၏နေ့စဉ်အသက်တာတွင် ရင်းရင်း နှီးနှီး သိကျွမ်းသည်။ အခြားသောယုံကြည်သူများက ဘုရားသခင်ကို အတိုင်းအတာအလွန် တွေ့မြင်သည်။ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်တော်နှင့် စကြ၀ဠာ၌ အစိုးရလျက် လူတို့ တွေးခေါ်နားလည်နိုင်စွမ်းထက် သာလွန်ကြောင်း ရှင်းလင်းစွာမြင်ကြသည်။

မည်သည့်အမြင်က သာ၍ကောင်းသည်ကို အငြင်းပွားနေကြရာ၊ သမ္မာကျမ်းစာသည် ဆေး…

လေရဟတ်အိုကြီး

အနောက်တက္ကဆက်ရှိ မွေးမြူရေးခြံတွင် ကြီးပြင်းလာသောလူတစ်ဦးက သူ၏စပါးကျီနှင့် ယှဉ်လျက် တည်ရှိသော ခနော်နီခနော်နဲ့ လေရဟတ်အိုတစ်ခုအကြောင်းကို ပြောပြခဲ့သည်။ ၄င်းသည် နေရာအတော်များများကို ရေပေးဝေသည့် တစ်ခုတည်းသော ရေအရင်းအမြစ်ကြီး ဖြစ်သည်။

လေပြင်းပြင်းတိုက်သောအခါ ထိုလေရဟတ်က ကောင်းစွာလည်ပတ်သော်လည်း လေပြေ လေညင်းသာဖြစ်ပါက ထိုလေရဟတ်မလည်တော့ပေ။ လေလာရာလမ်းကြောင်းတည့်တည့် ရှိနေ ရန်အတွက် ပန်ကာဒလက်များကို လက်ဖြင့် တည့်မတ်လှည့်ပေးရသည်။ အနေအထားမှန်မှသာ လေရဟတ်ကြီးက မွေးမြူရေးခြံများအတွက် ရေပေးဝေနိုင်မည်ဖြစ်သည်။

ဝေးလံခေါင်သီသောဒေသရှိ အသင်းတော်ငယ်လေးများမှ သင်အုပ်များနှင့် တွေ့ဆုံရချိန်၌ ထိုအကြောင်းအရာလေးကို စဉ်းစားမိသည်။ သင်းအုပ်အများစုက သူတစ်ပါးကို ပြုစုသူများဖြစ် သော်လည်း မည်သူကမျှ သူတို့ကို ဂရုမစိုက်ဘဲ အထီးကျန်၍ အထောက်အကူမဲ့နေသကဲ့သို့ ခံစား နေရသည်။ ထို့ကြောင့်အသင်းတော်ရှိလူများအတွက် ၀ိညာဉ်ရေကို သယ်ဆောင်ရင်း ကိုယ်တိုင်က အားမရှိ၊ ပင်ပန်းနွမ်းလျနေတော့သည်။ ထိုသင်းအုပ်များအား လေရဟတ်အိုကြီးအကြောင်းနှင့် မိမိ ကိုယ်ကို အနေအထားမှန်အောင် နေ့စဉ်ချိန်ညှိရန်လိုကြောင်း…