ဘုရားသခင်နှင့် တစ်နေ့လုံး
ဘရာသာလောရင့်စ် (၁၆၁၄-၁၆၉၁)သည် ခရစ်ယာန်ဝတ်ကျောင်း မီးဖိုထဲတွင် အိုးခွက်နှင့် ဒယ်ပြားများကို တိုက်ချွတ်ဆေးကြောနေရင်း ဘုရားသခင်နှင့် ပို၍ကျွမ်းဝင်ရင်းနှီးလာသည်ဟု ခံစားရသည်။ စင်စစ် သူ၌ ဘုရားသခင်ထံ ၀တ်ပြုဆုတောင်းချိန်သီးသန့်ရှိပါသည်။ သို့သော် အလုပ် လုပ်ကိုင်နေချိန်အတွင်း ဆုတောင်းခြင်းက အသက်တာကို ပြောင်းလဲစေကြောင်း တွေ့ရှိခဲ့ သည်။ ၀တ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သည့် Practicing the Presence of God စာအုပ်တွင် သူက “ဆုတောင်းချိန်ဟာ အခြားအချိန်တွေနဲ့ ကွဲပြားခြားနားရမယ်လို့ တွေးတတ်ခြင်းဟာ မှားယွင်းတဲ့ အတွေး၊ လှည့်စားမှုကြီးပါပဲ။ အလုပ်လုပ်နေတဲ့အချိန်မှာ အလုပ်လုပ်နေတဲ့အလျောက်၊ ဆုတောင်း ချိန်မှာ ဆုတောင်းနေတဲ့အလျောက် ဘုရားသခင်ကို စွဲမြဲဖက်တွယ်နေရမယ်။ ဒါကို တင်းကြပ်စွာ ဆောင်ရွက်ရမယ်”ဟု မိန့်ဆိုခဲ့သည်။ အချုပ်အားဖြင့်ဆိုသော် “မခြားမလပ်ဆုတောင်း ပတ္ထနာပြု ကြလော့” (၁ သက် ၅း၁၇) ဟု သူက ထောက်ခံတိုက်တွန်းခြင်းပင်။
တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့က…
မတွေ့ရသေးသော
ကျွန်မနှင့် ခင်ပွန်းသည်တို့ ဗာဂျီးနီးယားအရှေ့ပိုင်းကမ်းခြေသို့ ကားမောင်းသွားရင်း ကျွန်မ က မြေပုံကိုကြည့်ပြီး ပင်လယ်ကမ်းခြေသို့သွားသည့်လမ်းကို ရှာဖွေခဲ့သည်။ နောက်ဆုံး၌ လမ်း တစ်ခုကို တွေ့ရှိပြီး ကျွန်မတို့နေဘက်သို့ မျက်နှာမူ မောင်းနှင်ခဲ့သည်။
မိနစ်အနည်းငယ်ကြာသောအခါ ပင်လယ်ကမ်းခြေ မရောက်ရှိမီ သဘာဝတောရိုင်းဘေးမဲ့ တောထဲသို့ ရောက်သွားသောကြောင့် ပျော်ရွှင်စွာရယ်မောမိသည်။ ဘေးပတ်ပတ်လည်တွင် သဲတောင်ပူစာများ၊ စိမ့်တော၊ ပင်လယ်မြက်ပင်များ၊ စင်ရော်ငှက်များ၊ ဗျိုင်းများနှင့် အပြာရောင် ငဟစ်ငှက်များနှင့် ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားကာ အံ့သြဖွယ်ပင်။ ကျွန်းတစ်ခုမှတစ်ခုသို့ မြင်းရိုင်းများ ရေကူးသွားသည့် ရှုခင်းရှိသော နာမည်ကြီး Chincoteague နှင့် Assateague ကျွန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အခြားသူများအနေနှင့် ထိုကျွန်း၏ထူးခြားမှုနှင့် အလှတရားကို သတိထားမိသည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကျွန်မတို့မှာမူ ယခုမှပင် ကြုံဖူးတွေ့ဖူးတော့သည်။
ထိုနည်းတူပင် လူတို့ မတွေ့ဖူးသည့် အလှရှုခင်းပမာ ကျမ်းစာမှ ထာဝရနှင့်ဆိုင်သော စကားတော်များမှ အဖိုးတန်ရတနာများကို…
ရင်းနှီးမြုပ်နှံမှုအတွက် အကြံပေးချက်
“သင့်အနာဂတ်အတွက် အမြော်အမြင်ရှိရှိ ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် သင့်ကို ကူညီချင်ပါ သည်” ဟု ပင်စင်ရံပုံငွေနှင့် 401(k)s ရင်းနှီးမြုပ်နှံမှု ဟောပြောပွဲ၌ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်မှ ပြောခဲ့ခြင်းဖြစ်သည်။ ထိုအကြံပေးပုဂ္ဂိုလ်က လာရောက်နားထောင်သူများအား စီးပွားရေး အတက် အကျများ ဖြစ်နေသော်လည်း စတော့ဈေးကွက်၌ ငွေကြေးများကို ဆက်၍ရင်းသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နောက်ဆုံး၌ သမိုင်းတွင်မည့် ကောင်းမွန်သော အမြတ်အစွန်းကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထိုနည်းတူပင် ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာအနာဂတ်အတွက် အမြော်အမြင်ရှိစွာဖြင့် ရင်းနှီး မြုပ်နှံရန် ဘုရားသခင် အလိုရှိသည်။ ဘ၀၏အတက်အကျ အခြေအနေများ၌လည်း ကျွန်ုပ်တို့၏ အကျင့်စရိုက်နှင့်စပ်ဆိုင်သည့် ၀ိညာဉ်ရေးရာကို ဆက်လက်၍ ရင်းနှီးမြုပ်နှံ ပျိုးထောင်သင့်သည်။ တမန်တော်ပေတရုမှ ကျွန်ုပ်တို့အား ကိုယ်ကျင့်တရား မြင့်မားအောင် လုံ့လ၀ီရိယဖြင့် ကြိုးစားရန် မိန့်မူထားသည် (၂ ပေ ၁း၅-၁၁)။ ခရစ်တော်ကို ယုံကြည်ပြီး ကယ်တင်ခြင်းရရှိပြီးနောက်ပိုင်း၌ ကျွန်ုပ်တို့၏အကျင့်အကြံ၌ ယုံကြည်ခြင်း၊ အကျင့်သီလ၊…
အမည်သစ်ဖြင့် ခေါ်ယူခံရသည်
မာ့ခ် လဘတ်တန် ရေးသားသည့် “Leading by Naming” ဆောင်းပါး၌ အမည်ပညတ် သတ်မှတ်ခြင်းအကြောင်းကို ရေးသားထားသည်။ “တစ်နေ့မှာ ဂီတသမားမိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ဂီတသမားလို့ ခေါ်လိုက်တယ်။ အဲဒီတုန်းက ခံစားရတဲ့ခံစားချက်ကို အခုထိ မှတ်မိ သေးတယ်။ ဘယ်သူကမှ ကျွန်တော့်ကို အဲဒီလိုမခေါ်ဘူး။ ဘာတူရိယာကိုမှလည်း မတီးခတ်တတ် ဘူး။ သီချင်းလည်း မဆိုတတ်ပါဘူး။... ဒါပေမယ့် ရုတ်တရက် ကိုယ့်အထဲက စစ်မှန်တဲ့ဖြစ်တည်မှု ကို သူသတိပြုခံစားပေးတယ်ဆိုပြီး ကြည်နူးသွားတယ်” ဟု သူကပြောပါသည်။
ယေရှု သူ့နာမည်ကိုပြောင်းလိုက်စဉ်က ရှိမုန်လည်း ထိုသို့ပင် ခံစားမိလိမ့်မည်။ ယေရှုသည် ကြွလာတော်မူသော မေရှိယဖြစ်ကြောင်း အနြေ္ဒ အသေအချာသိလိုက်ရသည်တွင် သူ့အစ်ကို ရှိမုန် ကို ချက်ချင်းရှာပြီး သခင့်ထံ ခေါ်ဆောင်ခဲ့သည် (ယော ၁း၄၁-၄၂)။ သခင်ယေရှုသည် ရှိမုန်၏စိတ် ၀ိညာဉ်ကို ထိုးဖောက်ရှုမြင်ပြီး သိမ်မွေ့နက်နဲစွာ…
ဘုရားသခင်၏ မပျက်ကွက်သောမေတ္တာတော်
ဓမ္မဟောင်းကျမ်းမှ ဟောရှေအနာဂတ္တိကျမ်းသည် သစ္စာမဲ့သော သူ့လူများအပေါ်ထားသော ဘုရားသခင်၏သစ္စာတည်သော မေတ္တာတော်အကြောင်းဖြစ်သည်။ ထာဝရဘုရားက ဟောရှေအား သူ့အပေါ် ထိမ်းမြားလက်ထပ်ဝန်ခံချက်ကို ချိုးဖောက်ပြီး သူ့ကို ၀မ်းနည်းစေမည့် ဂေါမာအား လက်ထပ်ရန် မိန့်ကြားရာ ကျွန်ုပ်တို့အတွက် အထူးအဆန်းဖြစ်ရသည်။ တစ်ဖန် သူ့ကိုစွန့်ပြီး အခြား ယောက်ျားနောက် လိုက်ခဲ့ပြီးသည့်နောက်ပိုင်း သူ့ဇနီးကို ပြန်သိမ်းရန် မိန့်ကြားပြန်သည်။ ၄င်းသည် အခြားတစ်ပါးသော ဘုရားများနောက် လိုက်ပါကြသည့် သူ့သားသမီး ဣသရေလတို့အပေါ်ထား သည့် ဘုရားသခင်၏မေတ္တာကို သရုပ်ပြခြင်းပါ (၃း၁)။
ဣသရေလလူတို့သည် ထာဝရဘုရားအား ပုန်ကန်ဆန့်ကျင်ခြင်းကြောင့် တိုင်းတစ်ပါးသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရလိမ့်မည်ဟု ဟောရှေ ပြောကြားရပြန်သည်။ “ရှာလမန်မင်း သည် ... စစ်တိုက်သောအခါ ဖျက်ဆီးသကဲ့သို့ သင်၏ရဲတိုက်ရှိသမျှတို့သည် ပျက်စီးရကြလိမ့် မည်” (၁၀း၁၄)။
အပြစ်နှင့်စီရင်ခြင်းများကြားတွင် သူ့သူများအပေါ်ထားသော ဘုရားသခင်၏ကျေးဇူးတော် က ဘယ်တော့မှ မကုန်ခမ်းသွားပါ။ “ကိုယ်အဖို့…
လှပသောဒဏ်ရာ
လွန်ခဲ့သောနှစ်အတန်ကြာက ဆော်လမွန်မြစ်အတိုင်း ကျွန်တော်ခြေလျင်ခရီးသွားခဲ့ရာ အခေါက် များ တစ်ဝက်တစ်ပျက် ကွာနေသည့်ထင်းရှူးပင်အုပ်ကြီးကို တွေ့ခဲ့ရသည်။ ရှေးယခင်က ဤဒေသ၌ အမဲ လိုက်ရင်း ကျင်လည်ခဲ့သည် အမေရိကန်ဒေသခံ လူရိုင်းများက ထင်းရှူးသား၏အပြင်ခေါက်ကိုခွာပြီး အတွင်းအလွှာကို ပီကေလုပ်ကြကြောင်း သစ်တောဝန်ထမ်း သူငယ်ချင်းထံမှ သိခဲ့ရသည်။ သစ်ခေါက် အကွက်အချို့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော်လည်း အချို့က ကြည်လင်သန့်စင်သောသစ်စေးများ နှင့် ပြည့်နေပြီး လေနှင့်ရာသီဥတုတို့၏အရောင်တင်ပေးမှုဖြင့် ရှားပါးပြီး အလွန်လှပသည့် ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအဖြစ်က ကျွန်ုပ်တို့၏အပြစ်ကျူးလွန်ခြင်းသဘောနှင့်တူနေ၏။ အတိတ်က အပြစ်ကြောင့် ကျွန်ုပ်တို့ ဒဏ်ရာ၊ အမာရွတ်များ ရှိကောင်းရှိနေမည်။ သို့သော် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကျေးဇူးကို ခံရရန် အပြစ်များကို နောင်တနှင့် ၀န်ချလျှင် ကျန်ခဲ့သည့်ဒဏ်ရာက လှပသော အမှတ်တရများ ဖြစ်လာပါ လိမ့်မည်။
လူအချို့က အပြစ်၏ခါးသီးမှုတွေကို မြည်းစမ်းခဲ့ရပြီး ယခုတွင်မူ အပြစ်ကို ရွံရှာလျက် မကောင်းမှု ကို…
မည်သူချီးကျူးခံရလဲ
Little Jack Horner ဆိုသည့် ကလေးတေးကဗျာကို ကျွန်ုပ် နားမလည်နိုင်။ ထိုကဗျာ၌ Little Jack Horner ဆိုသည့် ချာတိတ်လေးက အခန်းထောင့်လေးမှာထိုင်ရင်း မုန့်စားကာ မုန့်ထဲမှ မက်မန်းသီး လေးကို နှိုက်စားရင်း “တယ်တော်တဲ့ ငါပါ လား”ဟု ဆိုသည်။
အခန်းထောင့်၌ လက်မလေးထောင်ရင်း “ကျွန်တော်ဟာ လူတော်လေးပါ”ဟု ပြောနေသည့် Jack သည် အူကြောင်ကြောင်နိုင်လွန်းလှသည်။ အခန်းထောင့်သို့ အပို့ခံရသူသည် လူဆိုးလေးများဖြစ်ပြီး အပြစ်ဒဏ်ခံရခြင်းဖြစ်သည်။ ဂျက်သည် အကြောင်းမရှိ၊ အကြောင်းရှာသက်သက် လူတွေ သူ့ကို စိတ်ဝင် စားလာအောင်၊ သူ့ကို မုန့်ထပ်ပေးအောင် လုပ်နေခြင်းသာဖြစ်သည်။
ကျွန်ုပ်တို့လည်း မိမိ၏အောင်မြင်မှုစွမ်းရည်များကို လူအများမြင်အောင် စိတ်ဝင်စားလာအောင် လုပ်တတ်ကြသည်။ ဘ၀တွင် ကိုယ်အမှုကိုသာ ရှုမှတ်ရမည်ဟု ကျွန်ုပ်တို့တွေးတတ်ကြသည်။ သို့ငြားလည်း ထိုသို့အသက်ရှင်ခြင်းသည် အဆိုးရွားဆုံး ကိုယ့်ကိုကိုယ်ကို လှည့်စားမှုသာဖြစ်သည်။ စင်စစ် မိမိ၏ပြစ်မှားမှုဒုစရိုက်များက ကျွန်ုပ်တို့ကို…
ရပ်ပြီးကြည့်ပါ
မျက်စိဆရာဝန်က ငြိမ်ငြိမ်နေဟု ပြောရာ ကျွန်မဘာမှ စောဒကမတက်ဘဲ ငြိမ်ငြိမ်နေလိုက်သည်။ ဖီဆန်လိုစိတ်လဲမဖြစ်ပါ။ နာမည်ကြီး မျက်စိခွဲစိတ်ဆရာဝန်က ကျွန်မဒအမြင်အာရုံများ ရေရှည်ခံအောင် ထိန်းသိမ်းစစ်ဆေးပေးနေခြင်းဖြစ်သောကြောင့် ကျွန်မက ပူးပေါင်းနာခံမှုရှိရန်လိုသည်။ သူ့စကားကို လျစ်လျူရှုပါလျှင် ကျွန်မ လူမိုက်ဖြစ်သွားပါမည်။ သို့ဆိုလျှင် ၀ိညာဉ်ရေးရာ ငြိမ်ဝပ်ရေးအတွက် ကျွန်မတို့ ထိုသို့အဘယ်ကြောင့် မပူးပေါင်း မနာခံ နိုင်သနည်း။ ငြိမ်ဝပ်အနားယူခြင်းသည် ဘ၀၏စည်းချက်တိုင်း၌ အရေးကြီးကြောင်း ဘုရားသခင်က သတ်မှတ်ထားသည်။ ငြိမ်ဝပ်ခြင်းမရှိလျှင် ဘယ်အရာကိုမှ ရှင်းလင်းပြတ်သားစွာ မြင်နိုင်မည်မဟုတ်ပါ။ ထို့ပြင် မိမိကိုယ်ကို ထင်သင့်သည်ထက်ပိုပြီးအရေးကြီးသည်ကို ထင်မြင်လာလိမ့်မည်။ အာဟပ်နှင့် ယေဇဗေလတို့နှင့် အပြင်းအထန် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ပရောဖက် ဧလိယမှာ ခြေကုန်လက်ပန်းကျသွားသည်။ ဘုရားသခင်က သူ့ကို ပြုစုစောင့်ရှောက်ရန် ကောင်းကင်တမန်ကို စေလွှတ်ပေးပြီး၊ သူငြိမ်ဝပ်စွာ အနားယူချိန်၌ “ထာဝရဘုရားသခင်၏နှုတ်ကပတ်တော် ရောက်လာသည်” (၃ ရာ ၁၉း၉)။ ဘုရားသခင်၏အမှုတော်ကို သူတစ်ဦးတည်း လုပ်နေရသည်ဟု ဧလိယထင်ခဲ့သည်။…
အတူတကွ ပူးပေါင်းစို့
မီးပုရွက်ဆိတ်များ၏ခန္ဓာသည် ရေထက်သိပ်သည်းဆပိုများရာ ရေလွှမ်းမိုးလျှင် ၄င်းတို့ သေကြေ ပျက်စီးမည်ဖြစ်သော်လည်း ၄င်းတို့မသေဘဲ ရှင်သန်နိုင်သည်ကို သိပ္ပံပညာရှင်များက အံ့သြစိတ်ဝင်စားခဲ့ သည်။ သီတင်းပတ်ကြာကြာ ရေပေါ်တွင် ဖောင်ကဲ့သို့ အုပ်စုလိုက်ဖွဲ့ပြီး မည်သို့နေထိုင်ကြသနည်း။ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာများက ပုရွက်ဆိတ်ကိုယ်ပေါ်ရှိ အလွန်သေးငယ်သော အမွှေးအမျှင်များသည် လေလုံးလေးများကို ပိတ်ဆို့ထားသည်ဟု လေ့လာတွေ့ရှိခဲ့သည်။ ဤသို့သော အားဖြင့် ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်လေးများမှာ တစ်ကောင်ချင်းစီ အသက်လုခြင်းထက် တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်၍ အတူတကွ ပူးပေါင်းလျှင် ရေလွှမ်းမိုးချိန်တွင် ရှင်သန်နိုင်ခြင်းဖြစ် သည်။
ဝိညာဉ်ပိုင်းတွင် ရှင်သန်လျက် ကြီးထွားအောင် ကျွန်ုပ်တို့သည် အခြားသောခရစ်တော် နောက်လိုက် ယုံကြည်သူများနှင့် အတူတကွ ဆက်သွယ်မှုရှိရန် ဓမ္မသစ်ကျမ်းတွင် မကြာခဏ ဖော်ပြထား သည်။ ဧဖက် ၄ တွင် “အကြောင်းမူကား သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်း ငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန်…
ဘ၀လမ်းခရီးကြမ်းတမ်းသည်ရှိသော်
၂၀၀၉ ခုနှစ် သြဂုတ်လ တွင် အလက်စကားဒေသရှိ ကီနိုင်းမျိုးနွယ်စုမှ ဘလဲနှင့် ရိုနာ မာတင်တို့၏ ကိုးနှစ်အရွယ်သားမက်တီမှာ နွားဝှေ့ သေဆုံးသွားသည်။ မိသားစုနှင့်ကျွန်ုပ် တွေ့ဆုံပြီး ၀မ်းနည်းပူဆွေးမှုကို အတူမျှဝေခံစားခဲ့သည်။ ဤကြေကွဲစရာဖြစ်ရပ်ကြောင့် သူတို့ လွန်စွာခံစားနေရမှန်း ကျွန်ုပ်နားလည်သည်။
သူတို့သည်ဘုရားသခင်ထံမှ ကရုဏာနှင့် နှစ်သိမ့်ခြင်းကို ရှာဖွေနေကြောင်းလည်း ကျွန်ုပ် သိသည်။ သူမ စိတ်ပျက်အားငယ်ချိန်များတွင် သူမသည် ၂ ကော ၁း၉ ကိုဖတ်လိုက်ရသည်။ “ငါတို့သည် မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားရမည်” ဟူ၍ဖြစ်သည်။ မက်တီ၏မိခင် တွေ့ရှိခဲ့သည့်အချက်က ဘ၀လမ်းခရီးကို လှမ်းနေသူတိုင်းအတွက် အလွန်အဖိုးတန်ပေသည်။
ထိုကျမ်းချက်အားဖြင့် သခင်ယေရှု သူမကို စကားပြောနေသကဲ့သို့ ခံစားခဲ့ရသည်။ “ရိုနာ မင်းရဲ့လမ်းခရီးဟာ မင်းအတွက် အလွန်ခက်ခဲပြီးပင်ပန်းတယ်၊ အရိုးတွေဆွေးမြေ့သကဲ့သို့ ဖြစ်နေ တယ်ဆိုတာ ငါသိတယ်။ မင်းရဲ့ပင်ပန်းနွမ်းနယ်မှုတွေအတွက်…