အမျိုးအစား  |  Uncategorized

နှုတ်ကပတ်တော်အားဖြင့်နိုးကြားခြင်း

ကျွန်မ မျက်လုံးဖွင့်လိုက်ချိန်၌ အခန်းတစ်ခန်းလုံး မှောင်မိုက်နေဆဲပင်။ အိပ်ရာမှထရန် စောသေးသည်။ သက်ပြင်းချရင်း ပြန်အိပ်မည်ပြုစဉ် လုပ်ရမည့်အလုပ်စာရင်း တစ်သီကြီးခေါင်းထဲ ၀င်လာသည်။ မီးဖိုချောင်အတွက် ကုန်ချောက်များဝယ်ရမည်၊ သူငယ်ချင်းကို ထမင်းကျွေးရမည်၊ အီးမေးလ်စာပြန်ရမည်၊ ဆရာဝန်နှင့်တွေ့ရန် ရက်ချိန်းယူရမည်...။

သင်လည်းဤကဲ့သို့အလုပ်များ၍ စိတ်ဖိစီးမှု၊ စိုးရိန်ပူပန်မှု လွှမ်းမိုးနေချိန်တွင် အိပ်ရမည့် အချိန်တွင် မအိပ်နိုင်ဘဲ မျက်နှာကျက်ကို ငေးငိုင်စိုက်ကြည့်မိသည့် ခံစားချက်ကိုသိမည်ပင်။

ခံစားချက်က အဆန်းမဟုတ်ပါ။ ဆာလံ ၁၁၉း၁၄၇ တွင် “မိုဃ်းမလင်းမီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်တော်ထွက်စကားကို မျှော်လင့်လျက်နေပါ၏” ဟု ဆာလံဆရာက ရေးသားခဲ့သည်။

ထာဝရဘုရား၏ နှုတ်တော်ထွက်စကားတော်သည် အိပ်မပျော်သည့် ညပေါင်းများစွာ၌ ဆာလံဆရာအား ငြိမ်သက်ခြင်းချမ်းသာကို အထူးပေးခဲ့သည်။ သူ၏ပြဿနာများ လုံးဝဥဿုံ ပျောက်ပျက်မသွားလည်း “ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသောငှာ ညဥ့်ယံမလွန်မီ အကျွန်ုပ်နိုးတတ်ပါ၏”ဟု ဆိုသည်။ ညအချိန်တွင် သူ၏စိတ်နှလုံးထဲတွင် စကားတော်ကို ထပ်ခါ…

ပွင့်နေသောတံခါးများ

ဒန်းနစ်အတွေးအခေါ်ပညာရှင် ဆိုရန် ခစ်ခါဂဒ် (၁၈၁၃-၁၈၅၅) က “ကိုယ်ကြိုက်တဲ့ဆု တောင်းလို့ရမယ်ဆိုရင် ချမ်းသာကြွယ်ဝမှုနဲ့ အာဏာတွေမတောင်းဘဲ... ငယ်ရွယ်တက်ကြွပြီး အမြော်အမြင်နဲ့ပြည့်စုံတဲ့ ဥာဏ်မျက်စိဘဲ တောင်းချင်တယ်”ဟု ရေးသားခဲ့သည်။

တမန်တော်ရှင်ပေါလုသည် အမှုတော်အတွက် အခွင့်အလမ်းကြီးများကို သူ့ဘ၀အခြေ အနေတွင် မြင်ခဲ့သည်။ ယေရှုအတွက် သက်သေခံရန် ဘုရားသခင် ဖွင့်ပေးသည့်တံခါး (အခြေ အနေ)များကို သူအသုံးချခဲ့သည်။ ယေရုရှလင်မြို့၌ အဖမ်းခံရပြီး ဖေလဇ်မင်းရှေ့မှောက် ရောက် သွားချိန်၌ အခွင့်အရေးအရယူကာ ဧ၀ံဂေလိတရား ဟောပြောခဲ့သည် (တ ၂၄း၂၄)။ သူနှင့် သိလတို့ အချုပ်အနှောင်ခံရစဉ် ပတ္ထနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုကာ ဖိလိပ္ပိ အကျဉ်းသားတို့အား ဧ၀ံဂေလိတရား ဝေမျှခဲ့သည် (တ ၁၆း၂၇-၃၄)။ တစ်ဖန် ပေါလုသည် ရောမမြို့၌ အကျဉ်းကျစဉ် ဖိလိပ္ပိယုံကြည်သူတို့အား ၄င်းတို့၏ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အားပေး ရန် အခွင့်အရေး ရယူခဲ့ပြန်၏…

ဖြည်းညင်းသောစကား၏အစွမ်း

ဘော့စတွန်မြို့လယ် ကားလမ်းကျပ်သည့်ရုံးချိန်တွင် မြေအောက်လှိုဏ်ခေါင်းလမ်း တစ်နေရာ၌ ကျွန်တော့်ကား ပျက်သွားသည်။ အခြားယာဉ်မောင်းက ကျွန်တော့်ကားကို ခက်ခက် ခဲခဲကွေ့ရှောင် ကျော်ဖြတ်သွားရင်း သူတို့စိတ်အနှောင့်အယှက်ဖြစ်မှုကို တွေ့နေရသည်။ နောက်ဆုံးတွင် ကျွန်တော့်ကားကို အခြားကားတစ်စီးဖြင့် ဆွဲယူသွားခဲ့ရ၏။ တစ်ဖန် ခရီးသွားရင်း နံနက် ၂ နာရီအချိန်ကြီးတွင် ပျက်သွားပြန်သဖြင့် ထပ်ပြင်ရပြန်သည်။

ဖြစ်ချင်တော့ ကားဝပ်ရှော့တွင်လည်း လာပြင်သည့်ကားများက ခါတိုင်းထက် နှစ်ဆမျှရှိနေ သည်။ နောက်နေ့ အလုပ်ဆင်းချိန် ကားသွားယူရန် ၀ပ်ရှော့သို့ ရောက်သွားသောအခါ ကျွန်တော့် ကားမှာ အခြားကားအစီး ၃၀ အကြားတွင် ပိတ်မိနေသည်။

ထိုအချိန်တွင် ကျွန်တော်၏ပထမဆုံးတုံ့ပြန်မှုမှာ ခရစ်ယာန်မပီသပါဟုပင် ဆိုရပါမည်။ ကျွန်တော် ကြိမ်းမောင်းလိုက်ပြီးမှ ဤသို့လုပ်ခြင်းက အလုပ်သိမ်းချိန်နီးနေသော အလုပ်သမားများ အနေဖြင့် ကျွန်တော့်ကို ကူညီလိုစိတ်နည်းသွားစေသည်ကို သိမြင်လာသဖြင့် ကျွန်တော် လက်လျော့လိုက်သည်။ ဒေါသနှင့် အလုပ်ရုံသို့ လှမ်းသွားပြီး တံခါးဖွင့်ခိုင်းသည်။…

အားလျော့စိတ်ပျက်သူအတွက် မျှော်လင့်ခြင်း

အိမ်ရှေ့ဆင်ဝင်ကို အမိုးအုပ်ပုံစံနှင့် ဆောက်လုပ်စဉ်က တစ်နေ့နေ့တွင် ထိုနေရာ၌ ငှက်များ အသိုက်လာလုပ်လိမ့်မည်ဟု ကျွန်မခင်ပွန်းက ကြိုတင်မျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် ထောင့်ချိုးတိုင် တစ်ခုကို ခပ်စောင်းစောင်း ဆောက်လိုက်သည်။ နောက်ပိုင်းတွင် ရော်ဘင်ငှက်ကလေးများ ရောက်လာပြီး အသိုက်ဆောက်ရန် ကြိုးစားနေသည်ကို မြင်ရသောအခါ အကွက်ဝင်သွားပြီဟု ပီတိနှင့် ရယ်မောခဲ့ရသည်။ ဆင်ဝင်ပေါ်တွင် မြက်များအပုံလိုက် တွေ့ရသဖြင့် သူတို့အလုပ်မဖြစ်ကြောင်းကို ပြနေ၏။ သို့သော် နှစ်ရက်မျှ မိုးသည်းသည်း ရွာချပြီးနောက် ကျွန်မတို့က မဖြစ်နိုင်ဟု ထင်ထားသော နေရာ တည့်တည့်တွင် ငှက်သိုက်လေးတစ်ခုကို တွေ့ခဲ့ရပါတော့သည်။ အလျော့မပေးသော ရော်ဘင် ငှက်မကြီးသည် မိုးကြောင့် စေးပျော့သွားသည့်မြေနှင့် သစ်ခက်မြက်ပင်တို့ကို ရက်ကာ ငှက်သိုက်ကို ဆောက်ပြီးခဲ့လေပြီ။ တောင်ပံများရှင် မိတ်ဆွေငှက်လေးမှာ မဆုတ်မနစ် သည်းခံ ကြိုးစားခဲ့ပါသည်။

သည်းခံခြင်းသည် စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်၏။ ခရစ်တော်ကို ချီးမြှောက်သော အသက်တာဖြင့် နေထိုင်ရန်…

ကားတိုင်တော်ဆီသို့ပြေးပါ

ဟာဝိုင်ယီကျွန်းမြောက်ပိုင်း ကမ်းရိုးတန်းဒေသတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်တိုင်း ဟာန အရပ်၌ နေထိုင်ကြသူများမှာ ဘေးအန္တရာယ်ကင်းလွတ်ရာ ကုန်းမြင့်ပိုင်းတောင်ပေါ်သို့ အလျင်အမြန် ပြေးကြရ၏။ ထိုအနီးတွင် နှစ်ပေါင်းများစွာက သာသနာပြုများ စိုက်ထူထားသည့် သစ်သားကားတိုင် အမြင့်ကြီးတစ်ခုရှိပါသည်။ လူတို့သည် သူတို့၏ရုပ်ခန္ဓာ ဘေးလွတ်လုံခြုံမှုအတွက် ထိုကားတိုင်စိုက်ထူ ထားရာနေရာသို့ ပြေးကြလေသည်။

ထိုနည်းတူစွာပင် ၀ိညာဉ်ရေးလုံခြုံမှုကိုပေးမည့် နေရာတစ်ခု ကျွန်မတို့အားလုံး လိုအပ်သည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရော ၃း၂၃)၊ အပြစ်တရား၏အခကား သေခြင်းပေတည်း (ရော ၆း၂၃) ဟု သတိပေးထားပါသည်။ ဟေဗြဲ ၉း၂၇ တွင် “လူသည် တစ်ခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူခြင်းကို ခံရ၏”ဟု ဖော်ပြထားသည်။ သန့်ရှင်းတော်မူသော ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးတွေ့သောအခါ မိမိတို့၏အပြစ်အတွက် နောက်ဆက်တွဲရလဒ်ဘာဖြစ်မည်ကို ကျွန်ုပ်တို့ မစဉ်းစားလို။…

ကူညီတတ်လွန်းခြင်းလား

အကူအညီပေးလွန်းခြင်းဟူသည် ဖြစ်နိုင်ပါသလား။ မိမိ၏ကူညီတတ်ခြင်းက အခြားသူများ အတွက် ပို၍အနှောင့်အယှက်ဖြစ်စေနိုင်ပါသလား။ အကယ်၍ မိမိ၏အကူအညီပေးမှုက စိတ်ရှုပ် စရာ၊ မရမက ၀င်ရောက်လုပ်ဆောင်ခြင်း၊ လွှမ်းမိုးခြင်း၊ ကြိုးဆွဲသည့်သဘောများ ပါဝင်လာပါက ထိုသို့ဖြစ်နိုင်ပါ၏။ မိမိပေးသောအကူအညီက စိတ်ပူပြီး အတင်းကူညီခြင်းဖြစ်ပါက မိမိစိတ်အလို ပြည့်အောင် ကြိုးစားနေခြင်းသာဖြစ်လိမ့်မည်။

မိမိ၏စိတ်သဘောနှင့် အကူအညီပေးသည့်လုပ်ရပ်က ခြွင်းချက်မရှိသော ဘုရားသခင်၏ မေတ္တာတော်ကို စစ်မှန်စွာ ဖော်ညွှန်းခြင်း ဟုတ် မဟုတ်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ဖြူစင် စိတ်ရင်းနှင့် မည်ကဲ့သို့ ချစ်နိုင်ပါမည်နည်း (သု ၁၆း၂၊ ၂၁း၂၊ ၁ ကော ၄း၅)။

တစ်ပါးသူတို့အား တစ်နည်းနည်းဖြင့် ထိခိုက်နစ်နာစေခြင်း၊ အနှောင့်အယှက်ပေးမိခြင်း ရှိ မရှိကို ဖော်ပြပေးရန် (ဆာ ၁၃၉း၂၃-၂၄)၊ “စိတ်ရှည်၊ ကျေးဇူးပြုသော၊ ဂုဏ်ပြိုင်ဝါကြွားခြင်း မရှိသော၊ မလျောက်ပတ်စွာမကျင့်၊ ကိုယ်ကျိုးမရှာ၊ ဒေါသမထွက်၊ မတရားသောအမှု၌…

တုနှိုင်းမမီသောမေတ္တာ

ဘီလ်နှင့်သူ၏ဇနီးသည် တို့ကားဖြင့် ရော့ကီးတောင်တန်း လမ်းပေါ်မှ ဖြတ်မောင်းသွားစဉ် ကုန်တင်ကားတစ်စီးနှင့် တိုက်မိမလိုဖြစ်သွားပြီးတစ်ဖက်သို့ ရုတ်တရက်ကွေ့ရှောင်လိုက်ရာ သူတို့၏ကားမှာ ကော်လိုရာဒိုမြစ်အတွင်း သို့ထိုးဆင်းကျသွားခဲ့၏။ မြုပ်သွားသောကားထဲမှ သူတို့ အလုအယက်ကြိုးစား၍ထွက်ပြီး ကိုယ်ဖော့နေကြသည်။ ထိုအဖြစ်အပျက်ကို တွေ့မြင်သော ကုန် တင်ကားမောင်း သူက ကမ်းစပ်သို့ပြေးသွားကာ သူတို့ထံသို့ ကြိုးတစ်ချောင်းကို လှမ်းပစ်ပေးလိုက် သည်။ ဘီလ်သည် ဇနီးသည်၏နောက်မှ ရေကူး၍လိုက်ပါပြီး သူမအား ကြိုးစကိုဆွဲကိုင်နိုင်အောင် တွန်းပို့ပေးသဖြင့် ကားသမားက သူမကို ဆွဲတင်နိုင်ခဲ့သည်။ သို့သော် ဘီလ်မှာ ရေနစ် သေဆုံး သွားသည်။ သူချစ်သောအမျိုးသမီးအတွက် သူ့အသက်ကို ပေးဆပ်ခဲ့လေပြီ။

အခြားသူတစ်ဦး၏ အသက်ရှင်ရေးအတွက် မိမိအသက်ကိုပေးဆပ်ခြင်းသည် ချစ်ခြင်း မေတ္တာကို အဆုံးစွန်ထိ လက်တွေ့သက်သေပြသခြင်းပင်ဖြစ်ပါ၏။ သခင်ယေရှုသည် အပ်နှံခြင်း မခံမီညတွင် သူ၏တပည့်တော်များအား လူသားမျိုးနွယ်အတွက် သူ့အသက်ကို ဖလှယ်ပေးဆပ် မည့် သူ့ရည်ရွယ်ချက်ကို ဖွင့်ဟပြောပြခဲ့သည်။ ကိုယ်တော်က…

ကမ္ဘာ့အရှည်လျားဆုံးစားပွဲ

၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်၊ တနင်္ဂနွေနေ့က ဥရောပတိုက်ရှိ လူစည်ကားဆုံး အဝေးပြေးလမ်းမကြီးမှာ “ကမ္ဘာ့အရှည်လျားဆုံးစားပွဲ” အဖြစ်သို့ ပြောင်းလဲသွားသည်။ အာဏာပိုင် များသည် ဂျာမနီနိုင်ငံ Ruhr ဒေသရှိ ၆၀ ကီလိုမီတာ (၃၇ မိုင်) ရှည်လျားသော A 40 Autobahn လမ်းအပိုင်းကို ပိတ်လိုက်သည်။ လူများစွာတို့သည် ထိုပိတ်ထားသောလမ်းအပိုင်းတွင် လမ်းလျှောက်၊ စက်ဘီးစီးကြပြီး လမ်းတစ်လျှောက်ရှိ စားပွဲအလုံး ၂၀၀၀၀ တွင် ကြိုက်သည့်နေရာ ၀င်ထိုင်နိုင်သည်။ ထိုအပန်းဖြေရေးအစီစဉ်ကို စီမံညွှန်ကြားသူက ခန့်မှန်းခြေလူ ၂ သန်းမျှ လာရောက်ပြီး နိုင်ငံများစွာ မှလူမျိုးစုံ အလွှာစုံ အရွယ်စုံ ယာဉ်ကျေးမှုအစုံစုံတို့ကို တွေ့ဆုံ ချိတ်ဆက်ပေးနိုင်မည်ဟု မျှော်လင့်မိကြောင်းဖော်ပြထားသည်။

ဤ့ဖြစ်ရပ်မှ ယုံကြည်သူများအတူ ၀န်းရံ စားသောက်မည့် ပိုမိုခမ်းနားသည့် သခင်ဘုရား၏ ပွဲတော်ကို သတိရမိသည်။ ပွဲတော်မင်္ဂလာ၌…

သိမ်းငှက်များနှင့်ခြင်္သေ့များ

တစ်မနက်တွင် ကျွန်မသည် အိမ်နောက်ခြံဝင်းထဲ ခပ်ကျဉ်းကျဉ်းနေရာတစ်နေရာ၌ အညိုရော င်အပြောက်နှင့်ယုန်ကလေး မြက်စားနေသည်ကို ကြည့်နေ စဉ်ရုတ်တရက် လျှပ်စီးကဲ့သို့လျင်မြန်သော သိမ်းငှက်တစ်ကောင်သည် ထွက်ပေါ်လာပြီး ဖြန့်ကားသောလက်သည်းများဖြင့် ဆတ်ကနဲ ထိုးသုတ်သည်။ သို့သော် ယုန်သည် ချဉ်းကပ်လာသော အန္တရာယ်ကို သိမြင်လိုက်ပြီး လုံခြုံရာသို့ လှစ်ကနဲ လက်မတင်လေး ထွက်ပြေးလွတ်မြောက်သွားသည်။

မိမိကို လုယက်ဖျက်ဆီးမည့်သားရဲကို ရိပ်မိပြီး အမြန်ထွက်ပြေးသည့် ထိုယုန်ကဲ့သို့ပင် ကျွန်မတို့ခရစ်ယာန်များသည်လည်း သတိရှိရှိ စောင့်ကြည့်ရန်လိုအပ်သည်။ သို့မှသာ ရန်သူကို ရှောင်တိမ်းနိုင်မည်။ “ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြသေ့င်္ကဲ့သို့ အဘယ်သူ ကို မြိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅း၈)။ စာတန်သည် သူ၏နည်းလမ်း များဖြင့် ကျွန်မတို့ကိုအနိုင်ယူပြီး ၀ါးမြိုဖျက်ဆီးလိုသည်။ ထိုသို့ဖျက်ဆီးရန် သူသည်သစ္စာတရား၊ သမ္မာတရားကို တစ်ဖက်လှည့်ကစားပြီး (ယော ၈း၄၄) ကျွန်မတို့ကို လိမ်လည်လှည့်ဖျားရန် ကြိုးစားနေပါသည် (က ၃း၁)။…

အမည်နာမ

အမည်နာမသည် ကျွန်ုပ်တို့အတွက် မည်သည့်အကျိုးထူးခြားမှုကို ဖြစ်စေပါသနည်း။ တနင်္ဂနွေတစ်မနက်ခင်းတွင် ကျွန်တော်သည် ဂျမေးကာရှိ Black River ဘုရားကျောင်းအပြင်၌ ဆယ်ကျော်သက်ရွယ် မိန်းကလေးတစ်ဦးနှင့် မတ်တပ်ရပ်စကားပြောရင်း ဤသို့အမည်နှင့် ပတ်သက်သောအကြောင်းကို စတင်စဉ်းစားမိသည်။ သူမက “နေ့စဉ်ခွန်အားစာစောင်မှာ ကျွန်မ နာမည်ကို ထည့်ရေးပေးပါလား”ဟု ဆိုလာပါသည်။ ရေးစရာအကြောင်းအရာတစ်ခုခု ရှိလားဟု မေးရာ သူမက “ဟင့်အင်း၊ ကျွန်မနာမည်ကို ဒီအတိုင်းပဲ ဖော်ပြပေးပါ”ဟု ပြန်ဖြေပါသည်။

သူမ၏တောင်းဆိုချက်နှင့် သူမနာမည်အကြောင်း စဉ်းစားနေရင်း “Joyeth” (၀မ်းမြောက် ခြင်း) ဆိုသည့် သူမ၏နာမည်ကို မိဘများက ဘာ့ကြောင့်မှည့်ထားရသနည်းဟု တွေးမိသည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ပင်ကိုယ်စရိုက်ကိုကြည့်ပြီး မိဘများက သူ့ဘ၀ပျော်ရွှင်ဝမ်းမြောက် စေရန် ရည်ရွယ်ပြီး ပေးထားခြင်းဖြစ်ပါက သူတို့ဆန္ဒပြည့်ပြီဟု ကောက်ချက်ချမိပါ၏။

ရင်သွေးငယ်တစ်ဦး မွေးဖွားလာတော့မည်ဆိုလျှင် မိဘအတော်များများ ထိုကဲ့သို့ ရွေးချယ် မှု ပြုကြပါသည်။ သို့သော် ကလေးငယ်တစ်ဦးမှာ…