အမျိုးအစား  |  Uncategorized

သာမညနှင့်ထူးခြားအံ့ဖွယ်

PGA Tour သမိုင်းမှတ်တမ်းအရ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ရမှတ် ၅၉ မှတ်ရှိကာ ဂေါက်သီးချန်ပီယံဖြစ်လာပြီး ဂေါက်လောက၏ အထွတ်အထိပ်သို့ရောက်သူမှာ ၂၀၁၀ ခုနှစ် မတိုင်မီက လူ ၃ ဦးသာရရှိခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် Paul Goydos က ရမှတ် ၅၉ မှတ်ရရှိခဲ့ပြီိး Stuart Appleby ကလည်း သူနှင့်မရှေးမနှောင်း အချိန်တစ်လအတွင်း သူနှင့် အမှတ်တူရရှိခဲ့သည်။ ထိုကြောင့်တစ်ချိန်က ဂေါက်သီးနှင့်ပတ်သတ်၍ မက်မောလိုချင်စရာ အကောင်းဆုံးအောင်မြင်မှုမှာ ယခုတစ်အချိန်၌အဆန်းတကြယ်မဟုတ်ဘဲ သာမညဖြစ်လာပြီဟု အားကစား သတင်းရေးသူအချို့ကသုံးသပ်ကြသည်။ ဂေါက်သီးရိုက်ရာသီတစ်ခုတည်း ၌ ၅၉ မှတ် ရသူနှစ်ဦးကို တွေ့မြင်ရခြင်းမှာ အံ့သြစရာဖြစ်ပါ၏။ သို့သော် ဤသည်ကို သာမန်ဖြစ်ရပ် ဘာမှ မထူးခြားဟု ရှုမြင်ကြပါလျှင် မှားလိမ့်မည်။

ယေရှုခရစ်တော် နောက်လိုက်သူတို့အနေဖြင့် ထူးခြားအံ့ဖွယ်အမှုကို သာမညဟု…

ပြောင်းလဲမှုရှုထောင့်အသစ်

အပြောင်းအလဲကို လူတို့မနှစ်မြို့တတ်ပါ။ အခြေအနေပိုကောင်းလာခြင်းထက် ပိုဆိုးမည် စိတ် အထင်ဖြင့် ထိုပြောင်းလဲမှုကို ယေဘုယျအားဖြင့် ဆန့်ကျင်တတ်ကြသည်။ ၀င်ငွေပိုကောင်းပြီး လုပ်ပိုင်ခွင့် ပိုရမည်ဆိုပါက အလုပ်အကိုင်ပြောင်းရန် စိတ်ထက်သန်ကြသည်။ ပိုကောင်းသည့်ဝန်းကျင်နှင့် ကြီးသော အိမ်သို့ ပျော်ရွှင်စွာရွှေ့ပြောင်းကြသည်။ ထိုသို့သောအပြောင်းအလဲကို ကျွန်မတို့သည် ပုံမှန်အားဖြင့် နှစ်သက်တတ်ကြပြီး ဆုံးရှုံးမှု ပါဝင်လာသောပြောင်းလဲမှု -ဥပမာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စိတ်ခံစားမှုများ ပြောင်းလဲရခြင်းကိုကား မကြိုက်ကြချေ။

အပြောင်းအလဲကို ရှောင်လွဲ၍မရပါ။ ပြောင်းလဲရန်လည်း လိုအပ်သည်။ ဘာမှမပြောင်းလဲဘဲ တစ်သမတ်တည်း ရှိနေမည်ဆိုပါက မည်သည့်အရာမှ ကြီးထွားလာမည်မဟုတ်ပါ။ သို့သော် အပြောင်း အလဲတစ်လျှောက် ကျွန်မတို့ကို လမ်းပြဦးဆောင်သွားမည့် သိုးထိန်းကြီးတစ်ဦး ရှိနေပြီး ကိုယ်တော်သည် ကျွန်မတို့ကို ပိုကောင်းသောနေရာသို့ ဦးဆောင်သွားပါသည်။ ဣသရေလလူတို့ ကတိတော်နယ်မြေသို့ ၀င်ရောက်ခဲ့စဉ်ကကဲ့သို့ပင် ပိုကောင်းသောနေရာသို့ ရောက်ဖို့အရေး အခက်အခဲများ ကြုံရဖွယ်ရှိပါသည်။ လူမျိုးတော်တို့သည် သူတို့၏အခြေအနေ ပိုကောင်းမလာဘဲ ပိုဆိုးလာသောအခါ…

အဆင်သင့်ဖြစ်စေ

 

ကျွန်တော့်သမီးမယ်လီဇာသည် သူ့ရွယ်တူ သူငယ်ချင်းများနည်းတူ ကြီးပြင်းအရွယ်ရောက်လျက် ဘ၀လမ်းအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်ကြသည်။ ကျောင်း၌ သင့်တော်သောသင်တန်းများ တက်ထား ပြီး ACT တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေရန် စာရင်းသွင်းထားပြီး အသင့်ပြင်ဆင်ထားခဲ့ပါသည်။

အတန်းချိန်ပြင်ပတွင် မယ်လီဇာသည် သူငယ်ချင်းများ၊ အတန်းဖော်များ၊ သင်တန်းဖော်များနှင့် အချိန်ပေးကာ လူအများနှင့် အဆင်ပြေပြေနေတတ်ရန် လူမှုဝန်းကျင်ဆက်ဆံရေးစွမ်းရည်ကို လေ့လာနေ ခဲ့၏။ အိမ်၌ရှိချိန်တွင် မိမိ၏အနာဂတ်မိသားစုဘ၀အတွက် ခရစ်ယာန်မိသားစုတစ်ခုအတွင်း အပြန် အလှန် ဆက်ဆံပုံနည်းလမ်းကို လက်တွေ့ကျကျ အတွေ့အကြုံယူနေခဲ့ပါသည်။

အရွယ်ရောက်သူတစ်ဦးအနေဖြင့် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းရန် ပြင်ဆင်စရာများရှိပြီး မယ်လီဇာ ၏ အခြေအနေမှာ တိုးတက်ကောင်းမွန်နေခဲ့ပါသည်။

သို့ရာတွင် ထိုပြင်ဆင်မှုတစ်ခုတစ်လေကိုမျှ သူ မလိုအပ်ပြီ။ ၂၀၀၂ ခုနှစ် သူမ၏အသက် ၁၇ နှစ် အရွယ်တွင် ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ချိန်တွင် တစ်ခုတည်းသောအရေးပါသည့် ပြင်ဆင်ထား မှုကား ကောင်းကင်အတွက် သူမ အဆင်သင့်ဖြစ်နေခြင်းပင်ဖြစ်ပါသည်။

လှပသော ဇွန်လလယ်…

မည်သူ့ကိုမြင်သနည်း

နှစ်များစွာကြာသည့်တိုင် Allen Funt Candid ကင်မရာရုပ်သံအစီအစဉ်မှ လျှို့ဝှက်ကင်မရာ သုံး၍ မထင်မှတ်သော လျှပ်တစ်ပြက်အခြေအနေများတွင် သာမန်လူများ၏ အလွန် ရယ်စရာကောင်း သော တုံ့ပြန်ချက်များကို ရိုက်ယူပြသသဖြင့် ကြည့်ရှုသူများ အထူးနှစ်သက်ကြသည်။ ထိုရုပ်သံလိုင်း ပိုင်ရှင်၏သား Peter ၏အဆိုအရ “လူတွေက ထူးဆန်းပြီး အံ့သြစရာကောင်းတယ်ဆိုတာကို ကျွန်တော် တို့ ယုံကြည်တယ်။ ပြီးတော့ ဒါကိုအတည်ပြုဖို့ ကြိုးစားနေတာပါ”ဟု ၄င်းတို့၏သဘောထားကို ပြောပြ သည်။ ထိုအစီအစဉ်နှင့် ဆင်တူသည့် အခြားတင်ဆက်မှုများ၌မူ လူသည် ဥာဏ်နည်းမိုက်မဲကြပြီး ထိုအချက်ကို ပေါ်လွင်အောင်ပြရန် နည်းလမ်းရှာဖွေသကဲ့သို့ ခံစားရကြောင်း Peter ပြောသည်။

သူ၏သုံးသပ်ချက်အရ လူများအပေါ်ထားသော မိမိ၏အမြင်အပေါ်မူတည်ပြီး ထိုသူတို့ကို ကျွန်ုပ်တို့ ပြုမူဆက်ဆံတတ်ကြောင်း ထောက်ပြနေသည်။

သခင်ယေရှုက အခွန်ခံ ဇက္ခဲအိမ်သို့ ၀င်သောအခါ ယေရိခေါမြို့သားများ မနှစ်မြို့ကြပါ။ “ထိုအကြောင်းကို လူအပေါင်းတို့က ဆိုးသောသူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူပါသည်တကား…

ငါ့ကိုယုံပါ

ကျွန်မငယ်စဉ်ကလေးဘ၀က အဒေါ်နှင့်ဦးလေးတို့က မီရှီဂန်ရေအိုင်ကြီးသို့ ခေါ်သွားခဲ့ပါသည်။ ကျွန်မ၏၀မ်းကွဲမောင်နှမများက ခပ်လှမ်းလှမ်းရှိ ရေလှိုင်းများဆီသို့ သွားရောက်စွန့်စားကြစဉ် ကျွန်မမှာ ကမ်းစပ်အနီးတွင်သာ ကစားနေခဲ့သည်။ ထိုအချိန်တွင် ဦးလေးက “ရေကူးတတ်လား”ဟု မေးရာ မကူး တတ်ကြောင်း အမှန်အတိုင်းဖြေလိုက်သည်။ သူက “စိတ်မပူနဲ့၊ ဦးလေး မင်းကိုအဲဒီနေရာကို ခေါ်သွား မယ်”ဟု ပြော၏။ ကျွန်မက “ရေအရမ်းနက်တယ်”ဟု ကန့်ကွက်ပြောဆိုရာ သူက “ဦးလေးကို မြဲမြဲသာ ကိုင်ထားပါ၊ ဦးလေးကို ယုံတယ်မဟုတ်လား”ဟု စိတ်ချရအောင်ပြောသည်။ ကျွန်မလည်း သူ့လက်ကို ကိုင်ကာ ကျွန်မတို့နှစ်ဦး ကမ်းမှ အလှမ်းဝေးရာ ရေနက်ပိုင်းသို့ စတင်လျှောက်သွားကြသည်။

ကျွန်မခြေထောက်မမီတော့သောအခါ ဦးလေးက ကျွန်မကို မြှောက်ချီပြီး မကြောက်အောင် အားပေးသည်။ နောက်ဆုံးတွင် “ကောင်းပြီ၊ သမီးခြေထောက်တွေကို ချလိုက်၊ ဒီမှာ မတ်တပ်ရပ်လို့ရပြီ” ဟု ပြော၏။ ကျွန်မကတော့ ရေနက်ပိုင်းတွင် ရှိနေဆဲဟုထင်ပြီး…

လှပသောတဒင်္ဂအချိန်လေး

ကင်မရာတစ်ချက်လေးဖြင့်ထာဝရကာလအတွက် လှပသောတဒင်္ဂအချိန်လေးကို အမိအရဖမ်းယူ ရိုက်ကူးနိုင်ခဲ့၏။ နေရောင်ခြည်လွှမ်းသော ရေလှိုင်းများက ရွှေရည်များ ပက်ဖြန်းထားသကဲ့သို့ ကမ်းခြေ၌ ရွှေရောင်တောက်နေပါသည်။ ကျွန်မ၏သူငယ်ချင်းသာ ထိုနေရာ၌ ကင်မရာနှင့် ရှိမနေပါက တက်လာပြီး ကွယ်ပျောက်သွားသည့် အခြားသော ရေလှိုင်းများပမာ ထိုရေလှိုင်းမှာ လူသူမသိ ကွယ်ပျောက်သွားမည် ပင်။

မစ်ရှီဂန်ရေအိုင်မှ ရေလှိုင်းလုံးများ ကမ်းပါးဆီသို့ မည်မျှလှိမ့်၍ ၀င်ရောက်ခဲ့လဲ။ ထို့ပြင် ရေလှိုင်း တစ်ခုစီမှာ တစ်မျိုးစီ ထူးခြားနေပါ၏။ ထိုရေလှိုင်းတစ်ခုစီတိုင်း၌ မြင်တွေ့ရသည့်အတိုင်း ဘုရားသခင် သည် သာမန်ဟုထင်ရသောအရာများမှ လွန်စွာခမ်းနားသော အလှတရားကို ဖန်တီးလျက်ရှိသည်။ ရေနှင့် လေကို အသုံးပြုကာ အံ့ဖွယ်အနုပညာလက်ရာကို ဖန်ဆင်းသည်။ အထက်ကောင်းကင်၊ မြေကြီးပေါ်နှင့် ရေအောက်ပင်လယ် စသည့် ကိုယ်တော်၏အနုပညာလက်ရာပြခန်းကိုကြည့်ပြီး အံ့မခန်း ခံစားရသည်။ သို့ရာတွင် ကမ္ဘာကြီး၏အလှတရားအများစုကို ကျွန်မတို့ မမြင်နိုင်၊ ဘုရားသခင်တစ်ပါးတည်းကသာ တွေ့မြင်ပါသည်။

ဘုရားသခင်သည် သူ၏ဘုန်းတော်ထင်ရှားစေရေး “လူသားများ”တည်းဟူသော အနုပညာပြခန်း…

စစ်မှန်သောသက်သေ

အီလီနွိုင်စ်ပြည်နယ် နာပါဗီးလ်ဒေသရှိ အသင်းတော်တစ်ခုတွင် ခေါင်းလောင်းစင်၌ အသစ် စက်စက် တပ်ဆင်မည့် ခေါင်းလောင်းများအတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။ လွန်ခဲ့သော နှစ်များစွာ က ဘုရားကျောင်းတည်ဆောက်ခဲ့စဉ် ခေါင်းလောင်းဝယ်ယူရန် ငွေကြေးမရှိခဲ့ပေ။ သို့သော် အသင်းတော် ၂၅ နှစ်ပြည့် နှစ်ပတ်လည်တွင် အသင်းသားများက ဗလာဖြစ်နေသော နေရာလွတ်တွင် ခေါင်းလောင်း သုံးလုံးအတွက် ရန်ပုံငွေရှာဖွေခဲ့သည်။ ခေါင်းလောင်းများမှာ ရင်သပ်ရှုမောစရာကောင်းလှသော်လည်း ပြဿနာတစ်ခုမှာ ခေါင်းလောင်းသံကို ဘုရားကျောင်းလာ ပရိသတ်များ မကြားရပါ။ ခေါင်းလောင်းများမှာ သဘာဝကျ၍ အစစ်ပုံစံပေါက်နေသော်လည်း အတုများဖြစ်ပါသည်။

တမန်တော်ရှင်ယောဟန်သည် သူ၏ပထမဆုံး သြ၀ါဒစာ ရေးသားရာတွင် ယုံကြည်သူများအား အပြင်ပန်းအားဖြင့် ခရစ်ယာန်အစစ်ဖြစ်ပုံ ပေါ်နေသူများမဖြစ်ဘဲ ၄င်းတို့၏အသက်ရှင်နေထိုင်ပုံအားဖြင့် တကယ့်ခရစ်ယာန်အစစ်အမှန်များအဖြစ် သက်သေပြရန် တိုက်တွန်းနှိုးဆော်ထားသည်။ ယုံကြည်ခြင်း စစ်မှန်ကြောင်း သက်သေအထောက်အထားက ဘုရားသခင်နှင့် ထူးခြားဆန်းကြယ်နက်နဲသော အတွေ့ အကြုံများရှိမှဟု မဆိုနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ်သိပြီး ချစ်ကြောင်းသက်သေကို…

တန်ခိုးတော်ထင်ရှားစေရေး ရှေ့ပြေးလမ်းကြောင်း

အထက်တန်းကျောင်းသူဘ၀က တာရာသည် တစ်နေ့တစ်ချိန်တွင် ပြင်းထန်သောအနာရောဂါနှင့် သူလုံးပမ်းရမည်ဟု စိုးရိမ်ကြောက်ရွံ့စိတ်ရှိခဲ့သည်။ ဤသို့ အခြေအမြစ်အရှိ အတွေးထဲပေါ်လာသော ရောဂါမှ လွတ်ခွင့်ရရန် ဘုရားသခင်ထံ စတင်တောင်းပန် ဆုတောင်းခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ အတွေးအခေါ် တစ်မျိုးတစ်ဖုံပြောင်းလဲသွားကာ သူမ၏အနာဂတ် မည်သို့ပင်ဖြစ်ဖြစ် ဘုရားသခင် လက်တော်၌ ခိုလှုံပေးအပ်ထားခဲ့ပါသည်။

နှစ်များကြာသော် သူမ၌ ကင်ဆာကျိတ်တစ်ခုကို တွေ့ရှိခဲ့ပြီး ၄င်းကိုဆေးသွင်းကုထုံးဖြင့် အောင်မြင်စွာ ကုသနိုင်ခဲ့သည်။ တာရာက အနာဂတ်ကို ဘုရားသခင်ထံ၌ အပ်နှံထားခဲ့ပြီးဖြစ်သော ကြောင့် ရောဂါဖြစ်လာသောအခါ သူမ အဆင်သင့်ဖြစ်နေပါသည်ဟု ဆို၏။ သူ့ကျန်းမာရေးပြဿနာက ဘုရားသခင်၏ခွန်အား တန်ခိုး ထင်ရှားစေမည့်လမ်းကြောင်း ဖြစ်လာသည်။

ဤကဲ့သို့သော ဘုရားသခင်ထံသို့ ခိုလှုံအပ်နှံသည့် ခံယူချက်မျိုးကို ရှင်ပေါလု၏ အသက်တာ၌ လည်း တွေ့မြင်နိုင်ပါ၏။ သူ့“ကိုယ်၌စူးသောဆူး”ဟူသော ပြဿနာကြုံပြီးနောက် ကိုယ်တော်ထံ လုံးဝ အပ်နှံခဲ့သည် (၂ ကော ၁၂း၇)။ ထပ်တလဲလဲဆုတောင်းကာ ဆူးကိုနုတ်ပစ်ပေးပါမည့်အကြောင်း…

နေရာမျှဝေခြင်း

မိမိတို့နေအိမ်၏ အဝေးတစ်နေရာ၌ စီးပွားရေးလုပ်ကိုင်နေသူဦးရေမှာ သန်းနှင့်ချီရှိသည်။ တစ်ဦး တည်း အလုပ်လုပ်ရသည်ကို အထီးကျန်ဆန်လှသည်ဟု အချို့က တွေးမိသည်။ ထိုသို့သောသူများ အတွက် ၀န်းကျင်အသိုက်အ၀န်း အငွေ့အသက်ရှိစေမည့် “နေရာစပ်တူလုပ်ငန်း”ဖြစ်ပေါ်လာပါ၏။ အဆောက်အဦကြီးတစ်ခုတွင် နေရာငှားရမ်းပေးပြီး ထိုတစ်နေရာတည်းတွင် အခြားသူများနှင့် မျှဝေကာ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ကြပါပြီ။ မိမိကိုယ်ပိုင်အလုပ်ခွင်၌ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အခြား ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးချင်းနှင့် အတွေးအခေါ်များကို ဖလှယ်နိုင်ကြသည်။ ဤသည်မှာ မိမိတစ်ဦး တည်း လုပ်ကိုင်ခြင်းထက် အတူတကွ ပူးပေါင်းလုပ်ကိုင်ပါက ပိုကောင်းနိုင်သည်ဟု ခံစားရသူများ အတွက်ဖြစ်သည်။

တစ်ခါတစ်ရံ ခရစ်ယာန်များသည် တစ်ကိုယ်တော် လုပ်ခြင်းက ပိုအလုပ်တွင်သည်ဟု ထင်ကြ သည်။ သို့ရာတွင် အသင်းတော်၌ အခြားသူများနှင့်အတူတကွ လုပ်ဆောင်ရန်ရှိပါ၏။ “ခရစ်တော်၏ ကိုယ်ခန္ဓာတော်”၌ ခရစ်ယာန်တိုင်းကို နေရာချထားခံရပြီးဖြစ်ပါသည် (၁ ကော ၁၂း၂၇)။ ထို့အပြင် ယုံကြည်သူများ ရှိရာ အသင်းတော်တွင် ပါဝင်မိတ်သဟာယဖွဲ့လျက်…

သူ့ကိုကျွန်တော်ခေါ်သွားမယ်

လွန်လေသောနှစ်များက ကယ်လီဖိုးနီးယားတက္ကသိုလ်၌ ကျွန်တော် ကျောင်းတက်စဉ် (ဘ၀၏) ဆိုးရွားသောအရှုံးများနှင့် ရင်ဆိုင်ခဲ့ရသူ၊ အတန်းဖော်တစ်ဦးနှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ထိုသူမှာ သူ့ ရင်သွေးငယ် သေဆုံးသွားပြီး ထိုနာကျင်မှုကို မခံစားနိုင်တော့သော ဇနီးသည်က သူ့ကိုစွန့်ပစ်သွားသည်။

တစ်နေ့တွင် ကျွန်တော်နှင့် ထိုမိတ်ဆွေတို့ လမ်းမ၌ လမ်းလျှောက်လာရင်း ကျွန်တော်တို့အရှေ့၌ ဖရိုဖရဲပုံစံနှင့် မိခင်တစ်ဦးသည် ညစ်ပေနေသောကလေးငယ် ယောက်ျားလေးတစ်ဦးကို လက်ဆွဲလျက် သွားနေသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ကလေးကို စိတ်ဆိုးနေပြီး ကလေးလိုက်မမီနိုင်သည့် အမြန်နှုန်းဖြင့် လျှောက်ကာ ကလေးကို တန်းလန်းဆွဲခေါ်နေသည်။

လူများသောလမ်းဆုံတစ်နေရာသို့ ရောက်သည့်အခါ ကလေးငယ်မှာ ရုတ်တရက် ရပ်လိုက်ရာ ဆုပ်ကိုင်ထားသည့် မိခင်လက်မှ လွတ်သွားသည်။ ထိုအမျိုးသမီးက ဒေါသတကြီး လှည့်ကြည့်ဆဲဆိုကာ မလှမ်းချင်လှမ်းချင်နှင့် ဆက်သွားသဖြင့် ကလေးငယ်သည် ထိန်းချုပ်ထားသည့်ကြားမှ ထိုင်ချလိုက်ကာ အားပါးတရ ငိုလေသည်။ ကျွန်တော့်မိတ်ဆွေသည် မဆိုင်းမတွ ချက်ချင်းပင် ကလေးငယ်အနား ရောက်သွားကာ ကလေးငယ်ကို…