လ - ဧပြီ 2016

ချိုမြိန်သော သတိပေးချက်များ

အီဂျစ်ဘုရင် Tutankhamen ၏အုတ်ဂူကို ၁၉၂၂ က တူးဖော်တွေ့ရှိခဲ့ရာ ဂူထဲတွင် နောင်ဘ၀တွင် လိုအပ်မည့် အရာများဟု ရှေးအီဂျစ်လူမျိုးများ ထင်မြင်ယူဆသည့် အရာများနှင့် အပြည့်ပင်။ ရွှေနတ်ကွန်း၊ လက်ဝတ်ရတနာ၊ အ၀တ်အထည်၊ ပရိဘောဂ၊ နှစ်ပေါင်း ၃၂၀၀ ကြာသည့်တိုင် စား၍ရသော ပျားရည်အိုး၊ လက်နက်များ ပါဝင်သည်။
မျက်မှောက်ခေတ်တွင် ပျားရည်ကို အဓိကအားဖြင့်
အချိုသကာအဖြစ် မှတ်ယူကြသော်လည်း ရှေးယခင်က ပျားရည်၏အသုံးဝင်ပုံ များစွာရှိသည်။ ပျားရည်၌ သက်စောင့်ဓာတ် အများဆုံးပါဝင်ပြီး အာဟာရအတွက် စားသုံးခဲ့ကြသည်။ ထို့အပြင် ဆေးဘက်လည်း ၀င်သည်။ ပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးသောကြောင့် အနာ၊ ဒဏ်ရာများ ဆေးထည့်ရာတွင်လည်း ကျော်ကြားသည်။
ဘုရားသခင်သည် အီဂျစ်တို့၏လက်မှ ဣသရေလ လူတို့ကို ကယ်နှုတ်ခဲ့စဉ်က ‘‘နို့နှင့်ပျားရည်စီးသောပြည်’’ သို့
ပို့ဆောင်မည်ဟု ကတိပေးခဲ့သည် (ထွက် ၃း၈၊၁၇)။ ၎င်းသည် ချမ်းသာ…

အားတက်စရာ

ငှက်များလှုပ်ရှားပျံသန်းသည်ကို ကြည့်ပြီးသဘောကျသဖြင့် လွန်ခဲ့သော နှစ်များစွာက အိမ်နောက်ဖေးတွင် ဘေးမဲ့တောတစ်ခု ဖန်တီးကာ ငှက်များကို ဆွဲဆောင်ခဲ့သည်။  မိတ်ဆွေငှက်များကို အစာကျွေးခြင်း၊ ၎င်းတို့ လူးလာပျံသန်းမှုများကို ကြည့်ပြီး မကြာမီ ကပင် စိတ်ချမ်းသာခဲ့သည်။ ထို့နောက်တွင်  သိမ်းငှက်ကြီးတစ်ကောင် ရောက်လာကာ ငှက်လေးများ၏အသိုက်အမြုံကို သူ့စားကျက်ပမာ ငှက်များကို ဖမ်းဆီးစားသောက်လေသည်။
ကျွန်တော်တို့ အခြေတကျ သက်သောင့်သက်သာ ဖြစ်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက် (သို့) တစ်စုံ တစ်ရာ ကျွန်တော်တို့၏အသိုက်အမြုံကို လာရောက် မွှေနှောက်ခြင်းသည် ဘ၀လောကဓံပင်ဖြစ်သည်။   `ဘ၀ကြီးက ဘာကြောင့် မျက်ရည်ချိုင့်ဝှမ်းပမာ ဖြစ်နေရ သနည်း´ ဟု ကျွန်တော်တို့ မေးတတ်ကြသည်။
ထိုမေးခွန်းဟောင်း၏အဖြေများစွာကို ကျွန်တော် ကြား
ခဲ့ဖူးပါသည်။ သို့သော် ‘‘လောကကြီးက ဆုံးမသင်ပေးလိုက်
တာတွေက ကျုပ်တို့ကို ကလေးငယ်တွေ ဖြစ်စေတယ်။ ဒါမှ ကိုယ်ထင်ရှားပြတဲ့ ဘုရားသခင်
ကို ကျုပ်တို့မြင်မယ်လေ’’…

အကူးအပြောင်းကာလ

ဂါနာနိုင်ငံ တွင်လူတို့သည် နာရေးကြော်ငြာကို ဆိုင်းဘုတ်များ၊ နံရံလွတ်များပေါ်တွင် ကြေငြာကြသည်။ ‘‘အကြွေစောသူ ’’၊ ‘‘ဘ၀အသစ်အတွက် ၀မ်းမြောက်ခြင်း’’၊ လန့်ဖြန့်စရာ’’ စသည့်ခေါင်းစီးများဖြင့် ချစ်ခင်ရသူများ သေဆုံးခြင်းနှင့် ၎င်းတို့၏ ဈာပန အခမ်းအနားကို အသိပေးကြသည်။ ကျွန်ုပ်ဖတ်မိသည့်ခေါင်းစီးတစ်ခုမှာ သေခြင်း တစ်ဖက်ရှိ ဘ၀အတွက် ‘‘အကူးအပြောင်းကာလ’’ဟု ရေးသား ထားသည်။
မာရိ၊ မာသတို့၏မောင် လာဇရု သေဆုံးစဉ်အခါ မာရိ မာသတို့ ၀မ်းနည်းပူဆွေးသကဲ့သို့ (ယော ၁၁း၁၇-၂၇) မိမိ၏ဆွေမျိုးနှင့် ရင်းနှီးသောမိတ်ဆွေများ သေဆုံးသောအခါ ကျွန်ုပ်တို့ ပူဆွေးကြသည်။ ဤသို့ ခွဲခွာရခြင်းအတွက် သူ့မိတ်ဆွေသေဆုံးချိန်၌ သခင်ယေရှု ငိုကြွေးသကဲ့သို့ (း၃၅) ကျွန်ုပ်တို့လည်း နှလုံးကြေကွဲမတတ် ငိုကြွေးရသည်။
သို့သော် သခင်ယေရှုသည် သူအသေခံပြီးချိန်တွင် ဤပူဆွေးသောကကို ၀မ်းမြောက်သောအသက်တာအဖြစ် ပြောင်းလဲပေးခဲ့သည်။ ‘‘ယေရှုကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူ…

ဘုရားအကြံအစည်လား၊ ကျွန်ုပ်တို့အကြံအစည်လား။

ကျွန်မအမျိုးသားသည် အသက် ၁၈ နှစ်အရွယ်က ကားရေဆေးခြင်း လုပ်ငန်းကို စတင်ခဲ့ သည်။ ဂိုဒေါင်နှင့်အလုပ်သမားများငှား၍ ကြော်ငြာ၊ လက်ကမ်းစာစောင်များ ဖြန့်ချိခဲ့သည်။ ထိုလုပ်ငန်းက အဆင်ပြေခဲ့သည်။ သူ့ရည်ရွယ်ချက်မှာ ထိုလုပ်ငန်းကို ရောင်းပြီး အမြတ်ကို
ကောလိပ်ကျောင်းစရိတ်ပေးရန်ဖြစ်သည်။ ထို့ကြောင့် ၀ယ်လက်က စိတ်ဝင်စား သောအခါ သူအလွန် စိတ်လှုပ်ရှားခဲ့သည်။ ညှိနှိုင်းမှုအချို့ ပြုလုပ်ပြီး အရောင်းအ၀ယ်ဖြစ်တော့မည့် ပုံပေါ်သည်။ သို့သော် နောက်ဆုံးအချိန်တွင် သဘောတူညီမှုပျက်ခဲ့သည်။ ကားရေဆေးလုပ်ငန်းကို   နောက်လအတန်ကြာမျှအထိ ရောင်းမထွက်ခဲ့ပါ။
ကျွန်မတို့ မျှော်မှန်းထားသောအရာများနှင့် ဘုရား သခင်၏အချိန်၊ အကြံအစည်က တစ်ထပ်တည်း မကျခြင်းကို စိတ်ပျက်ရခြင်းမှာ ပုံမှန်ဖြစ်သည်။ ဒါဝိဒ်မင်းကြီးသည် ဘုရား သခင်၏ဗိမာန်တော်ကို တည်ဆောက်လိုချိန်တွင် သူ၌လုပ်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း နှင့် အရင်းအမြစ်များရှိနေခဲ့သည်။ သို့သော် ဘုရားသခင်က ဒါဝိဒ်မင်းသည် စစ်ပွဲတွင် လူများစွာကို သတ်ဖြတ်ခဲ့သောကြောင့် ထိုအမှုကို လုပ်ဆောင်ခွင့်မရ …

ဟောလိဝုဒ် တောင်ကုန်းပေါ်မှ ကားတိုင်

အမေရိကန်ပြည်ထောင်စု၏ အထင်ကရနေရာများအနက်တစ်ခုမှာ ကယ်လီဖိုးနီယား တောင်ပိုင်းရှိ ‘HOLLYWOOD’ ဆိုင်းဘုတ်ပင်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ လူများသည် ‘‘Tinseltown’’ သို့ လာပြီး နာမည်ကျော်ကြယ်ပွင့်များ၏ ခြေရာကျောက်ပြားများကို ကြည့်ကြသည်။  မင်းသမီးမင်းသားများနှင့် လျှပ်တစ်ပြက် ဆုံတွေ့သွားကြသည်။ တောင်ပေါ်ရှိ ထိုဆိုင်းဘုတ်ကို ခရီးသွားများ မတွေ့ဘဲမနေ၊ သေချာပေါက် တွေ့ကို တွေ့သည်။
ဟောလိဝုဒ် တောင်တန်း၌ လူသိနည်းသည့် အခြား အထင်ကရနေရာတစ်ခုမှာ ထာဝရနှင့်ဆိုင်သော အမှတ်ရစရာ
ဖြစ်သည်။ ‘‘Hollywood Pilgrimage Memorial
Monument’’ ဟူသည့် မြို့အထက်တွင် ထင်ထင်ရှားရှား
ရှိနေသော ၃၂ ပေ အမြင့်ရှိ ကားတိုင်ဖြစ်သည်။ Pilgrimage ပြဇာတ်ရုံ (ယခု John Anson Ford ပြဇာတ်ရုံ)ကို ၁၉၂၀ ခုနှစ်တွင် တည်ထောင်ခဲ့သူ၊ ကြွယ်ဝသောစည်းစိမ်များ အမွေခံရသည့် သူကြွယ်မလေး Christine Wetherill Stevenson…

အရှုံးမပေးလိုက်ပါနှင့်

၁၉၈၆ ခုနှစ်တွင် ဆရာ John Piper သည် အသင်းတော်ကြီးတစ်ခု၏ သင်းအုပ်အဖြစ်မှ နှုတ်ထွက်ခါနီးအထိဖြစ်ခဲ့သည်။ ထိုအချိန်တွင် သူသည် မှတ်စုစာအုပ်ထဲတွင် ‘‘ငါအရမ်း စိတ်ဓာတ်ကျနေပြီ၊ ငါ့မှာ ကွက်လပ်တွေများနေပြီး အရာရာတိုင်းမှာ ပြိုင်ဘက်တွေ ရှိနေ သလို ခံစားနေတယ်’’ ဟူ၍ ရေးသားခဲ့သည်။ သို့သော် ဆရာ Piper အရှုံးမပေးခဲ့ပါ။ သို့နှင့် သီးပွင့်ဝေဆာသည့် အမှုတော်ကို ဦးဆောင်လျက် အသင်းတော်၌သာမက ပြင်ပသို့ သာသနာပြုနိုင်အောင် ဘုရားသခင်သူ့ကို အသုံးပြုခဲ့သည်။
အောင်မြင်မှုဆိုသော အရာကို နားလည်မှုလွဲရန် လွယ်ကူသည်။ ဆရာ John Piper ကို အောင်မြင်ခဲ့သည် ဟု ဆိုရမည်။ အကယ်၍ သူ့အမှုတော်လုပ်ငန်း၌ အသီးအပွင့်မရှိခဲ့လျှင် မည်သို့ ဆိုမည် နည်း။
ဘုရားသခင်သည် ပရောဖက် ယေရမိကို တိုက်ရိုက်စကားပြောခဲ့သည်။ ‘‘သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ…

ဉာဏ်ပညာနှင့် ကျေးဇူးတော်

၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် အမေရိကန် လူ့အခွင့်အရေး ခေါင်းဆောင် ဒေါက်တာ မာတင်လူသာ ကင်း ဂျူနီယာ လုပ်ကြံခံခဲ့ရပြီး လူသန်းပေါင်းများစွာမှာ  ဒေါသစိတ်နှင့် စိတ်ပျက်ခံစားခဲ့ရသည်။ အင်ဒီယားနားပိုလစ် ဒေသတွင် အာဖရိကန်-အမေရိကန် လူထုကြီးက ရောဘတ် အက်ဖ် ကနေဒီ ၏မိန့်ခွန်းကို နားထောင်ရန် စုရုံးရောက်ရှိ ခဲ့ကြသည်။ ဒေါက်တာကင်း သေဆုံးကြောင်းကို လူများ သိပ်မသိသေးသောကြောင့် ထိုဝမ်းနည်းစရာသတင်းကို သူပြောရတော့သည်။  သူတို့ ခံစားနေရသော နာကျင်မှုကို သာမက သူ့အစ်ကို သမ္မတ ဂျွန် အက်ဖ် ကနေဒီ  အသတ် ခံရခြင်းအတွက် ကိုယ်တိုင်လည်း ၀မ်းနည်းရပါကြောင်း ဖွင့်ဟပြောဆိုပြီး ငြိမ်သက်စွာနေရန် ပန်ကြားခဲ့သည်။
ထို့နောက် ကနေဒီ သည် Aeschylus  (526-456 Bc)
ရေးခဲ့သောရှေးဟောင်းကဗျာတစ်ပုဒ်ကို ကိုးကားခဲ့သည်။
‘‘အိပ်စက်ချိန်မှာပင် မေ့မရနိုင်သော နာကျင်စရာများ…

ပန်းတိမ်သမားနှင့် ဘုရင်မင်း

၁၈၇၈ ခုနှစ် စကော့လူမျိုး အလက်ဇန်းဒါး မက်ကေး သည် ယူဂန်ဒါ တွင် သာသနာပြုအဖြစ် အစေခံရန် ရောက်ရှိလာစဉ် သူ၏ပထမဦးဆုံး ခြေလှမ်းမှာ Mutesa ဘုရင် အုပ်ချုပ်သော လူမျိုးစုတစ်စုအကြား ပန်းဘဲဖိုတစ်ရုံကို စတင်တည်ဆောက်သည်။ ရွာသားများက သူ့အနားကပ်လာပြီး လက်ဖြင့် အလုပ်လုပ်နေသည့်သူကို တအံ့တသြ ကြည့် ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ လက်ဖြင့်လုပ်ရသည့်အလုပ် များမှာ အမျိုးသမီးများအတွက် ဖြစ်သည်ဟု လူတိုင်းက သတ်မှတ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုခေတ်အချိန်က ယူဂန်ဒါ ရှိ အမျိုးသားများသည် လက်ဖြင့်လုပ်ရသည့် အလုပ်ကို မလုပ်ကိုင်ကြပါ။ ၎င်းတို့မှာ  အခြားရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျွန်များဖမ်းဆီးကာ  ပြင်ပမှ လူများထံ
ရောင်းချကြသည်။ သို့သော် ဤနိုင်ငံခြားသားမှာ လယ်ယာသုံး
ပစ္စည်းများ ပြုလုပ်ရန် ပန်းပဲဖိုထိုးနေသည်။
မက်ကေး ၏ အလုပ်လုပ်ကိုင်ပုံ စိတ်နေစိတ်ထားနှင့် အသက်ရှင်မှုအားဖြင့် ရွာသားများနှင့်ရင်းနှီးကာ…

အလွန်နီးကပ်စွာ

နွေဦးအစနှင့် နွေရာသီအဆုံးပိုင်းအထိ ရာသီဥတု ဆိုးရွားပြင်းထန်သော အိုကလားဟိုးမား
ပြည်နယ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်။  တိမ်မဲများနှင့်ဆူပွက်နေသော ကောင်းကင်ယံ၊
TV မှ မိုးလေ၀သ သတင်းကြေညာသူက လေဆင်နှာမောင်း  ချဉ်းကပ်လာနေကြောင်း သတိပေးမှု၊ လျှပ်စစ်မီး ပြတ်တောက်သွားသော ညနေခင်းအကြောင်း စသည်တို့ကို အမှတ်ရမိသည်။ ချက်ခြင်းပင် အဖေ၊ အမေ၊ ညီမလေးနှင့် ကျွန်တော်တို့ အိမ်နောက်ဖေးရှိ မုန်တိုင်းခိုသည့် မြေအောက်ခန်းသို့ သစ်သားလှေကားနှင့်ဆင်း၍ မုန်တိုင်း လွန်သွားသည့်အထိ ပုန်းအောင်းနေကြသည်။
ယနေ့တွင်  မည်သည့်ဒဏ်ရာ အနာတရမရဘဲ  လေဆင်နှာမောင်းနှင့် နီးနိုင်သမျှ နီးအောင်သွားသည့် ‘မုန်တိုင်းနောက်လိုက်ခြင်း’ ခရီးစဉ်သည် လူများစွာတို့၏ ၀ါသနာတစ်ခု ဖြစ်လာပြီး   စီးပွားရေးအရ အကျိုးအမြတ် ရရှိသောလုပ်ငန်း ဖြစ်လာသည်။ မုန်တိုင်းနောက်လိုက် များစွာသည် မိုးလေ၀သအခြေအနေကို တိကျစွာ ကျွမ်းကျင်စွာ ခန့်မှန်းနိုင်ကြသည်။ သို့သော်လည်း လေဆင်နှာမောင်းခရီးစဉ်ကိုသွားရန် ကျွန်တော် မစဉ်းစားသေးပါ။
သို့ငြားလည်း…

ဘုရားရှင်၏ အနုပညာပြခန်း

ဆာလံ ၁၀၀ သည်  မျက်မြင်မရသော ဘုရားသခင်ကို ချီးမွမ်းရန် ကူညီပေးသော ပန်းချီကားတစ်ချပ်နှင့်တူသည်။ အမြင်ကိုကျော်ပြီး မမြင်ရသောဘုရားထံ အာရုံပြု ချီးမွမ်း
ကိုးကွယ်သောအခါ ကိုယ်တော်၏လူများသည် ကိုယ်တော့်အား ထင်ရှားစေတော့သည်။
ပန်းချီဆရာသည် စုတ်တံ ဆေးခွက်တို့နှင့်အတူ အရောင်အသွေးစုံလင်သော ဤဆာလံသီချင်းကို ခြယ်မှုန်းရေးဆွဲနေပုံကို မြင်ယောင် ကြည့်ပါ။ အမြင်အာရုံ၌ ဦးဆုံးပေါ်လာသည်မှာ ထာဝရ ဘုရားအား ၀မ်းမြောက်စွာ ကြွေးကြော်ကြသော `မြေကြီးသား
အပေါင်းတို့´(း၁) ဖြစ်သည်။ ကျွန်ုပ်တို့အား သေခြင်းမှ ရွေးနုတ်ကယ်တင်ခြင်းအမှု၌ ထာဝရဘုရား ၀မ်းမြောက် သည်။ ထို့ကြောင့် ထိုဝမ်းမြောက်ခြင်းကို ကြွေးကြော်ရခြင်း
ဖြစ်သည်။ ‘‘ထိုသခင်သည် မိမိရှေ့၌ထားသော ၀မ်းမြောက် ခြင်း အကြောင်းကြောင့် ရှက်ကြောက်အပ်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံ’’တော်မူ၏ (ဟေဗြဲ၁၂း၂)။
ပန်းချီကားတစ်ခုလုံး၌ တစ်လောကလုံးရှိ မရေတွက် နိုင်သော ချီးမွမ်းခြင်း၊ ၀မ်းမြောက်ရွှင်လန်းသောသီချင်းများ အပြည့်တွေ့ရမည်။…