လ - နိုဝင်ဘာ 2017

တန်ခိုးကြီးတော်မူသောဘုရားသခင်

ပင်လယ်ကမ်းစပ်၌ လေအဟုန်အတိုင်း လှုပ်ရှားရင်း ရေလှိုင်းပေါ်ဝယ် ရေလွှာလျှောစီးကာ စွန်လွှတ်နေသူများကို ကြည့်ရင်း ကျွန်မ ပျော်ရွှင်ကြည်နူးမိသည်။ ‘‘အဲဒီလို ဘုတ်ပြား စီးရင်း စွန်လွှတ်နေကြတာ ကြည့်ရတာ ခက်သလိုဘဲ’’ ဟု ကမ်းစပ်သို့ ဆင်းလာသူ တစ်ဦးကို မေးကြည့်ရာ၊ သူက ‘‘မခက်ပါဘူး၊ ရိုးရိုးရေလွှာလျှောစီးရတာထက် ပိုတောင် လွယ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လေအားကို ထိန်းပြီး သုံးလို့လေ’’ ဟု ပြောပြသည်။
ထိုနောက် ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ရင်း ရေလွှာလျှောစီးသူကို ယိမ်းနွဲ့လှုပ်ရှားစေသည်သာမက ကျွန်မ မျက်နှာပေါ်သို့ ဆံနွယ်စများဝဲကျစေသော လေ၏ အစွမ်းကို စဉ်းစားရင်း ကျွန်မတို့၏ ဖန်ဆင်းရှင်ဘုရားသခင်ကို ဆင်ခြင်မိသည်။ ဓမ္မဟောင်းကျမ်းမှ ပရောဖက်အာမုတ် ရေးသားသောကျမ်းတွင်လည်း ‘‘တောင်တို့ကို လုပ်၍ လေကို ဖန်ဆင်းထသော (ဘုရားသခင်သည်) နံနက်အလင်းကို အမိုက်ဖြစ်စေ’’ သည်ဟု ရေးသားထားသည် (း၁၃)။
ထာဝရဘုရားသခင်သည်…

ကောင်းစွာသိနားလည်ခြင်း

နိုင်ငံရပ်ခြားမှ ကျွန်မတို့ မွေးစားသည့် သားငယ်လေးကို အိမ်သို့ ခေါ်ဆောင်လာချိန်တွင် သူသည် လပေါင်းများစွာ အစာကောင်းစွာ မစားရဘဲ အာဟာရချို့တဲ့သည့် ကလေးငယ် ဖြစ်ခြင်းကြောင့်၊ အထူးသဖြင့် အစားအသောက်ကောင်းများ ကျွေးပြီး မေတ္တာမိုးကြီး ရွာလိုက်ရန် ကျွန်မ စိတ်စောမိသည်။ သို့သော် ကျွန်မတို့ မည်မျှပင် ကြိုးစားလည်း၊ အထူးကုများနှင့်ပြသလည်း သူကတော့ ပိန်လှီမြဲပင်။ သုံးနှစ် ကြာပြီးနောက်မှ သူပုံမှန်မစားနိုင်သောအစာ ရှိကြောင်း သိလိုက်ရပြီး ထိုအစားအစာများကို ဖယ်ရှားလိုက်မှ လအနည်းငယ်အတွင်း သူ့အရပ် ၅ လက်မခန့် ထွက်လာ သည်။ ကလေး၏ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည့် အစာများကို မသိဘဲ ကျွေးမိခြင်းကြောင့် ကျွန်မ ၀မ်းနည်း ခံစားရသကဲ့သို့ ယခုတွင် သူ၏ကျန်းမာရေး ကောင်းမွန် တိုးတက်လာခြင်းအတွက်လည်း ကျွန်မ ၀မ်းမြောက်ရသည်။
ဗိမာန်တော်၌ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့် ပညတ္တိကျမ်းကို ပြန်တွေ့သောအခါ ယောရှိမင်းသည်လည်း…

အကောင်းတကာ့အကောင်းဆုံး လက်ဆောင်

ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်ကို ကျွန်ုပ် သိကျွမ်းနိုင်သည်။

"ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ … အမှုတော်တို့ကို လူများတို့အား ပြသကြလော့။" —၅ ရာ ၁၆း၈

နယူးအင်္ဂလန်မြောက်ပိုင်း ဆောင်းရာသီ အားသစ်လောင်းအစီအစဉ်၌ လူတစ်ဦးက ‘‘သင် အကြိုက်ဆုံးခရစ်စမတ်လက်ဆောင်က ဘာလဲ’’…

ဘုရားသခင်သိတော်မူ၏

အသင်းတော်၌ နာကျင်ခံစားနေရသည့် အမျိုးသမီးတစ်ဦးကို ဒဲန်နီးစ် မြင်တွေ့ပြီး စိတ်ထိခိုက်ကာ သူ့ကို မည်သို့မစနိုင်မည်နည်းဟု တွေးခဲ့သည်။ အပတ်စဉ် သူ့ကို တွေ့ဆုံအားပေးနှစ်သိမ့်ပြီး အတူတကွ ဆုတောင်းကြသည်။ သို့နှင့် ဒဲန်နီးစ်သည် သူ့ကို အားပေးစောင်မလမ်းပြသူ ဖြစ်လာသည်။ သို့သော် အသင်းတော်ခေါင်းဆောင်များက ဒဲန်နီးစ်၏ အားထုတ်မှုကို မမြင်၊ ထိုအမျိုးသမီးကို မစမည့်သူ တစ်ဦးဦးကို တာဝန်မပေးဘဲ ရှိနေသည်။ မည်သူမျှ ထိုအမျိုးသမီးကို တာဝန်မယူဟုသာ ဝေဖန်နေကြသည်။
မည်သည့် ချီးမွမ်းမှုမျိုးကိုမှ ဒဲန်နီးစ် မလိုချင် သော်လည်း သူ့အနေနှင့် စိတ်အားလျော့လာသည်။ ‘‘ကျွန်မက ဘာမှမလုပ်ဘဲ နေနေတာကျနေတာဘဲ’’ ဟု သူရင်ဖွင့်သည်။
သို့သော် တစ်နေ့တွင် ထိုအမျိုးသမီးက ဒဲန်နီးစ်၏ နှစ်သိမ့်အားပေးမှုအတွက် သူအလွန်ကျေးဇူးတင်ကြောင်း ပြောလာရာ၊ ဒဲန်နီးစ် အားတက်သွားသည်။ ‘‘သူ့အတွက် မင်းရှိနေပေးတာ ငါသိတယ်’’ဟု ဘုရားသခင် သူ့ကိုပြောလိုက်သကဲ့သို့ သူခံစားလိုက်ရသည်။…

ဝမ်းမြောက်ဖွယ်ရာ ခရစ်စမတ်

ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် ကျွန်ုပ်ကို အလင်းသို့ ပြညွှန်သည်။

"…သေမင်း၏နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။" —ဟေရှာ ၉း၂

ဖိလစ်ပိုင်နိုင်ငံ လူဇွန်ပြည်နယ် ပင်မ်ပန်ဂါ ဒေသတွင် ဆန်ဖာနန်ဒို မြို့တော်တည်ရှိသည်။ ထိုသမိုင်းဝင် မြို့လေးတွင် ဖိလစ်ပိုင်လူမျိုးတို့၏ ငြိမ်သက်အေးချမ်းစွာ…

လူသားချင်းပေမို့

ရပ်ရွာ၌ မည်သည့်အခန်းကဏ္ဍကို တာဝန်ယူရသနည်းဟူသည့် မေးခွန်းက တရားဥပဒေ စိုးမိုးရေးအတွက် အထောက်အကူမဖြစ်ပါ။ သို့သော် ထိုမေးခွန်း အမေးခံရသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် သူ့တံဆိပ်ပြားထုတ်ပြခြင်း၊ သူ့ရာထူးကို ပြောကြားခြင်းမပြုဘဲ ‘‘ကျွန်တော်တို့ဟာ ပဋိပက္ခအရေးအခင်းကြားက လူတွေနဲ့ အလုပ်လုပ်နေတဲ့ လူသားတွေ ပါဘဲ’’ ဟု ဖြေကြားခဲ့သည်။
လူသားချင်းအပေါ် သာတူညီမျှ သဘောထားသည့် ထိုစိတ်ဓာတ်အားဖြင့် ရောမတို့၏ညှဉ်းပန်းနှိပ်စက်မှုကို ခံရသည့် ပထမရာစုနှစ်မှ ခရစ်ယာန်များထံ ရေးသားပေးပို့ သည့် ရှင်ပေတရု၏ သတင်းစကားကို သတိရမိသည်။ ‘‘သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနား စုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့’’ (၁ ပေ ၃း၈) ဟု ရှင်ပေတရုက ညွှန်ကြားသည်။ ဒုက္ခအကျဉ်းအကြပ်ထဲ ရောက်နေသူများအပေါ် အကောင်းဆုံး တုံ့ပြန်ပေးနိုင်သော နည်းလမ်းမှာ လူသားချင်း စာနာထောက်ထားလျက် မိမိတို့လည်း လူသားချင်းဖြစ်ကြောင်း…

ရွာခရစ်စမတ်ပွဲ

ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် အသက်သစ်ကို ပေးတော်မူပြီ။

"ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသတည်း။" —ယော ၁၀း၁၀

ငယ်စဉ်ကလေးဘ၀က ကျွန်တော်၏ ခရစ်စမတ်အချိန်များသည် ကိုကိုးစိုက်ခင်း၊ မဟော်ဂနီနှင့် သဖန်းပင်များကြားရှိ ရွာငယ်လေးများတွင် ကုန်လွန်…