လ - နိုဝင်ဘာ 2017

စစ်မှန်သော စိတ်နှလုံးတည်နေရာ

ကျွန်တော်တို့ အနှစ်နှစ် အလလ မွေးထားသည့် တယ်ရီယာ ခွေးလေးတစ်ကောင်ရှိသည်။ ထိုခွေးမျိုးက သန်မာပြီး မြေတူးကာ ရန်သူကို လိုက်သည်။ ကျွန်တော်တို့၏ ခွေးမလေးက မူရင်းအမဲလိုက်ခွေးဗီဇမှ အဆက်ဆက် မျိုးစိတ်ကွဲသည့် ခွေးမျိုးဖြစ်သော်လည်း ထိုမူရင်းဗီဇက ရှိနေဆဲဖြစ်သည်။ တစ်ကြိမ်တွင် ကျွန်တော်တို့ခြံအနောက်ရှိ ကျောက်တုံး အောက်မှ ပွေးကောင်တစ်ကောင်ကို တွေ့ပြီး မည်သို့မျှ ထိန်းမရဘဲ ကျောက်တုံးအောက်သို့ အနက်ပေ အတော် များများ တူးခဲ့ဖူးသည်။
ယခု အောက်ပါမေးခွန်းကို ဆင်ခြင်ပါ။ လူသား ကျွန်တော်တို့အနေဖြင့် မည်သည့်အရာနောက်သို့ မရမက လိုက်နေသနည်း။ မည်သူမျှ မတက်ဖူးသည့်တောင်၊ မိုးထိလုသောတောင်ကမ်းပါး စသည်တို့ကို အဘယ်ကြောင့် တက်ကြသနည်း။ သဘာဝအဆီးအတား အခက်အခဲများကို အံတုလျက် အဘယ်ကြောင့် အခက်ခဲဆုံး၊ အန္တရာယ်အရှိဆုံး အလုပ်များလုပ်နေသနည်း။ အချို့က ၎င်းကို ၀ါသနာ ထုံပြီး စွန့်စားလိုစိတ်ကြောင့် ဖြစ်သော်လည်း ပေးဆပ်ရမှုက…

အဓိကအကြောင်းအရင်း

ကျေးဇူးတော်လက်ဆောင် ။ ။ ကျွန်ုပ်အတွက် သခင်ဘုရား ကြွဆင်းလာသည်။

"သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွတ်တော်မူသောအရာ၌ ငါတို့ကို ချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။" —၁ ယော ၄း၉

ဘုရားသခင်အကြောင်းနှင့်စပ်လျဉ်း၍ မသဲကွဲေ၀၀ါးနေသော…

ကောင်းချီးသစ်ပင်

ကျေးဇူးတော်လက်ဆောင် ။ ။ ခရစ်တော်သည် ကြီးသောအမှုကို ပြုတော်မူပြီ။

"တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည် အံ့ဖွယ်သောကျေးဇူးတော်ကို ငါ့အား ပြုတော်မူပြီ။" —လု ၁း၄၉

စီးပွားရေးကျဆင်းပြီး ခရစ်စမတ်တွင် သုံးစွဲရန် ငွေအနည်းငယ်သာရှိတော့သည့် ဇနီးမောင်နှံနှစ်ဦးအကြောင်းကို ကျွန်ုပ်ဖတ်ခဲ့ရသည်။ နှစ်သစ်ကူးပြီးလျှင် သူတို့အိမ်ပြောင်းရတော့မည်။ သို့သော်…

ကောက်ရိတ်သိမ်းပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲ

လွန်လေပြီးသော နှစ်ပေါင်းထောင်ချီသည့်ကာလက ဘုရားသခင်သည် သူ့လူများ လုပ်ဆောင်ရမည့်ပွဲတော်ကို မောရှေအားဖြင့် ပညတ်သစ် ပေးခဲ့သည်။ ထွက် ၂၃း၁၆ မှ မောရှေ၏ မှတ်တမ်းအရ ထာဝရဘုရားသည် ‘‘လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည် ကာလ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ ... သိုထားပွဲကို လည်းကောင်း ခံရမည်’’ ဟုမိန့်ကြားခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မြေအသီးအနှံရိတ်သိမ်းပွဲကို ထိုနည်း သဘောအတိုင်း ကျင်းပကြသည်။ ဂါနာနိုင်ငံတွင် ယမ် ကောက်ရိတ်သိမ်းပွဲကို ဆင်နွဲသည်။ ဘရာဇီးတွင် Dia de Acao de Gracas - အစာရေစာအတွက် ကောက်နှံများကို ပေးသနားသည့်အတွက် ကျေးဇူးတင်သည့်ပွဲတော် ကျင်းပ ကြသည်။ တရုတ်ပြည်တွင်မူ ‘လမုန့်ပွဲတော်’ကို ဆင်နွဲကြ သည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ကျေးဇူးတော် ချီးမွမ်းခြင်းပွဲကို…

အသံဗလံပြုလျက် ရွှင်လန်းစွာ ကြွေးကြော်

ကျွန်မ ပုံမှန်တက်ရောက်ပါဝင်နိုင်မည့် အသင်းတော်တစ်ပါးပါးကို ရှာဖွေခဲ့စဉ်က ကျွန်မ မိတ်ဆွေတစ်ဦးသည် သူ့အသင်းတော်၏ အစီအစဉ်တစ်ခုသို့ ကျွန်မကို ဖိတ်ခေါ်ခဲ့သည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်သူက ကျွန်မအလွန်နှစ်သက်သည့်သီချင်းဖြင့် ပရိသတ်ကို ဦးဆောင်သည်။ ထို့ကြောင့် ကောလိပ်တက်စဉ်က သံစုံအဖွဲ့ခေါင်းဆောင်၏ ‘‘ရှင်းလင်းပြတ်သား ကျယ်လောင်စွာ’’ သီဆိုရန် တိုက်တွန်း ခဲ့ခြင်းကို သတိရလျက် သီချင်းကို အားပါးတရ သီဆိုချီးမွမ်း လိုက်သည်။
သီချင်းဆုံးသော် ကျွန်မမိတ်ဆွေ၏ ခင်ပွန်းက ကျွန်မဘက်လှည့်ပြီး ‘‘မင်းအသံကျယ်ကျယ်ဆိုတာဘဲ’’ ဟု ပြောသည်။ သူ့မှတ်ချက်က ကျွန်မကို ချီးကျူးခြင်းတော့ မဟုတ်တန်ရာ၊ သို့နှင့် ကျွန်မ၏အသံကိုထိန်းပြီး ကျွန်မအနီး အနားရှိလူများထက် အသံတိုးအောင် သတိထားကာ၊ ကျွန်မ၏သီဆိုမှုကို လူများဝေဖန်နေမည်လားဟု တွေးရင်း သီဆိုသည်။
သို့သော် တနင်္ဂနွေနေ့တစ်နေ့တွင် ကျွန်မအနီးမှအမျိုးသမီးတစ်ဦးကို ကျွန်မသတိထားမိသည်။ သူက မိမိကိုယ်ကို ထိန်းမနေဘဲ မြတ်နိုးကြည်ညိုစိတ်နှင့် ချီးမွမ်း သီဆိုနေသည်။ သူ့ကိုကြည့်ပြီး…

သတင်းကောင်း

ကျေးဇူးတော်လက်ဆောင် ။ ။ ကယ်တင်ခြင်းတရားသည် ကျွန်ုပ်ကို ပြောင်းလဲစေပြီ။

"ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်းစကားကို ကြားပြောသောသူ၏ခြေတို့ကို တောင်ပေါ်မှာ ကြည့်ကြလော့။"—နာဟုံ ၁း၁၅

အင်တာနက်၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် မိုဘိုင်းဖုန်းများမှ ကမ္ဘာ့ရေးရာသတင်းများက ကျွန်ုပ်တို့အား တရစပ် ပူပန်စေသည်။ သတင်းအများစုက ရာဇဝတ်မှု၊…

သူငယ်တော် သားယောက်ျား

ကျေးဇူးတော်လက်ဆောင် ။ ။ ဘုရားသခင်သည် သူ၏သားတော်ကို ပေးတော်မူပြီ။

"သားဦးကို ဘွားမြင်၍ အ၀တ်နှင့် ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာဇရပ်၌ သူတို့နေစရာမရှိသောကြောင့် သူငယ်ကို နွားစာခွက်၌ သိပ်ထားလေ၏။" —လုကာ ၂း၇

သတင်းစာ၏ စာမျက်နှာအပြည့် ကြော်ငြာက အာရုံကို ဖမ်းစားထားသည်။…